ငါးပိရည်၊ ဝက်အူချောင်း၊ အသားကင်၊ အသားချဉ်များ စားသုံးခြင်းဖြင့် အသည်းကင်ဆာရောဂါ ဖြစ်ပွားနိုင်



ငါးပိရည်၊ ဝက်အူချောင်း၊ အသားကင်၊ အသားချဉ်များ စားသုံးခြင်းဖြင့် အသည်းရောင်အသားဝါဖြစ်ပွားလွယ်ကာ အသည်းကင်ဆာဖြစ်ပွားနိုင်သည်ဟု ထိုင်းနိုင်ငံမှသမားတော်ကြီး နှစ်ဦးက ရန်ကုန်မြို့သို့ရောက်ရှိလာခိုက် မီဒီယာများနှင့်တွေ့ ဆုံရာတွင် ထိုသို့ပြောကြားခဲ့ကြသည်။ မြေပဲဆံ၊ ပြောင်းဖူး၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးခြောက်များ စားသုံးခြင်းနှင့် နေ့စဉ် အရက် သောက်သုံးပါကလည်း အသည်းရောဂါ၊ အသည်း ကင်ဆာ ဖြစ်ပွားလွယ်သည်ဟု ဆိုသည်။

ရောဂါ လက္ခဏာမှာ အစားအသောက် ပျက်ခြင်း၊ နွမ်းနယ် အားပြတ်ခြင်း၊ ညာဘက်နံရိုး ကိုက်ခြင်း၊ ကိုယ်အလေးချိန် ကျခြင်း၊ အဖျားရှိခြင်း၊ မျက်စိဝါခြင်း၊ ခန္ဓာကိုယ်ဝါခြင်း၊ ခြေထောက် ရောင်ခြင်း၊ ဗိုက်တင်းခြင်းတို့ ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ရောဂါဖြစ်ပွားပါက ခွဲစိတ်ခြင်း၊ ကီမိုဆေး ကင်ဆာ အကြိတ်ထဲသို့ ထိုးသွင်းခြင်း၊ ရောဂါ သက်သာရန် ကီမိုဆေး ထိုးပေးခြင်းတို့ကို ပြုလုပ်နိုင်သည်ဟု ဆိုသည်။ ရောဂါမဖြစ်ပွားစေရန် ကင်ဆာဖြစ်စေနိုင်သည့် အစားအစာများ ရှောင်ခြင်း၊ လတ်ဆတ်သော အစားအစာ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံများ စားသုံးခြင်း၊ အရက်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဘီပိုး ကာကွယ်ဆေးထိုးခြင်း၊ လေ့ကျင့်ခန်းမပြတ် ပြုလုပ်ခြင်း၊ လိင်ဆက်ဆံရာတွင် အန္တရာယ်ကင်းစွာ ဆက်ဆံခြင်း၊ တစ်နှစ်တစ်ကြိမ် ကျန်းမာရေးစစ်ဆေးခြင်းဖြင့် ကင်ဆာရောဂါကို ကြိုတင်ကာကွယ်ခြင်းတို့ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘီပိုး၊ စီပိုးကြောင့် အသည်းရောင်၊ အသည်းဝါ ဖြစ်ပွားနေသည့် နာတာရှည်၊ရောဂါသည်များ အနေနှင့် အနားယူရန်နှင့် လေ့ကျင့်ခန်းပုံမှန် လုပ်ရန် လိုအပ်ကြောင်း၊ အစားအသောက် ပုံမှန် စားသောက်နိုင်သော်လည်း အချိုရည်များများ မသောက်သင့်ကြောင်း၊ အရက်မသောက်သင့်ကြောင်း၊ အဆိပ်ဖြစ်စေတတ်သည့် တိုင်းရင်းဆေး တချို့သည်လည်း ကိုယ်ခံစွမ်းအား ရောဂါကို ပိုမို ဆိုးရွားလာစေကြောင်း၊ ဆရာဝန်ချိန်းဆိုသော နေ့များတွင် မပျက်မကွက် စစ်ဆေးမှု ခံယူသင့်ကြောင်းလည်း တိုက်တွန်း ပြောကြားခဲ့သည်။ နိုင်ငံတကာတွင် အသည်းကင်ဆာမှာ အများဆုံး ဖြစ်ပွားလျက်ရှိပြီး လူ(၁ဝ) ဦးလျှင် (၁)ဦးနှုန်း ဖြစ်ပွားနေကြောင်း၊ ယောက်ျားသားများ အဖြစ်များကြောင်း၊ အဆိုပါ ထိုင်းသမားတော်ကြီးမှ ပြောကြားခဲ့သည်။ အဆိုပါ ထိုင်းသမားတော်ကြီးသည် ပေါင်(ဝ်)လိုစယ်မိုရီရယ် ဆေးရုံမှ ဖြစ်သည်။ အဆိုပါ ထိုင်းသမားတော်ကြီးမှာ ရန်ကုန်ရှိ Biossom Syccess Services Co.Ltd မှ ဖိတ်ကြားချက်အရ ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ဆက်ဖတ်ရန်...

‘တ’ သုံးလုံးမူ - စိုးလွင် (ဆစ်ဒနီ)

Principle of Three Ta

ဆက်ဖတ်ရန်...

ဖိနပ်စာ မိသူများကို အစိုးရအဖွဲ့ တွင်းမထားတော့ ဟုသတင်းထွက်ပေါ်




ဖိနပ်စာမိ၍ နာမ်နှိမ်သွားသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း တို့ အား အစိုးရ အဖွဲ့ တွင်းမှ ထုတ် ပစ် မည် ဟု နေပြည်တော် အစိုးရ ၀န်ကြီးများ သတင်းရပ်
ကွက် တွင် သတင်းထွက် ပေါ်နေသည်။

ယမန်နေ့ က နယူးယောက်ရှိ ကုလ အထွေထွေ ညီလာခံ သို့ တက်ရောက်ရန် တည်းခိုရာ ဟိုတယ်
မှ အထွက် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားသူများ၏ ဆန့် ကျင်ကန့် ကွက် ခြင်းအပြင် ဖိနပ်ဖြစ်ပစ်ပေါက်
၍ ရှုံချခံရသည့် နအဖ စစ်အစိုးရ အဖွဲ့ မှ ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော် သို့ 
ပြန်ရောက်ပါ က ရာထူးမှ ဖယ်ရှားပစ် မည် ဟု သတင်းရရှိသည်။

စနေနံ ဖိနပ် ထိခြင်းသည် မြန်မာ မှု ဓလေ့ ထုံးစံအရ ကံ နှင့် နာမ် အလွန်ပင် နိမ့်ကျကြောင်း နေပြည်
တော် မှ ညွှန်ကြားရေးမှုး တစ်ဦးက Freedom News Group သို့ ပြောသည်။

ယခုကဲ့သို့ အင်္ဂ၀ိဇ္ဇာနည်းအရ နာမ်နှိမ် သွားသည့် သူများကို အစိုးရ အဖွဲ့ အတွင်းထားပါ က အစိုးရ
အဖွဲ့ အတွင်းအကွဲ အပြဲများဖြစ်ပြီး ပြုတ်ကျနိုင်သည် ဟု အင်္ဂ၀ဇ္ဇာ နှင့် ဗေဒင် တတ်ကြွမ်းသူများ ၏
သုံးသပ် ချက်များ လည်း ယနေ့ နေပြည်တော် တွင် ပေါ်ထွက် နေသည်။

အတည်မပြုနိုင်သေးသည့် စုံစမ်းရရှိသော သတင်းတစ်ရပ် အရ ၀န်ကြီးချုပ် ဦးသိန်းစိန် နှင့် နိုင်ငံခြား
ရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ အား အပြန်တွင် နေပြည်တော် သို့ တိုက်ရိုက်ဝင်ခွင့် မပြုပဲ ရန်ကုန် တွင်
တစ်ထောက်နားပြီး ဟူးရာ ဗေဒင် ဆရာများ ဖြင့် ကံပွင့် အောင် စီမံ ဆောင် ရွက်ပြီးမှ နေပြည်တော်
သို့ ဝင်ရောက် ခွင့် ပြုမည် ဟု သတင်းရရှိသည်။

ကမ္ဘာ့ သမိုင်းတွင် လည်း ဆူဟာတို ၊ ကျန်ဇီမင်း ၊ပီနိုရှေး စသည့် အာဏာရှင်များမှာ ဖိနပ်ဖြင့် ပစ်
ပေါက်ခံရပြီးနောက် အာဏာလက်လွှတ်ခဲ့ရသည်။

အမေရိကန် သမ္မတ ဟောင်း ဂျော့ရှ်ဘုရှ်သည် ဒုတိယ သမ္မတ သက်တမ်း ကုန်ဆုံးရန် လပိုင်း အလို
တွင် အီရတ် နိုင်ငံ၌ ဖိနပ် ဖြင့် အပေါက်ခံခဲ့ရသည်။ ၎င်း အားဖိနပ် ထိမှန်ပြီး ရက်ပိုင်း အတွင်းမှာပင်
အမေရိကန် စီးပွားရေးပျက်ကပ် စသည်။

Freedom News Group

ဆက်ဖတ်ရန်...

တတိယအကြိမ်ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်မည်

တတိယအကြိမ်ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်မည်

ဆက်ဖတ်ရန်...

အဓမ္မတရားများဖယ်ရှားပြီး ဓမ္မအစားထိုးရေးလမ်းစဉ် စတင်လှုပ်ရှားပြီ

အဓမ္မတရားများဖယ်ရှားပြီး ဓမ္မအစားထိုးရေးလမ်းစဉ်

ခမိခဆဲ မှမျှဝေသည်။

ဆက်ဖတ်ရန်...

ဘာမှလည်း မဆိုင်ဘူး...အာဆီယံ။


ဒေါ်စုလွှတ်ရေး အာဆီယံ ပန်ကြားမယ့် အစီအစဉ် ဖျက်သိမ်း
29 September 2009
(ဗွီအိုအေ မှတဆင့်ရယူတင်ပြပါသည်။)


အာဆီယံ အရှေ့တောင်အာရှ အသင်းကြီးက သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မြန်မာစစ်အစိုးရထံကို မေတ္တာရပ်ခံစာ ပေးပို့မယ်ဆိုပြီး အစီအစဉ် ရှိခဲ့ပေမဲ့ အမေရိကန် ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒကို ပြန်လည်သုံးသပ်နေတာကို အကြောင်းပြုပြီး အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

အခုလို ဖျက်သိမ်းလိုက်တာကို ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ကို ရောက်နေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်း (Kasit Piromya) က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ဒေသတွင်း လူ့အခွင့်အရေး အခြေအနေကို တိုးတက်အောင် လုပ်ဆောင်မယ်ဆိုတဲ့ အာဆီယံအသင်းကြီးရဲ့ ကြိုးပမ်းချက်ကို နောက်ပြန်ဆွဲစေတဲ့ လုပ်ရပ်တခု ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီရေး အားပေးတဲ့ အာဆီယံ လွှတ်တော်အမတ်တချို့က ရှုမြင်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သား ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်းက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မြန်မာစစ်အစိုးရအပေါ် အာဆီယံအနေနဲ့ မေတ္တာရပ်ခံမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီလို့ ပြောဆိုတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံအပေါ် ပိုပြီးပြင်းထန်တဲ့ ရပ်တည်ချက်တွေ ချဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က အာဆီယံနိုင်ငံတွေကို တိုက်တွန်းခဲ့တာမျိုးလည်း မရှိဘူးလို့ ပြောဆိုပါတယ်။

AIPMC မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ ရိုးရှန်း ဂျေဆင်ကတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးမူကို ကျင့်သုံးရေး စဉ်းစားလာတာနဲ့ မြန်မာနိုင်ငံအတွင်း မတရား ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးကို အာဆီယံက မတောင်းဆိုဘူးဆိုတာ သိပ်ကိုမှားယွင်းတယ်လို့ သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

“ထိုင်းနိုင်ငံခြားရေးဝန်ကြီး အနေနဲ့ရော အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံ၊ နောက် အာဆီယံ တခုလုံးအနေနဲ့ ဒီကိစ္စက ရေတိုကိုပဲကြည့်တဲ့ ချဉ်းကပ်မှုတခုလို့ ကျနော်တို့က မြင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအတွင်း ဘယ်လို ညီညီညွတ်ညွတ် လုပ်ကိုင် ချဉ်းကပ်မလဲဆိုတာ မရှိဘူးဆိုတာကို ပြသနေတယ်” လို့လည်း AIPMC အလုပ်အမှုဆောင် ဒါရိုက်တာ ရိုးရှန်း ဂျေဆင်က ပြောသွားတာပါ။

အာဆီယံဟာ နိုင်ငံတကာက မြန်မာ့အရေးကို အာရုံစိုက်ပြီး အလေးပေး ပြောလာတဲ့ အချိန်အခါမျိုး၊ အစည်းအဝေးတွေ အခမ်းအနားတွေမှာသာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြောဆိုတာမျိုးတွေ ရှိနေတာက စိုးရိမ်စရာတခုလို့ သူက မြင်ပါတယ်။

“နိုင်ငံတကာက ဖိအားပေးတဲ့အခါတွေမှာ အာဆီယံက သူတို့ကလည်း လိုက်ပြီးရွေ့တယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ သူတို့လည်း လုပ်နေပါတယ်ဆိုတာမျိုး ပြောဆိုချင်ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့က သူတို့ပြောတဲ့ စကားတွေကို ပြန်ရုပ်သိမ်းပြီးတော့ နောက်ဆုတ်သွားတာပါပဲ။ ဒါမျိုးကို ကစားကွက်တခုအဖြစ် သုံးနေတာ စိုးရိမ်စရာပါပဲ။” လို့ AIPMC အဖွဲ့ရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ ရိုးရှန်း ဂျေဆင် ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကတော့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဆက်လက်ဖမ်းဆီးထားတာက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသာ ဖြစ်တယ်ဆိုတဲ့ အမြင်ကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား လက်ခံထားမယ်ဆိုရင် နိုင်ငံတကာအလယ်မှာ သိက္ခာရှိရှိ ရပ်တည်နိုင်အောင် အားယူနေတဲ့ အာဆီယံရဲ့ ခြေလှမ်းတွေကို နောက်ပြန်ဆွဲသလို ဖြစ်သွားလိမ့်မယ်လို့ ဝေဖန်တဲ့သူတွေလည်း ရှိပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ NCGUB ပြည်ပရောက် အစိုးရအဖွဲ့ရဲ့ အဖွဲ့ဝင် ၀န်ကြီးတဦးဖြစ်တဲ့ ဦးခွန်မြင့်ထွန်းက အခုလိုမြင်ပါတယ်။

“အပြစ်မရှိတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင် ထောင်ချခံရခြင်းဟာ အာဆီယံရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို ချိုးဖောက်ခြင်းခံရတာ ဖြစ်ပါတယ်။ ထို့နည်းတူ အာဆီယံရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေပါတယ်။ အာဆီယံရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းတခုလုံး ချိုးဖောက်ခံရတဲ့အပေါ်မှာ ရပ်တည်ပြီးတော့၊ အာဆီယံရဲ့ ဂုဏ်သိက္ခာအပေါ်မှာ ရပ်တည်ပြီးတော့ ကိုယ်လုပ်ရမယ့်အလုပ်ကို ဆက်ပြီးလုပ်ရမှာ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့က နအဖနဲ့ အဆင်ပြေအောင် ဆက်ဆံရင်းနဲ့ ဗမာပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆုတ်ယုတ်စေတယ်ဆိုတာကို အာဆီယံအနေနဲ့ သတိထားပေးဖို့လည်း လိုအပ်ပါတယ်။”

ဦးခွန်မြင့်ထွန်း ပြောပြသွားတာ ဖြစ်ပါတယ်။

AIPMC ရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ ရိုးရှန်း ဂျေဆင်ကတော့ အာဆီယံအဖွဲ့ကြီးကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ထောက်ပြနေတာက ဒေါ်အောင်ဆန်းစုကြည်က ဥပမာတခုသာ ဖြစ်ပြီး တိုင်းရင်းသား လူမျိုးစုဒေသတွေ၊ မကြာသေးခင်က ကိုးကန့်ဒေသနဲ့ ကရင်ပြည်နယ်အတွင်းမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလို တခြား လူ့အခွင့်အရေး အခြေအနေတွေကိုလည်း အာဆီယံအနေနဲ့ ကြည့်ဖို့လိုမယ့်အကြောင်း ဝေဖန်ပြောဆိုပါတယ်။

ဆက်ဖတ်ရန်...

လက်ဆင့်ကမ်းဖြန့်ဝေပေးကြပါ။ နီးစပ်ရာ သံဃာ့မဟာနာယကအဖွဲ့များသို့ဆက်ကပ်ကြပါ။

Shaut+Htar+Chat

ဆက်ဖတ်ရန်...

ဆည်ဖောက်ချ သဖြင့် ရွာသား ၃၅၀ ခန့် အိုးအိမ်များ စွန့်ခွာရ


နယူးဒေလီ။ ။ ပဲခူးတိုင်း ပြည်မြို့နယ်ရှိ တောင်နဝင်းဆည် ရေဖောက်ချသဖြင့် အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာ ၅ ရွာမှ လူဦးရေ ၃၅၀ ခန့်၏ နေအိမ်များ ရေနစ်မြုပ်ကုန် သဖြင့် နေရပ်ကို စွန့်ခွာနေရသည်။

ဆည် အာဏာပိုင်များက ရေလွှတ်မြောင်းများမှ တဆင့် ရေဖောက်လွှတ် သဖြင့် ယမန်နေ့ နံနက် ၂ နာရီခန့်မှ စတင် ကာ ဇီးအုပ်ကျေးရွာ အုပ်စုဝင် ဇီးအုပ်နှင့် နတ်တလင်း အပါအဝင် ကျေးရွာ ၅ ရွာသို့ ရေများ ဝင်ရောက် လာသော ကြောင့် ရွာသား ၃၅၀ ခန့်သည် ဇီးအုပ်ကျေးရွာ ဘုန်းကြီးကျောင်းသို့ သွားရောက် ခိုလှုံနေရခြင်း ဖြစ်သည်။

“ဆည်ရေ ဖောက်ချတာလေ။ တောင်နဝင်းဆည်က။ အခုတလောက ဒီဘက်မှာ မိုးတအား ရွာတယ်။ တပတ်ကို ၅ ရက် လောက်ရွာတော့ ဆည်ရေ ပြည့်လာလို့ ဖောက်ချ လိုက်တာ ဖြစ်မယ်။ အနားက ရွာ ၅ ရွာလောက် ရေမြုပ်တယ်။ လူတွေက ဘုန်းကြီးကျောင်းမှာ” ဟု ပြည် ဒေသခံတဦးက ပြောသည်။

နေအိမ် ၂၀၀ ခန့်သာမက လယ်မြေ တချို့ပါ ရေမြုပ်ခံရပြီး၊ ပြည်မြို့အထွက် အောင်လံမြို့သို့ သွားရာကားလမ်းနှင့် ဝက်ထီးကန်မြို့သို့ သွားရောက်ရာ ကားလမ်းများ ရေလွှမ်း သွားသော်လည်း ပြည်-မန္တလေး၊ ပြည်-ဝက်ထီးကန် ခရီးစဉ်များ ရပ်နားခြင်း မရှိပါ။

ဧရာဝတီ မြစ်ရေတက် သဖြင့် နှစ်စဉ်ဆိုသလို ပြည်မြို့တောင်ဘက် နဝင်း ကွက်သစ်နှင့် ချောင်းနားတန်း ရွာများ ရေမြုပ်လေ့ ရှိသော်လည်း ယခုကဲ့သို့ မြို့အရှေ့တောင်ဘက်ရှိ မြစ်နှင့်ဝေးသော ကျေးရွာများ ရေလွှမ်းခံ ရခြင်းမှာ ပထမဆုံး ဖြစ်သည်။

ရေဘေး ဒုက္ခသည်များ အတွက် ဒေသ အာဏာပိုင်များက ပြည်မြို့ ရပ်ကွက် ၇ ခုမှ ထမင်းထုပ်များ လိုက်လံ၍ အလှူခံလျက် ရှိသည်။

“မယက (မြို့နယ်ကောင်စီ) တွေက လော်စပီကာနဲ့ လိုက်အော်တယ်။ ထမင်းထုပ်တွေ ကူညီကြပါ ပေါ့နော်။ အတင်းအကျပ်တော့ မဟုတ်ပါဘူး။ ကိုယ့်စေတနာ အလျောက်ပေါ့။ ကျမတို့လည်း ထည့်လိုက်ပါတယ်” ဟု နဝင်း ကွက်သစ် ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီး တဦးက ပြောသည်။

ပြည်မြို့ရှိ ခေတ္တရာ လူငယ် သာရေးနာရေး ကူညီမှု အသင်းနှင့် မြို့ခံ ဆွမ်းလောင်း အသင်းများကလည်း ဒုက္ခသည် များအတွက် အစားအသောက်များ ကူညီ နေသည်။

ခေတ္တရာအသင်းမှ တာဝန်ရှိသူတဦးက “ကျနော်တို့လည်း တတ်နိုင်သလောက် ပေါ့နော်။ ရွာဘဲ ရပ်ကွက်က ဗုဒ္ဓဟူး ဆွမ်းလောင်း အသင်းနဲ့ ပေါင်းပြီး ဒီနေ့မနက်ပဲ ငါးခြောက်နဲ့ ထမင်းကြော် သွားပြီး ကူညီခဲ့ပါတယ်။ အခုလည်း သူတို့က ကိုယ့်ဟာကိုယ် ချက်စားမယ် ဆိုလို့ ဆန်နဲ့ ဆီတွေ သွားလှူနေပါတယ်” ဟု ပြောသည်။

ပြည်မြို့သည် ပဲခူးတိုင်း အနောက်ပိုင်း တိုင်းခွဲတွင် စီးပွားရေး အချက်အခြာ ကျသည့်မြို့ ဖြစ်ပြီး အနီးနားတွင် ရွှေတောင်၊ အောင်လံ၊ ဆင်တဲ၊ ဥသျှစ်ပင်၊ ပေါင်းတည်နှင့် ဝက်ထီးကန်မြို့များ တည်ရှိသည်။

(ဆလိုင်း ဟံသာစန်း သတင်းပေးပို့သည်။)

ဆက်ဖတ်ရန်...

ဆိုင်ကယ်များကို လိမ္မော်ရောင် ပြောင်းခိုင်းသဖြင့် ရန်ကုန် ဒေသခံများ မကျေနပ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်ရှိ အစိုးရဝန်ထမ်းများ အသုံးပြုနေသည့် ဆိုင်ကယ်များကို လိမ္မော်ရောင် သတ်မှတ်လိုက်သဖြင့် သံဃာတော်များ အပေါ် နာမ်နှိမ်သည်ဟု ယူဆရာမှ သံဃာတော်များနှင့် မြို့ခံများအကြား မကျေမနပ် ဖြစ်နေကြသည်။

ပြီးခဲ့သည့်လမှ စတင်၍ ဆိုင်ကယ်များကို လိမ္မော်ရောင် ပြောင်းလဲ၍ စီးနင်းခွင့် ပြုလိုက်ရာ ရဲ၊ စစ်တပ်၊ ထောက်လှမ်း ရေးနှင့် ဌာနဆိုင်ရာ အစိုးရ ဝန်ထမ်းများက အသုံးပြု နေကြခြင်း ဖြစ်သည်။

“ဒီအစိုးရက တော်တော်လေးကို ရိုင်းပါတယ်။ ဘုန်းကြီးတွေကို ဖင်ခွထိုင်တဲ့ပုံစံမျိုး လုပ်တာ။ လူတွေက ဘယ်လိုလုပ် ကျေနပ်မလဲဗျာ။ သူတို့ အာဏာတည်မြဲရေးအတွက် ယတြာချေတာ။ တခြားနည်းတွေနဲ့ ချေလို့ရတာပဲ။ ဒါနဲ့ ပတ်သက် ပြီး ရက်ကွက်ထဲမှာ လူတွေက တော်တော်လေးကို စိတ်မချမ်းမသာ ဖြစ်နေကြတယ်”
ဟု ရန်ကုန်မြို့ တက္ကစီ ယာဉ်မောင်း တဦးက မဇ္ဈိမကို ပြောသည်။


အခြားရန်ကုန်မြို့ခံတဦးက
“ကြည့်ရတာ မျက်စိထဲမှာ ကိုးရိုးကားရားဗျာ။ ကိုယ့်ပိုက်ဆံနဲ့ ဝယ်စီးရင် ဒီလိုအရောင်ကို ရွေးဖို့က တော်တော်ခက် မှာဗျနော်။ သူတို့အနေနဲ့ ရိုးသားရင် ဒီအရောင်ကို ရွေးချယ်ဖို့ကို မလိုဘူး။ အကျိုးအကြောင်း လည်း မဆီလျော်ဘူး။ ဌာနဆိုင်ရာ အရောင် တွေလည်း မဟုတ်ဘူး။ ဒီအရပ်ထဲ၊ ဝန်းကျင်မှာ ပြောနေကြတာပေါ့။ ဒါတမင် လုပ်တယ်၊ ငရဲကြီးမယ်၊ ငရဲဂျိုးကပ်မယ် အစရှိသဖြင့် ပြောနေကြတာပေါ့ဗျာ”
ဟု ပြောသည်။

ဆိုင်ကယ်များမှာ ထိုင်းနှင့် တရုတ်ဘီးများဖြစ်ပြီး လိမ္မော်ရောင် ဆေးဆိုး၍လည်းကောင်း၊ ဆေးဝါ မှုတ်၍ လည်းကောင်း အဝါရောင်တိတ်များ ကပ်၍ လည်းကောင်း စီးနေကြသည်။

သင်္ဃန်းရောင်သို့ ပြောင်းလဲသုံးစွဲခြင်းသည် ဘာသာနှင့် သာသနာကို ပေါ်ပေါ်ထင်ထင် စော်ကားခြင်းဖြစ်ပြီး ဆက်လက်၍ သုံးစွဲပါက သံဃာ၊ လူထုနှင့် အာဏာပိုင်များအကြား မကျေနပ်မှု ပိုမိုကြီးထွားလာမည်ဟု သံဃာ့တပ် ပေါင်းစု အဖွဲ့ကြီးမှ ပြောခွင့်ရ ဦးပညာဝံသက မဇ္ဈိမကို မိန့်ကြားသည်။

“ဘုန်းကြီးတွေကို နာမ်နှိမ်တာတဲ့ ယတြာချေတာတဲ့။ ၂ ပါတ်ကျော်လောက်ရှိပြီ။ အခုစီးနေတာက ရဲ၊ ထောက်လှမ်းရေး၊ စစ်တပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေရယ်၊ ရယကလည်း စီးတယ်။ အရောင်က ရွှေဝါရောင်။ အဲဒါ သူတို့က ရွှေဝါရောင်တော်လှန်ရေးနဲ့ ဘုန်းကြီးတွေကို ဖင်ခွထိုင်တယ် ဆိုတဲ့ သဘောမျိုး နာမ်နှိမ်တဲ့ ပုံစံလုပ်တာ”
ဟု ဦးပညာဝံသက ဆိုသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် မေတ္တာသုတ်များ ရွတ်ဆိုကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ခဲ့သည့် သံဃာတော်များအား မြန်မာ့တပ်မတော်က ပစ်ခတ်၊ ရိုက်နှက်၍ ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းသို့ မေတ္တာပို့ ဆန္ဒဖော်ထုတ်သည့် သံဃာတော်များအား ဖမ်းဆီးထားသည်ကို ဖြေရှင်းပေးနိုင်ခြင်း မရှိသော နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကြီးအနေဖြင့် ယခုလို ဆိုင်ကယ်များအား သင်္ဃန်းရောင်ပြောင်းလဲ သုံးစွဲခြင်း ကိုလည်း ထပ်မံ၍ ခေါင်းရှောင်ဦးဖြစ်ကြောင်း ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သူ ဆရာတော်တပါးက မိန့်ကြား သည်။

“သံဃာ့မဟာနာယကလည်းပဲ။ ဒီစစ်အာဏာရှင်တွေရဲ့ လက်အောက်မှာပဲ နေတာများတယ်လေ။ သူတို့လို တာဝန်အရှိဆုံး အနေနဲ့ သာသနာတော် အတွက် အရေးအကြီးဆုံး ကိစ္စကိုတောင်မှ သူတို့အနေနဲ့ ယနေ့ထက်ထိ အသံတသံတောင် ထွက်ပေးတာမရှိတဲ့အတွက်ကြောင့် အခုလိုမျိုး ဆိုင်ကယ် သင်္ဃန်းရောင် လုပ်စီးနေကြတဲ့ကိစ္စမှာ လိုက်လုပ်ပေးလိမ့်မယ်လို့ ဦးဇင်းတို့အနေနဲ့ မထင်ပါဘူး”
ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေးတာဝန်ခံ ဆရာတော် ဦးဣဿရိယက မဇ္ဈိမကို မိန့်ကြားသည်။

ဆိုင်ကယ် အရောင်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ယာဉ်ထိန်းရဲဌာနသို့ မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ လူကိုယ်တိုင်လာမှ ဖြေကြားမည်ဟု တုံ့ပြန်ပြောဆိုသည်။

ဆက်ဖတ်ရန်...

ဥာဏ်ဝင်း ဖိနပ်နဲ့ အပေါက်ခံရခြင်း (VOA)



It is Just beginning
ကျနော်တို့ မှာ ဗွီဒီယိုမပါသွားတဲ့အတွက် လှုပ်ရှားမှု အားလုံးကို မဖေါ်ပြနိင်တာခွင့်လွတ်ပါ။ ဗွီအိုအေက တည်းဖြတ်ပြီးသလောက်ပဲ
တင်ပြနိင်ပါတယ်။ ဆန္ဒပြရဲဘော်တွေ က သိန်းစိန် နဲ့  ညဏ်ဝင်းကိုစောစောစီးစီး အမျှဝေသံ၊ ဖိနိပ်တွေ နဲ့ ဝိုင်းပေါက် ကြတဲ့ပုံတွေ တစိတ်တဒေသ်နဲ့  ကျေနပ်ပါဦး နော်။ ဆက်လာဦးမှာပါ။ ဒီထက်ကောင်းတာတွေနဲ့ ပေါက်ဖို့ လည်းအစီအစဉ်တွေရှိပါတယ်။
ဒါအစ ပဲရှိပါသေးတယ်။
ကိုမိုးသီးဇွန်



စစ်ရာဇ၀တ်ကောင်သိန်းစိန်-ဥာဏ်ဝင်း ဆန့်ကျင်ရှုံ့ချပွဲ(ညနေပိုင်း)

အပိုင်း ( ၁ )



အပိုင်း ( ၂ )



မှတ်တမ်းတင်သူ-Ko Aung Min Htun(New York)
တည်းဖြတ်တင်ပြသူ-Mr.Big Guy(Ph#917-951-2428)

ဆက်ဖတ်ရန်...

အိမ်အပြန် လက်ဆောင်

ဆက်ဖတ်ရန်...

သံတမန်အချို့နှင့်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို



NEJ
၂၈ စက်တင်ဘာ ၂၀၀၉
နေအိမ်အကျယ်ချုပ်ကျခံနေရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဆိုင်ရာ အနောက်နိုင်ငံအချို့မှ သံတမန်များနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း စက်တင်ဘာ (၂၅) ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့ခဲ့သည့်စာတွင် ထည့်သွင်းတောင်းဆိုထားသည်။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စနှင့် စပ်လျဉ်းသည့် အဆိုပါစာတွင် ထိုကဲ့သို့ သံတမန်များနှင့်တွေ့လိုကြောင်း ထည့်သွင်းတောင်းဆိုထားခြင်းဖြစ်သည်။

အဆိုပါတောင်းဆိုချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်အမှတ် ၆/၀၉/၀၉ အဖြစ် ယနေ့ တရားဝင်ထုတ်ပြန်လိုက်သည်။

နအဖဥက္ကဋ္ဌထံပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏စာတွင် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စကို သူ့အနေဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် စက်တင်ဘာ (၁၂) ရက်တွင် အထက်အာဏာပိုင်များထံ တင်ပြအသိပေးနိုင်ရန် သတင်းတပ်ဖွဲ့မှတဆင့် နှုတ်ဖြင့်ပြောကြားခဲ့ပြီးဖြစ်ကြောင်း ဦးစွာဖော်ပြထားသည်။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှု ရုပ်သိမ်းပယ်ဖျက်ရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံပေါ် အရေးယူပိတ်ဆို့ထားမှုများအားလုံး သိရှိနားလည်စေရေး၊ ပိတ်ဆို့မှုကြောင့် နစ်နာရမှု အတိုင်းအတာကို သိရှိနားလည်စေရန် ပိတ်ဆို့မှု ချမှတ်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံအစိုးရများ၏ သဘောထားများကို သိရှိနားလည်နိုင်ရေးတို့အတွက် အမေရိကန်သံမှူး၊ အီးယူသံအမတ်ကြီး၊ သြစတြေးလျ သံအမတ်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေးခွင့်ပေးရန် မေတ္တာရပ်ခံကြောင်းနှင့် ပါတီ၏သဘောထားကို ညှိနှိုင်းရယူနိုင်ရေးကိုလည်း ခွင့်ပြုပေးရန် မေတ္တာရပ်ခံကြောင်း အဆိုပါစာတွင် ရေးသားထားသည်။

မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုများအပေါ် ဖိနှိပ်မှုများကြောင့် အနောက်နိုင်ငံများက ၁၉၉၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ အရေးယူဒဏ်ခတ်မှုများ ပယ်ဖျက်ရေး၊ အလုံးစုံပျက်သုဉ်းရေးလမ်းစဉ် စွန့်လွှတ်ရေး၊ ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပိတ်ဆို့ရေး စသည့်အချက် (၄) ချက်ကို ဒေါ်အောင်ဆန်းစုကြည်ဘက်မှ စွန့်လွှတ်ပါက တွေ့ဆုံမည်ဟု နအဖဥက္ကဋ္ဌက ၂၀၀၇ ခုနှစ် အောက်တိုဘာလအတွင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါအချက်များကို သူလုပ်ဆောင်ထားခြင်းမရှိကြောင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ သဘောထားသာဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်ထံမှတဆင့် သဘောထားထုတ်ပြန်ပြောဆိုခဲ့သည်။

ဆက်ဖတ်ရန်...

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးထုတ်ပြန် လိုက်တဲ့ကြေငြာချက်





ဆက်ဖတ်ရန်...

အာဖဂန်က တပ်ဖွဲ့ ရုပ်သိမ်းရေး အမေရိကန်ကာကွယ်ရေးဝန်ကြီး လက်မခံ




28 September 2009


အာဖဂန်နိုင်ငံက အမေရိကန် တပ်တွေ ပြန်လည်ထွက်ခွာဖို့ ရက်သတ်မှတ်ဆုံးဖြတ်ဖို့ ကိစ္စကို ကာကွယ်ရေး ၀န်ကြီး ရောဘတ် ဂိတ်စ် က ပယ်ချလိုက်ပါတယ်။ အမေရိကန် စစ်ရေးဆောင်ရွက်မှုတွေကို အာဖဂန်မှာ အဆုံးသတ်လိုက်မယ် ဆိုရင် ဒါဟာ မဟာဗျူဟာအရ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်လိမ့်မယ်ဆိုပြီး ၀န်ကြီး ဂိတ်စ် က မနေ့တုန်းကပဲ ပြောဆိုလိုက်တာပါ။ အာဖဂန်မှာ အရေးနိမ့်ခဲ့ရင် အစ္စလာမ် အစွန်းရောက် ၀ါဒီတွေနဲ့ အယ်လ်ကိုင်းဒါး အဖွဲ့တွေ လူသစ်စုဆောင်းနေတာတွေ၊ စစ်ရေးဆင်နွှဲ နေတာတွေကို အားသစ်လောင်းသလို ကြီးမားလှတဲ့ အကျိုးဆက်တွေ ကြုံရနိုင်တယ်လို့ ဆိုပါတယ်။

အာဖဂန်နိုင်ငံကို နောက်ထပ် တပ်တွေ စေလွှတ်ဖို့ သင့်မသင့် ဆုံးဖြတ်ဖို့အတွက် ပြန်လည်သုံးသပ်နေတဲ့ သမ္မတ ဘရက်ခ် အိုဘားမား နဲ့ စစ်တပ်အကြား ကွဲလွဲမှုတွေ မရှိဘူးလို့လည်း သူက ပြောခဲ့တာ ဖြစ်ပါတယ်။ အာဖဂန်မှာရှိနေတဲ့ ဗိုလ်ချုပ်ကြီး Stanley McChrystal ကတော့ တပ်တွေတိုးပြီး ပို့ဖို့ တောင်းခံ ထားပေမဲ့ သမ္မတက မဟာဗျူဟာကို ပြန်ပြောင်းသုံးသပ် နေတဲ့အပေါ် ထောက်ခံကြောင်း ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကတော့ အချေအတင် ဖြစ်နေတဲ့ အာဖဂန်သမ္မတ ရွေးကောက်ပွဲ ရလာဒ်နဲ့ ပတ်သက်လို့ ဖြေရှင်းလို့ မပြီးမချင်း တပ်တွေ နောက်ထပ် စေလွှတ်ဖို့ ကိစ္စကို မဆုံးဖြတ်သင့်ကြောင်း မနေ့တုန်းက CBS ရုပ်သံဌာနနဲ့ မေးမြန်းခန်းမှာ အကြံပြုခဲ့တာပါ။ ဒီအတောအတွင်း အာဖဂန် အနောက်ပိုင်းက Herat ပြည်နယ်မှာ အာဖဂန်အစိုးရရဲ့ စွမ်းအင် ၀န်ကြီးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ လမ်းဘေးထောင် ဗုံးတလုံး ပေါက်ကွဲခဲ့လို့ ၀န်ကြီးက အသက်မသေ လွတ်မြောက်ခဲ့ပေမဲ့ အနည်းဆုံး အရပ်သား ၄ ဦး သေဆုံးပြီး နောက်ထပ် ၁၇ ယောက်လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဆက်ဖတ်ရန်...

ပြည်သူ့ငြိမ်းချမ်းရေးတိုက်ပွဲ







ပြည်သူ့ငြိမ်းချမ်းရေးတိုက်ပွဲ

ဗမာ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့်အရာသည် ဒီမိုကရေစီနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးဖြစ်သည်၊ မြန်မာပြည်လွတ်လပ်ရေးရပြီး အနှစ်(၆၀) ကျော်ခဲ့သော်လဲ တည်ငြိမ်အေးချမ်းသည့် ဘ၀မျိုးကို ပိုင်ဆိုင်ခွင့်မရကြသေး၊ လွတ်လပ်ရေး၏အသီးအပွင့်တွေကို ရယူသုံးစွဲခံစားခွင့်မရှိနိုင်ကြသည့်ဘ၀များနှင့် အနာဂတ်မဲ့စွာဖြတ်သန်းနေကြရသည်။

နအဖ စစ်မိစ္ဆာကောင်များသည် စစ်မှန်သည့်ငြိမ်းချမ်းရေးလမ်းကို မလျှောက်လှမ်းလိုကြ၊ ဒီမိုကရေစီနှင့် တရားနည်းလမ်းကျသည့်အရာမှန်သမျှကို အာဏာလက်နက်အားကိုးနဲ့ ရက်ရက်စက်စက် ခြေမှုန်းသုပ်သင်တတ်ကြပေသည်၊သို့သော် ငြိမ်းချမ်းရေးလမ်းစဉ်ကို လျှောက်လှမ်းနေကြသူများသည် ဘယ်သောခါမှ သေရိုးထုံးစံမရှိ၊ ဘယ်လိုပင်သတ်သတ် ငြိမ်းချမ်းရေးမြက်ခင်းပြင်ကြီးသည် စိမ်းစိုမြဲစိမ်းစို၊လှပမြဲလှပနေမည်သာဖြစ်သည်။

အမိ ဗမာပြည်ဒီမိုကရေစီနှင့် စစ်မှန်သည့်ငြိမ်းချမ်းရေး ထွန်းကာပေါ်ပေါက်လာရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်နေကြသူများသည် နအဖ စစ်မိစ္ဆာကောင်များစွပ်စွဲသလို အကြမ်းဖက်သမားများမဟုတ်ကြ၊ အကြမ်းဖက်သည့်လုပ်ရပ်များကိုလဲ ဘယ်သောခါမှမကျူးလွန်ကြ၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေကြသူများသာဖြစ်သည်။ သူတို့သည် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် သူတို့၏ဘ၀များကို ပေးဆပ်သူများသာဖြစ်သည်၊ ရယူလိုသူများမဟုတ်ကြ၊ နအဖစစ်မိစ္ဆာကောင်အာဏာရှင်များသည် ငြိမ်းချမ်းရေးဆိုသည့် အသံကိုမကြားလိုကြ၊ အာဏာရှိသည်၊ လက်နက်ရှိသည်၊ ငွေရှိသည် လုပ်ချင်တာလုပ်လို့ရသည် ဆိုသည့် တိရိစ္ဆာန်ထက်နိမ့်ကျသည့် အောက်တန်းကျ ယုတ်မာသည့်စိတ်ဓာတ်မျိုးတို့ဖြင့် တစ်တိုင်းတစ်ပြည်လုံးကို ထင်တိုင်းကြဲ ဖျက်ဆီးချင်တိုင်း ဖျက်ဆီးနေကြပေသည်။ထိုသူတို့သည်သာ အကြမ်းဖက်သမားစစ်စစ်ဖြစ်ပေသည်။

မြန်မာပြည် ဒီမိုကရေစီနှင့် စစ်မှန်သည့်ငြိမ်းချမ်းရေး ထွန်းကားပေါ်ပေါက်ရေးအတွက် စစ်အာဏာရှင် စနစ်ဆိုးကြီး မရှိမှဖြစ်မည်၊ ဒီစနစ်ဆိုးကြီးရဲ့လောင်းရိပ်အောက်မှာ ကျွန်ုပ်တို့ ပြည်သူတွေရဲ့ဘ၀ပေါင်းများစွာ၊ အသက်ပေါင်းများစွာ စတေးခံခဲ့ရ ပေးဆပ်ခဲ့ကြရပေသည်။ တိုင်းပြည်ကြီးကတော့ ယနေ့ချိန်ထိ ဘာတစ်ခုမှဖြစ်မလာနိုင်သေးပေ၊ အာဏာရှင် လောင်းရိပ်အောက်တွင် ရှိသည့်အရာမှန်သမျှသည် စစ်မှန်သည့်အရာများ မဟုတ်ကြ၊ အတုအယောင် ဟန်ဆောင်ဖုံးကွယ်ထားသည့်အရာများသာလျှင်ဖြစ်ပေလိမ့်မည်၊
ထိုအတုအယောင်များကို ရှင်းလင်းဖယ်ရှားပစ်ရမည့် တာဝန်မှာ ကျွန်ုပ်တို့ မျိုးဆက်တစ်ရပ်လုံး၏ မဖြစ်မနေလုပ်ဆောင်ရမည့်တာဝန်တစ်ခုဖြစ်ပေသည်။

စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီမရှိသည့်အတွက်ကြောင့် တိုင်းပြည်ပါမက လူမျိုး ဘာသာ သာသနာပါ ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ်တော့မည့် အန္တရာယ်ဆိုးနှင့်ရင်ဆိုင် ကြုံတွေ့နေရပြီဖြစ်သည်။ စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပေါ်ပေါက်ထွန်းကားရေးအတွက် ကျွန်ုပ်တို့သည် ရှိသမျှစွမ်းအားဖြင့် ခုခံ တိုက်ပွဲဝင်ကြရမည်။ ငြိမ်းချမ်းရေးသည် ကျွန်ုပ်တို့၏ တစ်ခုတည်းသော အားကိုးရာ လက်နက်ဖြစ်ပေသည်။ ကျွန်ုပ်တို့စိုက်ထူမည့်ငြိမ်းချမ်းရေးမှတ်တိုင်သည် မြန်မာပြည်အတွက်ပါမက ကမ္ဘာကြီးအတွက်ပါ သမိုင်းကဗျည်း မှတ်တမ်းရေးထိုးရမည့်အရာဖြစ်ပေသည်။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးထွန်းကားဖို့အတွက် ပိတ်ဆို့ကာရန်ထားသည့် စစ်အာဏာရှင်ဟူသော တံတိုင်းကြီးကို ၀ိုင်းဝန်းဖြိုလှဲ ဖျက်ဆီးပစ်ရမည်ဖြစ်သည်။ တစ်ဦးတစ်ယောက်တည်း ဖြိုလှဲ၍မရ ညီညီညာညာစုပေါင်းဖြိုလှဲမှ အောင်ပွဲခံနိုင်မည်ဖြစ်ပေသည်။ ယုတ်မာ ဆိုးသွမ်းကောက်ကျစ်သည့် စစ်အာဏာရှင်စနစ်ဆိုးကြီးအောက်က မရုန်းထွက်နိုင်ခဲ့ပါကကျွန်ုပ်တို့၏ လူမျိုး ဘာသာ သာသနာတော်ကြီးသည် ကမ္ဘာ့အလယ်မှာ မကြာမီပျောက်ကွယ်တော့မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပေသည်။

တက္ကသိုလ်သောတုဇနဘိက္ခု (ရန်ကုန်)

ပေးပို့လာသူ အရှင်သောပါက....။


ဆက်ဖတ်ရန်...

စစ်အစိုးရ၀န်ကြီးချုပ် ကုလအထွေထွေညီလာခံမှာ ဒီနေ့မိန့်ခွန်းပြောမည်



28 September 2009

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းနေတဲ့ ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဒီကနေ့ မိန့်ခွန်းပြောဖို့ရှိနေပါတယ်။ ၁၄ နှစ်အတွင်းမှာ မြန်မာနိုင်ငံက အဆင့်အမြင့်တာဝန်ရှိသူတယောက်က ခုလို ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေ ညီလာခံကို လာတက်ပြီး မိန့်ခွန်းပြောမှာဟာ ထူးခြားတယ်လို့ ပြောရမှာပါ။ မြန်မာနိုင်ငံက စစ်ခေါင်းဆောင် တယောက် ကုလသမဂ္ဂမှာ လာပြီးမိန့် ခွန်းပြောမဲ့ ကိစ္စအပေါ် မြန်မာ့အရေး လေ့လာနေသူတွေကလဲ တော်တော်လေး စိတ်ဝင်စားနေကြပါတယ်။ ဒီအကြောင်းကို သတင်းယူဖို့  ဝိုင်းတော်သူ မစုမြတ်မွန်ကလဲ နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်ရုံးရှေ့မှာ ရောက်နေပါတယ်။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် မိန့်ခွန်း ပြောမယ့် အခြေအနေကို မစုမြတ်မွန်ကို မေးမြန်းပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် မိန့်ခွန်းပြောမှာက နယူးယောက်မြို့ရဲ့ စက်တင်ဘာ၂၈ နေ့ မှာ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် သိရသလောက်ကတော့  ဗိုလ်ချုပ်ကြီးသိန်းစိန် ဒီနေ့ မနက်ပိုင်းကပဲ နယူးယောက် မြို့ ကို ရောက်ပြီဆိုတာကို အတည်ပြုနိုင်ပါတယ်။ တနင်္လာနေ့ မှာ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။ ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့  အစီအစဉ်အတိုင်း ဆိုရင်တော့  နယူးယောက်မြို့ ဒေသစံတော်ချိန် မနက်ပိုင်း လောက်မှာ ပြောပါလိမ့် မယ်။ သူဟာ ၁၄ နှစ်အတွင်းမှာ အထွေထွေ ညီလာခံကို မိန့်ခွန်းပြောမယ့် စစ်အစိုးရရဲ့ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အရင်နှစ်တွေက အထွေထွေ ညီလာခံကို စစ်အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီး အဆင့်ပဲတက်တာဖြစ်ပေမဲ့ ဒီနှစ်မှာတော့ ဝန်ကြီးချုပ်က တက်ရောက် မိန့် ခွန်းပြောမှာဟာ တော်တော်လေး ထူးခြားနေပါတယ်။ သူဘာပြောမယ်ဆိုတာကို အတိအကျ ကြိုပြောနိုင်ဖို့ ကတော့ ခက်ပါတယ်။ ဒါပေမဲ့ ခန့်မှန်းရတာကတော့ ရှေ့နှစ် ၂၀၁၀ မှာ စစ်အစိုးရ လုပ်တော့မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုအောင် သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောလိမ့်မယ်လို့ ယူဆရပါတယ်။ ဝန်ကြီးချုပ် ကုလသမဂ္ဂ အထွေထွေညီလာခံ သွားတက်မယ့် အစီအစဉ် နဲ့ အချိန်ကိုက်ပြီးတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတချို့ အပါအဝင် အကျဉ်းသား ထောင်ချီကို ပြန်လွှတ်ပေး ထားတာလဲ ရှိတော့ ဒီကိစ္စကို ထောက်ပြပြီး စစ်အစိုးရဟာ လူ့အခွင့်အရေး အခြေအနေတွေတိုးတက်ဖို့၊ ဒီမိုကရေစီစနစ်ဆီ ပြုပြင်ပြောင်းလဲဖို့ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေ လုပ်ပြနေပါတယ် ဆိုတာမျိုးလဲ ပြောနိုင်ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Ban Ki Moon မြန်မာနိုင်ငံကို ဇူလိုင်လမှာ မြန်မာနိုင်ငံ သွားတုန်းက ၂၀၁၀ ရွေးကောက်ပွဲကို အဖွဲ့အစည်း အားလုံးပါဝင် နိုင်အောင် ဒီမိုကရေစီနည်းလမ်းကျလုပ်ပါလို့ တိုက်တွန်းထားတာလဲရှိပါတယ်။ ဒါကြောင့် မြန်မာဝန်ကြီးချုပ် ဘာတွေပြောမလဲ ဆိုတာကို နိုင်ငံတကာက စောင့်ကြည့်နေကြမှာ မလွဲပါဘူး။ အထူးသဖြင့်တော့ မြန်မာအပေါ်ထားတဲ့ မူကို အိုဘားမားအစိုးရက အသစ်ပြောင်းဖို့ စဉ်းစားနေတဲ့ အချိန်လဲဖြစ်လို့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ မူဝါဒ အပြောင်းအလဲအတွက် သက်ရောက်စေမယ့် အချက် ဘာများပါမလဲဆိုတာကိုလည်း မြန်မာ့အရေး လေ့လာသူတွေ စိတ်ဝင် စားနေကြပါတယ်။

မစုမြတ်မွန်ပြောခဲ့သလို စစ်အစိုးရက သူတို့ လုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုလာဖို့ လုပ်တဲ့ တချိန်ထဲမှာပဲ အမေရိကန် နိုင်ငံနဲ့လည်း ပုံမှန်ဆက်ဆံရေး ပြန်ရအောင် ကြိုးစားတဲ့ အနေနဲ့  ဝန်ကြီးချုပ်ကိုယ်တိုင် အမေရိကန်မှာ လုပ်တဲ့ အထွေထွေညီလာခံကို လာတက်တာလို့ ပြောနိုင်ပါလား။

ဒီလိုလဲတွက်နေကြသူတွေ ရှိပါတယ်။ အထူးသဖြင့်  အမေရိကန် အစိုးရသစ်က မြန်မာစစ်အစိုးရအပေါ် ထိတွေ့ ဆက်ဆံချင်တယ်တယ်ဆိုတာ ပြသလာတဲ့ အပေါ်မှာလည်း စစ်အစိုးရက လိုလားပုံရပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လုံးက စစ်အစိုးရနဲ့ အမေရိကန် အစိုးရကြားမှာ ဆက်ဆံရေးက တင်းမာခဲ့တာပါ။ အခု ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အထွေထွေညီလာခံ လာတက်တဲ့ ၃ ရက် အမေရိကန်ခရီးစဉ်မှာ အမေရိကန် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ Washington Post သတင်းစာကြီးထဲမှာတော့ အမေရိကန်အရာရှိကြီးတွေရဲ့ အပြောကို ကိုးကားပြီးဖေါ်ပြခဲ့တာက ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ အမေရိကန်အစိုရရဲ့ အရှေ့အာရှနဲ့  ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးရာ ဝန်ကြီး Kurt Campbell နဲ့ တွေ့ဆုံလိမ့်မယ်လို့ ရေးထားတာရှိပါတယ်။ ဒါပေမဲ့ ဒီသတင်းကတော့ ခုချိန်မှာ အတည်မပြုနိုင်သေးပါဘူး။ အမေရိကန်ဟာ စစ်အစိုးရနဲ့ သံတမန် ဆက်ဆံရေးကို တိုးမြှင့် လိုတယ်ဆိုတာပြနိုင်တဲ့ တချက်ကတော့ စစ်အစိုးရခေါင်းဆောင်တွေ အားလုံးကို အမေရိကန်ကို လာခွင့်ပိတ်ပင် ကန့်သတ်အရေးယူထားတဲ့ကြားကပဲ ထွေထွေညီလာခံ တက်ဖို့ ကြိုရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို အမေရိကန်အစိုးရက ၀ါရှင်တန်မြို့တော်ဆီကိုပါ လာခွင့်ပေးခဲ့ပါတယ်။ ပုံမှန်အားဖြင့်က နယူးယောက်မြို့မှာလုပ်တဲ့ ညီလာခံလာတက်တဲ့ မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ နယူးယောက်မြို့နဲ့ ၂၅ မိုင် ပတ်လည်ပဲ သွားလာခွင့်ရပါတယ်။ ဒါပေမဲ့ ဒီနှစ်တော့ မိုင် ၂၀၀ကျော်အကွာမှာရှိတဲ့ ၀ါရှင်တန်ကို အမေရိကန်အစိုးရက လာခွင့်ပေးလိုက်တာကလည်း ထူးတယ်လို့ ပြောရမှာပါ။

မစုမြတ်ရေ မြန်မာဝန်ကြီးချုပ်က ကုလသမဂ္ဂ ညီလာခံတက်ရောက်ပြီး မိန့်ခွန်းပြောမယ့် အပေါ်မှာရော နယူးယောက်မြို့မှာ ဒီမိုကရေစီရေး လှုပ်ရှားနေကြသူတွေက ဘယ်လို သဘောထားနေကြပါလဲ။
သူတို့ ဘယ်လို သဘောထားနေကြသလဲဆိုတာ သိရဖို့ စောစောကပဲ ကုလသမဂ္ဂရုံးချုပ်ရှေ့ဆန္ဒပြပွဲက သူတချို့ကို မေးကြည့်ပါတယ်။ အရင်ဆုံးတော့ ဆရာတော် ဦးစိန်တိသ မိန့်တာကို နားထောင်ကြည်ပါ။ သူကတော့ ၂၀၀၇ ရွှေဝါရောင် သံဃာလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ပြည်ပကို ထွက်လာခဲ့တဲ့ဆရာတော်ပါ။
“၂၀၁၀ရွေးကောက်ပွဲကို အများမြင်ထားတာက အတုအယောင်ပါပဲ။ ကိုယ်တိုင်လည်း ကိုယ်တိုင်လှုပ်ရှား ပါဝင်ခဲ့တယ်ဆိုတော့ အများကြီး တွေ့ခဲ့ကြုံခဲ့ပါတယ်။ ဘုန်းကြီးတော့ ဒီလို မိန့်ခွန်းပြောတဲ့ကိစ္စကို လုံးဝ သဘောမတူပါဘူး။ ကန့်ကွက်ပါတယ်။ ဖမ်းဆီးခံတွေကိုလည်း မလွှတ်သေးဘူး။ အပြစ်မရှိ အပြစ်ရှာပြီး ဖမ်းထားတာပဲ။ ဒါတွေကို ကြည့်ရင် စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာ ယူဆလို့ ရပါတယ်။”

နောက်တခါ ကုလသမဂ္ဂရှေ့ မှာ အစာငတ်ခံဆန္ဒပြခဲ့ တဲ့  ဦးမောင်မောင်တိတ်ကလဲ တရားဝင်မဟုတ်တဲ့ အစိုးရကိုယ်စား မိန့်ခွန်းလာပြောမှာကို သူ လက်မခံဘူးလို့ ဆိုပါတယ်။
“စစ်အစိုးရက တရားမ၀င်အစိုးရဖြစ်တယ်။ စစ်အစိုးရက လုပ်ဆောင်မှုမှန်သမျှဟာ ဘာမှ တရားဝင်မှာမဟုတ်ဘူး။ ဒါကြောင့် ၀န်ကြီးချုပ် သိန်းစိန်လာတာကိုလည်း ကုလသမဂ္ဂရဲ့ အစီအစဉ်အတိုင်း ဖယ်ရှားပေးဖို့ တောင်းဆိုထားတာတွေ ရှိတယ်။”

ဝန်ကြီးချုပ် သိန်းစိန်လာတဲ့ ခရီးဟာ ကောင်းတဲ့ ခရီးစဉ်ဖြစ်တယ်လို့ မျှော်လင့်ထားသူလည်း ရှိပါတယ်။ ပန်းချီဆရာကိုစောငိုပဲ ဖြစ်ပါတယ်။

“သိန်းစိန်လာလို့ စကားပြောရင်တော့ အဆင်ပြေတဲ့ အပိုင်း သူ့ဟာသူ ပြောလိုက်မယ်။ UN ကလည်း နားထောင်သင့်သလောက် နားထောင်လိမ့်မယ်။ ဆက်လုပ်သင့်သလောက် ဆက်လုပ်လိမ့်မယ်။ အမှန်ကတော့ ရိုးရိုးပြောရင် စစ်အစိုးရကတော့ ဘယ် ထောက်ခံမလဲဗျ။ ဒါပေမဲ့ အခုလာခြင်းသည် ကောင်းသော လာခြင်း ဖြစ်ပြီးတော့ ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ ပြုပြင်ပြောင်းလဲဖို့ ဒီမိုကရေစီရေးအတွက်ကို လုပ်ဖို့လာတယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။”

ဒါကတော့ မကြာခင်အချိန်အထိ ကုလသမဂ္ဂဌာနချုပ်ရုံးရှေ့ မှာ ဆန္ဒပြနေကြသူတွေရဲ့ သဘောထား အမြင်တွေပါ။ ဒီဆန္ဒပြပွဲကတော့ လွန်ခဲ့တဲ့ ၄ လထဲက စခဲ့တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေရဲ မိုင် ၉၀၀ ခရီးရှည်လမ်းလျှောက်ပြီး အစာငတ်ခံဆန္ဒပြမှု အဆုံးသတ်ပွဲပါ။ မြန်မာနိုင်ငံ စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ရေး။ ဒေါ်အောင်ဆန်းစုကြည်နဲ့  နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အရေးယူဆောင်ရွက်ပေးပါလို့ တောင်းဆိုတဲ့ အနေနဲ့ ကုလသမဂ္ဂရှေ့မှာ စက်တင်ဘာ ၁၈ ရက်နေ့ကတည်းက အစာငတ်ခံ ဆန္ဒပြခဲ့  ကြတာဖြစ်ပါတယ်။ သူတို့ က မြန်မာနိုင်ငံက တရားဝင်အစိုးရ ကုလသမဂ္ဂမှာ မိန့် ခွန်းလာ ပြောနိုင်တဲ့ အထိ ဆန္ဒပြသွားကြမယ်လို့  ပြောပါတယ်ရှင်။

VOA News

ဆက်ဖတ်ရန်...

အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ၏ ရွှေဝါရောင်နှစ်ပတ်လည် လှုပ်ရှားမှု။



အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ မှ စက်တင်ဘာလ (၂၇) ရွှေဝါရောင်နှစ်ပတ်လည်နေ့တွင် မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနား၊ ကလေး ၊ လားရှိုး၊ ပင်လုံနှင့် ရွှေဘို မြို့များတွင် ၄” x ၆” အရွယ်အစားရှိ ဒေါ်အောင်ဆန်စုကြည်ပုံပါ ပို့စကဒ် အစောင်ရေ (၁၀၀၀) ကျော်အား ဖြန့်ဝေသည့် လှုပ်ရှားမှုအား ပြုလုပ်ခဲ့ကြပါသည်။

ထိုလှုပ်ရှားမှု ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသားတော် အရှင်သူမြတ်များ သွေမြေ ကျခဲ့သော ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကို ဦးညွတ် အလေးပြုသည့် အနေဖြင့် လည်းကောင်း ၊ သံဃာတော်များ ဦးဆောင်ပြီးပြုလုပ်မည့် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇျန ကံဆောင် သပိတ်ကြီးမှတဆင့် အမျိုးသားလွတ်မြောက်ရေး လုပ်ရှားမှုကြီးကို ထောက်ခံသောအားဖြင့် လည်းကောင်း ပြုလုပ်ခြင်း ဖြစ်ပါသည်။

ထို့အပြင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇျန ကံဆောင် သပိတ်ကြီးမှတဆင့် အမျိုးသား လွတ်မြောက်ရေး လုပ်ရှားမှုကြီးတွင် အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ သံဃာတော် အရှင် မြတ်များ နှင့် အတူ လက်တွဲပြီး အောင်ပွဲရသည်အထိ စစ်အစိုးရအား တိုက်ပွဲဝင် သွားမည်ဖြစ်ပါသည်။

အသေးစိတ် အချက်အလက် များကို သိရှိလိုပါက အွန်လိုင်းမှ တဆင့် အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ အီးမေးလ် ubst.burma@gmail.com သို့ မေးမြန်း နိုင်ပါသည်။

လေးစားစွာဖြင့်

သန်းနိုင်
တွဲဖက် အထွေထွေ အတွင်းရေးမှူး
အထက် ဗမာပြည် ကျောင်းသား သမဂ္ဂ


ဆက်ဖတ်ရန်...

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၁ နှစ်မြောက် ကြေငြာချက်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၁ နှစ်မြောက် ကြေငြာချက်။

ဆက်ဖတ်ရန်...

၂၅ရက်နေ့ မိုးမခသတင်းပါ မှတ်ချက်နှင့် ပတ်သတ်၍ အရှင်ထာဝရမှ ရှင်းလင်းချက်။

၂၅ရက်နေ့ မိုးမခသတင်းပါ မှတ်ချက်နှင့် ပတ်သတ်၍ ဓာတ်ပုံပါ ကာယကံရှင် အရှင်ထာဝရမှ ရှင်းလင်းချက်။

ဆက်ဖတ်ရန်...

ဗုဒ္ဓဘာသာအား Apple မှဒီဇိုင်နာတစ်ယောက်ကစော်ကားခြင်း။



http://www.fastcompany.com/blog/gizmodo-staff/gizmodo/important-message-about-apple-industrial-design-jon-ive-blockquote ( click )

အထက်ပါလင့်မှာ

Jonathan Ive, senior vice president of industrial design at Apple ဆိုသူ

ဗုဒ္ဓဘုရားပုံတော်ကမျက်နှာတော်နေရာမှာသူ့ရဲ့ဓါတ်ပုံအစားသွင်းပြီး

Apple ကိုကြေငြာထားပါတယ်။

၎င်း၏ဓါတ်ပုံများကို အောက်ပါလင့်တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။

http://www.123people.com/s/jonathan+ive (click )

ဆက်ဖတ်ရန်...

၅၀၀၀ ကျပ်တန် သတင်းနှင့်အတူ ငွေတန်ဖိုးကျဆင်း၊ ဈေးနှုန်းအချို့ မြင့်တက်





ရန်ကုန် (မဇ္ဈိမ)။ ။ ဗဟိုဘဏ်က ၅၀၀၀ ကျပ်တန် ငွေစက္ကူများ ထုတ်ဝေမည့်သတင်း ကြေညာသဖြင့် ယနေ့နံနက်တွင် မြန်မာငွေတန်ဖိုး သိသာစွာ ကျဆင်းသွားပြီး ကုန်ပစ္စည်းအချို့ ဈေနှုန်းမြင့်တက်သွားသည်။

တကျပ်သားလျှင် ၅ သိန်း ၇ သောင်း ဝန်းကျင်သာရှိသော ရွှေဈေးမှာ ၆ သိန်းစွန်းစွန်းအထိ ဈေးတက်သွားခဲ့သည်ဟု ရန်ကုန် ရွှေဆိုင်များမှ စုံစမ်းသိရှိရသည်။

“ကောက်တော့ ၅ သိန်း ၉ သောင်းခွဲပါ။ အရောင်းကတော့ ၆ သိန်း တထောင်လောက် ရောင်းပါတယ်။ လောလောဆယ် တကျပ်သားနှစ်ကျပ်သား သမားတွေကိုပဲ ရောင်းပေးပါတယ်။ ပိဿာလောက် လာဝယ်ရင် မရောင်းပါဘူး” ဟု အောင်သမာဓိရွှေဆိုင်မှ တာဝန်ရှိသူတဦးက ပြောဆိုသည်။

ရွှေဘုံသာလမ်းရှိ ရွှေ လေပတ်ကား ရောင်းဝယ်မှုများကို ယနေ့ ရပ်တန့်ထားသည်ဟု ရွှေကုန်သည်တဦးက ဆိုသည်။

၅၀၀၀ ကျပ်တန်ငွေစက္ကူ ထွက်ပေါ်လာခြင်းနှင့်အတူ ကုန်ဈေးနှုန်းများ ကြီးမြင့်လာမည်၊ ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်လာမည်ဟူသည့် စိုးရိမ်စိတ်များကြောင့် စားသောက်ကုန်များ အများအပြား ဝယ်ယူစုဆောင်းခြင်း ပြုလုပ်လာကြသည်ဟု စားသောက်ကုန်စည်များ အဓိကဖြန့်ဖြူးရာ ညောင်ပင်လေးဈေးရှိ ဆိုင်များက ဆိုသည်။

“ဒီနေ့မနက်ပိုင်းမှာ ညောင်ပင်လေးဈေးမှာ လူတွေ တိုးမပေါက်အောင်ကို ဈေးလာဝယ်နေကြတယ်။ လူတွေစိတ်ထဲမှာ ဒီငွေစက္ကူတွေ ထွက်လာရင် ကုန်ဈေးနှုန်းတွေ အရမ်းတက်သွားမယ်ဆိုပြီး ဈေးတွေ အရမ်းဝယ်နေကြတယ်”
ဟု ယနေ့နံနက်ပိုင်းတွင် ညောင်ပင်လေးဈေးသို့ သွားရောက်ခဲ့သူ ပြည်တွင်း ဂျာနယ်သတင်းထောက်တဦးက ပြောသည်။

လတ်တလော အခြေအနေတွင် ၅၀၀၀ ကျပ်တန် ထွက်ပေါ်မှုထက် ဝယ်လိုအား အဆမတန် များပြားလာသဖြင့် ကုန်စည်အချို့ ဈေးနှုန်းမြင့်တက်သွားကြောင်း ညောင်ပင်လေးဈေးရှိ အရောင်းဆိုင်များမှတဆင့် သိရသည်။

“လောလောဆယ်မှာ ဒီဂယက်ကြောင့် ဘာမှတက်သွားတာ မရှိသေးပါဘူး။ ဒါပေမဲ့ လူတွေ ဈေးအရမ်း လာဝယ်နေကြတော့ တချို့ဆိုင်တွေကတော့ ဆီတို့၊ ကြက်သွန်နီတို့ ဈေးတက်ရောင်းတာတွေ ရှိတယ်။ ဒါပေမဲ့ ဒီလို အခြေအနေမျိုးဆိုရင် ဒီဈေးထဲမှာ ထောက်လှန်းရေးတွေက စောင့်ကြည့်နေတတ်တယ်။ အဲဒါကြောင့် ဘယ်သူမှ ကိုယ်ကစပြီး ဈေးမတင်ရဲဘူး” ဟု ညောင်ပင်လေးဈေးရှိ စားသောက်ကုန် လက်ကားဖြန့်ဖြူးသည့် ဆိုင်တဆိုင်က ဆိုသည်။

ထိုကဲ့သို့ လူအများ စိုးရိမ်ထိတ်လန့်ကာ ကုန်စည်များ အများအပြား ဝယ်ယူ စုဆောင်းလာခြင်းကြောင့် ဝယ်လိုအားများသည့်အတွက် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းကိုပါ ထပ်မံ ကြုံတွေ့လာနိုင်သည်ဟု
ရန်ကုန်မြို့မှ စီးပွားရေး ပညာရှင်များနှင့် ဝါရင့် စီးပွားရေးသမားများက သတိပေးသည်။

ရန်ကုန် စီးပွားရေး တက္ကသိုလ် ပါမောက္ခဟောင်း တဦးဖြစ်သူ ဦးမော်သန်းက “ဈေးကွက်ထဲကို ၅၀၀၀ ကျပ်တန်တွေ ရောက်လာမယ်ဆိုတာ အရင်ရှိပြီးသား ငွေတွေနဲ့ လဲပေးမှာလား။ ဒါမှမဟုတ် ထပ်ပြီး ရိုက်ထုတ်မှာလား။ ထပ်ပြီး ရိုက်ထုတ်မယ်ဆိုရင်တော့ ရိုက်ထုတ်တဲ့ ပမာဏအတိုင်း အင်ဖလေးရှင်း (ငွေကြေးဖောင်းပွမှု) ဖြစ်မှာပဲ” ဟု ဆိုသည်။

ဆက်လက်ပြီး ကုန်ဈေးနှုန်းတက်ခြင်းနှင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်းကို ခွဲခြားသိမြင်ရန် လိုသည်ဟု ဦးမော်သန်းက ဆက်လက်သတိပေးသည်။

“အင်ဖလေးရှင်း ဖြစ်တယ်ဆိုပေမယ့် ပစ္စည်းတခုက အရမ်းပေါနေရင် ဈေးမတက်ပါဘူး။ လူတွေ အရမ်းဝယ်နေကြရင်သာ ပစ္စည်းတွေပြတ်ပြီး ဈေးတက်တာတွေ ဖြစ်လာနိုင်တာပါ”
ဟု သူက ဆိုသည်။

ရန်ကုန်မြို့ရှိ နာမည်ကြီး ဆန်ဆိုင်တဆိုင်ကမူ ဆန်မှာယူမှုများ သုံးဆခန့် မြင့်တက်သွားသော်လည်း ဈေနှုန်းမြင့်တက်ခြင်း မရှိသေးကြောင်းနှင့် ဈေးနှုန်း မတက်ရခြင်းမှာလည်း ယခုကဲ့သို့ အခြေအနေမျိုးတွင် ဈေးနှုန်း စတင်တက်ရောင်းချသူကို ထောက်လှမ်းရေးက လာရောက်ဖမ်းဆီးလေ့ရှိသဖြင့် ဆန်ကုန်သည်များကြား ဈေးနှုန်း စပြီးမြင့်ရောင်းချရဲသူ မရှိကြောင်း ဆိုသည်။

“ကုန်လက်ကျန်ရှိတဲ့အထိတော့ ဈေးတိုးမရောင်းကျသေးဘူး။ လက်ရှိကုန်ပစ္စည်းတွေ ပြတ်သွားရင်တော့ ဘာဖြစ်လာမယ်ဆိုတာ မခန့်မှန်းနိုင်သေးဘူး။ ဒါပေမဲ့ လတ်တလောမှာတော့ ဘယ်သူမှ ဈေးတိုး မရောင်းရဲသေးဘူး။ ဝယ်တဲ့သူကလည်း ဈေးတိုးပေးပြီး မဝယ်ရဲဘူး”
ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကုန်သည်တဦးက ဆိုသည်။

စီးပွားရေး ပညာရှင်တဦးဖြစ်သူ မောင်စူးစမ်းကလည်း
“လူတွေ လန့်ရင် ရှင်းမရဘူး။ အဲဒါအရေးကြီးတယ်။ အင်ဖလေးရှင်းဆိုတာက ဘာမှကြောက်စရာမလိုဘူး။ အင်ဖလေးရှင်းကြောင့် ကုန်ဈေးနှုန်းတက်တာက ရှင်းလို့ရတယ်။ လူတွေလန့်ပြီး အရမ်းဝယ်လို့ ပစ္စည်းပြတ်သွားရင် ဘာမှရှင်းမရဘူး”
ဟု ဆိုသည်။

မြန်မာငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမှာ တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၀၆၀ ကျပ် ၁၀၇၀ ကျပ်ဝန်းကျင်သာရှိခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင် ၁၁၈၀ ခန့်အထိ ဈေးနှုန်းမြင့်တက်သွားခဲ့ပြီး ညနေပိုင်းတွင် ၁၁၃၀ ဝန်းကျင်ဖြင့် ဈေးပိတ်သွားခဲ့သည်ဟု နိုင်ငံခြားငွေ လဲလှယ်သည့် ဈေးကွက်အတွင်းမှာ စုံစမ်းသိရှိရသည်။

စင်္ကာပူဒေါ်လာနှင့် မြန်မာငွေလဲလှယ်နှုန်းမှာ စင်္ကာပူတဒေါ်လာလျှင် ၇၈၀ ကျပ်ရှိရာမှ ၈၆၀ ကျပ်အထိ မြင့်တက်သွားခဲ့ပြီး စင်္ကာပူ ရန်ကုန် ငွေလွှဲလုပ်ငန်းများ ရပ်ဆိုင်းထားကြောင်း ငွေလွှဲကုမ္ပဏီများမှတဆင့် စုံစမ်းသိရှိရသည်။

ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာ မြန်မာငွေ ကျပ် ၁၀၀ လျှင် ၃ ဘတ် ၁၄ ပြားရှိရာမှ ၃ ဘတ်အောက်သို့ ကျဆင်းသွားပြီး တရုတ်ယွမ်ငွေနှင့် မြန်မာငွေ လဲလှယ်နှုန်းမှာ မြန်မာကျပ်ငွေ ၁၀၀၀ လျှင် တရုတ်ယွမ်ငွေ ၆ ယွမ် ၃၄ ပြားရှိရာမှ ၆ ယွမ်အထိ ကျဆင်းသွားကြောင်း နယ်စပ်ကုန်သည်များသို့ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုနှုန်းမှာ တနှစ်လျှင် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းကြားသာ ရှိသည်ဟု မြန်မာအစိုးရက ထုတ်ပြန်လေ့ ရှိသော်လည်း၊ အာရှဖွံ့ဖြိုးရေးဘဏ် ADB နှင့် အခြား ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များက တနှစ် ငွေကြေးဖောင်းပွမှုနှုန်း ၃၀ ရာခိုင်နှုန်းဝန်းကျင် ရှိသည်ဟု ဆိုသည်။

ဆက်ဖတ်ရန်...

မျိုးဆက်သစ် လူငယ်များ အစည်းအရုံး မှ သီချင်း ၇ ပုဒ်



ကျနော်တို့ Generation Wave (မျိုးဆက်သစ် လူငယ်များ အစည်းအရုံး) မှသီချင်း ၇ ပုဒ်ပါခွေ တစ်ခွေကို ရေးစပ် သီဆိုပြီး ဖြန့်ချိ မျှဝေလိုက် ပါသည်။ အချို့သော အခက်အခဲ များကြောင့် နောက်ကျပြီးမှ ဖြန့်ဝေ နိုင်ခြင်းကို ခွင့်လွှတ် နားလည် ပေးပါရန်လည်း မေတ္တာ ရပ်ခံ အပ်ပါသည်။ သီချင်းများကို နားဆင်ရန် အတွက် အောက်ပါ လင့်များ၌ download လုပ်၍ နားဆင် နိုင်ပါသည်။

Our Generation Wave released one album including 7 songs. We do apologize for the delay caused in distributing. All the songs can be download at from the following links;

1.) (နိုးထကြလော့)
2.) (တစ်ဆယ်)
3.) (အမေ ၆၄)
4.) (အခြေအနေများ)
5.) (မာရ်နတ်အိမ်)
6.) (တိုက်)
7.) (ခွင့်ပြုတော့ မေမေ)


Best Regards,

Generation Wave

ဆက်ဖတ်ရန်...

ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်၏ သတင်းကို MRTV တွင် ထုတ်ပြန်ကြေငြာသွား



ရွှေဝါရောင်သတင်းလွှာ / မြန်မာနိုင်ငံတွင် မွေးဖွားခဲ့ပြီး အမေရိကန်နိုင်ငံသား လက်မှတ် ကိုင်ဆောင်ထားသူ ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ကို ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခဲ့ခြင်းနှင့် ပါတ်သက်ပြီး ယနေ့ည ၈နာရီ MRTV သတင်းတွင် ထုတ်ပြန် ကြေငြာသွားသည်။

MRTV ၏ ထုတ်ပြန်ကြေငြာချက်တွင် ကိုညီညီအောင်သည် ၁၉၉၅ ခုနှစ် ထိုင်းနိုင်ငံမှ မထွက်ခွာမီ မြန်မာ ကျောင်းသားများ ဒီမိုကရက်တစ် လှုပ်ရှားမှုအဖွဲ့ကို တည်ထောင်ခဲ့ကြောင်း စွပ်စွဲသွားခဲ့သည်။ ထို့အတူ သူသည် ထိုင်းနိုင်ငံက မထွက်ခွာခင်က ABSDF အဖွဲ့ဝင်တယောက် ဖြစ်ခဲ့သည်အပြင် ရခိုင်ကျောင်းသား လူငယ်များ ကွန်ဂရက်၏ အဖွဲ့ဝင်တယောက်ဖြစ်ခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံမှ မထွက်ခွာမှီ ၁၉၉၃ ခုနှစ်က ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ထောင်ဒဏ်တနှစ် ကျခံခဲ့ရဘူးကြောင်း ကြေငြာသွားခဲ့ပါသည်။ ထို့နောက် ကိုညီညီအောင်သည် အမေရိကန်နိုင်ငံသို့ UNHCR ၏ အစီအစဉ်ဖြင့် သွားရောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန် နိုင်ငံသားအဖြစ်ကို ရရှိခဲ့သည်ဟု ဆိုပါသည်။

MRTV ထပ်မံကြေငြာသော စွပ်စွဲချက်များတွင် ကိုညီညီအောင်သည် FDB ခေါ် Forum for Democracy in Burmaနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စစ်သွေးကြွ အုပ်စုဖြစ်သော 88 Generation Students အဖွဲ့ကို ကျပ်ငွေ သန်းပေါင်းများစွာ ထောက်ပံ့ခဲ့သည်ဟု စွပ်စွဲခဲ့ပါသည်။ ထို့အပြင် ကိုညီညီအောင်သည် ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ မြန်မာနိုင်ငံသို့ ၈ကြိမ်တိုင် ပြန်လာခဲ့ဘူးကြောင်း ပြောဆိုခဲ့သလို သူသည် NLD ၏ အချို့ လှုပ်ရှားမှုများတွင် ပါဝင် ပါတ်သက်ခဲ့ကြောင်းနှင့် စစ်အုပ်စုကို ဆန့်ကျင်သော သံဃာတော်များ၏ လှုပ်ရှားမှု များတွင်လည်း ပါဝင် ပါတ်သက်ခဲ့ကြောင်း စွပ်စွဲသွားခဲ့ပါသည်။

ထို့အတူ ကိုညီညီအောင်သည် သူအဖမ်းခံရပြီး ရက်အတန်ကြာမှ စက်မှုဇုံများတွင် ပေါက်ကွဲခဲ့သော လူအသေအပျောက် မရှိခဲ့သည့် ဗုံးပေါက်ကွဲမှုများနှင့် ပါတ်သက်ကြောင်းကိုလဲ SPDC ၏ ရုပ်မြင်သံကြားဌာန ဖြစ်သော MRTV က စွပ်စွဲ ပြောဆိုသွားခဲ့ပါသည်။

ထူးခြားချက်တခု အနေဖြင့် Saffron Mail Letter မှ ဘလော့ဖတ်သူများကို သုံးသပ်တင်ပြလိုသည်မှာ MRTVမှ စွပ်စွဲသွားသော အဖွဲ့များမှာ နအဖက အမျိုးမျိုးစွပ်စွဲခဲ့သော်လည်း မည့်သည့် အချိန်ကမှ ဖေါက်ခွဲရေး ကိစ္စများတွင် ပါဝင် ပါတ်သက်ဘူးသည့် အထောက်အထား ခိုင်လုံစွာ မရှိခဲ့ခြင်းပင်ဖြစ်ပါသည်။

FDB ခေါ် Forum for Democracy in Burma သည် မြန်မာပြည် ဒီမိုကရေစီ ပြုပြင်
ပြောင်းလဲရေး အတွက် အကြမ်းမဖက်သော နည်းလမ်းဖြင့် ဆောင်ရွက်နေသော အဖွဲ့
အစည်းဖြစ်သလို၊ 88 Generation Students အဖွဲ့သည်လည်း ငြိမ်းချမ်းစွာ အကြမ်းမဖက်သော
နည်းလမ်းဖြင့် လှုပ်ရှား ဆောင်ရွက်သော အဖွဲ့ပင် ဖြစ်ပါသည်။ ကိုမင်းကိုနိုင်
ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများ၏ အကြမ်းမဖက် ငြိမ်းချမ်းစွာ တောင်းဆို
လှုပ်ရှားမှုများသည် ထင်ရှားသော သက်သေပင်ဖြစ်ပါသည်။ ထို့ အတူ NLD ၏
လှုပ်ရှားမှုများနှင့် သံဃာတော်များ၏ ငြိမ်းချမ်းစွာ လှုပ်ရှားတောင်းဆိုမှုများကို
အကျယ်ချဲ့ရေးရန် မလိုတော့ပါ။ NLD၏ တောက်လျှောက် ငြိမ်းချမ်းစွာ လှုပ်ရှားမှုများနှင့်
၂၀၀၇ သံဃာတော်များ၏ အကြမ်းမဖက်သော ရွှေဝါရောင်တော်လှန်ရေးက ကမ္ဘာသိ သက်သေပင်ဖြစ်သည်။
ကိုညီညီအောင်၏ မိခင်နှင့် ညီမဖြစ်သူသည် စစ်အာဏာရှင်များ၏ မတရား
ဖမ်းဆီးချုပ်နှောင်မှုကို ခံစားနေရသည့် အချက်ကိုမူ MRTV မှ ထုတ်ပြန် ကြေငြာခြင်း
လုံးဝမပြုခဲ့ပါ။ ထို့အတူ သူတို့၏ ထုတ်ပြန်ကြေငြာချက်တွင် ထိုအချက်အပေါ် ထည့်သွင်း
သုံးသပ်မှုလည်း မပါရှိခဲ့ပါ။

ထို့ကြောင့် နအဖသည် အမေရိကန်နိုင်ငံမှ ဆီနိတ်တာ ဂျင်ဝက်နှင့် ရရှိထားသော ယုံကြည်ချက်ကို မပျက် သွားစေရန်နှင့် အမေရိကန်နိုင်ငံက မြန်မာ စစ်အုပ်စုအပေါ် သူတို့၏ အကျိုးစီးပွါးများ ထိခိုက်စေသည့် စီးပွါးရေး ပိတ်ဆို့မှုအပေါ် ပြန်လည် သုံးသပ်နေမှုများကို မထိခိုက်စေရန်အတွက် သူတို့ လက်ရှိ ဖမ်းဆီးညှင်းပမ်း နှိပ်စက်ထား၍ လက်ကျိုးခဲ့ရသလို ရုပ်ပိုင်းဆိုင်ရာ နှိပ်စက် ညှင်းပမ်းမှု အမျိုးမျိုးခံစားခဲ့ရသူ အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို အမေရိကန်နိုင်ငံသားတို့ စိုးရိမ်သော အကြမ်းဖက်မှု ကိစ္စများဖြင့် စွပ်စွဲကာ ဆက်လက် ဖမ်းဆီးထားရန် ကြံစည်နေခြင်းသာဖြစ်ကြောင်း ပေါ်လွင်ထင်ရှားနေပါသည်။
အမှန်တကယ်မှာမူ အမေရိကန် နိုင်ငံမှာမွေး၍ အမေရိကန်နိုင်ငံသား ဖြစ်ခဲ့သူ မြန်မာ စစ်အုပ်ချုပ်သူများ၏ တားမြစ်ထားသော ဥပဒေများကို ထင်ရှားစွာ ကျူးလွန်ခဲ့သူ ဖြစ်၍ တရားဝင် ထောင်ဒဏ် ခုနှစ်နှစ် ချမှတ် ခံထားရသူဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သူ မစ္စတာ ဂျွန်ယက်တော မှာမူ ဆီနိတ်တာ ဂျင်ဝက်ကြောင့် ကင်းလွတ်ခွင့် ရခဲ့ပါသည်။

သို့ရာတွင် ထင်ရှားသော မည်သည့်ပြစ်မှုကိုမျှ မကျူးလွန်ခဲ့သူ (သို့) နအဖတို့ အဆိုအရ ၈ ကြိမ်တိုင် မြန်မာနိုင်ငံသို့ တရားဝင်ဗီဇာ ခွင့်ပြုချက်ဖြင့် ပြန်လည်ဝင် ရောက်ပြီး ဥပဒေမဲ့ ဖမ်းဆီးခံနေရသူ ၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပမ်းမှု များကို ဆိုးရွားစွာခံစားခဲ့ရသူ (မှတ်ချက်။ ။ထိုအခြေအနေကို မြန်မာပြည်ဆိုင်ရာ အမေရိကန်သံရုံးမှ တာဝန်ရှိသူ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရပြီး ဖြစ်သည်) မိခင်နှင့် ညီမဖြစ်သူတို့ အတွက် တတ်နိုင်သမျှ အားပေးကူညီ နှစ်သိမ့်မှု ပြုပေးနေသည့် ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ကိုမူ မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူ ဖြစ်သောကြောင့် စစ်အုပ်စု၏ အခြေအမြစ်မရှိ စွပ်စွဲချက်များကို လက်ခံ၍ မည်သည့် အရေးယူဆောင်ရွက်မှုကိုမျှ မပြုလုပ်လျှင် အမေရိကန်နိုင်ငံသည် ၄င်းတို့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုထား သူများကို မွေးဖွားရာ ဇာတိအပေါ် မူတည်၍ ခွဲခြား သတ်မှတ်မှုများပြုနေသည်ဟု ယူဆစရာ ဖြစ်နေပါသည်ဟု တင်ပြလိုက်ရပါသည်။
ရွှေဝါရောင်သတင်းလွှာ မှရယူသည်။

ဆက်ဖတ်ရန်...

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့်ပက်သက်၍် သဘောထားထုတ်ပြန်ကြေငြာချက်


Jointstatementno6.2009 Bur

Jointstatementno6.2009 Eng

ဆက်ဖတ်ရန်...

မဝင်းမော်ဦးကိုပွေ့ချီလာတဲ့ ဆရာဝန်နှစ်ဦးရဲ့ဘဝဇတ်သိမ်း

" မဝင်းမော်ဦးကိုပွေ့ချီလာတဲ့ ဆရာဝန်နှစ်ဦးရဲ့ဘဝဇတ်သိမ်း "

" နေရိန်ကျော် (RFA) "

Click HERE to download the file above.


ဆက်ဖတ်ရန်...

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး ၈၈မျိုးဆက်ကျောင်းသားများ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကြေငြာချက်။


Joint Statement No5.2009_Bur

Joint Statement No5.2009_Eng

ဆက်ဖတ်ရန်...

အရေးပေါ် ကြေငြာချက်

Photobucket

ဆက်ဖတ်ရန်...

တကယ်တွေပဲလား

ငြိမ်းချမ်း


ယခင် ‘အတ္တလား၊ ပရဟိတလား’ ကို ဆက်ပြီး ရေးလိုမေးလိုတာတွေ ရှိပါတယ်။ နာဂစ်မှာ ဘ၀ပျက်ခဲ့သူ စာ ရင်းအမှန်ကို ကိုအောင်သူငြိမ်းလည်း မကိုးကားပါ။ ယူအန်နဲ့ အခြားအန်ဂျီအိုကြီးတွေ အပါအ၀င်၊ ကမ္ဘာ့ဘဏ် အပါအ၀င် အားလုံးက သိထားကြပေမယ့် နအဖက တရားဝင်ထုတ်ပြန်တဲ့ စာရင်းပမာဏကိုသာ ကိုးကားကြပါ တယ်။ အမှန်တကယ် အသေအပျောက် ပမာဏကို ကိုအောင်သူငြိမ်း အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းက သိရှိ တာကို ငြင်းလို့မရပါဘူး။ စစ်တပ်အတွင်း မောင်အေးရဲ့ခရီးစဉ်မှာ သိလာရတဲ့ စာရင်းကို အစိုးရအဖွဲ့အစည်း တွေကော၊ အန်ဂျီအိုတွေကော၊ ကိုအောင်သူငြိမ်းတို့အဖွဲ့ကော၊ အတွင်းက ဒေသဆိုင်ရာ အန်ဂျီအိုတွေကော သိနေကြပေမယ့် ဘာလို့ နအဖရဲ့ အမြဲတမ်း သေနှုန်းလျှော့ချတတ်တဲ့ စာရင်းဇယားတွေနဲ့ပဲ လုပ်နေကြလဲဆို တာ စဉ်းစားစရာပါပဲ။

အမှန်ကိုအမှန်အတိုင်း လူထုကိုကော ကမ္ဘာကိုကော တင်ပြဖို့မလုပ်ကြဘဲနဲ့ နအဖနဲ့ ၀ိုင်းလိမ်ရာမှာ ဘာကြောင့် ပါကြသလဲဆိုတာ တွေးကြည့်ကြဖို့ကောင်းပါတယ်။ ကိုအောင်သူငြိမ်းတို့ရဲ့လုပ်ဖော်ကိုင်ဖက်တယောက်က ဒီ စာရင်းအမှန်ကို ကိုးကားခဲ့လို့ အားလုံးဝိုင်းလိမ်နေတဲ့ အသိုင်းအ၀ိုင်းတွေရဲ့ ၀ိုင်းတုတ်ကြတာကို ခံရတာကိုက လည်း ဘာတွေဖြစ်နေကြသလဲဆိုတာ စဉ်းစားမရလောက်အောင်ပါပဲ။ လူထုအကျိုးပြုလုပ်မယ့် အဖွဲ့အစည်း တွေကိုယ်နှိုက်က လူထုကို လိမ်ညာလှည့်စား အကျိုးယုတ်တာတွေ မလုပ်သင့်ကြတာ အမှန်ပါပဲမဟုတ်လား။

နာဂစ်ဖြစ်တုန်းက ကမ္ဘာ့နိုင်ငံအသီးသီးက အကူအညီကို လိုအပ်ခဲ့တာ အမှန်ပါ။ မြန်မာနိုင်ငံက လူမှုရေးလုပ် ငန်းတွေလောက်နဲ့လည်း မလုံလောက်နိုင်ဘူးဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် တခုသတိပြုသင့်တာက နာဂစ်ကိစ္စ မှာ စစ်အာဏာရှင်တွေက အပြည်ပြည်ဆိုင်ရာအကူအညီတွေကို အဟန့်အတား လုပ်နေချိန်တွေမှာ မြန်မာနိုင် ငံအတွင်းက လူမှုရေးကိုယ့်အားကိုယ်ကိုးလုပ်ကြသူတွေကြောင့် အသက်ပေါင်းမြောက်များစွာ ကယ်တင်နိုင်ခဲ့ တယ်။ အဆိုးရွားဆုံး အခြေအနေဆိုးကြီးတွေကို တားဆီးနိုင်ခဲ့တယ်။ အရေးပေါ် ကယ်တင်မှုမှာသာမကဘဲ နောက်ပိုင်းလုပ်ငန်းတွေမှာလည်း ဘယ်လောက်အရေးပါတဲ့ အခန်းကဏ္ဍတွေက ထိထိရောက်ရောက် ပါနိုင်ခဲ့ တယ်ဆိုတာတွေကို ကုလသမဂ္ဂနဲ့ ကမ္ဘာ့ဘဏ်အပါအ၀င် အခြားအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းကြီးတွေရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာတွေထဲမှာ သေသေချာချာ လေးလေးနက်နက် ဖော်ပြခဲ့ကြတာကိုလည်း မမေ့ သင့်၊ မသိချင်ယောင်ဆောင်ဖို့မသင့်ပါဘူး။ ယနေ့အချိန်အထိ တကယ်ထိထိရောက်ရောက် အကူအညီပေးနေ သူ၊ လုပ်ကိုင်နေသူတွေဟာ မြန်မာနိုင်ငံက ကိုယ့်အားကိုယ်ကိုးလုပ်နေတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်ဆိုတာကို နောက်ဆုံးသုံးသပ်ချက်တွေမှာအထိလည်း တွေ့နေရမှာကို သတိထားစေလိုပါတယ်။

စစ်အစိုးရရဲ့ ကြိုးနီစံနစ်နဲ့ ဟန့်တားမှုနည်းအမျိုးမျိုးကို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းကြီးတွေ အားလုံးနီးနီး ရင်ဆိုင်နေရချိန်မှာ ကိုယ်ထူကိုယ်ထ ကူညီသူတွေက အတားအဆီးတွေကို ရှောင်လွှားပြီး စွန့်စွန့်စားစားလုပ်ခဲ့ ကြတာ လုပ်နေနိုင်ကြတာကို အားလုံးအသိအမှတ်မပြုဘဲ မနေနိုင်လောက်အောင်ပါပဲ။ တခုပဲရှိတာက ဒီလုပ် ငန်းတွေလုပ်နေသူတွေက သူတို့က ဘယ်လောက်လုပ်လိုက်ပြီ၊ ဘယ်နေရာတွေမှာ ဘာတွေလုပ်လိုက်ပြီဆို တာကို ပိုတောင်းကောင်းအောင်၊ ပိုလုပ်စားလို့ရအောင်လုပ်ကြတဲ့ အန်ဂျီအိုအဖွဲ့တွေလို ကြော်ငြာဆိုင်းဘုတ် လိုက်မထိုးနေဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ လုပ်နေခဲ့ကြတာပါပဲ။ လုပ်စားဖို့သာစဉ်းစားနေတဲ့ အတွင်းက ဒေသ ဆိုင်ရာ အန်ဂျီအိုအဖွဲ့တွေ၊ အိုင်အာစီလို ဘာမှတောင်မလုပ်ရသေးဘူး၊ အခုထိလည်း ဘာမှဟုတ်တိပတ်တိ မ လုပ်နိုင်သေးဘူး၊ ကွန်ဂရက်မှာ နာဂစ်ထိတဲ့သူတွေအားလုံးကိုပဲ သူတို့ကယ်နေသယောင်ယောင်ပြောဆိုပြီး အ ဖွဲ့အတွက် ငွေရှာနေတာတွေ၊ ကြော်ငြာတွေ အရှက်မရှိ ရေးနေတာတွေ တွေ့ရမှာပါ။

ဒီဘက်နယ်စပ်ကလည်း အခွင့်သင့်တုန်း လုပ်စားကြဦးမှဆိုပြီး အန်စီယူဘီကလူတွေ အပါအ၀င် အထဲကိုကူညီ တယ်ဘာညာဆိုပြီး ဓာတ်ပုံတွေ ငွေပေးဝယ် ပြစားတာလောက်လုပ်ကြတာကိုလည်း လေ့လာကြည့်ရင် တွေ့မိ မှာပါ။ စစ်တပ်နဲ့ပေါင်းပြီးမှ အထုအထည်ကြီးတွေ ပို့လို့ရတဲ့အခြေအနေမှာ အန်စီယူဘီလို အခြားအပြင်က အဖွဲ့ အစည်းတွေက ဘယ်လိုများလုပ်ပြီး စစ်တပ်တွေနဲ့ နားလည်မှုယူ ဆန်တွေဘာတွေ ပို့လိုက်နိုင်သလဲ မစဉ်းစား နိုင်အောင်ပါပဲ။

ခေတ်တွေ ပြောင်းကောင်းပြောင်းလာခဲ့မှာ အမှန်ပါပဲ။ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံ ဘယ်လောက်များ ပြောင်းသွားခဲ့ပြီလဲဆိုတာ ကိုအောင်သူငြိမ်းကို ပြန်မေးပါရစေ။ ကျနော်တို့တတွေ ထိုင်းဘက်မှာ အတော်အ သင့် လွတ်မြောက်မှုရနေခဲ့ပြီဆိုပေမယ့် ကျနော်တို့နိုင်ငံက လူထုတွေကတော့ စစ်အာဏာရှင်အုပ်ချုပ်မှု အောက်က နည်းနည်းမှ လွတ်မြောက်မှုမရသေးပါဘူး။ လူထုဖိနှိပ်ခံရမှုကနေ ပြောင်းလဲမယ့် အရိပ်အယောင် လည်း တစက်မှမတွေ့ရသေးပါဘူး။ သူများတကာတွေ လကမ္ဘာသွားပြီး နောက်ပိုဝေးတဲ့ နေရာတွေကို ခြေဦး လှည့်နေတာတောင် ကျနော်တို့နိုင်ငံမှာတော့ ကျောက်ခေတ်ဘက်ကို ပြန်လှည့်နေတာကိုပဲ သူများနိုင်ငံစံနှုန်း ပဲယူပြီး ခေတ်ကြီးပြောင်းသွားပါပြီလို့ ပြောလို့ကောင်းပါ့မလား။

ကိုအောင်သူငြိမ်း ရေးခဲ့သလို အန်ဂျီအိုတွေမှာ လိုအပ်ချက်တွေ မမှန်ကန်မှုတွေ ရှိနေတာကို ဝေဖန်ထောက် ပြဖို့လိုပါတယ်။ ဒါပေမယ့် ကျနော့်အမြင်တော့ ကိုအောင်သူငြိမ်းတို့ကော ဘယ်သူမှလုပ်တာ မတွေ့သေးတာပါ ပဲ။ မမှန်တာတွေလည်း အများကြီးရှိနေတာကို တခုချင်းစီ ပြနေနိုင်ပေမယ့် ကိုအောင်သူငြိမ်း ပြောတဲ့ ဝေဖန် ရေးက ဘယ်နေရာမှာ နေနေမှန်း မသိရတာကို အံ့သြစရာပါပဲ။

ပြည်တွင်းမှာ HIV ရောဂါဝေဒနာရှင်တွေအတွက် ဆေးဝါးတွေ၊ အခြားဆေးဘက်ဆိုင်ရာ အကူအညီတွေ လို အပ်နေတာအမှန်ပါပဲ။ ဒါပေမယ့် ပြည်တွင်းကို ဆေးဘက်ဆိုင်ရာအကူအညီတွေ လုပ်မယ်ဆိုပြီး လုပ်နေကြတဲ့ ဒေသဆိုင်ရာ အန်ဂျီအိုတွေဆီက ဒီဆေးဝါးတွေ ဘယ်မှရောက်သွားတာ မကြားရပါဘူး။ အတွင်းကို မပြောပါနဲ့ ဦး။ HIV ရောဂါဝေဒနာရှင်တွေရှိတဲ့ နယ်စပ်မှာတောင်မှ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေ ရှိနေပေမယ့် လည်း ဆေးလုံးဝမတွေ့ဖူးဘဲနဲ့ အသက်ကုန်သွားရတဲ့သူတွေ မနည်းပါဘူး။

လွန်ခဲ့တဲ့ ရက်ပိုင်းကတောင် အလုပ်သမားတယောက် ဒီရောဂါနဲ့ ကွယ်လွန်ခဲ့ရပေမယ့် ဘယ်ဆေးဘက်ဆိုင် ရာ အဖွဲ့အစည်းကနေမှ ဆေးဝါးမရခဲ့ပါဘူး။ သူမသေခင် နေရာအားလုံးကို ကြိုးစားသွားခဲ့ပါတယ်။ ဒါပေမယ့် ရောဂါရှိနေကြောင်း သွေးစစ်ပေးတာကလွဲရင် ဘာမှကုသမှုမှ မခံခဲ့ရပါဘူး။ ဒီဘက်မှာ ဆေးဘက်ဆိုင်ရာ အဖွဲ့ ကြီးတွေက လူထုအတွက် ဒါတွေလုပ်ပေးမယ်ဆိုပြီး အကူအညီတွေ ယူထားကြတာတွေလည်းရှိတာပဲ။ ဒါပေမဲ့ ဒီအဖွဲ့ကြီးတွေက ဒီလိုရောဂါရှင်တွေ ရှာလို့မတွေ့တဲ့နေရာမှာ ဘယ်လိုများ လုံအောင်ပုန်းနေကြသလဲဆိုတဲ့ နည်းပညာကတော့ ယူဂျီလုပ်ငန်းလုပ်နေသူတွေ အတုယူသင့်တာတွေပါပဲ။ ဒီလိုအဖွဲ့အစည်းတွေမှာဖြစ်နေတဲ့ ဆေးဝါးရောင်းစားမှုတွေ၊ ဖြတ်စားမှုတွေ၊ လုပ်စားမှုတွေကို အခု အနှစ် (၂၀) ကျော်ခဲ့ပေမယ့် သေသေချာချာ ဝေဖန်ထောက်ပြနိုင်တာလည်း မရှိသေးပါလားဆိုတာကို ကိုအောင်သူငြိမ်း စဉ်းစားစေချင်ပါတယ်။

ဒီအခြေအနေမျိုးတွေကို လူငယ်တွေက အတုမြင်အတတ်သင်၊ ဒီလိုဆက်လုပ်စားကြမယ်ဆိုရင်ဖြင့် ကျနော်တို့ မြန်မာနိုင်ငံက မျောက်ဖြစ်ရတဲ့သူတွေလည်း အာဏာရှင်တွေက မျောက်လုပ်လိုက်၊ အန်ဂျီအိုဆိုပြီး လုပ်စားသူ တွေက မျောက်လုပ်လိုက်၊ လုပ်စားတွေက လှည့်ပြတာ ခံလိုက်ရနဲ့ နားချိန်တောင်ရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒါတွေက တခြားမျောက်ကပိုကတတ်တာကလွဲပြီး ဘာကောင်းကျိုးတွေ သယ်လာမလဲ ဆိုတာကိုတော့ စဉ်း စားမှ သိနိုင်မှာပါ။ မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်း ပြည်သူကိုတာဝန်ခံတဲ့ စနစ်တွေကို မလိုက်နာနိုင်ဘဲ အန် ဂျီအိုအမည်ခံ လူထုကို မျောက်ပြဆန်တောင်းတာတိုင်းအတွက်တော့ လူထုက ပိုနာကြည်းကြရမှာပါ။

ငြိမ်းချမ်း


ဒေါက်တာလွဏ်းဆွေ ဘလောက်မှ ကူးယူဖော်ပြပါသည်။

ဆက်ဖတ်ရန်...

မိုက်ရိုင်းစော်ကားတဲ့ DJ JAY!! အများသိအောင် ဖြန့် ပေးကြပါ။ပါ။




From: Mr. ZYK <>
Date: 2009/9/15
Subject: ဘာလဲ ဒီဂျေဂျေး ??
To:

ဒီဂျေ ဂျေး ဆိုတဲ့ကောင်က ရော ဘယ်လောက်နာမည်ကြီးနေလို.လဲ ။
ဘာအနုပညာရှင်လဲ။ ဘာအနုပညာရှင်မှမဟုတ်ဘူး။ အလကား ဓါတ်ပြားဖွင့်တဲ့ကောင်။
ဘာသာ သာသနာ ကို စော်ကားရင် အကုသိုလ်ကမနေပါဘူး။
သူ့အကုသိုလ် သူ့အကျိုးပေးလိမ့်မယ်။
တစ်ခုတော့ရှိတယ်။ သူက ဘယ်ဘာသာဝင်လဲ တခြားဘာသာဝင်ဆိုရင်တော့ဒါတမင် ရည်ရွယ်ချက်နဲ့လုပ်တာပဲ။ အဲဒါဆိုရင်တော့ ဒီကောင့်ကိုပညာပေးမှရမယ်။

ZYK

ဘာသာရေးစော်ကားတာ အခု အနုပညာသမားလို့ ကိုယ့်ကိုယ့်ကိုပြောနေကြတဲ့သူတွေရဲ့ Fashion စတန့်ထွင်တာများဖြစ်နေသလားပဲ။
စတန့်ကသိပ်ထွင်လွန်းရင်မကောင်းဘူးနော်။ အတိုင်းအတာတခုထိပဲကောင်းတယ်။ သူ့မိဘက ဘယ်လိုများဆုံးမထားသလဲမသိဘူး။ မိမနိုင် ဖမနိုင်ပဲလား။ ဒါမှမဟုတ် မိဘကိုယ်တိုင်ကိုက မြှောက်ပေးနေတဲ့ မိမဆုံးမ ဖမဆုံးမပဲ ဖြစ်နေလို့ပဲလား။
ကိုယ့်လုပ်ရပ်က ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ့်အဆင့်အတန်းကို ဖော်ပြတယ်ဆိုတာ အမှန်ပဲ။ အခုဒီကောင် ဘယ်လိုကောင်စားမျိုးလဲဆိုတာ ထင်ထင်ရှားရှားပဲ သိရပြီပေါ့။

ဗုဒ္ဓဘာသာမှ မဟုတ်ပါဘူး။ တခြား အစ္စလမ်၊ ခရစ်ယာန်၊ ဟိန္ဒူ စတဲ့ တခြားဘာသာတွေကို စော်ကားလည်း သည်းခံစရာမဟုတ်ပါဘူး။ လူတိုင်းမှာ ကိုယ့်ယုံကြည်ချက်၊ ကိုယ့်ခံယူချက် ရှိကြတာချည်းပဲ၊ ကိုယ့်ဘာသာမဟုတ်လို့ သူများဘာသာကို စော်ကားတာမျိုးလည်း မဖြစ်သင့်ပါဘူး၊ မဖြစ်ရပါဘူး၊ ဒါလူတွေ လုပ်ရမယ့် လုပ်ရပ်မျိုးမဟုတ်ပါဘူး။
ဘယ်ဘာသာမှ မကိုးကွယ်လို့ ဘာသာမဲ့ဖြစ်နေလည်း မလုပ်သင့်တဲ့ကိစ္စပါပဲ။ မြန်မာ့အနုပညာလောကမှာ သိုးရေခြုံထားတဲ့ မြေခွေးတွေ တစ်နေ့တစ်ခြား တိုးတိုးလာတာ ဝမ်းနည်းစရာပါပဲ။

နာမည်ကျော်ရင်ပြီးရော မွေးထားတဲ့ ဖအေကို သိက္ခာချတဲ့လူမရှား၊ မိန်းကလေးအရှက်တရားကို ရောင်းစားတဲ့လူမရှား၊ ကိုယ့်အဖေအမေကိုဆဲတဲ့သူမရှား၊ ကိုယ့်ပါးစပ်ကို ဖိနပ်ဖြစ်အောင် ပေါက်ပန်းဈေး မကြားဝံ့မနာသာ လျှောက်ဆိုတဲ့ ကောင်စားမျိုးမရှား ဒီလိုငါးခုံးမလိုကောင်စားမျိုးတွေကြောင့် ကျန်တဲ့ တကယ့်အနုပညာ၊ ဂီတပညာရှင်တွေ အစစ်အမှန်တွေသိက္ခာကျရပါတယ်။
မြန်မာ့အနုပညာလောက ဂုဏ်သရေညှိုးနွမ်းရပါတယ်။ မြန်မာတွေ သိက္ခာကျပါတယ်။ ပါးစပ် ကြီးကြီးကျယ်ကျယ် အမြင့်ကြီးတွေ လျှောက်ပြောနေကြတဲ့၊ သူတို့လောက်တော်ပြီး ကြီးကျယ်ခမ်းနားတဲ့ သူမျိုးမရှိတော့သယောင် ပြောနေကြတဲ့ ဒီကောင်တွေဟာ တကယ်တမ်းတော့ စိတ်ဓာတ်က ဟိုးအ၀ီစိ ချိုးကပ်နေတဲ့ အောက်တန်းစား ဆန်ကုန်မြေလေးတွေ ပဲဖြစ်ပါတယ်။
မြန်မာလူငယ်တွေ အတုယူမှားပြီး ပေါက်လွှတ်ပဲစားတွေ ဖြစ်ကုန်မှာ စိုးရိမ်ရပါတယ်။

်FORWARD မေးလ်း မှ DJ Jay ဆိုတဲ့ကောင်ကို ကျွန်တော်လူချင်းလဲမသိသလို သူ့သီချင်းလဲ တစ်ခါမှမကြားဖူးပါဘူး
ဒါပေမယ့် ခုဒီပုံကိုကြည့်မိပြီး မနေနိုင်လောက်အောင် ခံပြင်းလာလို့ တင်ပြလိုက်ပါတယ်။

ဘာသာရေးစော်ကားတာ အခု အနုပညာသမားလို့ ကိုယ့်ကိုယ့်ကိုပြောနေကြတဲ့သူတွေရဲ့ Fashion စတန့်ထွင်တာများဖြစ်နေသလားပဲ။

စတန့်ကသိပ်ထွင်လွန်းရင်မကောင်းဘူးနော်။ အတိုင်းအတာပဲကောင်းတယ်။ သူ့မိဘက ဘယ်လိုများဆုံးမထားသလဲမသိဘူး။ မိမနိုင် ဖမနိုင်ပဲလား။ ဒါမှမဟုတ် မိဘကိုယ်တိုင်ကိုက မြှောက်ပေးနေတဲ့ မိမဆုံးမ ဖမဆုံးမပဲ ဖြစ်နေလို့ပဲလား။ ကိုယ့်လုပ်ရပ်က ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ့်အဆင့်အတန်းကို ဖော်ပြတယ်ဆိုတာ အမှန်ပဲ။ အခုဒီကောင် ဘယ်လိုကောင်စားမျိုးလဲဆိုတာ ထင်ထင်ရှားရှားပဲ သိရပြီးပေါ့။

ဗုဒ္ဓဘာသာမှ မဟုတ်ပါဘူး။ တခြား အစ္စလမ်၊ ခရစ်ယာန်၊ ဟိန္ဒူ စတဲ့ တခြားဘာသာတွေကို စော်ကားလည်း သည်းခံစရာမဟုတ်ပါဘူး။ လူတိုင်းမှာ ကိုယ့်ယုံကြည်ချက်၊ ကိုယ့်ခံယူချက် ရှိကြတာချည်းပဲ၊ ကိုယ့်ဘာသာမဟုတ်လို့ သူများဘာသာကို စော်ကားတာမျိုးလည်း မဖြစ်သင့်ပါဘူး၊ မဖြစ်ရပါဘူး၊ ဒါလူတွေ လုပ်ရမယ့် လုပ်ရပ်မျိုးမဟုတ်ပါဘူး။ ဘယ်ဘာသာမှ မကိုးကွယ်လို့ ဘာသာမဲ့ဖြစ်နေလည်း မလုပ်သင့်တဲ့ကိစ္စပါပဲ။

မြန်မာ့အနုပညာလောကမှာ သိုးရေခြုံထားတဲ့ မြေခွေးတွေ တစ်နေ့တစ်ခြား တိုးတိုးလာတာ ၀မ်းနည်းစရာပါပဲ။ နာမည်ကျော်ရင်ပြီးရော မွေးထားတဲ့ ဖအေကို သိက္ခာချတဲ့လူမရှား၊ မိန်းကလေးအရှက်တရားကို ရောင်းစားတဲ့လူမရှား၊ ကိုယ့်အဖေအမေကိုဆဲတဲ့သူမရှား၊ ကိုယ့်ပါးစပ်ကို ဖိနပ်ဖြစ်အောင် ပေါက်ပန်းဈေး မကြားဝံ့မနာသာ လျှောက်ဆိုတဲ့ ကောင်စားမျိုးမရှား ဒီလိုငါးခုံးမလိုကောင်စားမျိုးတွေကြောင့် ကျန်တဲ့ တကယ့်အနုပညာ၊ ဂီတပညာရှင်တွေ အစစ်အမှန်တွေသိက္ခာကျရပါတယ်။

မြန်မာ့အနုပညာလောက ဂုဏ်သရေညှိုးနွမ်းရပါတယ်။ မြန်မာတွေ သိက္ခာကျပါတယ်။ ပါးစပ် ကြီးကြီးကျယ်ကျယ် အမြင့်ကြီးတွေ လျှောက်ပြောနေကြတဲ့၊ သူတို့လောက်တော်ပြီး ကြီးကျယ်ခမ်းနားတဲ့ သူမျိုးမရှိတော့သယောင် ပြောနေကြတဲ့ ဒီကောင်တွေဟာ တကယ်တမ်းတော့ စိတ်ဓာတ်က ဟိုးအ၀ီစိ ချိုးကပ်နေတဲ့ အောက်တန်းစား ဆန်ကုန်မြေလေးတွေ ပဲဖြစ်ပါတယ်။ မြန်မာလူငယ်တွေ အတုယူမှားပြီး ပေါက်လွှတ်ပဲစားတွေ ဖြစ်ကုန်မှာ စိုးရိမ်ရပါတယ်။

ဆက်ဖတ်ရန်...

ဦးအောင်လင်းထွဋ် နှင့် VOA က ဦးသန်းလွင်ထွန်း တို့ရဲ့ အင်တာဗျူး


VOA Interview With U Aung Linn Htut
အပြည့်အစုံ

ဆက်ဖတ်ရန်...

အကျဉ်းသား ( ၇၁၀၀) ကျော် ပြန်လွှတ်ပေးမည် အကြောင်း လိမ်ပြန်ပြီ

ယနေ့ည ၈နာရီသတင်းတွင် အကျဉ်းသား ၇၁၁၄ယောက် လွတ်ပေးကြောင်းကြေငြာမည်ဟု
ပြည်တွင်းပြည်ပ သတင်းများအရ သိရသည်။ ထိုအတူ မြန်မာ့ရုပ်မြင်သံကြား မှာလဲ စာတမ်းထိုး
ကြေငြာ သွားပြီဖြစ်သည်။


အကျဉ်းထောင်ဆိုတာ ပျော်မွေ့ရာ နေရာမဟုတ်လို့ ဘယ်သူတွေပဲလွတ်လွတ် ကြည်နူးကျေနပ်ရတာပါ။ ဒါကြောင့် ရှင်လိင်ပြန်တဲ့နေ့၊ အိမ်ထောင်ကျတဲ့နေ့ ၊ထောင်ကလွတ်တဲ့နေ့ဟာ ပျော်စရာအကောင်းဆုံးဖြစ်တယ် လို့တင်စား ကြတာပါ။ဘာပဲဖြစ်ဖြစ် နိုင်ငံရေးအကျဉ်းသား တချို့လည်း ပါလာနိုင်တာမို့ သက်ဆိုင်သူတွေ ကြိုတင်ရင်ခုန်နိုင်အောင် ကြိုတင် အသိပေးအပ်ပါတယ်။

အသိပေးတောင်းပန်ချက်

ကျွန်တော်တို့ Saffron Mail Letter Group အနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုတင် အသိပေးကြေငြာ ခဲ့သော်လည်း မျှော်လင့်ထားခဲ့သလို နိုင်ငံရေး အကျဉ်းသား တဦးတယောက်မှ လွတ်မြောက်လာခဲ့ခြင်း မရှိခဲ့ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းနှင့် ကျွန်တော်တို့၏ ပြည်တွင်းသတင်းထောက်၏ ပြောပြချက်များကို ကိုးကား၍ ဝမ်းနည်းစွာတင်ပြအပ်ပါသည်။ ကျွန်တော်တို့ကြားသိရသမျှ လွတ်မြောက်သူ များဟာ ရာဇဝတ်ကြောင်းအရ တရားစွဲဆို အကျဉ်းချခံခဲ့ရတဲ့ ရာဇဝတ် အကျဉ်းသား များသာ ဖြစ်ပါတယ်။
SAFFRONTOWARD BLOGSPOT မှ

ဆက်ဖတ်ရန်...

၈၈၈၈ ပြည်သူ့သတင်းစဉ်၊ အတွဲ (၃) - အမှတ် (၉)၊ စက်တင်ဘာလ - ၂၀၀၉


8888 People Power Last

အပြည့်အစုံ

ဆက်ဖတ်ရန်...

စစ်အစိုးရက သံဃာတော်များကို အနီးကပ် စောင့်ကြည့်နေ




"အခုလက်ရှိ အကျဉ်းထောင်မှာ ဒုက္ခအမျိုးမျိုး ခံနေရတဲ့ သံဃာတော်တွေရဲ့မပြည့်ဝသေးတဲ့ ဆန္ဒကို ပြည်သူတွေနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံရေးကောင်းကျိုးဟာ ပြည်သူလူထုတွေမှာလည်း တာဝန်ရှိတယ်"
ဟု ဗကသ
မှပြောရေးဆိုခွင့်ရှိသူ ကိုဇာနည်က မဇ္စျိမကို ပြောသည်။

ပြည်တွင်းရှိ သံဃာ့တပ်ပေါင်းစုမှ တာဝန်ရှိသူ ဦးဇင်းတပါးက “ကြေညာချက်ထုတ်တဲ့အပေါ် ဦးဇင်းတို့က အထူးပဲ ဝမ်းသာတယ်။ ဒါပေမဲ့ သူတို့က လုပ်တုန်းက လုပ်ပြီးပြီပဲ။ လုပ်ရဲလို့တောင် လုပ်သေးတာ၊ ပြန်တောင်းပန်ဖို့ဆိုတာ
ဘယ်တော့မှ မဖြစ်နိုင်သလို ဦးဇင်းတို့ဘက်ကသာ လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်နေဖို့ပဲ ရှိတယ်
” ဟု မဇ္စျိမကို မိန့်ဆိုသည်။

ရွှေဝါရောင်တော်လှန်ရေး ပါဝင်ခဲ့ပြီးနောက် လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ သီတင်းသုံးနေသူ ဦးဇင်း ဦးပညာသီရိက “အခုလိုတောင်းဆိုမှုဟာ အာဏာပိုင်တွေဘက်က လိုက်ရောမှု ရှိမယ်လို့ မထင်သလို၊ သူတို့ဘက်ကလည်း အခုလက်ရှိ
လုပ်မြဲဆက်လုပ်နေကြတာပဲလေ။ ဖမ်းတဲ့လူကို ဖမ်းတယ်၊ ရိုက်တဲ့လူကို ရိုက်မြဲရိုက်နေတာပဲ။ ဆိုတော့ တချိန်ချိန်မှာ လူထုအုံကြွမှုတခု ဖြစ်လာနိုင်တယ်လို့ ဦးဇင်းထင်တယ်
” ဟု မိန့်ကြားသည်။

ပြည်သူလူထုနှင့်သာ ပူပေါင်းနိုင်မည်ဆိုလျှင် ယခုလက်ရှိ အကျဉ်းထောင်တွင် ရှိနေသော သံဃာတော်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက ၎င်းတို့၏ ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဦးဇင်းက ဆက်လက်မိန့်ဆိုသည်။

ပြည်တွင်းပြည်ပရှိ သံဃာအဖွဲ့များက တကျော့ပြန် ရွှေဝါရောင် လှုပ်ရှားမှုမျိုး ဖော်ဆောင်သွားမည်ဟု မကြာခင်က ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

၂၀၀၇ ခု စက်တင်ဘာနှောင်းပိုင်းတွင် စစ်အာဏာပိုင်များအားကံဆောင်သပိတ်မှောက်သည့်အနေဖြင့် ရန်ကုန်နှင့် နယ်မြို့များတွင် သံဃာတော်များက လမ်းပေါ်ထွက်ကာ ပရိတ်နှင့် မေတ္တာသုတ်ရွတ်ဖတ်ကြပြီး ဆန္ဒထုတ်ဖော်ခဲ့ရာ
ပစ်ခတ်ဖမ်းဆီးခြင်းနှင့် ကျောင်းတိုက်များအတွင်း သူပုန်စခန်းကဲ့သို့ ဝင်ရောက်စီးနင်းခြင်းများ ပြုလုပ်ခံခဲ့ရသည်။

နေပြည်တော် စစ်ရုံးသတင်းရပ်ကွက်တခုအရ သံဃာတော်များ ဦးဆောင်သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ မကြာမီ ဖြစ်ပေါ်လာဖွယ်ရှိကြောင်း စစ်အစိုးရက ခန့်မှန်းထားသည်ဟု သိရှိရပြီး၊ မြို့နယ်အချို့တွင် သံဃာများအား စောင့်ကြည့်မှု၊ ဖမ်းဆီးမှုများ ယခုလအတွင်း ပြုလုပ်လာခဲ့သည်။

ဆက်ဖတ်ရန်...

လမ်းသစ် (တုံ့ပြန်ချေပချက်ဆောင်းပါး)



ဆရာဇော်ဂျီ ဘာသာပြန်ထားတဲ့ “မိုးကြယ်မို့လားနဲ့ လမ်းသစ်ဝတ္ထုတို များ” ထဲက ‘လမ်းသစ်’ ဆိုတဲ့ ၀တ္ထုကလေးကို တခါတလေ သတိရမိ သေးတယ်။ အသေးစိတ်တော့ မမှတ်မိပေမယ့် မျိုးဆက်ကွာခြားလာ တဲ့ သူတွေအကြားက ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖော်ပြတာလို့ အ မှတ်ရနေမိတယ်။ ဒီ ‘လမ်းသစ်’ ဆိုတဲ့ ဇာတ်လမ်းလေးက တရုတ်ပြည် ဆိုရှယ်လစ်ခေတ်ပြောင်းကာလ ၁၉၅၀ ကာလများကို အခြေခံထား တာပါ။ မြို့ကလေးတခုမှာ လမ်းသစ်ကြီးတခု ဖြတ်ဖောက်ဖို့လုပ်တော့ ပြဿနာရှိလာပါတယ်။ အဖိုးအိုတယောက်ရဲ့ ရိုးရာစဉ်ဆက် အသက် မွေးဝမ်းကျောင်းလုပ်စားလာတဲ့ (ရေနွေးဆိုင်လို့ထင်တယ်) လုပ်ငန်းပါ လမ်းဖောက်လို့ ဖျက်ရမယ့်အထဲပါလာတယ်။ ဒါပေမယ့် ဒီအဖိုးရဲ့သား လို့ထင်တယ်၊ လူငယ်ကလေးကတော့ လမ်းဖောက်တာကို ထောက်ခံ တယ်။ သူ့အိမ်တစိတ်တပိုင်း ဖျက်ပေးလိုက်ရမှာကိုတောင် စွန့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ သူကတော့ ဒီလမ်းမကြီးဟာ ခေတ်မီရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဆောင်ကြဉ်းလာ မယ့်အရာလို့ မြင်ထားသလို သူ့ဘ၀အနာဂတ်နဲ့လည်း ယှဉ်မြင်ထားပါတယ်။ အဖိုးအိုကတော့ မြေကြီးထဲမှာ နှစ် ရှည်ကြာ အမြစ်စွဲနေတဲ့ သူ့ရေနွေးအိုးကြီးနဲ့ ဆိုင်ကို မဖျက်ချင်ဘဲ ခင်တွယ်နေတဲ့ ဇာတ်လမ်းပါ။

ခြုံပြောရရင် မျိုးဆက်တွေ ကွာခြားလာတဲ့အလျောက် ရှုမြင်ပုံ၊ သုံးသပ်ပုံ၊ တွေးခေါ်ပုံတွေ ကွာခြားလာတာပါပဲ။

ကျနော် ဒီလိုအစချီရေးရတာက ဆရာလူထုဦးစိန်ဝင်း ဝေဖန်ရေးသားတဲ့ အဲန်ဂျီအို၊ နိုင်ငံတကာ အဲန်ဂျီအိုအ ပေါ် အမြင်မကောင်းတဲ့ကိစ္စ ဆောင်းပါး “အတ္တပရဟိတလုပ်ငန်း” အပေါ် တုံ့ပြန်ရေးသားချင်လို့ပါ။ ယေဘု ယျ သူ့ဆောင်းပါးအပေါ် ကောက်ချက်ချရရင် ...

(၁) မြန်မာတွေ မျောက်ဖြစ်ကုန်မှာ စိုးတယ်။ အဲန်ဂျီအိုတွေက မျောက်ပြဆန်တောင်းနေကြတယ်။
(၂) ဘယ်သူ့အားမှမကိုးနဲ့။ ကိုယ့်အားကိုယ်ကိုး ဖြေရှင်းကြ။
(၃) အဲန်ဂျီအိုတွေ ဆိုင်းဘုတ်စုံလာတယ်။ ပြောနေရင်းနဲ့ များလာတယ်။ နိုင်ငံခြားခဏသွား၊ ခဏ သင်တန်း တက်ပြီး အဲန်ဂျီအို ဖြစ်လာကြတယ်။
(၄) ပရဟိတသမားအစစ် မြန်မာ့အလင်း ဦးတင်လို ရိုးသားသမာဓိရှိတာကို အတုယူကြလို့ ကောက်ချက်ချမိပါ တယ်။

ဒီနေရာမှာ ကျနော် ပြန်လည်ဖြေရှင်းစရာ၊ ထောက်ပြဆွေးနွေးစရာတွေ အများကြီးရှိလာပါတယ်။ ခင်ဗျားက အဲန်ဂျီအိုကို ကိုယ်စားပြုလို့ ဖြေရတာလားဆိုရင်တော့ မဟုတ်ပါဘူး။ မိတ်ဆွေတဦးက ဒီဆောင်းပါးနဲ့ ပတ် သက်လို့ အဲန်ဂျီအိုလူငယ်တွေအကြား ပြောဆိုပွဲဆူဖြစ်ကြရတာလေးတွေကို ပေးပို့လာတော့ ကျနော်အတွက် စဉ်းစားစရာ အများကြီး အထောက်အကူဖြစ်ရပါတယ်။ ပြန်လည်ဖြေရှင်းသင့်တယ် ထင်လို့လည်း ရေးရတာပါ။

ဒီဆောင်းပါးမှာ လူမှုရေးကို အကြောင်းပြလို့ လုပ်စားနေကြတာတွေ သဘောမတွေ့လို့ ထောက်ပြတာဆိုရင် တော့၊ ကြံ့ဖွံ့တို့၊ မြန်မာအမျိုးသမီးအဖွဲ့ချုပ်တို့၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေး စသဖြင့်တို့ရဲ့ လူမှုရေးလုပ်ငန်း တွေကိုလည်း ထောက်ပြဖို့သင့်တာပေါ့၊ ဒါမှ မျှမျှတတဖြစ်မယ်လို့ ထင်မြင်မိပါတယ်။ အဲန်ဂျီအိုတွေကို တင်း တင်းကျပ်ကျပ် ကိုင်တွယ်ရမယ်ဆိုတဲ့ စစ်အစိုးရရဲ့မူအပေါ်မှာလည်း ထောက်ခံရာရောက်နေသလားလို့လည်း အတွေးပွားစရာပါ။

ကျနော်တင်ပြချင်တဲ့ အချက်တွေကတော့ ဒါတွေပါ။

(၁) ဂလိုဘယ်လိုက်ဇေးရှင်း

ဆရာလူထုဦးစိန်ဝင်းက အဲန်ဂျီအိုလို့ ယေဘုယျသမုတ်တဲ့၊ နိုင်ငံတကာစာပေတွေမှာ civil society အရပ်ဖက် လူမှုအဖွဲ့အစည်းလို့ ခေါ်ကြတဲ့ အင်အားစုတွေက ကမ္ဘာလွှမ်းပတ်ဆက်သွယ်မှုမှာ အင်အားကြီးတခုလို ဖြစ်လာ ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းကို မောင်းနှင်နေတဲ့ တွန်းအားတခုလို့ ပြောကြသလို ဂလိုဘယ်လိုက်ဇေးရှင်း ကြောင့် ထွက်ပေါ်လာခဲ့တဲ့ ရလဒ်လည်းဖြစ်ပါတယ်။

အခုအခါ အရင်းရှင်စီးပွားရေးအင်အားစုနဲ့ အစိုးရတွေအကြား ထိန်းညှိပေးနိုင်မယ့် အင်အားစုအဖြစ် အရပ်ဖက် လူထုထူထောင် အဖွဲ့အစည်းတွေကို အင်အားကြီးတရပ်အဖြစ် အသိအမှတ်ပြု လက်ခံလာကြရပါပြီ။ Global civil society လို့ ခေါ်ဆိုလက်ခံကြရတဲ့ အဆင့်ထိတောင် ရှိလာခဲ့ပါပြီ။

ဒီအဖွဲ့တွေက ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင်ရေးလှုပ်ရှားမှုတွေသာမက အခြား အခွင့်အရေးလှုပ်ရှားမှု ခေါင်းစဉ်ပေါင်းစုံ လှုပ်ရှားမှုတွေမှာလည်း ပါဝင်ပတ်သက်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က မရှိ ဘူးတဲ့ နိုင်ငံတကာစာချုပ်စာတမ်းအများက (လက်တွေ့အားကိုးမရသည်ထားဦး) ကမ္ဘာပေါ်မှာ ရှိလာပါတယ်။ အဲဒါအပြင် နိုင်ငံတကာအဖွဲ့အစည်းတွေ ကိုယ်နှိုက်ကလည်း အဲန်ဂျီအိုတွေကို နေရာပေးဆက်ဆံနေကြရပါပြီ။ နောက်ဆုံး ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်မှာတောင် သူတို့စီမံကိန်း၊ ပရောဂျက်တွေအတွက် ဒေသခံလူထု၊ အဲန် ဂျီအိုတွေ၊ စိတ်ဝင်စားသူ အုပ်စုတွေ (concerned groups) တွေရဲ့ အသံကို နားထောင်ရမယ်လို့ နေရာပေး လာတာ၊ သူတို့ကို စင်မြင့်ပေးလာရတာတွေ ဖြစ်လာပါတယ်။ နောက်ဆုံး အာဆီယံပဋိညာဉ်စာတမ်းကိုယ်နှိုက် မှာက အဖွဲ့ဝင်အစိုးရတွေက အဲန်ဂျီအိုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အသိအမှတ်ပြုထားကြပါပြီ။ ဒါကို မျောက်ပြ ဆန်တောင်းနေကြတဲ့အဖွဲ့တွေ၊ ဆိုင်းဘုတ်စုံလွန်းတယ်လို့ မြင်ရင်တော့ မသင့်လျော်လှပါလို့ ထင်ပါတယ်။

(၂) ပြဿနာများက နိုင်ငံနယ်နိမိတ်ကို ဂရုမစိုက်ကြပါ။

အချို့ပြဿနာတွေက နိုင်ငံအစိုးရတွေတောင် သူတို့ချည်းသက်သက် မဖြေရှင်းနိုင်ကြဘူး ဖြစ်လာပါတယ်။ အ ခု ကြက်ငှက်တုပ်ကွေးရောဂါ၊ ၀က်တုပ်ကွေးရောဂါ အပါအ၀င်၊ လူကုန်ကူးရောင်းချမှု၊ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီ အက်စ်ပြဿနာတွေ၊ သဘာ၀၀န်းကျင်ပြဿနာတွေက နိုင်ငံအစိုးရတခုတည်း ဖြေရှင်းရလို့ ရနိုင်တာမဟုတ် တော့ပါဘူး။ နိုင်ငံစုံပူးပေါင်းဖြေရှင်းကြရသလို၊ နိုင်ငံအစိုးရမဟုတ်တဲ့ ကျွမ်းကျင်သူအဖွဲ့တွေ၊ အဲန်ဂျီအိုတွေနဲ့ပါ ပူးပေါင်းဖြေရှင်းနေကြရတာတွေ ဖြစ်နေပါတယ်။

နိုင်ငံတကာဆက်ဆံရေးဆိုတာ အစိုးရတွေရဲ့ တာဝန်ပဲ၊ သူတို့လက်ထဲမှာချည်း ထားမှာလား၊ အဲန်ဂျီအိုလို့ခေါ် တဲ့ အဖွဲ့တွေအချင်းချင်းရော နိုင်ငံတကာပူးပေါင်းဆက်ဆံမှုတွေ မလုပ်ရတော့ဘူးလားလို့ ဆရာဦးစိန်ဝင်း ဆောင်းပါးကို ဖတ်ကြည့်ရင် မေးခွန်းပွားစရာပါပဲ။ ကမ္ဘာကြီးမှာ ပြဿနာတွေ များလာတာနဲ့အမျှ အဲန်ဂျီတွေ ပူးပေါင်းဆောင်ရွက်ရေးလည်း တိုးများလာစရာရှိပါတယ်။ နောက်ထပ် ဆိုင်းဘုတ်စုံလာစရာလည်းရှိပါတယ်။

(၃) မြန်မာနိုင်ငံ ပြဿနာဟာ ပြည်တွင်းက ဖြေရုံနဲ့ လုံလောက်နိုင်ပါသလား

အချက်အလက်တွေအရ မြန်မာနိုင်ငံပြဿနာက သူ့ဘာသာ မဖြေရှင်းနိုင်တော့တာ အသေအချာပါပဲ။ အခု ထိုင်းနိုင်ငံထဲမှာတင် နိုင်ငံရေးဒုက္ခသည်တွေ သိန်းချီရှိနေသလို၊ စီးပွားရေးအရ ခိုးဝင်ရွှေ့ပြောင်း အလုပ်လုပ် ကြသူတွေလည်း (၄) သန်းလောက် ရှိနေပါတယ်။ အရင်က ကျနော်တို့က ဗီယက်နမ်လှေစီးပြေး ဒုက္ခသည်ဆို တာမျိုး၊ မြန်မာနိုင်ငံက ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည် ဆိုတာတွေလည်း နိုင်ငံတကာ အစည်းအဝေးတွေမှာ ဆွေးနွေးရတဲ့အဆင့် ဖြစ်လာပါတယ်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းမှာတင် လူတသိန်းလေးသောင်းကျော် အသက်ဆုံးရပြီး၊ (၂.၄) သန်းကျော် အိုးအိမ် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုကပ်ဘေးဒုက္ခတွေကို မြန်မာ့အလင်းဦးတင်လို တပိုင်တနိုင် စေတနာရှင်တွေ လောက်နဲ့တော့ ဖြေရှင်းလို့ မဖြစ်နိုင်တော့ဘူးလို့ ထင်ပါတယ်။ ဒါတင်မကသေးပါဘူး။ လေ့လာချက်တွေအရ လူပေါင်း ၂၄၀,၀၀၀ လောက်က အိပ်ခ်ျအိုင်ဗွီ ကိုယ်ခံအားကျရောဂါပိုး ရှိနေတယ်။ HIV ရောဂါရှင် ၇၆,၀၀၀ လောက် ဆေးသောက်ဖို့ လိုအပ်နေတယ်။ အဲဒါအပြင် တီဘီ၊ ငှက်ဖျား၊ အာဟာရချို့တဲ့မှု၊ အခြားကူးစက်ရော ဂါတွေအတွက် အခြေအနေ အစီရင်ခံစာတွေကလည်း စိုးရိမ်စရာချည်းပါပဲ။ ဒီလိုအစီရင်ခံစာတွေကလည်း မ ဟုတ်မဟတ်လုပ်ဇာတ်ခင်းပြီး မြန်မာလူမျိုးတွေကို မျောက်အဖြစ်ပြနေကြတာလားလို့ စောကြောဖွယ်ရှိလာ တော့တာပေါ့။

(၄) မြန်မာနိုင်ငံမှာ အဲန်ဂျီအိုတွေ သိပ်များနေပြီလား

မြန်မာနိုင်ငံက ဒေသအတွင်းမှာ နိုင်ငံတကာ အကူအညီရတာ အနည်းဆုံးပါ။ စာရင်းတွေအရ မြန်မာနိုင်ငံက ရတဲ့ နိုင်ငံတကာအကူအညီဟာ လူတဦးကို တနှစ်မှာ (၃) ဒေါ်လာပဲရပါတယ်။ တချိန်တည်းမှာပဲ ဗီယက်နမ် နိုင်ငံက လူတဦးချင်းကို (၂၃) ဒေါ်လာရပြီး၊ လာအိုနိုင်ငံကတော့ လူတဦးကို ဒေါ်လာ (၅၀) ရပါတယ်။ တနှစ် ကို (၃) ဒေါ်လာရတာနဲ့တောင် အဲန်ဂျီအိုတွေ သိပ်များလာပြီ၊ စိုးရိမ်စရာဖြစ်နေပြီလို့ ထင်ရင်တော့ နောက်ထပ် ပွင့်လင်းလာလို့ နိုင်ငံတကာအကူအညီတွေ ပိုမိုရရှိလာတဲ့အခါ ဘယ်လို ကျနော်တို့ ခန့်မှန်းထားရမှန်းတောင် မသိတော့ပါဘူး။

တကယ်တော့ နိုင်ငံတကာအဲန်ဂျီအိုတွေ၊ အဲန်ဂျီအိုတွေ၊ အကူအညီတွေနဲ့အတူ နည်းပညာပိုင်းဆိုင်ရာ၊ အခြား ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကိစ္စတွေလည်း အတူကပ်ပါလာလေ့ရှိပါတယ်။ နိုင်ငံတကာဆက်ဆံရေး အတွေ့အကြုံ ကစလို့၊ အရည်အသွေးမြှင့် သင်တန်းတွေကတဆင့် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲမှု စသဖြင့် ကျွမ်းကျင်မှုအရည်အ သွေးတွေကိုလည်း ရလာလေ့ရှိကြပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက စီးပွားရေးကဏ္ဍကလည်း မပွင့်လင်း၊ ပညာရေးကလည်း ခက်ခဲ၊ အစိုးရလုပ်ငန်းတွေ မှာလည်း နေရာနည်းနေတဲ့ကာလမှာ လူငယ်တွေက အဲန်ဂျီအိုကဏ္ဍမှာ ပြုံတိုးနေတာ၊ အခွင့်အလမ်းတခုလို မြင်နေကြတာကတော့ နားလည်မှုပေးနိုင်ပါတယ်။ သိပ်များနေပြီလို့ မဆိုလောက်သေးဘူး ထင်ပါတယ်။

(၅) လူမှုအရင်းအနှီး

လူမှုအရင်းအနှီး (social capital) ဆိုတဲ့ အမြင်နဲ့ အချို့သောသူတွေက ကျနော်တို့နိုင်ငံမှာ အဲန်ဂျီအိုပဲခေါ်ခေါ်၊ လူထုထူထောင်အဖွဲ့အစည်းပဲခေါ်ခေါ် တိုးပွားစေဖို့ ကြိုးစားနေကြပါတယ်။ လူဆိုတာက တဦးတည်းနေရင် အားမရှိလှပါ။ ဒီလူတွေကို ပေါင်းကူးဆက်စပ်ပြီး စုစည်းပေးတဲ့အခါ Bridging and bonding အားဖြစ်လာပါ တယ်။ ဒီအားဟာ အခုကာလ လူမှုရေး၊ ကယ်ဆယ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုတွေအတွက်သာမက တချိန်ပြန် လည် နိုင်ငံထူထောင်ရေးကာလတွေအတွက်ပါ အားဖြစ်စေပါလိမ့်မယ်။

လူမှုအရင်းအနှီးအားကောင်းတဲ့ နိုင်ငံတွေက ပဋိပက္ခဖြေရှင်းဖို့ လွယ်သလို၊ ဒီမိုကရေစီအမြစ်ခိုင်ဖို့၊ တိုးတက်မှု ရစေဖို့လည်း မြန်စေပါတယ်။

"ခဏ သင်တန်းလေးတက်ပြီးတော့ ပြန်လာတဲ့အခါ အဲန်ဂျီအို ဖြစ်ကုန်ကြတယ်" ဆိုတဲ့ ဝေဖန်ချက်ကလည်း မသင့်လှဘူးထင်ပါတယ်။ တကယ်တော့ ဒီသင်တန်းတွေမှာ အဖွဲ့အစည်းတခု လည်ပတ်စီမံပုံ၊ ခေါင်းဆောင်မှု၊ ပွင့်လင်းမြင်သာမှု၊ စီမံချက်တခုကို ဘယ်လိုရလဒ်ရှိရှိ အကောင်အထည်ဖော်ရမယ်ဆိုတဲ့ Logical framework ဆိုတာမျိုး အနည်းနဲ့အများ ရရှိခဲ့ကြပါတယ်။ ဒါ့အပြင် ယခင် ကျနော်တို့နဲ့ ဝေးနေခဲ့တဲ့ gender လိင်ကွဲပြားမှုအ ပေါ် အမြင်ကိစ္စတွေ၊ ပဋိပက္ခဖြေရှင်းနည်းတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သဘောတရားတွေကိုလည်း သူ တို့ လေ့လာရရှိခဲ့နိုင်ပါတယ်။ ဒီသင်တန်းတွေက ဘာမှတတ်လာမှာ မဟုတ်ပါဘူးဆိုတာမျိုးကတော့ အထင်အ မြင်သေးရာကျပါတယ်။

(၆) ခေတ်ပြောင်းခဲ့တယ်

ပထမအချက်ကတော့ ကျနော်တို့က ကိုယ့်ဘာသာ တံခါးပိတ်နေလို့ မရနိုင်တော့ပါဘူး။ ကျနော်တို့က ဘာဖြစ် လို့ မျောက်လို့ အထင်မခံချင်ရတာလဲဆိုတာလည်း မေးခွန်းဖြစ်မိပါတယ်။ နိုင်ငံ့သိက္ခာကျစေတယ်၊ လူမျိုး သိက္ခာကျစေတယ်၊ အရှက်ရစေတယ်လို့ ပြန်ဖြေမယ်ထင်မိပါတယ်။ မြန်မာစစ်အစိုးရလည်း မြန်မာနိုင်ငံမှာ အ လားတူ မကောင်းတာ၊ ဆင်းရဲနေတာ၊ ဆိုးရွားနေတာတွေ နိုင်ငံတကာက မမြင်စေချင်ပါဘူး။ တခါက နိုင်ငံတ ကာအစည်းအဝေးတခုမှာ မြန်မာနိုင်ငံက နိုင်ငံရေးအပြောင်းအလဲလုပ်မယ်ဆိုရင် အကူအညီ (၁) ဘီလီယံဒေါ် လာပေးမယ် ကမ်းလှမ်းတော့ မြန်မာတွေက မျောက်တွေမဟုတ်ဘူးလို့ အဲသည်အချိန်က နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူက ပြန်ပြောတာ အမှတ်ရမိပါသေးတယ်။ တကယ်တော့ ဆင်းရဲတယ်ဆိုတာ ရှက်စရာမဟုတ်ပါ။ တရုတ် နိုင်ငံကြီးကတောင် သူ့ဆီမှာ လူမှုရေးမညီမျှတာ၊ အချို့ဆင်းရဲကျန်နေတဲ့ ဒေသက ပြဿနာတွေကို ဦးစားပေး ဖြေရှင်းရမယ်ပြောနေတာ ဖတ်ရပါတယ်။ အိန္ဒိယကလည်း သူတို့ကိုယ်သူတို့ ဆင်းရဲတဲ့ နိုင်ငံကြီးလို့ ပြောနေ တုန်းပါ။ အရှက်နဲ့ လူလုပ်ပြီး ကိုယ်ဆင်းရဲနေတာ ဖုံးဖိနေ၊ ကိုယ့်ပြဿနာတွေ လူများမသိစေနဲ့ဆိုတဲ့ ခေတ်က တော့ ကုန်ပြီထင်ပါတယ်။

မြန်မာ့အလင်း ဦးတင်လို ပရဟိတ ကိုယ်ကျိုးစွန့် လူမှုရေးဆောင်ရွက်သူတွေကတော့ လေးစားစရာပါ။ သို့ သော်လည်း ခေတ်မီဖွံ့ဖြိုးရေးသဘောတရားနဲ့ ကြည့်တဲ့အခါ သူ့လုပ်ငန်းက အလှူပေးရေး (charity) အဆင့်မျှ သာပဲရှိပါတယ်။ အကယ်၍ မြန်မာပြည်ထဲမှာ သူ့လိုလူတွေပေါ်လာ အဖွဲ့အစည်းတွေ ထူထောင်ကူညီကြတယ် ပဲထားဦး၊ Gender လို့ခေါ်တဲ့ လိင်ကွဲပြားမှုကိစ္စတွေ စဉ်းစားမိဖို့ မဖြစ်နိုင်ပါဘူး။ သဘာဝပတ်ဝန်းကျင်ကိစ္စ တွေလည်း လုပ်ဆောင်မိကြပါ့မလား။ Empowerment လို့ခေါ်တဲ့ လူထုအင်အားဖွံ့ဖြိုးလာစေရေး ကိစ္စတွေ ကိုလည်း စဉ်းစားမိကြဖို့ရှိသလား။ ဒီလိုပြည်တွင်းက အဖွဲ့အစည်းတွေမှာ ခေတ်သစ်ခေါင်းဆောင်မှု၊ စီမံခန့်ခွဲ ရေးပညာတွေကို ဘယ်သူတွေက ပေးမှာလဲ။ ဒီလို ပြည်တွင်းစေတနာရှင်အဖွဲ့တွေက ပညာရေးကို ဘယ်ပုံနဲ့ သစ်ကြမှာလဲ။ နာဂစ်မုန်တိုင်းအပြီး ဆောင်ရွက်ကြသလို စစ်တမ်းကောက်ယူတာတွေ၊ စီမံချက် သေချာဆွဲပြီး ဆောင်ရွက်တာတွေ ရှိမှာလား။ ပြည်တွင်းက အရင်းအမြစ်တွေကရော တချိန်ပြန်လည်စုစည်းလိုက်ရင် လုပ် ငန်းကြီးတွေ လုပ်လောက်အောင် လောက်လောက်လားလားကျန်သေးရဲ့လား။ နိုင်ငံတကာက စာချုပ်စာတန်း တွေ၊ ပဋိညာဉ်တွေ၊ ကမ္ဘာ့အဖွဲ့အစည်းတွေက နေရာပေးထားတဲ့ အဲန်ဂျီအိုတွေအတွက် စင်မြင့်တွေကို ပြည် တွင်းအဲန်ဂျီအိုတွေက ၀င်ယူကြမှာလား။ တို့နဲ့ မဆိုင်ဘူးဆိုပြီး ထားကြမှာလား … ကျနော်ကတော့ ဦးတင်တို့ ခေတ် အခြေအနေနဲ့ အခုအခြေအနေ ကွာခဲ့ပြီလို့ မြင်မိပါတယ်။ သူတို့ရဲ့ သမာဓိကို အတုယူစရာဖြစ်ပေမယ့် အလှူပေးလုပ်ငန်းလောက်နဲ့ မလုံလောက်တော့ဘူးလို့ထင်ပါတယ်။

အဲန်ဂျီအိုတွေမှာ မူမမှန်တာ၊ ခြစားနေတာ၊ ပျံ့ကျဲလွန်းနေတာ အားမရစရာတွေရှိကောင်းရှိနေနိုင်ပါတယ်။ တ ကယ်လိုအပ်နေတဲ့ ပြည်သူတွေအတွက် မထိရောက်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေကိုလည်း ထောက် ပြဖို့လိုသလို သူတို့ လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ် (code of conduct) တွေကိုလည်း ပြန်လည် ထောက်ပြဖို့ လိုပါတယ်။ ဝေဖန်စရာရှိရင်လည်း ဝေဖန်ဖို့လိုပါတယ်။ အခုကာလမှာ လူငယ်တွေက တယောက်ပြီးတ ယောက် အဲန်ဂျီအိုဆိုင်းဘုတ်တွေ ထောင်လာကြတယ်ဆိုတာ မကောင်းတဲ့ကိစ္စလို့ မမြင်မိပါ။ မုဒိတာပွားသင့်ပါ ကြောင်း တင်ပြလိုပါတယ်ခင်ဗျား။

အောင်သူငြိမ်း

ဆက်ဖတ်ရန်...