ဘလော့ဂါတွေအတွက် ကျင့်ဝတ်များ

ဆရာဦးကျော်ရင်မြင့် ပေးထားတဲ့ Blogger Ethic လေးပါ။ ဆရာက အပြီးအစီးရေးပြီး လုပ်ပေးထားတာပါ။
ဆရာ့ စေတနာ ကို လေးစားရမှာဖြစ်သလို ...ဆရာ့ ရဲ့ Blogger တွေအပေါ်ဖြစ်စေချင်တဲ့ ဆန္ဒကို တွေ့မြင်နိုင်ပါတယ်။
ဒါလေးကို အရင်လေ့လာကြည့်ပါ။ပြီးမှ ....အားလုံးစုပေါင်းပြီး စဉ်းစားကြတာပေါ့။
ရတနာ

ဘလော့ဂါ(Blogger)

တွေဟာသူတို့စာဖတ်ပရိသတ်၊သူတို့ရေးသားတဲ့ပုဂ္ဂိုလ်နဲ့လူထုအတွက်တိကျတဲ့ကျင့်ဝတ်စည်း
မျဉ်းတွေလိုက်နာဖို့လိုပါတယ်။ဆိုက်ဘာဂျာနယ်လစ်ဒေါ့နက်ကဘလော့ဂါတွေအတွက်ကျင့်ဝတ်စည်းမျဉ်းတစ်ခုဖန်တီးပြီး ပရော်ဖက်ရှင်နယ်ဂျာနယ်လစ်ကျင့်ဝတ်များအဖွဲ့အစည်းက ဖြည့်စွက်ပေးထားတယ်။ ဒါကို ယခုဖော်ပြ လိုက်ပါတယ်။
ဖြောင့်မတ်ရိုးသားခြင်းဟာယုံကြည်မှုရရှိဖို့အခြေခံအုတ်မြစ်ပါပဲ။သည်စည်းမျဉ်းတွေကိုလိုက်နာကျင့်သုံးတဲ့ဘလော့ဂါတေ
ွဟာကျင့်ဝတ်နဲ့ညီတဲ့ စာပေးရေးသားမှုသာမက မိမိအပေါ် ယုံကြည်အားထားတဲ့ စာဖတ်သူတွေပါရရှိမှာဖြစ်ပါသည်။

"ရိုးသားပြီးမျှတပါစေ။"

ဘလော့ဂါတွေဟာ သတင်းအချက်အလက်တွေ စုဆောင်း၊ ရေးသားပြီး တင်ပြရာတွင် ဖြောင့် မတ်မျှတသင့်ပါတယ်။
ဘလော့ဂါတွေဟာ-ခိုးမချသင့်ပါဘူး။
-ဖြစ်နိုင်ရင်သတင်းအရင်းအမြစ်ကိုဝေဖန်ပိုင်းခြားပြီးသူတို့နဲ့ချိတ်ဆက်ပါ။သတင်းအရင်းအမြစ်က ယုံကြည်ရတယ်ဆိုရင် လူထုကိုကြိုက်သလောက်သတင်းပေးနိုင်ပါတယ်။
-၀က်ဘ်ဘလော့ဂ်စာရင်း၊ကိုးကားချက်၊ခေါင်းစည်းသတင်း၊ဓါတ်ပုံနဲ့တခြားဟာတွေမှားယွင်းဖော်ပြမှုမရှိအောင်ဂရုစိုက်ပါ။
အဲဒါတွေကိုပေါ့ပျက်ပျက်မလုပ်သင့်သလိုအကြောင်းအရာမရှိဘဲအဖြစ်အပျက်ကိုပဲအသားပေးဖော်ပြတာမျိုးလည်း မလုပ်သင့်ပါဘူး။
-အပြောင်းအလဲဘာတွေဖြစ်သွားပြီလဲဆိုတာအတိအလင်းမပြောဘဲဓါတ်ပုံအကြောင်းအရာတွေမှာအမှတ်မှားအောင်လုပ
်တာမျိုးမလုပ်ရပါဘူး။နည်းပညဆိုင်ရာရှင်းလင်းပြတ်သားမှုရှိအောင်ဓါတ်ပုံသုံးတာကိုပဲလက်ခံသင့်ပါတယ်။ အညွှန်းစာနဲ့ဓါတ်ပုံရှင်းလင်းချက်တွေထည့်ပေးရပါမယ်။
- မသေချာမှန်းသိတဲ့ သတင်းမျိုးကို မရေးသားပါနဲ့။ တကယ်လို့ဒွိဟဖြစ်စေတဲ့ သတင်းမျိုး ဖြစ်နေတယ်ဆိုရင်လည်း သည်သတင်းဟာ သံသယရှိဆဲ သတင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းဖော် ပြရပါမယ်။
- ထောက်ခံတာ၊ ကန့်ကွက်ရှုတ်ချတာနဲ့အဖြစ်မှန်တို့ရဲ့ကွဲပြားမှုကို သိရပါမယ်။ ထောက်ခံရေးသား မယ်သို့မဟုတ် ကန့်ကွက်မယ်ဆိုရင်တောင်မှ တကယ့်အဖြစ်မှကို လွှဲပြောင်းရေးသားမှုမပြုရပါဘူး။
- ကြော်ငြာတွေကို ဖော်ပြပေးရာမှာ အချက်အလက်မှန်ဖော်ပြတာနဲ့တစ်ဖက်စောင်းနင်း ရှုတ်ချဖော်ပြ မှုနှစ်ခုကြားမှာ မသဲမကွဲေ၀၀ါးအောင် ရေးသားခြင်းမပြုရဘူး။

"ထိခိုက်မှု အနည်းဆုံးဖြစ်ပါစေ။"
- ကျင့်ဝတ်နဲ့ညီအောင် နေထိုင်တဲ့ ဘလော့ဂါတွေဟာ သတင်းနဲ့အကြောင်းအရာကို သတိနဲ့ ကိုင်တွယ်ရပါမယ်။
ဘလော့ဂါတွေဟာ
-၀က်ဘ်ဘလော့ဂ်မှာဖော်ပြခံရလို့အကျိုးယုတ်သွားနိုင်တဲ့သူတွေအပေါ်စာနာကြောင်းဖော်ပြရပါမယ်။ ကလေးတွေနဲ့ပတ်သက်ရင် ကိုယ်မကြုံဖူးတဲ့အကြောင်းအရာမျိုးဆိုရင် အထူးသတိထားရပါ မယ်။
- ၀မ်းနည်းကြေကွဲစရာအဖြစ်ကိုခံစားရသူတွေအကြောင်း ရေးရင်း၊ အင်တာဗျူးရင် သို့မဟုတ် သူတို့ ဓါတ်ပုံတွေသုံးရင် ဂရုစိုက်ပါ။
-သတင်းရှာဖွေရေးသားတာဟာထိခိုက်မှုနဲ့စိတ်မသက်မသာဖြစ်စေနိုင်တယ်ဆိုတာသဘောပေါက်ပါ။ သတင်းရှာဖွေတာဟာ မောက်မာထောင်လွှားဖို့ လိုင်စင်ရတာမဟုတ်ပါဘူး။
-ပုဂ္ဂလိကလူအများစုဟာပြည်သူ့အမှုထမ်းနဲ့အခြားပုဂ္ဂိုလ်တွေလိုပါဝါရှိဖို့၊သြဇာညောင်းစေဖို့၊ လူအများစိတ်ဝင်စားခံချင်လို့ကြိုးပမ်းနေသူထက်ပိုမိုသိုသိပ်စွာနေထိုင်ခွင့်ရှိတယ်ဆိုတဲ့အချက်ကိုသတိထားပါ။ လူတစ်ဦးချင်းစီမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိပါတယ်။
-စိတ်သက်သာစရာကောင်းတာကိုပဲဖော်ပြပါ။ကြောက်မက်ဖွယ်တွေ ဖော်ပြပြီး လူစိတ်ဝင်စားမှုရယူ တာမျိုးမလုပ်ရပါဘူး။ လူငယ်တရားခံတွေ၊ လိင်အဓမ္မမှုမှာ ဓားစာခံဖြစ်ရသူတွေ၊ မှုခင်းသံသယရှိသူ တွေ တရားဝင်အပြစ်ဒဏ်မကျခံရသေးခင် ဖော်ပြတာကို သတိထားရပါမယ်။

"တာဝန်ယူတတ်ပါစေ။"

ဘလော့ဂါတွေဟာ
- အမှားရှိရင်ဝန်ခံပြီး အမှန်အတိုင်းပြုပြင်ရပါမယ်။
-၀က်ဘ်ဘလော့ဂ်တစ်ခုစီရဲ့ရည်ရွယ်ချက်ကိုရှင်းပြပြီးသည်အကြောင်းအရာအပေါ်လူထုစကားသံနဲ့ဘလော့ဂါအမြင် ကိုဖိတ်ခေါ်ရပါမယ်။
-စိတ်ဝင်စားမှု၊ပေါင်းစည်းဆက်နွှယ်မှု၊လှုပ်ရှားမှုနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာဆောင်ရွက်ဖို့အစီအစဉ်တွေအားလုံးကို အတိအလင်းဖော်ပြရပါမယ်။
-ကြော်ငြာရှင်တွေကိုဘက်မလိုက်ဘဲအကြောင်းအရာတွေပေါ်မှာသူတို့ဖိအားပေးတာကိုလည်းရင်ဆိုင်နိုင်ရမှာဖြစ်ပါတယ်။ ခင်းချက်ကိစ္စတွေရှိရင်လည်း စာဖတ်သူတွေကို အပြည့်အစုံ ဖော်ပြရပါမယ်။
-တစ်ဖက်ဖက်ကိုမျက်နှာသာပေးတဲ့သတင်းမျိုးကိုဂရုစိုက်ရပါမယ်။အဲသည်လိုသတင်းမျိုးကိုလက်ခံမိရင်လည်း မျက်နှာသာပေးထားတဲ့အကြောင်း အတိအလင်းဖော်ပြပါ။
- တခြားဘလော့ဂါတွေရဲ့ကျင့်ဝတ်မညီတဲ့ အပြုအမူတွေကိုဖွင့်ဟပြောဆိုပါ။
- သူတို့လိုက်နာတဲ့စည်းမျဉ်း စည်းကမ်းတွေကိုလည်း လက်ခံရပါမယ်။

ဆက်ဖတ်ရန်...

သီးလေးသီးအငြိမ့် ဂျပန် ဖျော်ဖြေပွဲ

ဆက်ဖတ်ရန်...

ဗိုလ်ချုပ်မရှိပေမဲ့ ဗိုလ်ချုပ်ဟာ ကျွန်တော်တို့ ရင်ထဲမှာ ရှိနေဆဲ



ဤနေရာမှ ရယူပါ
**************

ဆက်ဖတ်ရန်...

တောင်စွယ်မှာ..နေကွယ်ရင်ဖြင့်


မစ္စတာ..ခရီရေတာ အားကျေးဇူးတင်ပါသည်

ဆက်ဖတ်ရန်...