Angelina Jolie on Burmese Refugee's Freedom (VOA Burmese)

ဆက်ဖတ်ရန်...

ကျေးဇူးပြုပြီး ဖတ်ဖြစ်အောင်ဖတ်ပါ (အမြန်ဆုံးလက်ဆင့်ကမ်းပေးကြပါ အရေးကြီးသည်)

သတိမမူဂူမမြင်
စကားဦး - ယ္ခုပို့စ် မျှဝေတင်ပြရခြင်းသည် မြန်မာနိုင်ငံအတွင်းမွေးဖွားကြီးပြင်းကြသော မြန်မာ(ဘာသာမရွေး လူမျိုးမရွေး)လူမျိုးများ၏HumanRights ကို ရည်စူးပါသည်။ ကျတော်သည် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပါသည်ဘာသာရေးသည် လူတစ်ယောက်၏ ယုံကြည်ရာ၊ မျိုးစဉ်ဆက်ကိုးကွယ်ရာ၊နီးစပ်ကြီးပြင်းရာ တို့နှင့် သက်ဆိုင်သောကြောင့် မည်သည့်ဘာသာသည်အကောင်းဆုံးဟု အငြင်းမပွါးလိုပါ၊ လူသားတစ်ယောက်၏ လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်ခြင်းသာဖြစ်ပါသည်။

ထို့ကြောင့် European နိုင်ငံများနှင့်Human Rights ကို တန်ဖိုးထားကျင့်သုံးသော နိုင်ငံများတွင် Freedom ofconscience -လွတ်လပ်စွာယုံကြည် ကိုးကွယ်နိုင်ခြင်း ကို လူသားတိုင်း၏ယုံကြည်မှုအဖြစ် တန်ဖိုးထား ကာကွယ်ပေးထားပါသည်။ ထိုဥပဒေတစ်ရပ်တည်းနှင့်ပင် ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမှ လူမျိုး ဘာသာမရွေးအား၎င်းတို့၏ နိုင်ငံများတွင် ခိုလုံခွင့်များပေး၍ ကာကွယ်စောင့်ရှောက်ထားသည်မှာလက်တွေ့ဖြစ်ပါသည်။

စစ်အစိုးရလက်အောက်မှအနှိပ်စက်ခံမြန်မာလူမျိုးဘဝ
* ဒီရက်ပိုင်းတွေမှာ ရိုဟင်ဂျာလှေစီးပြဿနာဖြစ်တဲ့ အချိန်၊
* ကမ္ဘာ့သတင်းမီဒီယာများမှာ ထိပ်တန်းသတင်း အဖြစ်လူတွေစိတ်ဝင်စားလာတဲ့ အချိန်၊
* အစ္စလာမ်ဘာသာ၊ ကျမ်းဂန် နှင့် ၎င်းတို့၏တမန်တော်များ အားစော်ကားထားသောအီးမေးများ online တွင်ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားလာတဲ့ အချိန်၊
* ရိုဟင်ဂျာပြဿနာကို အခြေခံပြီး အစိုးရ ဘလောက်ဟု ယူစရသောဘလောက်များတွင် ရိုဟင်ဂျာဆန့်ကျင်ရေးမှစပြီး အစ္စလာမ်ဆန့်ကျင်ရေးအထိရေးသားလာခြင်း၊
* အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြားအထင်အမြင်လွှဲမှားစေသော ဆောင်းပါးများ ဆက်တိုက်ဖော်ပြလာခြင်း၊

ဤသည်တို့ သည်အားလုံးတိုက်ဆိုင်စွာ ဖြစ်ပေါ်လာတာလား?
သို့တည်းမဟုတ် ရည်ရွယ်ချက်ရှိရှိ ချိန်ကိုက်ပြီးလုပ်ဆောင်နေတာလား?
ဒီပြဿနာမဖြစ်ခင် မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေရှ် တို့ရေပိုင်နက်ပြဿနာဖြစ်ပွားခဲ့တာ အခုထိမပြေလည်သေးပါ။

ရွှေဝါရောင်တော်လှန်ရေးတွင် တိုင်းရင်းသားမြန်မာမွတ်စလင်မ်များ လည်းအခြားသော ဘာသာဝင်များနှင့်လက်တွဲပြီး ဆရာတော်ကြီးများနှင့်လက်တွဲပါဝင်ခဲ့မှုအား စိုးရိမ်လျက်ရှိသော နအဖအစိုးရအနေဖြင့် တိုင်းရင်းသားအစ္စလာမ်ဘာသာဝင်များနှင့် သွေးခွဲမှုများပြုလုပ်ရန် plan များနှင့်အစဉ်ကြိုးပမ်း နေချိန်တို့တွင် နောက်ဆုံး သတင်းရရှိချက်အရ နအဖအစိုးရအနေဖြင့် ပြည်တွင်း၌ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းတခုဖန်တီးရန်ရှိကြောင်း ကြားသိရပါသည်။

အစ္စလာမ်ဘာသာ၊ ကျမ်းဂန် နှင့် ၎င်းတို့၏တမန်တော်များ ကိုစော်ကားထားသောအီးမေးများ၊ ထိုစော်ကားသူ၏ နောက်ထပ်အီးမေးတစောင် တို့အပြင် အစ္စလာမ်ဆန့်ကျင်ရေးဖော်ပြလာသော စစ်အစိုး ရ လိုလားသည့်ဘလောက်ဆောင်းပါးများကိုအောက်ပါ link များတွင် ကြည့်နိုင်ပါသည်
padaukmyay.blog (ပိတောက်မြေသည် နေ့စဉ် နံနက်ပိုင်းများမှစတင်ကအသံလွှင့်နေသော အသံလွှင်ဌာနတစ်ခုဖြစ်ပါသည်။)

kyeesaytaman.blog
kyeesaytaman.blog
kyeesaytaman.blog
ywetwar.blog (သူကတော့ ဘာသာရေးဆွေးနွေးတဲ့ forum တွေမှာအစ္စလာမ်အကြောင်းဝေဖန်ရေးသားပြီး အစ္စလာမ် blog အတော်များများမှာ သူ့ blog address ပေးထားခဲ့ပါတယ်။ သူသည် ရုရှနိုင်ငံတွင်ပညာသင်ယူနေသောမြန်မာ့စစ်တပ်မှ စစ်ဗိုလ်တစ်ယောက် ဖြစ်ပါသည်။ )

(မြန်မာပြည်တွင် ဗုဒ္ဓဘာသာ ခရစ်ယာန် မွတ်စလင်တို့ဆိုသည်မှာ အနည်းနဲ့အများပတ်ပြီး အမျိုး တော်နေကြတာတွေရှိပါတယ်။ မွတ်စလင်တွေဟာရှေးမြန်မာဘုရင်တွေလက်ထက် ကတည်းက မြန်မာပြည်မှာ နေထိုင်လာခဲ့သည်၊ဘုရင်တွေဆီမှာ အမှုတော်ထမ်းခဲ့တာတွေ သမိုင်းမှာရှိပါတယ်၊ ဦးကုလားမဟာရာဇ၀င်တို့၊ မှန်နန်းရာဇ၀င်တို့မှာပါတယ်၊ နယ်ချဲ့အင်္ဂလိပ်ဝင်တုံးကလည်းဘုရင့်တပ်ကမွတ်စလင်တွေ ခုခံကာကွယ်ခဲ့ ကြတယ်လို့ဖတ်ဖူးပါတယ်။လွတ်လပ်ရေးတိုက်ပွဲမှာလည်း မွတ်စလင်တွေပါကြတယ်။ မြန်မာလူမျိုးအချင်းချင်းငြိမ်းငြိမ်းချမ်းချမ်း နေဖို့ စည်း ရုံးရမဲ့အစား သတ်ဖြတ်ဖို့မီးမွေးတာမကောင်းပါကြောင်း.....)

၎င်းစစ်အစိုးရ၏ အာဏာတည်တန့်ရေး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် စစ်အစိုးမျက်နှာပျက်ခဲ့သည်များကို ပြည်သူများမေ့ပြောက်သွားစေရန် လူမျိုးရေး၊ဘာသာရေးအဓိကရုဏ်းများဖြစ်စေရန် တစ်မြေထည်းမွေးမြန်မာပြည်သူအချင်းချင်းကိုသွေးခွဲရန် ရည်ရွယ်ထားပါသည်။မြန်မာတိုင်းရင်းသားတိုင်း၊ ဘာသာတိုင်းသတိနှင့်နေကြပါရန်...။
မြန်မာညီအကိုမောင်နှမများ ကိုယ့်သွေး၊ ကိုယ့်အသက်၊ ကိုယ့်မိသားစုနှင့်အိုးအိမ်များမဆုံးရှုံးကြအောင် စစ်အစိုးရ၏ပရိယာယ်မှမငြိတွယ်စေရနှ်ဝေးဝေးရှောင်ကြပါ။
မြန်မာနိုင်ငံသားများ(ကြက်အချင်းချင်းအိုးမဲသုတ်ပြီခွတ်ခိုင်နေသလို)စစ်အစိုးရ၏အကွက်ထဲသို့မ၀င်မိစေရန်ရည်ရွယ်ပါသည်ဒီစာလေးကိုသူငယ်ချင်းများထံအမြန်ဆုံးပြန်လည်မျှဝေပေးစေလိုပါသည်။

ယခုနောက်ဆုံးသတင်းရရှိသည်မှာ ၄င်းတို့သည် ယခုအကယ်ဒမီပေးပွဲပြီးသည့်နောက်ပိုင်းတွင် အဆိုပါလူမျိုးရေးအဓိကရုန်းများပေါ်ပေါက်လာအောင် ကြံဆောင်ကြမည်။ ပြီးနောက်တွင် ၄င်းတို့အလိုကျဗိုလ်ကျစိုးမိုးရေးကို အဓွန့်ရှည်စေရန် နည်းအမျိုးမျိုးဖြင့် ဆက်လက်လုပ်ဆောင်သွားကြမည်။ ဒါကြောင့် အားလုံး သတိရှိကြပါ။ ဘယ်သူခွဲခွဲ တို့မကွဲအမြဲစည်းလုံးမည် ဆိုသော ဆောင်ပုဒ်ကို ပြည်သူများအားလုံး လက်ကိုင်ထားပြီးတရုတ်အားကိုး ပုစိန်ရိုးဖြစ်နေသော ရက်စက်ကြမ်းကြုတ်သည့် စစ်အစိုးရကိုပူးပေါင်းဆန့်ကျင်ကြပါ။

တို့ ဗုဒ္ဓဟာ အလယ်အလတ်လမ်းစဉ်ကိုသာ ပြသခဲ့တယ်။ အစွန်းမရောက်စေဖို့ဆုံးမခဲ့တယ်။ အားလုံးနဲ့ ငြိမ်းချမ်းအောင်နေရမယ်။ ဘာသာတရားတွေဟာ တကယ်ကိုငြိမ်းချမ်းကြပါတယ်။ ငြိမ်းချမ်းမှုတွေကြောင့် ကမ္ဘာကြီးမှာပျော်စရာတွေရှိနေတာ။ အဲဒီပျော်ရွှင်မှုတွေကို သင်တို့ရဲ့ အတ္တတွေနဲ့အရောင်မဆိုးကြပါနဲ့။ ဘာသာတရားတွေကို စော်ကားတဲ့သူဟာ လူလို့တောင်မသတ်မှတ်သင့်ဘူး။ ဒီလိုကိစ္စတွေကို အများပိုင်းလုပ်ကြတာလဲ တို့ထဲကလူနည်းစုတွေပဲ။ ဒါကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ မြန်မာဆိုရင်သိပ်ကိုရှက်ဖို့ကောင်းရတယ်။

ပေးပို့သူ - ကိုတေ

ဆက်ဖတ်ရန်...

ယတြာချေသည့်အနေဖြင့်ကိုးဆယ်ဆသာလိမ့်မယ်ကိုဆုပေး




ရေးသူ..ခင်ဆွေဦးကို
ဆု၆ဆုသာပေးအပ်သည့်အကယ်ဒမီဆုပေးပွဲကမ္ဘာရုပ်ရှင်သမိုင်းတွင်ပထမဦးဆုံးအကြိမ်အဖြစ်
မင်းသမီးများကိုဆုမရွေးချယ်


“ဒီအကယ်ဒမီဆုပေးပွဲကယတြာချေတာသက်သက်ပါရှင်”
အကယ်ဒမီဆုရှင်အမျိုးသမီးသရုပ်ဆောင်တစ်ဦးပြောစကား


နေပြည်တော်လေဟာပြင်ဇာတ်ရုံတွင်ယနေ့ကျင်းပသည့် ၅၅ကြိမ်မြောက်ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲဉ်ကိုးဆယ်ဆသာလိမ့်မယ်ဇာတ်ကားကိုဆုပေါင်း ၅ ဆုအထိပေးခြင်းမှာကိုးဂဏန်းကိုခရေဇီဖြစ်နေသည်.ဗိုလ်ချုပ်မှုးကြီး၏အစီအမံပင်ဖြစ်ကြောင်းနေပြည်တော်သို့ရောက်ရှိနေသည့်ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀ိုင်းကမှတ်ချက်ပြုကြသည်။နိုင်ငံရေးသမားလူထွက်ဝါရင့်စာနယ်ဇင်းသမားတစ်ဦးဖြစ်သူကမူ၉၀ရွေးကောက်ပွဲထက်၁၀ဆသာလိမ့်မယ်ဆိုတဲ့သဘောအနေနဲ့ကိုးဆယ်ဆသာလိမ့်မယ်ဇာတ်ကားကိုဆုပေးရခြင်းဖြစ်ကြောင်းသုံးသပ်ပြောဆိုခဲ့သည်။
မြောက်ဥက္ကလာမှကျူရှင်ဆရာဦးရဲနွယ်ကမူ“ဒေါ်စုနာမည်ကပေါင်းရင်ကိုးရတယ်၊သန်းရွှေကတစ်ဆယ်ရတယ်”သဘောကတော့ကိုးကိုတစ်ဆယ်ကသာမယ်ဆိုတဲ့အနေနဲ့ပေးတာ၊ဇာတ်သဘောကတော့ဗီဒီယိုကားတွေလောက်တောင်မက်မောစရာမရှိဘူးဟုသုံးသပ်ပြောဆိုခဲ့သည်။ဧကံသဗျာကရဏဗေဒဂိုဏ်းဝင်ဗေဒင်ဆရာတစ်ဦးကလည်း“မိန်းမတွေကိုနာမ်နှိမ်လိုက်တာဗျစင်ပေါ်မှာဆုယူဖို့မတက်ရဘူးဆိုတဲ့သဘောပဲ”ဟုပြောသည်။
မူလကယခုနှစ်တွင်ဆုရွေးချယ်ချီးမြှင့်စရာဇာတ်ကားများနည်းသောကြောင့်နောက်နှစ်မှစုပေါင်းချီးမြှင့်မည်ဟုသတင်းထွက်ခဲ့သော်လည်းတပ်ချုပ်ကြီး၏အမိန်ံအရဖုတ်ပူမီးတိုက်စီစဉ်ရခြင်းဖြစ်သည်ဟုဆိုသည်။
အကယ်ဒမီထူးချွန်ဆုများကို


ဆုရရှိသူများမှာ…..

အကောင်းဆုံးဇာတ်ကားဆု……………………..ကိုးဆယ်ဆသာလိမ့်မယ်
အကောင်းဆုံးဒါရိုက်တာဆု……………………..မောင်ယဉ်အောင်(ကိုးဆယ်ဆသာလိမ့်မယ်)အကောင်းဆုံးတည်းဖြတ်ဆု…………………….မရွေးချယ်
အကောင်းဆုံးတေးဂီတဆု………………………စိန်မွတ္တား(ဒုတိယအကြိမ်)အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု……………..မိုးဒီ
အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု……….ကျော်ရဲအောင်(ဒုတိယအကြိမ်)အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု……………..မရွေးချယ်
အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု……….မရွေးချယ်
အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု…………………..ကျောက်ဖြု(ငါ့သွေး၊ငါ့ဓား၊ငါဧရာဝတီ)အကောင်းဆုံးဇာတ်ညွန်းဆု………………………မရွေးချယ်

ဆက်ဖတ်ရန်...

မြန်မာ့ရေးရာ သတင်း ( ၂-၂-၀၉ )

- ဒီချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် ဂမ်ဘာရီကို တွေ့ဆုံ click

- ဂမ်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးနေသည်ဟု အေပီ ပြော click

- ၇ ကြိမ်မြောက်ရောက်လာသည့် ဂမ်ဘာရီကို ဒေါ်အောင်ဆန်းစုကြည် ထွက်တွေ့ click

- ဒေါ်အောင်ဆန်းစုကြည်နှင့် ဂမ်ဘာရီတွေ့ဆုံ click

- အန်အယ်လ်ဒီ၏ စုလွတ်မြောက်ရေး လူထုလှုပ်ရှားမှု ထောက်ခံသ၀ဏ်လွှာများ (ပြည်ပအဖွဲ့အစည်းများသာ) click

- ဦးလွင် ကျန်းမာရေးမကောင်း ဂမ်ဘာရီနှင့် မတွေ့နိုင် click

- တော်လှန်ရေးနယ်မြေမှာ နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပ၊ ခုခံစစ်ကို ဆက်ကိုင်စွဲမည် click

- သံဃာတော်တပါး ထောင်တွင်း ပျံလွန်တော်မူ click

- ကလေး ၂၉ ယောက် ကြက်ဆူစေ့စားသဖြင့် အဆိပ်သင့် click

- ခြိမ်းခြောက်ခံနေရသော ဒုက္ခသည်စခန်း click

- ရန်ကုန်တွင် ရက်စက်သည့် လူသတ်မှုနှစ်မှု ဖြစ်ပွား click

- ‘၀' နှင့် နအဖ ဆက်ဆံရေး တင်းမာနေ (ဆောင်းပါး) click

- ၁၀ တန်းစာမေးပွဲအတွက် ကျောင်းသား၊ ဆရာ၊ မိဘ အားလုံးပြင်ဆင်ကြပြီ click

- အဖွဲ့ချုပ် မိတ္ထီလာ၊ ရမည်းသင်း၊ မြင်းခြံ ၃ ခရိုင် အစည်းအဝေးကျင်းပ click

- ၂၀၁၀ ကို ရဲရဲရင်ဆိုင်မလား၊ ၁၉၉၀ ကို ဆက်ပြီးဆုပ်ကိုင်ထားမလား click

- မီးလောင်သွားသည့် ဈေးနေရာတွင် ဈေးသစ်ပြန်ဆောက်ရန်ရှိ click

ဆက်ဖတ်ရန်...

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ စီအီးစီတို့ကို မစ္စတာဂမ်ဘာရီ တပြိုင်တည်း တွေ့ဆုံခဲ့


မြန်မာနိုင်ငံရောက်ရှိနေသည့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည် နှင့် အန်အယ်လ်ဒီ စီအီးစီတို့ကို ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာ၌ တပြိုင်တည်းတွေ့ဆုံပြီး တနာရီကျော် ဆွေးနွေးခဲ့သည်။

မစ္စတာဂမ်ဘာရီနှင့် မတွေ့မီ ဒေါ်အောင်ဆန်းကြည်နှင့် အန်အယ်လ်ဒီ စီအီးစီ (၆) ဦးတို့ (၁၅) မိနစ်ခန့် သီးခြားတွေ့ဆုံခွင့်ရခဲ့သည်ဟု အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။ အဆိုပါတွေ့ဆုံပွဲတွင် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ ပါဝင်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။

မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံရာတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်သုံးသပ်ရေး၊ နအဖနှင့် အန်အယ်လ်ဒီ တွေ့ဆုံဆွေးနွေးရေး စသည့်အချက်များ ဆွေးနွေးခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။ အဆိုပါအချက်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် အစောပိုင်းတွင် သဘောတူပြီးမှ မစ္စတာ ဂမ်ဘာရီနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မစ္စတာ ဂမ်ဘာရီက စီးပွားရေး အကူအညီပေးရေးကိစ္စ ဆွေးနွေးရာတွင် အချက်အလက်များ ပြည့်ပြည့်စုံစုံ ရထားခြင်း မရှိသည့်အတွက် မဆွေးနွေးနိုင်ကြောင်း အန်အယ်လ်ဒီက တုံ့ပြန်ခဲ့သည်။
ဦးလွင်မှာမူ ကျန်းမာရေးမကောင်းသည့်အတွက် ဂမ်ဘာရီနှင့် ဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခြင်းမရှိပေ။ သို့သော် ဂမ်ဘာရီ၏ ခရီးစဉ်နှင့် ပတ်သက်၍ ခေတ်ပြိုင်သို့ ပြောရာတွင် “ဂမ်ဘာရီအနေနဲ့ ၀တ္တရားအရ သွားတယ်၊ လာတယ်၊ တွေ့တဲ့အခါကျတော့ အလုပ်မဖြစ်တော့ဘူးပေါ့။ သူကတော့ ယူအန်မှာ တော်တော်လေး ၀ါရင့်သွားပြီထင်တယ်။ အဲလိုလူတွေကတော့ လုပ်တတ်ကိုင်တတ်တယ်။ ရာဇာလီလို လူနဲ့ယှဉ်ပြောရရင် မတူပါဘူး ကွာပါတယ်။ ဟိုလူ (ရာဇာလီ) ကတော့ စေတနာနဲ့ အလုပ်ကို မဖြစ်ဖြစ်အောင် လုပ်တယ်လေ။ ဂမ္ဘာရီကေတာ့ အဲလုိမဟုတ္ဘူး။ ပုံမှန်လုပ်စားတဲ့ သဘောများလားတော့ မသိဘူးလေ။ ဒီလို စွပ်စွဲတော့လည်း မကောင်းဘူးပေါ့လေ။ ခုကတော့ သူ့ဘက်ကိုယ့်ဘက် Reconciliation လုပ်ကြပြီးမှ ဒိုင်ယာလော့ကို သွားကြပေါ့လေ။ အဲဒီလို (၂) ဆင့်နဲ့သွားတာ၊ ရာဇာလီတုန်းကလည်း ဒီလိုလုပ်ခဲ့တာပဲ” ဟု ပြောသည်။

ယခုတခေါက် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်သည် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး၊ ကျဆင်းနေသည့် မြန်မာ့စီးပွားရေးကိစ္စ ဆွေးနွေးရေးအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖတို့ ဆွေးနွေးဖြစ်အောင် တွန်းအားပေးရေး ကိစ္စတို့က အဓိကဖြစ်ကြောင်း အမည်မဖော်လိုသည့် သံတမန်တဦးက မစ္စတာဂမ်ဘာရီ၏ ပြောကြားချက်ကို ကိုးကားပြောဆိုသည်။

တနင်္လာနေ့ထိ မစ္စတာဂမ်ဘာရီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်ရမရ အတိအကျ မသိရသေးပေ။၂၀၀၈ ခု ဒီဇင်ဘာလကုန်ပိုင်းတွင်မူ ဂမ်ဘာရီက မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဘန်ကီမွန်းထံ လျှို့ဝှက်အစီရင် ခံစာတစောင် တင်သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော် လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြောင်းလဲမှုများလုပ်ရန် မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးလုပ်ငန်း ခေါင်းစဉ်ဖြင့် ငွေကြေးအကူအညီ မက်လုံးပေးကမ်းလှမ်းသင့်ကြောင်း ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာ၌ အဆိုပြုထားသည်ဟု ကုလသမဂ္ဂ အရာရှိများကို ကိုးကားပြီး Washington Post သတင်းစာက ဖော်ပြထားသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်ရမှ အဆိုပါအစီအစဉ်ကို စစ်အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း ဂမ်ဘာရီ၏ အစီရင်ခံစာတွင် ပါသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

ဆက်ဖတ်ရန်...