အာဆီယံအစည်းအဝေး ချင်းမိုင်တွင် ကျင်းပမည်

မြန်မာကိုယ်စားလှယ်များ ပါဝင်တက်ရောက်မည့် အရှေ့တောင်အာရှနိုင်ငံများ အသင်းကြီး၏ ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဒီဇင်ဘာလတွင် ကျင်းပမည် ဖြစ်သည်။

မြို့တော်ဘန်ကောက်တွင် ကျင်းပရန် ယခင်က စီစဉ်ခဲ့သော်လည်း ချင်းမိုင်မြို့ ရှန်ဂရီလာ ဟိုတယ်တွင် ၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကို ပြောင်းလဲကျင်းပရန် သတ်မှတ်လိုက်သည်။ အစည်းအဝေးသည် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကြာမြင့်မည် ဖြစ်သည်။

ချင်းမိုင်မြို့၏ သာယာသောရာသီဥတုကြောင့် ပြောင်းရွှေ့ကျင်းပရခြင်း ဖြစ်သည် ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်တွင် ပါရှိသည်။သို့သော်လည်း ဘန်ကောက်တွင် အာဏာရအစိုးရကို ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပွားနေဆဲ ဖြစ်သဖြင့် လုံခြုံရေးအရ နေရာပြောင်းလဲရခြင်း ဖြစ်သည်ဟု စုံစမ်း သိရှိရသည်။

"အစည်းအဝေးကို လာရောက်ကျင်းပဖို့ကတော့ အခြေအနေအရ ပိုများတယ်…ချင်းမိုင်မှာလည် အစိုးရကို ဆန့်ကျင်တဲ့လူတွေ ရှိပေမယ့် သိပ်မများဘူး။ ထိမ်းလို့ရနိုင်တဲ့ အနေအထားမှာ ရှိတယ်။ အဲဒါကြောင့် ချင်းမိုင်မှာ လာကျင်းပတာလို့ ထင်တယ်" ဟု လုံခြုံရေး အရာထမ်းတဦးက မဇ္ဈိမသို့ ပြောသည်။

အစည်းအဝေး ကျင်းပမည့် ရှန်ဂရီလာ ဟိုတယ်က ကိုယ်စားလှယ်များအတွက် ဟိုတယ်အခန်းများ အားလုံး မှာယူထားပြီးဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။အရှေ့တောင် အာရှ နိုင်ငံများအဖွဲ့ ( Association of Southeast Asian Nations ) အာဆီယံကို ၁၉၆၇ ခုနှစ် ၊ သြဂုတ်လ (၈) ရက်နေ့တွင် အင်ဒိုနီးရှား ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ စင်္ကာပူ နှင့် ထိုင်းနိုင်ငံ တို့နှင့် စတင် တည်ထောင်ခဲ့သည်။

မဇ္ဈိမ သတင်း

ဆက်ဖတ်ရန်...

မြန်မာရေးရာသတင်းများ(၂၇-၁၀-၀၈)

...................................................ကြေးမုံ ဦးသောင်း

- ကြေးမုံဦးသောင်း (အောင်ဗလ) အမှတ်တရစာစုclick


- မြန်မာယူနီဗာဆယ်ဘဏ်မှ ငွေလာမထုတ်ပါက နိုင်ငံ့ဘဏ္ဍာအဖြစ်သိမ်းမည် click


- နေပြည်တော်လွှတ်တော်ရုံးအဖွဲ့ ၂၀၀၉ မှာ စတင်ရုံးထိုင်မည်click


- မြန်မာ-ဘရာဇီး ဒုတိယပွဲစဉ်ဈေးနှုန်း လျှော့ဈေးဖြင့် ရောင်းချclick


- အစိုးရမြေကွက် ထုတ်ရောင်းမှုကြောင့် အိမ်ခြံမြေဈေးကွက် ရပ်ဆိုင်း click


- ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့လမ်းပိုင်း ကန့်သတ်ချိန်အတွင်းပြန်ဖြတ်ခွင့်ပေးclick


- ပျက်သုန်းခြင်းသို့ သွားရာလမ်း (ရုပ်ရှင်အညွှန်း) click


- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးမှ လုံခြုံရေးများ လျှော့ချ click

- ဘုရားသုံးဆူ နှင့် မဲကဆကြား ရော်ဘာခြံတွင် သေနတ်ဖြင့် ပစ်၍ ဆိုင်ကယ်လုယက်မှု ဖြစ်ပွား click

.............................မယ်တော်ဆေးခန်းတွင် မျက်စိကုသမှု ခံယူနေသော ဝေဒနာရှင်များ (ဓာတ်ပုံ - ဧရာဝတီ)

- မယ်တော်ဆေးခန်းတွင် ယခုနှစ် မျက်စိကုဝေဒနာရှင် ပိုမိုများပြားလာ click

ဆက်ဖတ်ရန်...

သတင်းထိန်ချန်လိုလျှင် ပြန်ကြားရေးသို့ ပြောရန် ၀န်ကြီးက ပြော

အစိုးရဌာနများအနေဖြင့် ထိန်ချန်ပိတ်ပင်လိုသော သတင်းများကို ပြန်ကြားရေး ၀န်ကြီးဌာနသို့ ကြိုတင် အကြောင်းကြားလျှင် ပူးပေါင်း ထိန်းချုပ်ပေးမည် ဖြစ်ကြောင်း ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောကြားလိုက်သည်။

"မိမိတို့ ဌာနဆိုင်ရာနှင့် ပတ်သက်၍ ဖော်ပြခွင့် မပြုလိုသော၊ ထိန်ချန်လိုသော၊ ထိန်ချန် ပိတ်ပင်ထားလိုသော သတင်း အကြောင်းအရာများ ရှိပါက" "ပြန်ကြားရေးဌာနသို့ စာဖြင့် ကြိုတင်ညှိနှိုင်း ပေးပို့ထားမည် ဆိုပါက သင့်လျော်သလို ထိန်းချုပ် ချပြပေးနိုင်မည် ဖြစ်ပါသည်" ဟု မဇ္ဈိမက မိတ္တူ လက်ခံရရှိထားသော ပြန်ကြားရေး ၀န်ကြီး၏ ၀န်ကြီးဌာနများ အားလုံးနှင့် ၀န်ကြီးချုပ်ရုံးသို့ ပေးပို့သော ယခုလ ၁၅ ရက်နေ့ ရက်စွဲတပ် စာတွင် ပြောဆို ရေးသားထားခြင်း ဖြစ်သည်။

"စာပေစိစစ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ၀န်ကြီးဌာနအလိုက် သတင်းထုတ်ပြန်ရေး စနစ်နှင့် သတင်းညှိနှိုင်းစနစ်များ ထားရှိ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ" စာတွင် ပြန်ကြားရေးဝန်ကြီး လက်အောက်ရှိ စာပေစိစစ်ရေးဌာနအတွက် ကန့်သတ်ရမည့် အသုံးအနှုန်း၊ အကြောင်းအရာနှင့် ပတ်သက်၍ တိတိကျကျ သတ်မှတ်ထားခြင်းမရှိ၍ လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲ ရှိသည်ဟုလည်း ပါရှိသည်။

ထို့အပြင် "အထူးသဖြင့် ဌာနဆိုင်ရာများနှင့် ပတ်သက်သည့် သတင်းများ၌ သက်ဆိုင်ရာဌာနနှင့် စာနယ်ဇင်းသမားများအကြား မကြာခဏ အငြင်းပွားဖွယ် အခြေအနေများ ပေါ်ပေါက်လျက်ရှိကြောင်း တွေ့ရှိရပါသည်" ဟု ဆိုထားသည်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ ၂၀၀၈ ခုနှစ်အတွက် ၁၇၃ နိုင်ငံအား လေ့လာချက်တွင် သတင်းလွတ်လပ်ခွင့် ချိုးဖောက်မှုအဆင့်၌ မြန်မာနိုင်ငံသည် အဆင့် ၁၇၀ တွင် ရှိနေသည်။ သူ့ထက်ဆိုးရွားသော နိုင်ငံ ၃ ခုမှာ တာ့ခ်မေနစ်စတန် (Turkmenistan) ၊ မြောက်ကိုရီးယားနှင့် အီရီထရီးယား (Eritrea) တို့ ဖြစ်သည်။RSF က မြန်မာနိုင်ငံတွင် "သတင်းသမားများ၊ ပညာတတ်များနှင့် နိုင်ငံခြားသားများကိုပင် စစ်အစိုးရက ရန်သူအဖြစ် ရှုမြင်ကြသည်” ဟု ပြောထားသည်။

ဗိုလ်မှူးချုပ် ကျော်ဆန်း၏ စာတွင် ၀န်ကြီးဌာနများကို သတင်းထုတ်ပြန်ရေး အဖွဲ့များဖြင့် သတင်းထုတ်ပြန်ရန် တိုက်တွန်းလိုက်သေးသည်။"မိမိတို့၏ သတင်းများကို ထိန်းချုပ်ထားခြင်းထက် မိမိလိုလားသည့်အတိုင်း ပညာသားပါပါ ကြိုတင်အသိပေးခြင်းဖြင့် (Pre-emptive) လက်ဦးမှု ရယူဆောင်ရွက်ခြင်းက မိမိတို့အတွက် ပိုမိုကောင်းမွန် အကျိုးရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်" ဟု ပါရှိသည်။

မဇ္ဈိမ သတင်း

ဆက်ဖတ်ရန်...

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာလမ်းအား ယနေ့ဖွင့်လိုက်ပြီ

နေအိမ်အကျယ်ချုပ် ကျခံနေရသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၏ အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နေအိမ် ရှိရာတက္ကသိုလ်ရိပ်သာလမ်း ၌ ယခင်က ပိတ်ဆို့  တားဆီးထားသော အတား အဆီး များကို ယနေ့ နေလည် က အာဏာပိုင်များမှ ပြန်လည် လမ်းဖွင့် ပေးခဲ့သည် ။

သို့ သော်လည်းပဲ ဒေါ်အောင်ဆန်းစုကြည်နေအိမ် ခြံဝန်းအား ဆက်လက် ပိတ်ထားဆဲဖြစ်သည် ။ ကမ္ဘာအေးဘုရားလမ်းဖက်ရှိ မော်တော်ယဉ်ထိမ်းသိမ်းရေး ကြိုးမဲ့ ကြေးနန်း ရုံးဝန်းအနီးမှာ တော့အရပ်ဝတ် များဖြင့်  မော်တော်ကား များ ဖြတ်သန်းသွားလာမှု့ ကိုတော့ ဖြင့် ဆက်လက်စောင့် ကြည့် နေပြီး မှတ်တမ်းယူမှု့ များဆက် လက် ပြုလုပ် နေ ဆဲ ဖြစ်သည် .။

အမေရိကန်သံရုံးဖက် သို့ ထွက်သည့်  လမ်းဖက် မှာတော့ လက်နက်ကိုင် အချို့စောင့် ကြပ် နေသည် ကိုဆက် လက် မြင်တွေ့ နေရဆဲ ဖြစ်သည် ။ မော်တော်ယဉ်များဖြတ်သန်းသွားလာမှု့ ကိုတော့  တားဆီးစစ်ဆေးခြင်းများ မရှိဘူးလို့  သိရပါတယ်…..။

ဆက်ဖတ်ရန်...

ဒေါက်တာလွဏ်းဆွေ - ဖြစ်မျိုးစုံလင် မြန်ပြည်တခွင် (ပြဇာတ် - အစ/အဆုံး)

ဆက်ဖတ်ရန်...

မြန်မာရေးရာသတင်းများ(၂၆-၁၀-၀၈)

...............
အဲန်အယ်လ်ဒီပါတီ အနှစ် (၂၀) ပြည့်နေ့တွင် ပါတီဝင်များ.............. ဘေဂျင်းမြို့တွင် ကျင်းပခဲ့သည့် (၇) ကြိမ်မြောက် အာဆီယမ်
စုဝေးနေခဲ့ကြပုံ (စက်တင်ဘာ ၂၇၊ ၂၀၀၈) ................... ...........အစည်းအဝေး (အောက်တိုဘာ ၂၅၊ ၂၀၀၈)

- NLD ပါတီ ပိုမိုအားကောင်းရေး ဆွေးနွေးပွဲများ ကျင်းပ click

- မြန်မာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အာရှ နဲ့ ဥရောပ ခေါင်းဆောင်တွေ တောင်းဆို click

- ကမ္ဘာ့ဘဏ္ဍာရေး စနစ်တခုလုံးကို ပြုပြင်ပြောင်းလဲဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ အခိုင်အမာဆုံးဖြတ် click

- အာရှ ဥရောပ ခေါင်းဆောင်များ ငွေကြေး အကျပ်အတည်းကို ပူးပေါင်းဖြေရှင်းကြမည် click

- အရင်ြဂမ္တီရ ထောက်လမြ်းရေးတေရြဲႚ ဖိအားပေး စစ်ဆေးခံရတဲ့အတကြ် ဆေးရုံတက်နေရ click

- အရငြ်ဥာဏိင်္ံရ ဟောုကားခဲ့တဲ့ ရတနာမိုး တရားတော် နောင်မဖငြ့်ဖိုႛ ခံဝန်လက်မတ်ြထိုးခဲ့ရ click

ဆက်ဖတ်ရန်...

တယ်လီပို့ အင်တာနက်လိုင်း သုံးသူများ အခက်တွေ့

ရန်ကုန်ရှိ မြန်မာတယ်လီပို့၏ ADSL မြန်နှုန်းမြှင့် အင်တာနက်လိုင်း အတက်အကျ များသဖြင့် တပ်ဆင် အသုံးပြုနေသူများ ရက်သတ္တနှစ်ပတ်ခန့် အခက်တွေ့လာရသည်။မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန လက်အောက်မှ မြန်မာတယ်လီပို့ အင်တာနက်လိုင်း သွယ်တန်းထားသည့် အင်တာနက်ဆိုင် တချို့တွင် လိုင်းအတက်အကျ ဖြစ်ဖန် များနေသည်မှာ နှစ်ပတ်ခန့် ကြာမြင့်လာပြီ ဖြစ်သဖြင့် အသုံးပြုသူများအဖို့ အဆင်မပြေရခြင်း ဖြစ်သည်။

"နှစ်ပတ်လောက်ကြာပြီ။ လာလိုက်ကျလိုက် ဖြစ်နေတာ။ လိုင်းက တအားနှေးတော့ တော်တော် အခြေအနေ ဆိုးတယ်။ Gtalk ၀င်မရဘူး။ တယ်လီပို့ကို ဖုန်းဆက်မေးကြည့်တာ ဆာဗာက ဖြစ်တယ်လို့တော့ ပြောတယ်။ ၄၅ မိနစ်၊ ၁ နာရီ ကြာမယ်ပြောတယ်။ တချက်ပြန်လာတယ်။ ပြီးတော့ ပြန်ပျက်သွားတယ်" ဟု အမည်မဖော်လိုသူ အင်တာနက် ဆိုင်ပိုင်ရှင် တဦးက မဇ္ဈိမကို ပြောသည်။

ယနေ့နံနက်တွင် ခဏတဖြုတ် လိုင်းဝင်လာပြီးနောက် ၁၀ နာရီခွဲခန့်မှ စတင်ကာ ပြန်ကျသွားသည်ဟု သူက ဆက်ပြောသည်။ အမည်မဖော်လိုသူ မြန်မာတယ်လီပို့မှ တာဝန်ရှိသူတဦးကလည်း လိုင်းအတက်အကျ ဖြစ်နေပုံကို ယခုလို ၀န်ခံ ပြောဆိုသည်။ သူက "မနေ့ကတော့ တနေကုန် လိုင်းမရဘူး ဖြစ်နေတယ်။ ဒီနေ့တော့ မနက်ပိုင်းလေး တချက်လောက် ရတယ်။ ပြီးတော့ ပျက်သွားပြန်တယ်။ ၄ ရက်လောက်တော့ ရှိပြီ" ဟု ပြောသည်။

လိုင်း အတက်အကျ ဖြစ်ရခြင်းသည် ရန်ကုန်မြို့တိုင်းရှိ တယ်လီပို့ ဆာဗာခွဲများဖြစ်သည့် မရမ်းကုန်း၊ ဘုရင့်နောင်နှင့် ဟံသာဝတီမြို့နယ်များရှိ ဆာဗာများ၌ နည်းပညာချို့ယွင်းမှုများ ရှိနေသည့်အတွက် ဖြစ်ကြောင်း သူက ဆက်ပြောသည်။"အခုတလော တယ်လီပို့ရဲ့ exchange down နေတာတွေ ရှိတယ်။ အဲဒီ down နေတဲ့ ဆိုဒ်တွေကနေ ပေးနေတဲ့ ဟာဆိုရင် မရသေးဘူး။ ကျနော်တို့က exchange တွေ ခွဲပြီး အဆင်ပြေအောင် လုပ်ထားတာဆိုတော့ တချို့ exchange တွေက ပါဝါမနိုင် ဖြစ်နေတယ်။

exchange တွေမှာ အသုံးပြုရတဲ့ power တွေ ကျနေတာ။ မနက်ပိုင်းလေးတွေတော့ ရတယ်။ ညနေပိုင်းတွေက အဆင်မပြေဘူး ဖြစ်နေတယ်။ အားလုံးတော့ မဟုတ်ပါဘူး"ယခင် မြန်မာတယ်လီပို့တွင် နည်းပညာပိုင်းဆိုင်ရာ တစုံတရာ ချို့ယွင်းမှု၊ ပြင်ဆင်မှုများ ပြုလုပ်ပါက အင်တာနက် သုံးစွဲသူများအား အသိပေးအကြောင်းကြား မေတ္တာရပ်ခံခြင်းများ ရှိခဲ့သော်လည်း ယခုအခါတွင် တစုံတရာ အသိပေး အကြောင်းကြားခြင်း မရှိသည့်အတွက် အင်တာနက် အသုံးပြုသူများ နားမလည်အောင် ဖြစ်ရကြောင်း ပုဂံတယ်လီပို့ မြန်နှုန်းမြှင့်လိုင်း သုံးစွဲသူတဦးက ယခုလို ပြောသည်။

"အရင်ကဆို တယ်လီပို့က တခုခုဖြစ်နေရင် အသိပေးတယ်။ အခုနောက်ပိုင်း ဘာမှအသိမပေးတော့ ဘာဖြစ်မှန်း မသိရဘူး ဖြစ်နေတယ်။ တချို့ပြောတာကတော့ ဆာဗာတွေရဲ့ Back Bone တွေ ဒေါင်းနေတယ်လို့တော့ ပြောသံကြားတယ်"မြန်မာတယ်လီပို့ အင်တာနက်လိုင်း သွယ်ယူ သုံးစွဲနေသူများ အခက်အခဲ ဖြစ်နေချိန်တွင် မြန်မာ့ဆက်သွယ်ရေး (MPT) အင်တာနက်လိုင်း သွယ်ယူသုံးစွဲသူများပါ လိုင်းအဆင်မပြေ ဖြစ်ရကြောင်း အမည်မဖော်လိုသူ အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာ တဦးကလည်း ယခုလို ပြောသည်။

"ကျနော်တို့က ၂ လိုင်း ယူထားတယ်။ ပုဂံ (တယ်လီပို့) ရော၊ MPT ရော။ ၂ ခုလုံးက အခုတလော အဆင်မပြေ ဖြစ်နေတာ။ လာလိုက် ကျသွားလိုက်နဲ့ ၂ ပတ်နီးပါးလောက် ကြာနေပြီ"မြန်မာတယ်လီပို့မှ တာဝန်ရှိသူက ယခုအခါ သက်ဆိုင်ရာ နည်းပညာရှင်များက ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ပြောဆိုသည်။"အကောင်းဆုံးတော့ ပြင်ဆင်နေပါတယ်။ program ပေါ် မူတည်ပြီးတော့ ၁ ရက်လည်း ကြာနိုင်တယ်။ ၂ ရက်လည်း ကြာနိုင်တယ်။ တပတ်လောက်လည်း ကြာသွားနိုင်ပါတယ် "

ဆက်ဖတ်ရန်...

သခင်ပေါက်စ ထောင် ၆ နှစ်

ဓာတ်ပုံသတင်း


လွန်ခဲ့သည့် ၉ နှစ်ခန့်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသော ဒေါ်ဝင်းမြမြ (အလယ်မှ၊ အင်္ကျီအဖြူနှင့်)။
မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားမှုများ၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲများတွင် ပါဝင်ခဲ့သူအချို့သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အောက်ပါအတိုင်း နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။
မန္တလေးတိုင်း
ဒေါ်ဝင်းမြမြ - ထောင်ဒဏ် ၁၂ နှစ်
ဦးကံထူး - ၁၂ နှစ်

ဦးသန်းလွင် - ၈ နှစ်
ကိုမင်းသူ - ၁၃ နှစ်
ကိုဝင်းရွှေ (ကျောက်ပန်းတောင်း မြို့နယ်) - ၁၁ နှစ်
ကိုတင်ကိုကို (မိတ္ထီလာမြို့နယ်) - ၂ နှစ်

ရန်ကုန်တိုင်း
သံဃာ ၇ ပါး - တပါးလျှင် ထောင်ဒဏ် ၄ နှစ်၊ ၃ လ
သီလရှင် ၇ ပါး - ထောင်ဒဏ် ၄ နှစ်၊ ၃လ



ကြံ့ခိုင်ရေးအသင်းဝင်ဟု ယူဆရသူတဦးက သံလက်သီး (သံကွင်း) ဖြင့် တိုက်ခိုက်ခဲ့သောကြောင့် နှာခေါင်းရိုးကျိုးပြီး မျက်လုံးတဘက် ပျက်စီးသွားသော ဦးသန်းလွင် (အသက် ၇၁နှစ်၊ ထောင် ၈ နှစ်)
ကိုမင်းသူ (မိုးကုတ်၊ ထောင် ၁၃ နှစ်)

၂၀၀၇ စက်တင်ဘာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့ကြသော သံဃာများ၊ သီလရှင်များ

ဆက်ဖတ်ရန်...

မြန်မာရေးရာသတင်းများ(၂၄-၁၀-၀၈)





- ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံတင် ထုတ်ပေး click

- တရုတ်နှင့် ကုန်သွယ်မှု တရှိန်ထိုးတက်နေ click
- မြန်မာပြည်အရှေ့ပိုင်းတွင် အရပ်သား ၆၆ဝဝဝ အိုးအိမ်များ စွန့်ခွါ ထွက်ပြေးရ click

- ဆရာတော်ဦးစာရိန္ဒ၊ စာတစောင်နှင့် လပြည့်နေ့ည ဘုရားပွဲ click

- ပင်လယ်များ၏ အရှေ့၊ တောင်များ၏ အနောက် click



- တရုတ်-အာဆီယံ ကုန်စည်ပြပွဲ မြန်မာပါဝင်ပြသ click

- ဒေါင်းတမန်များ ပျံသန်းမြိုင်မြိုင်ချီ (၁) (ခရီးသွားအက်ဆေး)click

- မြန်မာဆန် ဘင်္ဂလာသို့ လှိမ့်ဝင် click

- ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေး တိုးတက်အောင်လုပ်ဖို့ ကင်တားနား တိုက်တွန်း click

- ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အမေရိကန် တောင်းဆို click

- လက်ရှိ ဘဏ္ဍာရေးပြဿနာကို အလန် ဂရင်းစ်ပန်က ဆူနာမီနဲ့တင်စား click

- ရွှေဝါရောင်တော်လှန်ရေး မအောင်မြင်ခြင်းသည် သံဃမဟာနာယကအဖွဲ့ကြောင့်ဟု သံဃာတပ်ပေါင်းစုခေါင်းဆောင် မိန့်ကြား click

- တွေ့ဆုံဆွေးနွေးမှသာ မြန်မာ့နိုင်ငံရေးပြဿနာ ပြေလည်မည်ဟု ကေအန်ယူပြောclick

- မြန်မာနိုင်ငံတွင်း ကျောက်မီးသွေးနှင့် ဓါတ်ငွေ့လောင်စာပြတ် ဘိလပ်မြေစက်ရုံသစ်များလောင်စာအခက်တွေ့ click

- ကမ္ဘာ့ ရာဘာဈေးကျဆင်းမှု မြန်မာကုမ္ပဏီများ ထိခိုက် click

- မန္တလေးတိုင်း အန်အယ်လ်ဒီ ပါတီဝင်များကို ထောင်ဒဏ်ချမှတ် click

- အီးယူ၊ အမေရိကန် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို click

ဆက်ဖတ်ရန်...

GTALK VIRUS ကို ဖြေရှင်းနည်း

၁။ Yahoo Massenger ကို အော်တိုမက်တစ် ထထပြီးတော့ RUN မယ်။

၂။ ပြီးရင် google talk ဒါမှမဟုတ် gmail ကို သုံးလိုက်တာနဲ့ အော်တက်မက်တပ် စာတွေလိုက်ပို့နေမယ် ။

၃။ ၀င်းဒိုးစန်စကတော့ ကျီးဘောင်နည်းနည်းထိသွားမယ် ။ အဲ system 32 ထဲမှာ chrome.exe ကို run မယ် ( google ရဲ့ chrome browser သုံးနေရင်တော့ ဘာတွေဖြစ်မလဲဆိုတာ ကိုယ့်ဘာသာကိုယ်လေ့လာလိုက်။

၎။ ထုံးစံမပျက် Tesk Manager, Folder option , regedit တွေကို လုံးဝကိုင်တွယ်လို့ရမှာမဟုတ်ပါ။

၅။ system Restore လုပ်မယ် မကြံနဲ့ မျိုးပါကန်းသွားမယ်။ကျနော်ကတော့ ရှည်ရှည်ဝေးဝေး သိပ်ပြီးမစမ်းသေးဘူး။ ပရောဂျက်တွေရိလို့ မီးလာတဲ့ အချိန်လေးမှာ အချိန်ရှိခိုက်လုံ့လစိုက်ရတာမို့ပါ။ဒါ တောင် သူငယ်ချင်းဖြစ်တဲ့ စည်တို .. အဲ ..ချစ်ကေ ရဲ့ (KLK) အင်ကြာနက်ဆိုင်မှာ ဘေသုံးရင်း ဟောဒီရွှေဘုန်းလူကစမ်းသပ်ခဲ့တာကို ဖေါက်သည်ချပါတယ်။

ဘယ်လိုရှင်းမလဲလွယ်ပါတယ်။ သိပ်မခက်ပါဘူး ထုံးစံအတိုင်းပါပဲ။

၁။ စက်ထဲမှာရှိနေတဲ့ privateCam_vo.1.exe ဆိုတာကို မရမချင်းရှာ။ ပြီးတော့ SHIFT+ DeL လုပ်ပြစ်လိုက်( သို့သော် လုံးဝဖျက်မရပါ)

၂။ user permission တွေကိုထိတဲ့အတွက် ဒါနဲ့ပါတ်သက်ရင်လက်နဲ့ကိုင်ဖို့တောင်မစဉ်းစားနဲ့

၃။ Ccleanerသုံးတယ် ပြီးတော့ startupထဲက program တွေဖြစ်တဲ့(့ Yahoo Messengger ...... C:\Windows\system32\chrome.exe)(Yahoo!Pager ..................."C:\Program Files\Yahoo!\Messenger\YahooMessenger.exe"-quiet)(Alcmtr ..................................ALCMTR.EXE) တွေကိုဖျက်ပစ်လိုက်

၎။ သင့်ဆီမှာ Not32 ရဲ့ Flashy fix အတွဲလိုက်ကိုထုတ်သုံး။ ကပ်စပါတွေ ဘာတွေညာတွေလာမမေးနဲ့ လျှာတောင်ထုတ်ပြသွားအုံးမယ်။

၅။ Restart လုပ်ပြီးပြန်သုံးလိုက်။RM/ Deep Freezeသုံးထားတဲ့စက်ဆိုရင်တော့ ဘာတွေမှမလုပ်နဲ့ restart ကိုသာမြန်မြန်ချလိုက်။ ပြီးရင် user policy ကိုပြန်ရအောင်ခေါ်လိုက်ဖို့ပဲလိုတယ်။

ကျွန်တော် ခုပဲ ဒီ Gtalk Virus ကို ဖြေတဲ့ နည်းတစ်နည်းကို ရရှိ၍ တင်ပြလိုက်ပါသည်။ ကျွန်တော်ရဲ့ တွေ့ရှိမှု မဟုတ်ပါ။ မိတ်ဆွေ သူငယ်ချင်းများ အားလုံး အစဉ်ပြေ နိုင်ကြပါစေ ။

ဆက်ဖတ်ရန်...

ကုမ္ပဏီများတွင် ၀င်ရောက်လုပ်ကိုင်နေကြသော မြန်မာအမျိုးသမီးများအတွက် သတိပေးချက်။




ကိုနစ်နေမန်း ဘလောက် မှ ကူးယူဖော်ပြပါသည်။

ဆက်ဖတ်ရန်...

မြန်မာရေးရာသတင်းများ(၂၃-၁၀-၀၈)

- (၂၀၀) ကျပ်တန်ထီရောင်းမည်၊ အခွန် နှစ်ဆတိုးရရန်ရည်ရွယ် click

- အာရှနှင့်အီးယူခေါင်းဆောင်များက မြန်မာစစ်အစိုးရအား ဖိအားပေးသင့်click

-သတင်းအမှန် မထုတ်ရဲသော နအဖ၏ သတင်းညာရေးသော သတင်းစာတွင် မဖေါ်ပြသော သက်သေခံဓါတ်ပုံများ click






- လူ့အခွင့်အရေး ရှေ့နေ ဦးအေးမြင့်အတွက် လူဒိုဗစ်တာရီယေး ဆုအခမ်းအနား ရောမမြို့တွင် ကျင်းပclick

- ဘဏ္ဍာရေး ပြဿနာ စီးပွားရေး ထိပ်သီးများ ဆွေးနွေးမည် click


- တပ်ကဆိုတော့ အရပ်ဘက်အုပ်ချူပ်ရေးကို ဂရုမစိုက်တဲ့ သဘော။ ဒီ့အပြင် တပ်အတွင်းမှာလည်း အချင်းချင်း ဖြစ်ကုန်ပြီ။ click

- သေသူတွေကို တံဆိပ်ကပ်ပေးနေတဲ့ နအဖ။click

- ဖလံထောင်မှ ဗိုလ်မင်းရာဇာ မတော်တဆ ကားတိုက်မှုကြောင့် သေဆုံး click

- Grand Royal ဖိတ်ခေါ်ပြိုင်ပွဲ ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာ ပွဲဦးထွက် ဆော်မည် click

- ဖလံထောင်မှ ဗိုလ်မင်းရာဇာ မတော်တဆ ကားတိုက်မှုကြောင့် သေဆုံး click

ဆက်ဖတ်ရန်...

Gtalk virus အသစ်တစ်မျိုး သတင်း

အခု gtalk virus တစ်မျိုးပေါ်နေတယ်၊ virus က ကိုယ့် friend နဲ့ပြောနေတုန်း၊ သူ့ box ထဲကနေ (iew my webcam (private secured connection using privateCam) http://- - - - - - - - - - - - .exe) ဆိုပြီ
အပြာရောင်စာတမ်းနဲ့ပေါ်လာတယ်၊။

(မှတ်ချက်။ အထဲကစာသားတွေကိုတော့မဖေါ်ပြတော့ပါဘူး၊ virus တွေထပ်ပြန့်မှာစိုးလို့ပါ၊ ရှေ့နောက်စကားလုံးတွေပဲနမူနာပြလိုက်ပါတယ်) အဲဒီ့စာကြောင်းကို click နှိပ်လိုက်ရင်virus တွေက ကွန်ပျူတာနဲ့ ကိုယ် gtalk account ထဲကို ၀င်ပြီး ဖျက်ဆီးပါတယ်၊ အ၀င်ခံရတဲ့ account နဲ့ computer က သူနဲ့ပြောတဲ့ gtalk friend တွေဆီကို autochatting လုပ်ပြီး အခုနစာသားတွေထပ်ပို့ပြီးပြန့်ပွားစေပါသည်။

ဆိုးကျိုး တွေနဲ့ ဖျက်ဆီးအားကိုတော့အတိအကျ မသိသေးပါဘူး ။ ထပ်သိရင်ပြောပါမယ်။ (အဓိက အချက်ကတော့။ အဲဒါကို click မနှိပ်ဖို့ပါပဲ) နီးစပ်ရာသူငယ်ချင်းတွေကိုလဲ တဆင့်ပြောပေးပါ။

မြန်မာပြည်မှာ ကျွန်တော် သူငယ်ချင်းတစ်ယောက် အခုလို တွေ့ကြုံ ခံစားလိုက်ရပါတယ် ။အဲဒီ virus ကို တားစီးနိုင်မဲ့ နည်းလမ်း ကတော့ ဖော်မတ်ချ တာကလွဲလို့ တခြားမရှိသေးဘူးလို့ ဆိုပါတယ် ။။

ဆက်ဖတ်ရန်...

မြန်မာရေးရာသတင်းများ(၂၂-၁၀-၀၈)

- ၀စ်သောက်ဆိုင်ကယ်များ လိုင်စင်လုပ်ရက် တိုးမြှင့် click


- အနောက်နိုင်ငံများ၏ မြန်မာပြည်ဆိုင်ရာ အကူအညီပေးရေးမူဝါဒ ခေတ်မမီဟု အိုင်စီဂျီ ပြော click


- ပုံရိပ်နိုင်ငံရေး - အပိုင်း (၂) click


- ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အကြပ်အတည်းနှင့် မြန်မာ့အနာဂါတ် click


- အိမ်ထောင်ပြုရန် အခက်အခဲဖြစ်၍ ဘင်္ဂလားဒေခ်ျ့နိုင်ငံ အတွင်းသို့ ခိုးဝင်လာသူ အမျိုးသမီးငယ် (၄) ဦး ဘင်္ဂလားဒေခ်ျ့တွင် ဖမ်းဆီးခံရ click


- ရခိုင်ထွက်ဝါးများကို ဘင်္ဂလားဒေ့ခ်ျသို့ တင်ပို့နေသဖြင့် ဒေသခံပြည်သူများ အိမ်ဆောက်ရန် အခက်ကြုံ click


- လူရွှင်တော် ဇာဂနာ နိုင်ငံတကာဆု ထပ်မံရရှိ click


- အချင်းချင်း ပစ်ခတ်၍ နအဖ တပ်ကြပ်တဦး သေဆုံး click


- သမီးဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြိုးစားသူ နစက တပ်ကြပ်ကို ကျေးရွာရယကဥက္ကဌက ဓားဖြင့်ခုတ်သတ် click


- သြစတြေးလျနိုင်ငံက မြန်မာစစ်ခေါင်းဆောင်များကို တိုးချဲ့ဒဏ်ခတ်ပိတ်ဆို့ click


- ဒေါ်အေးအေးဝင်းကို ရဲရင့်သော သတင်းသမားဆု ပေးအပ် click


အေပီသတင်းထောက် ဒေါ်အေးအေးဝင်း



- သြစတေးသျှနိုင်ငံက မြန်မာနိုင်ငံအပေါ် ငွေကြေးအရ အရေးယူ ဒဏ်ခတ်မှု စာရင်းတိုးချဲ့သတ်မှတ်click


-် အရှေ့ဘက် တိုင်းရင်းဒေသတချို့ လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်ဖြစ်နေဟု လူမှုရေးအဖွဲ့များဝေဖန်click


-် အာဆီယံပဋိညာဉ် အားနည်းချက်တွေရှိနေဟု ညွန့်ပေါင်းအစိုးရ ဝေဖန်
click

ဆက်ဖတ်ရန်...

အင်းစိန်ထောင်အတွင်း နိုင်ငံရေးသမားများအား မတရားအနိုင်ကျင့်ခံနေရ

၁၉.၁၀.၂၀၀၈နေ.က အင်းစိန်ထောင်အဆောင်(၂) တွင်အကျဉ်းကျနေသော နိုင်ငံရေး အကျဉ်းသား အဖွဲ့နှင့်အဆောင်(၂)အတွင်း ရှိ မောင်ဝိတ်၏ တပည့်များ အဖွဲ့စကားများရန်ဖြစ်ခဲ့ကြပါသည် ။

ယင်းသိုဖြစ်ပွားခဲ့ပြီး အပြစ်ဒဏ်ပေးသောအခါ မျှတမှူ မရှိပဲ နိုင်ငံရေး အကျဉ်းသား ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊သင်္ဃန်းကျွန်းမြို့နယ် လူငယ်တာဝန်ခံ(၁) ကိုအောင်ထွန်းနှင့်ကျန်(၄)လေးဦးပေါင်း (၅)ငါးဦးကို အင်းစိန်ထောင်တွင်းရှိ စစ်ခွေးတိုက်သို.ပို.၍တိုက်ပိတ်ထားခြင်းခံ ခဲ့ ရပါသည်။

ကျန်တဖက်(မောင်ဝိတ်၏တပည့်များ)အဖွဲ.မှာ အပြစ်ပေးခြင်းမခံခဲ့ရပါ။အဆောင်(၂)အတွင်းရှိ ကိုအောင်ထွန်းအပါအ၀င် နိုင်ငံရေးအကျဉ်းသား များသည်အဆောင်တွင်အခြား ခိုး၊ဆိုး၊လုယက် စရိုက်မတူညီသော အကျဉ်းသားများ နှင့်ရောနှော မထား ပဲ သီးသန့်ထားပေးရန်တောင်းဆိုထားခဲ့ကြပါသည်။

ဆက်ဖတ်ရန်...

ပထမ ဆုံးအကြိမ် လူငယ်ဆွေးနွေးပွဲ

ယနေ့ နေ့ လည် ၁၁း၀၀ နာရီ တွင် ရန်ကုန်မြို့  ဗဟန်းမြို့ နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင် အသစ်ပြန်လည် ဖွဲ့ စည်းလိုက်သော လူငယ်ပြန်လည်ဖော်ဆောင်ရေး အဖွဲ့ ၏ ပထမဆုံးအကြိမ် ဆွေးနွေးပွဲ အား ကျင်းပ ခဲ့သည် ။

ထိုသို့ ကျင်းပရာတွင် မြို့ နယ် ပေါင်း ( ၂၆ ) မြို့ နယ် မှ လူငယ် အဖွဲ့ ဝင်ပေါင်း ၉၀ နီးပါးတက်ရောက်ခဲ့ကြ ပြီးမြို့နယ်လူငယ်များမှ ဒီမိုကရေစီအရေးအတွက် ၊ အဖွဲ့ ချုပ်အတွင်း စည်း လုံး ညီညွှတ်ရေးအတွက် တက်တက်ကြွကြွ ဆွေးနွေးခဲ့ကြသည် ။လူငယ်ဖော်ဆောင်ရေး အဖွဲ့  မှလည်း ၎င်းတို့  ၏သဘောထားအား အောက်ပါ အတိုင်း ထုတ်ပြန်ခဲ့ သည် ။

- လူငယ်အချင်းချင်း လက်ရည်တပြင်တည်း သာတူညီမျှ ဆက်ဆံရေးကိုကျင့် သုံးမည် ။

- အပြန်အလှန်လေးစားရေး နှင့် သာတူညီမျှ ဆက်ဆံရေးကို အခြေခံမည် ။

- ဒီမိုကရေစီအရေးနှင့်  အဖွဲ့ ချုပ်အရေး တို့ အတွက်ဆောင်ရွက်မည့် လူငယ်များ ကို လက်ကမ်း
ကြိုဆိုမည် ။

- ဒီမိုကရေစီအရေး ၊ လူ့ အခွင့် အရေး နှင့် အဖွဲ့ ချုပ်အရေးတို့ အတွက် အကြံဥာဏ်ပေးမှု့  ၊
ဝေဖန်မှု့  ၊ ကူညီ မှု့ များ ကို ကြိုဆိုသည် ။

- တနိုင်ငံ လုံးရှိ လူငယ်ထုကို ဦးတည်လျှက် ကိုယ်ကျင့် သိက္ခာနှင့်  စွန့် လွှတ်အနစ်နာခံ မှု့  အရာ တွင် “ စံ ” ယူရလောက်အောင်ကြိုးပမ်းအားထုတ်မည် ။

- အဖွဲ့ ချုပ် ၏ ဖွဲ့ စည်းပုံအခြေခံ စည်းမျည်းပါ ရည်ရွယ်ချက် သုံးရပ် ၊ လုပ်ငန်းစဉ် ( ၆ ) ရပ်
တို့ ကို အကောင်အထည် ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ။

လူငယ်လုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ် ဗဟိုအလုပ်အမှု့ ဆောင်အဖွဲ့ ၏ ဦးဆောင်မှု့  ၊ အထွေထွေအတွင်းရေးမှုး လူငယ့် ရေးရာ တာဝန်ခံ၊ ဒေါ်အောင်ဆန်းစုကြည် ၏လမ်းညွှန်ချက်များနှင့် မူများအတိုင်းဆောင်ရွက်သွားမည်။

ဆက်ဖတ်ရန်...

လူငယ်တိုင်းဖတ်သင့်တဲ့စာတန်းတခု

ကိုမိုးသီး ဘလောက် မှ ကူးယူဖော်ပြပါသည်။

ဆက်ဖတ်ရန်...

မြန်မာရေးရာသတင်းများ(၂၁-၁၀-၀၈)

ပန်းချီဆရာကြီးဦးသုခ၏၈၇နှစ်မြောက်မွေးနေ့ပွဲတွင်အမှတ်တရစကားပြောနေသော ပန်းချီ ၀သုန် (ဓာတ်ပုံ - ပါဖက်မဂ္ဂဇင်း)

- ပန်းချီ ၀သုန် ကွယ်လွန် click

- မြန်မာ့ တရားစီရင်ရေး (အင်တာဗျူး) click

- Flower သတင်းထောက်ချုပ် ကိုစောမြင့်သန်း ပြန်လွတ်မြောက်လာ click

- မြန်မာ့ တရားစီရင်ရေး (အင်တာဗျူး) click

- လူရွှင်တော်ဇာဂနာကို ကနေဒါကလောင်ရှင်များအဖွဲ့မှ ဆုချီးမြှင့် click

-ဗုံးထောင်စဉ်သေဆုံးသူအားသင်္ကန်းဝတ်ဟုအစိုးရသတင်းစာကစွပ်စွဲ click

-ကရင်တိုင်းရင်းသားဒုက္ခသည်များထိုင်းနယ်စပ်သို့ထပ်မံထွက်ပြေးလာ click

- တွေ့ဆုံဆွေးနွေးရေး လမ်းစရှာရန် စစ်အစိုးရနှင့် အန်အယ်လ်ဒီကို ကုလတိုက်တွန်း click

-မြန်မာနိုင်ငံနှင့်လက်တွဲလုပ်ရန်ဖြစ်နိုင်ခြေရှိဟုICGအစီရင်ခံစာကဖော်ပြ click



ဆက်ဖတ်ရန်...

အင်းစိန်ထောင်အတွင်း အဏာပိုင်များရဲ့ဖိနှိပ်ချုပ်ချယ်အုပ်ချုပ်မှု

၁၈-အောက်တိုဘာ၊၂၀၀၈

မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူတဦးဖြစ်တဲ့
၈၈ ‘ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့ မွေးနေ့ အမှတ်တရ ပွဲ ကို နိုင်ငံရေးယုံကြည်ချက်အရ အကျဉ်းကျခံနေရသူများက အင်းစိန်ထောင်အတွင်း အဏာပိုင်များရဲဖိနှိပ်ချုပ်ချယ်အုပ်ချုပ်မှုအောက်မှာ ပြုလုပ်ခဲ့နိုင်ကြပါတယ်။

ဒီမွေးနေ့ပွဲအတွက်
မွေးနေ့ကိတ် ပို့တာကို အကြောင်းပြပြီး၊
ထောင်အာဏာပိုင်တွေဘက်က တင်းကျပ်မှုများစွာပြုလုပ်ခဲ့ကြတဲ့ အတွက်
နိုင်ငံရေးအကျဉ်းသားများအနေနဲ့စိတ်ပိုင်းဆိုင်ရာ အနှောက်အယှက်များစွာဖြစ်ကြရုံမက

တိုက်ခန်းများကိုပါ အဓမ္မ ရွှေ့ပြောင်းခိုင်းခဲ့တဲ့ အတွက် ရုပ်ပိုင်းဆိုင်ရာအရပါ ထိခိုက်မှုဖြစ်နေကြတယ်လို့ သိရှိရပါတယ်။

အင်းစိန်ထောင်အပါအ၀င် မြန်မာနိုင်ငံ အတွင်းရှိ အကျဉ်းထောင်တွေက ထောင်အာဏာပိုင်တွေဟာ လူ့အခွင့်အရေးချိုးဖေါက်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖေါက်ခွင့်ရှိတဲ့နေရာတခုဖြစ်အောင်လုပ်နေကြပါတယ်။

(ကုလသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ် နဲ့ နိုင်ငံရေးအကျဉ်းသားတွေ တွေ့ဆုံပြောဆိုတာတောင် အသံခိုးဖမ်းခဲ့တဲ့ အစဉ်အလာမျိုးတောင်ရှိခဲ့ဘူးပါတယ်။)

အထူးသဖြင့် နိုင်ငံရေး ယုံကြည်ချက်အရ အကျဉ်းကျခံနေရသူများပေါ်မှာ အခြားရာဇ၀တ်မှုအကျဉ်းသားများထက် ပိုမို နှိပ်ကွပ်၊ဖိနှိပ်ချုပ်ချယ်ကြတတ်ပါတယ်။


ကျန်းမာရေးစောင့်ရှောက်မှုအားနည်းချက်၊
အစားအစါမပြည့်စုံမှု၊
အဟာရ ချို့တဲ့မှုတွေအပြင်
ထောင်လက်စွဲ ဥပဒေနဲ့ဆန့်ကျင်ပြီး
နိုင်ငံရေးအကျဉ်းသားတွေ ကို မတရားသဖြင့် တိုက်ခန်းကျဉ်းတွေထဲမှာ ချုပ်နှောင်ထားတဲ့ အတွက် တနေ့တခြား ကျန်းမာရေး အခြေအနေ ပိုမိုဆိုးဝါးလာနေကြလို့
မိသားစုတွေအနေနဲ့နေ့စဉ်နဲ့ အမျှ စိုးရိမ်ပူပန်နေကြောင်းသိရှိရပါတယ်။

ပေးပို့သူ _ Phoenix88


ဆက်ဖတ်ရန်...

တရားစီရင်မှုကို မယုံ၍ ရှေ့နေပါဝါများ ရုပ်သိမ်း

အစိုးရဆန့်ကျင်ရေး ဆန္ဒပြရာတွင် ပါဝင်ခဲ့ပြီး အင်းစိန်ထောင်တွင် ဖမ်းဆီးခံနေရသူ ၄ ဦးက တရားစီရင်မှုများကို အယုံအကြည် မရှိသဖြင့် သူတို့ ရှေ့နေများ၏ ရှေ့နေ ပါဝါများကို ရုပ်သိမ်းလိုက်သည်။

လှိုင်မြို့နယ်မှ ကိုထွန်းထွန်းဦး၊ မထားထားသက်၊ ကိုအောင်ကျော်မိုး၊ ကိုမောင်မောင်လတ်တို့ ၄ ဦးသည် ယနေ့တွင် လှိုင်မြို့နယ် တရားရုံးတွင် တရားစီရင်မှု၌ အယုံအကြည် မရှိသဖြင့် ရှေ့နေများအား ယခုလို ပါဝါ ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

"သူတို့အပေါ်မှာ စွဲဆိုလုပ်ကိုင်နေတဲ့ တရားလိုတွေက မမှန်မကန် စွပ်စွဲနေတဲ့ အနေအထားတွေပေါ့နော်။ ဒီတရားစီရင်ရေးကို မယုံကြည်တဲ့အတွက် ရှေ့နေများ ပါဝါကိုလည်း ရုပ်ပါတယ်တဲ့။ တရားရုံးထုတ်တဲ့အခါ ပြောတယ်။ အမှုကို ဆက်လက်ပြီးတော့ စစ်ဆေး၊ မေးမြန်း၊ ပူးပေါင်းဆောင်ရွက်မှု မလုပ်တော့ဘူး။ အစစ်မခံတော့ဘူး။ အန်ကယ်တို့လည်း ပါဝါရုပ်ကြောင်း ရုံးတော်ကို တင်ပြပြီးတော့ ထွက်လာခဲ့တယ်'' ဟု ဗဟိုတရားရုံး ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။


အလားတူ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးတွင် လူ့အခွင့်အရေး လှုပ်ရှားသူ ကိုအောင်ဇော်ဦး၊ ကိုကျော်စိုး၊ ကိုမောင်ကံတို့သည်လည်း ပြီးခဲ့သည့်အပတ် သောကြာနေ့က သူတို့၏ ရှေ့နေအား ပါဝါ ရုပ်သိမ်းခဲ့သည်။

ထို့အပြင် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးတွင် ရွှေသံစဉ်တီးဝိုင်းမှ ဂစ်တာသမား ကိုဝင်းမော်၊ တက္ကသိုလ် ကျောင်းသားများဖြစ်သည့် ကိုပြည့်ဖြိုးလှိုင် အပါအ၀င် ၉ ဦး၊ ကိုအောင်သွင်၊ ကိုမြစံ၊ ကိုတင်စမ်း၊ ကိုအောင်မြင့်နှင့် ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် ကိုအောင်သိန်းလွင်လည်း ရှေ့နေပါဝါ ရုပ်သိမ်းလိုက်သည်ဟု သူတို့ရှေ့နေက ပြောသည်။

တရားရုံးများတွင် တရားစီရင်မှုအား အယုံအကြည် မရှိခြင်းအပေါ် ထိုင်းနိုင်ငံအခြေစိုက် အကျဉ်းသားများအား ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP မှ အတွင်းရေးမှူး ကိုတိတ်နိုင်က "တရားရုံးကို အယုံအကြည် မရှိတဲ့အခါ လိုက်ပေးနေတဲ့ ရှေ့နေတွေရော၊ တရားလိုတွေရော အယုံအကြည် မရှိတာက ဖြစ်လာတာ။ နအဖ ကတော့ သူတို့ ချမယ်ဆိုတဲ့ စီမံချက်အတိုင်း ချမှာဖြစ်တယ်။ ရှေ့နေငှားခွင့် ရှိတယ်ဆိုတာက ကိုယ့်ဘက်က ခုခံပိုင်ခွင့်နဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ ဖြစ်တယ်လေ။ ရှေ့နေတွေကို ပါဝါရုပ်သိမ်းဖို့ ပြောတဲ့ အမှုသည်တွေကိုလည်း ပြန်ပြီး စဉ်းစားသင့်တယ်" ဟု ပြောသည်။

သူက ဆက်ပြီး "ရှေ့နေတွေက ထောင်မကျအောင် လုပ်ပေးနိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အမှန်တရားနဲ့ ခုခံပိုင်ခွင့်ဆိုတာကိုတော့ လုပ်ပေးနိုင်ပါတယ်။ တချိန်ကျရင် အသုံးဝင်တာတွေ ရှိလာနိုင်ပါတယ်။ ကိုယ့်ဘက်က ဒီစွပ်စွဲခံရတဲ့ လူတွေကို ဥပဒေရေးရာ ရှေ့နေတွေကနေပြီးတော့ ပြန်လည် ချေပခဲ့တယ်ဆိုတဲ့ ကိစ္စက သူတို့ ဘယ်လောက်ပဲ ထောင်ချခဲ့သည်ဖြစ်စေ၊ တချိန်ချိန်ကျရင် အမှန်တရားကို ဖော်ထုတ်နိုင်မှာပါ" ပြောသည်။

ပြစ်မှု ကျင့်ထုံး ဥပဒေ ပုဒ်မ ၃၄၀ နှင့် အကျဉ်းထောင်များ အက်ဥပဒေ ပုဒ်မ ၄၀ များအရ ရှေ့နေနှင့် ထုချေခွင့်၊ တွေ့ခွင့်များကို နအဖ က ပေးထားသော်လည်း ဥပဒေ လုပ်ငန်းစဉ်များ လုပ်ပိုင်ခွင့် ရှိလျက်နှင့် ပါဝါ ရုပ်သိမ်းခံရခြင်းသည် အမှုသည်များ၏ အခွင့်အရေးများကို နစ်နာသည်ဟု ရှေ့နေ ကိုဖိုးဖြူက ပြောသည်။

သူက "ဥပဒေအတိုင်း ဖြစ်ချင်တယ်။ အမှန်တရားလည်း ပေါ်ပေါက်ချင်တယ်။ တကယ့်ကို အမျိုးသား နိုင်ငံရေးမှာ ရပ်တည်ချက်တွေအတိုင်း တရားဥပဒေကို ရင်ဆိုင်ချင်တဲ့ စိတ်က ၈၈ ကျောင်းသားများ၊ အရှင် ဂန္ဘီရ၊ သံဃာတွေရော အားလုံးမှာ ရှိတဲ့ တပြေးညီ ဆန္ဒပဲ ဖြစ်ပါတယ်။ အဲဒီလိုမျိုးကို လူထုကို ကိုယ်စားပြုတဲ့ ဥပဒေ စောင့်ထိန်းပေးမယ့် ရှေ့နေရှေ့ရပ်ကို လိုချင်ကြတယ်။ ဒါတွေ ဖော်ဆောင်နိုင်မယ်ဆိုရင် ရှေ့နေတွေကို ပါဝါရုပ်စရာ အကြောင်း မရှိဘူး" ဟု ပြောသည်။

အာဟာပိုင်များက ဖမ်းဆီးခံထားရသူများအား မည်သည့် ပြစ်ဒဏ်ချမှတ်မည်ဆိုသည်ကို ကြိုတင် ပြင်ဆင်ထားသဖြင့် နိုင်ငံတကာ စံချိန်စံညွှန်များနှင့် မြန်မာနိုင်ငံရှိ ဥပဒေများ မကိုက်ညီခြင်း၊ ဥပဒေဘောင် အပြင်ဘက်က ပြုလုပ်နေခြင်းသာ ဖြစ်သဖြင့် ဥပဒေကို အလွဲသုံးစား လုပ်နေခြင်း၊ ဥပဒေကို မထီမဲ့မြင် လုပ်နေခြင်းသာ ဖြစ်သည်ဟု ကိုတိတ်နိုင်က ပြောဆိုလိုက်သည်။

ဆက်ဖတ်ရန်...

ကေအန်ယူ ခေါင်းဆောင်များ ရွေးချယ်



ကရင်အမျိုးသားအစည်းအရုံးအတွင်း ခေါင်းဆောင်ပိုင်း ခန့်အပ်ရွေးချယ်မှု ပြုလုပ်ခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် နှစ် ၆၀ ကြာ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေသည့် ကေအန်ယူ ခေါ် ကရင်အမျိုးသား အစည်းအရုံး၏ ၁၄ ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာ ၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာ-ထိုင်း နယ်စပ်အနီးတွင် ပြုလုပ်ခဲ့ကြပြီး ခေါင်းဆောင်သစ်များ ရွေးကောက် တင်မြှောက်ခဲ့ကြခြင်း ဖြစ်သည်။

ဥက္ကဌအဖြစ် ဗိုလ်ချုပ် စောတာမလာဘော၊ ဒုတိယ ဥက္ကဌ ပဒိုဒေးဗစ်သာကပေါ၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ အတွင်းရေးမှူး (၁) ပဒိုစောလှငွေ၊ အတွင်းရေးမှူး (၂) စောဒါလေးမှူးတို့ကို တင်မြှောက်ခဲ့ကြသည်ဟု စကော ကရင်ဘာသာဖြင့် ရေးသားထားသည့် ကွဲကလူလ် သတင်းဌာနအဆိုအရ သိရသည်။

ကေအန်ယူ ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ၊ ဗိုလ်ချုပ် စောတာမလာဘောသည် (၇) ဦးမြောက် ဥက္ကဌ ဖြစ်သည်။ ယခင် ဥက္ကဌဖြစ်သူ စောဘသင်စိန်သည် မေ ၂၂ ရက်နေ့က ကွယ်လွန်ခဲ့ပြီးနောက် စောတာမလာဘောသည် ယာယီဥက္ကဌအဖြစ် ထမ်းဆောင်ခဲ့သည်၊

အစည်းအဝေးသို့ ကရင် အရပ်ဘက်၊ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များ၊ ကရင်မျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ခုမှ တာဝန်ရှိသူများနှင့် ခရိုင်အသီးသီးမှ တာဝန်ရှိသူများ လည်း တက်ရောက်ခဲ့ကြသည်။

ကေအန်ယူ၏ ပထမဆုံး အမျိုးသမီးအတွင်းရေးမှူးအဖြစ် နောစီဖိုးရာစိန် အရွေးခံရ


အထွေထွေအတွင်းရေးမှူးနေရာတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတဦးအား ကျင်းပ ပြီးစီးခဲ့သည့် ကရင်အမျိုးသားကွန်ဂရက်မှ ရွှေးချယ်တင်မြှောက်လိုက်သည်။

နော်စီဖိုးရာစိန်သည် လက်ရှိ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောတာမလာဘော၏ သမီးဖြစ်ပြီး အစ်ကိုနှစ်ဦးအနက် တဦးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ စစ်ရေးချုပ် ဗိုလ်ချုပ်စောဘိလစိန်ဖြစ်ကာ ကျန်တဦးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၂) တောင်ငူခရိုင်၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောအားစီ ခေါ် မဲအေစိန်ဖြစ်သည်။



ယခုကဲ့သို့ နိုင်ငံရေး၊ စစ်ရေးကဏ္ဍများကို အဓိကတာဝန်ယူရသည့် ကရင်အမျိုးသားအစည်းအရုံး၏ အထွေ ထွေအတွင်းရေးမှူးအဖြစ် နော်စီဖိုးရာစိန်အား ရွှေးချယ်ခြင်းနှင့်ပတ်သက်၍ မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်က “ ဒီ (၁၄) ကြိမ်မြောက် ကွန်ဂရက်မှာ ကိုယ်စားလှယ်အားလုံးရဲ့ ယုံကြည်မှုအရ ရွှေးချယ်တင်မြှောက်ခံရတာဖြစ်တယ်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်ရေး၊ တိုင်းရင်းသားအရေးသာမကဘဲ မြန်မာ့အရေးကိုပါ ဦးဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်တယောက်အဖြစ် ယုံကြည်လို့ တာဝန်ပေးအပ်ခြင်းခံရတာ ဖြစ်တယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ မှန်ကန်တဲ့ ရပ်တည်ချက်၊ ပြတ်သားတဲ့မူဝါဒအပေါ်မှာ ဦးဆောင်မှုအခန်းကဏ္ဍပေးနိုင်မယ်ဆိုရင် ဘယ်သူမဆို ခေါင်းဆောင်ဖြစ်နိုင်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဆက်ဖတ်ရန်...

တပ်မတော်မှတ်တမ်းရုံးအနီး ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ စွမ်းအားမြှင့် မြန်မာကျောင်းသားစစ်သည်တော်များ၏ ကြေညာချက်

ဆက်ဖတ်ရန်...

ရန်ကုန်မြို့မှာ ပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်သေကြေမှုမရှိ

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် လူနေရပ်ကွက်အတွင်း၌ ယမန်နေ့ ညနေ (၅) နာရီခွဲခန့်က ဗုံး (၁) လုံး ပေါက် ကွဲပြီး လူ (၁) ဦး သေဆုံးသွားကြောင်း မြောက်ပိုင်းခရိုင် တာဝန်ကျရဲအရာရှိတဦးက အတည်ပြုပြောကြား သည်။

ရွှေပြည်သာမြို့နယ် (၁၈) ရပ်ကွက် ရေပြာလမ်းသွယ် အိမ်အမှတ် ၂၉၈ (က) အတွင်း ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အိမ်ရှင် အဘ ဦးမြအုန်း၏ သား အသက် (၃၅) နှစ်အရွယ် ကတုံး (ခ) သက်ဦးဝင်း ဗိုက် ပေါက်သေဆုံးသွားသည်ဟု ရဲကပြောသည်။

အဆိုပါအိမ်၌ သားအဖ (၂) ဦးသာ နေထိုင်ပြီး ဖခင် တရားစခန်းသွားနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ပေါက်ကွဲမှုကြောင့် အိမ်ရှေ့အဖီ အမိုးသွပ်များပါ ပွင့်ထွက်သွားကြောင်းနှင့် ထိုအိမ်၌ပင် နောက်ထပ် ဗုံး (၃) လုံးကို အာဏာပိုင်များက ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်ရဲစခန်းမှ ဒု-ရဲအုပ်တဦးက “ဒီလိုပေါက်ကွဲမှုဟာ အိမ်ထဲမှာဖြစ်တဲ့အတွက်ရော၊ နောက်ထပ် ဗုံးတွေတွေ့တဲ့အတွက်ရော ဒီလူဟာ ဖောက်ခွဲရေးသမား ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒါပေမယ့် အ ကြောင်းစုံကိုတော့ စုံစမ်းနေဆဲပါ” ဟု ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ၁၈ ရက်နေ့ ညနေပိုင်းက ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ ထိုနေရာ၌ပင် နောက်ထပ်ဗုံး (၁) လုံးကို တွေ့ရှိပြီး မပေါက် ကွဲမီ တားမြစ်နိုင်ခဲ့ကြောင်း သိရသည်။ရန်ကုန်မြို့နယ် ဘောက်ထော် အားကစားကွင်း အနီးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့နောက် အာဏာပိုင်တွေက လုံခြုံရေးတွေ တိုးမြှင့်ချထားခဲ့ပေမယ့် ဒီကနေ့တော့ အခြေအနေတွေဟာ တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်နေပြီလို့ မြို့ခံတွေက ပြောကြပါတယ်။

"အသေအပျောက်တော့ မရှိဘူး။ ၇ခွဲလောက်က ဖြစ်သွားတာ။ မှတ်တမ်းရုံးရှေ့နားက ဘောလုံးကွင်းနားမှာ။ ဖြစ်ဖြစ်ချင်းတော့ ဘောက်ထော်က မြောင်းရှေ့မှာ လမ်းပိတ်ထားပြီးတော့ မှတ်တမ်းရုံးဘက်ကိုတော့ သွားလို့မရဘူးပေါ့။ အခုတော့ အေးဆေးပါပဲ။"

မြန်မာနိုင်ငံမှာ လစဉ်လတိုင်း ဆိုသလို ပေါက်ကွဲမှုတွေ ဖြစ်ပွားနေရာမှာ တချို့ကတော့ မတော်တဆ ဖြစ်ရပ်တွေဖြစ်ပြီးတော့၊ တချို့က မသမာသူတွေရဲ့ တိုက်ခိုက်မှု ဖြစ်တယ်ဆိုပြီး မြန်မာစစ်အစိုးရက ပြောဆိုတာတွေ ရှိပါတယ်။ မနှစ်တုန်းက သံဃာတော်တွေရဲ့ ငြိမ်းချမ်းစွာ မေတ္တာပို့ ကြွချီ ဆုတောင်းပွဲတွေကို လုံခြုံရေးအာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းခဲ့တာ တနှစ်ပြည့်တော့မယ့်အချိန် ပြီးခဲ့တဲ့လ စက်တင်ဘာထဲမှာတုန်းကလည်း ရန်ကုန်မြို့လည်က မြို့တော်ခမ်းမ အနီးမှာ ဗုံးတလုံးပေါက်ကွဲခဲ့လို့ လူတချို့ ထိခိုက်ဒဏ်ရာရခဲ့တာတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်ထဲတုန်းကလည်း ရန်ကုန်-တိုက်ကြီး ပြေးဆွဲတဲ့ ခရီးသည်တင် ယာဉ်မှာ ဓာတ်ငွေ့အိုးပေါက်ကွဲခဲ့လို့ လူ (၇) ယောက်သေဆုံးခဲ့တဲ့အထိ ဖြစ်ခဲ့ပြီးတော့ ဒါဟာ မတော်တဆမှုသာ ဖြစ်တဲ့ အကြောင်း စုံစမ်းတွေ့ရှိချက်တွေအရ သိရတယ်လို့ မနေ့တုန်းက အစိုးရပိုင်သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။

ဗုံးကွဲမှုအများအပြားအနက် ပြီးခဲ့သည့် ဇူလိုင်လက ဖြစ်ပွားခဲ့သည့် ရွှေပြည်သာကြံ့ဖွံ့ရုံးပေါက်ကွဲမှုကိုသာ အန် အယ်လ်ဒီပါတီဝင်များ၏ လက်ချက်ဖြစ်သည်ဟု စစ်အစိုးရက စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး အခြားဗုံးပေါက်ကွဲမှု အ များစုမှာ တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက်သမားများ၏ လက်ချက်ဖြစ်သည်ဟုသာ စစ် အစိုးရက စွပ်စွဲလေ့ရှိသည်။

ဆက်ဖတ်ရန်...

ပြည်တွင်း လူငယ်များ၏ အခြေနေမှန် အားတင် ပြ လိုက် သည်

NLD ပါတီ ၀င် လူငယ် ( ၁၀၀ ) ကျော် နုတ်ထွက် ခဲ့ ကြသည် ဟု သတင်းများ ပြည်တွင်း ပြည်ပ တွင် ပျံ နှံ နေ သည့် အတွက် ၊ ပြည်တွင်း ပြည်ပ ရှိ ဒီမိုကရေစီ အင်အားစုများ အမှန်တကယ် ဖြစ်ရပ် အပေါ် သိမြင် စေရန် တင် ပြလိုက် ရ ပါသည် ။

ပြီးခဲ့ သည် ရက် ပိုင်းများက မီဒီယာ များတွင် ပါရှိလာ သော လူငယ်များ ၏ နုတ်ထွက်ကြောင်း လက် မှတ်ထိုးကြသည် လူငယ် အများစု သည် ပါတီ ပြင်ပ မှလူငယ်များဖြစ် ကြပြီး ပါတီတွင် တရားဝင် အသင်း ၀င် ထားသူများမဟုတ်ကြပါ ။ အချို့ သော မြို့  နယ်များရှိ ပါတီဝင် လူငယ် များသည် ထိုသူတို့  ကိုယ်တိုင် ပင် မသိ ရှိလိုက် ပဲ နုတ်ထွက် သည့်  အထဲ တွင် ပါ ၀င် နေသည် ကို တွေ့  ရပါသည် ။

ထိုကဲ့ သို မိမိဆန္ဒ သဘော ထား မပါ ပဲ နုတ်ထွက် သည့်  အထဲတွင် ပါဝင်နေသော လူငယ်များသည် အချိန်မှီ ဖြေရှင်း နိုင်ရန်ဆောင်ရွက် နေပြီ ဖြစ် ပါသည် ။ အမှန်တကယ် နုတ်ထွက် သည့်  လူငယ်များမှ ခန်မှန်းခြေ အားဖြင့်  ( ၁၅ ) ယောက် ၀န်းကျင် သာရှိပါသည် ။ ကျန်သည့်  လူငယ် များမှာ ယခု ကိစ္စ ကို ဦးဆောင် နေသူများ၏ တဖက်လှည့်  ဖြင့် သွေး ဆောင် သိမ်းသွင်း ခြင်းခံ လိုက် ကြရသော လူငယ် များဖြစ်ပါသည် ။ မီဒီယာများတွင် ပါရှိလာသည့်  လူငယ်
( ၁၀၀ ) ကျော် နုတ်ထွက် သည် ဆိုသော်လည်းပဲ အမှန်တကယ် လူငယ်ပါတီ ၀င် များမဟုတ်သည် အတွက် ဒီမိုကရေစီ အင်အားစု များအနေဖြင့်  အဆိုပါကိစ္စအား စိုးရိမ်ကြောင့် ကြ နေရန် မလိုပါကြောင်း အသိ ပေး လိုက် ရပါသည် ။

ယခုကဲ့သို့ ပါတီ ၀င် လူငယ် များအကြားစိတ်ဝမ်း ကွဲ စေရန် ၊ ပါတီအား အင်အားယုတ်လျှော့ စေ ရန် သပ်လျှိုသွေးခွဲလုပ်ဆောင် နေသူများအား ဒီမိုကရေစီအင်အားစုများအနေနှင့်  ၀ိုင်းဝန်း ဆန့် ကျင် သွားကြပါရန် နိုးဆော် လိုက် ရ ပါ သည် ။

ခွပ်ဒေါင်းသွေး မှ ကူးယူဖော်ပြပါသည်။

ဆက်ဖတ်ရန်...

စင်္ကာပူမှာ၊ဆေးကုသခွင့်ငြင်းပယ်ခံလိုက်ရတဲ့၊မြန်မာစစ်အာဏာရှင်၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ။

မြန်မာစစ်ဆရာဝန်တွေကို၊အယုံအကြည်မရှိဆိုတဲ့၊အကြောင်းပြချက်နဲ့၊အူကင်ဆာရောဂါဖြစ်နေတဲ့၊ဗိုလ်ချုပ်မှူး ကြီးသန်းရွှေဟာ၊စင်္ကာပူနိုင်ငံမှာ၊ဆေးရုံတက်ကုသရန်စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။

သူ့ရဲ့လုံခြုံရေးအတွက်၊ဆေးရုံတက်စဉ်၊သူနေထိုင်မဲ့အခန်းရှိ၊အထပ်တခုလုံးအား၊စင်္ကာပူမှလုံခြုံရေး တာဝန်ယူ ပေးရန်နှင့်စင်္ကာပူအစိုးရ၏ဧည့်သည်တော်အဖြစ်၊ဖိတ်ကြားပေးရန်၊နိုင်ငံခြားရေးဝန်ကြီးဌာနမှစင်္ကာပူအစိုးရထံ တင်ပြတောင်းခံခဲ့ကြောင်းကြားသိရပါတယ်။

ဒီလိုတောင်းဆိုချက်တွေထဲက၊စင်္ကာပူအစိုးရဘက်က၊သည်းမခံနိုင် တဲ့တောင်းဆိုချက်ကတော့၊ သူ့ရဲ့ ရောဂါ ပျောက်ကင်းမှုကို၊ဆေးရုံမှအာမခံရမယ်ဆိုတဲ့အချက်ပါဘဲ။

ဒီလိုမဖြစ်နိုင်တဲ့တောင်းဆိုမှုတွေကိုသည်းမခံနိုင်တဲ့အဆုံးမှာတော့၊စင်္ကာပူတာဝန်ရှိပုဂ္ဂိုလ်များ မှ၊ “ဒီလိုရော ဂါ မျိုးဟာ၊စင်္ကာပူထက်၊ UK နိုင်ငံမှာကုသတာဟာ၊ပိုမိုသင့်လျှော်ပြီး၊အာမခံချက်ပိုရှိလို့၊အဲဒီကိုဘဲသွားရန်အကြံပြုပါ တယ်။“ဆိုတဲ့အကြောင်းပြချက်နဲ့၊ငြင်းပယ်ခံရတာကြောင့်၊စင်္ကာပူခရီးစဉ်ကိုဖျက်သိမ်းလိုက်ရတာလို့နေပြည် တော်စစ်ရုံးချုပ်အသိုင်းအ၀ိုင်းမှ၊သတင်းများထွက်ပေါ်လျှက်ရှိပါတယ်။

(ထိုင်းနှင့်တရုတ်နိုင်ငံ၊တနေရာရာမှာ၊ဆေးကုသခွင့်အတွက်၊မြန်မာနိုင်ငံရှိသံရုံးများမှတဆင့်စီစဉ်ဆောင်ရွက်နေတယ်လို့ယုံကြည်ယူဆရပါတယ်။)
သူရဲကောင်း။

ဆက်ဖတ်ရန်...

ကိုဇာဂနာ့ ကျန်းမာရေးအတွက် မိသားစု စိုးရိမ်

အကျဉ်းကျခံနေရသည့် ဟာသ သရုပ်ဆောင် ဇာဂနာ ခေါ် ကိုသူရသည် ပြီးခဲ့သည့် ၂ ရက်က မိသားစုထံ ဆေးဝါးများ မှာယူနေသဖြင့် သူ့ကျန်းမာရေးအတွက် မိသားစုဝင်များက စိုးရိမ် ပူပန်နေကြသည်။

ယခုလ ၁၅ ရက်နေ့က ကိုဇာဂနာအား ဖမ်းဆီး ထိန်းသိမ်းထားသည့် ရန်ကုန်တိုင်း အင်းစိန် အကျဉ်းထောင်ရှိ အနောက်ပိုင်း ခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့ရာ သူက လုံခြုံရေးဝန်ထမ်းမှတဆင့် အသဲအားတိုးဆေးနှင့် အစာအိမ်ဆေးများ မှာကြားခဲ့သဖြင့် မိသားစုဝင်များမှ စိုးရိမ်မကင်း ဖြစ်နေခြင်း ဖြစ်သည်။

"ရောဂါအခြေအနေက စိတ်ပူလို့ပေါ့နော်။ ကာကွယ်တဲ့ အနေနဲ့ ဒီဆေးကို သုံးချင်လို့လား၊ ရုတ်တရက်ဖြစ်လာရင် သောက်မလို့လား။ မသိဘူးပေါ့နော်။ သူနဲ့မှ မတွေ့ရဘဲ ရဲနဲ့ပဲ တွေ့ရတာကိုး။ ရဲက ''အဲဒီဆေး၊ အဲဒီဆေး၊ ကိုသူရ မှာတယ်'' ဆိုတဲ့အခါကျတော့။ သွားတဲ့အကိုကလည်း မမေးခဲ့ဘူးလေ" ဟု ဇာဂနာ၏ မိခင် ဒေါ်ကြည်ဦးက မဇ္ဈိမကို ပြောသည်။

ဒေါ်ကြည်ဦးက ဆက်ပြီး ''လူကတော့ နည်းနည်း ပိန်သွားတယ်ပေါ့။ အန်တီတို့ကတော့ သွားမကြည့်ဘူးလေ။ မသွားနိုင်ဘူး။ ဝေးလို့လေ။ သားကိုပဲ လွှတ်တာပေါ့။ လူကတော့ ပိန်သွားတယ်ပေါ့။ မှာတဲ့ဆေးကို တနင်္လာနေ့ကို ပို့လို့ရတယ်လေ။ အဲဒီနေ့ကို သွားပို့မယ်'' ဟု ပြောသည်။

အကျဉ်းထောင်အတွင်း၌ ဆေးဝါး မစုံလင်သလို၊ ကုသမှု အပိုင်းတွင်လည်း ချို့တဲ့သောကြောင့် ထောင်ပြင်ပရှိ နိုင်ငံရေးအကျဉ်းသား မိသားစုများက သူတို့၏ စိုးရိမ်ပူပန်မှုကို မကြာခဏဆိုသလို ယခုလို ထုတ်ဖော်ပြောဆိုလေ့ ရှိသည်။ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ အတွင်းရေးမှူး ဦးတိတ်နိုင်က "ထောင်ထဲမှာက လူနာတွေ၊ နေမကောင်းတဲ့ လူတွေကို ပေးတယ်ဆိုတာ ဒါမျိုးဆေးတွေ ပေးလေ့ မရှိပါဘူး။ ပါရာစီတမောတို့ပဲ ထောင်ထဲမှာ ပေးလေ့ ရှိပါတယ်'' ဟု ဆိုသည်။

''အိုင်စီအာစီ (အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့) ၀င်လို့ မရတော့တဲ့ နောက်ပိုင်းကာလက စပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေက တော်တော် ဆိုးဝါးလာတယ်။ ကျနော်တို့ဆီမှာ အယောက် ၅၀ ကျော် စာရင်းပြုစုထားတာ ရှိတယ်လေ။ ရောဂါအလိုက် တော်တော်လေး ကျန်းမာရေး မကောင်းတဲ့ လူတွေပေါ့နော်'' အမှုအတွက် ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးခင်မောင်ရှိန်က ရုံးထုတ်စဉ်က ကိုဇာဂနာ၏ ကျန်းမာရေး ကောင်းမွန်သည်ဟု ပြောဆိုနိုင်သော်လည်း ရောဂါအခံများ ရှိနေသည်ကို ထောက်ပြ ပြောဆိုသည်။

ကိုဇာဂနာတွင် ယခင်ကတည်းက သွေးတိုး၊ အစာအိမ်၊ ကျီးပေါင်းတက်သည့် ရောဂါ၊ နှလုံးရောဂါ စသဖြင့် ရှိသလို အဖမ်းမခံရခင်က သွေးတိုးသောကြောင့် မူးလဲပြီး မဟာမြိုင် ဆေးခန်းသို့ သူ၏ အပေါင်းအသင်းများက လိုက်လံ ပို့ဆောင်ခဲ့ရသေးသည်။

ယခုနှစ် ဇွန်လဆန်းက အထူး ရဲသတင်းတပ်ဖွဲ့နှင့် ရပ်ကွက် အေးချမ်းသာယာရေး ကောင်စီမှ တာဝန်ရှိသူ ၉ ဦးတို့က ကိုဇာဂနာ၏ နေအိမ်အတွင်း ရှာဖွေမှုများ ပြုလုပ်ကာ၊ လူကိုပါ ဖမ်းဆီးသွားခဲ့သည်။ ဖမ်းဆီးခံရချိန်တွင် ကိုဇာဂနာသည် နာဂစ်မုန်တိုင်းသင့် ဧရာဝတီတိုင်းမှ ဒုက္ခသည်များအား ထောက်ပံ့ကူညီရေးအတွက် အားတက်သရော ပြုလုပ်နေခဲ့သည်။

နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများကို နအဖ စစ်အစိုးရက ရုတ်တရက် ငြင်းဆန်ခဲ့ကာ၊ ဆိုးရွားလှသည့် ပျက်စီး သေဆုံးမှုများအား လျှော့ပေါ့ပြောဆို သတင်းထုတ်လွှင့်ချိန်တွင် ကိုဇာဂနာတို့ကဲ့သို့ စေတနာရှင်များက ပြည်ပမီဒီယာများမှတဆင့် အခြေအနေမှန်ကို ဖော်ထုတ်ခဲ့ကြသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေးတွင်လည်း သံဃာတော်များအား ထင်ရှားသည့် နိုင်ငံရေးသမားကြီး အမျိုးသားရေး ဦးဝင်းနိုင်၊ နိုင်ငံကျော် ရုပ်ရှင်မင်းသား ကျော်သူတို့နှင့်အတူ သူက ရေနှင့် ဆွမ်း ကပ်လှူခဲ့သည်။ နိုင်ငံတော် အာဏာပိုင်များ၏ မတရားဖိနှိပ်မှုများအပါအ၀င် လုပ်ကိုင်ဆောင်ရွက်မှု ညံ့ဖျင်းလွဲချော်နေမှုများကို အများပြည်သူ ရှေ့မှောက်၌ ဖွင့်ဟထုတ်ဖော် ပျက်ရယ်ပြုလေ့ ရှိသဖြင့်လည်း အာဏာပိုင်များက မကြာခဏ ခေါ်ယူစစ်ဆေးမှုနှင့် ဖမ်းဆီးချုပ်နှောင်မှု ခံခဲ့ရသူလည်း ဖြစ်သည်။

ယခုအခါ သူ့ကို နိုင်ငံတော်အား အကြည်ညိုပျက်စေမှု အပါအ၀င် ပုဒ်မ ၇ ခုဖြင့် တရားစွဲဆိုထားသည်။ ပြီးခဲ့တဲ့ ၂ ရက်က ရုံးထုတ်ရာတွင် အခြားသော နိုင်ငံရေး အကျဉ်းသားများနည်းတူ သူ၏ မိသားစုဝင်များလည်း တရားရုံး၏ စစ်ဆေးမှုကို ၀င်ရောက်ကြားနာခွင့် မရခဲ့ပေ။

အလားတူပင် ယခုတပတ်အတွင်း အင်းစိန်တရားရုံးတွင် ထိန်းသိမ်းထားသည် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့်အတူ အဖမ်းဆီးခံထားရသည့် နိုင်ငံရေးလှုပ်ရှားသူများ၏ မိသားစုဝင်များက တရားခွင်အတွင်း ကြားနာခွင့် ရရှိရေးအတွက် နေပြည်တော်တွင် ရုံးထိုင်သည့် နိုင်ငံတော် တရားသူကြီးချုပ်ထံသို့ တောင်းဆို ထားခဲ့ကြသည်။

ဆက်ဖတ်ရန်...

မြန်မာသံရုံးများနှင့်ဒေသခန့်(ခေါ်) လိုကယ်ဝန်ထမ်း

သံတမန်တဦး (၁၇-၁၀-၀၈)။ ။

မြန်မာပြည်အတွက် ကိုယ်စားပြုသော နိုင်ငံတကာရှိ ဖွင့်လှစ်ထားသော မြန်မာသံရုံးများတွင် ဒေသခန့် (ခေါ်) local staff များနေရာတွင် မြန်မာနိုင်ငံသားများ တဖြည်းဖြည်းဝင်ရောက် လုပ်ကိုင်လာသည်မှာ များပြားလာသည်ကို တွေ့ရသည်။

ဒေသခန့် (ခေါ်) local staff များကို ယခင်က သက်ဆိုင်ရာနိုင်ငံ၏ ဘာသာစကားကျွမ်းကျင်သူ ယင်းနိုင်ငံသားများကိုသာ ခန့်ထားလေ့ရှိသည်။ မဆလ ခေတ်ကဆိုလျှင် မြန်မာသံရုံးများတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ထမ်းများမှအပ ကျန်ဝန်ထမ်းများသည် သက်ဆိုင်ရာနိုင်ငံသား (သို့) ယင်းနိုင်ငံတွင် နေထိုင်သော တခြားနိုင်ငံသားများသာ ရှိကြသည်။ ယခုနအဖလက်ထက်တွင် မြန်မာသံရုံးများ၌ မြန်မာနိုင်ငံသား (ပြည်ပရောက်) များပါ ၀င်ရောက်လုပ်ကိုင်လာသည်မှာ များစွာရှိသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံသားများ ၀င်ရောက်လုပ်ကိုင်လာသည်နှင့်အမျှ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ဖြင့် စေလွှတ်ထားသော အဆင့်ဆင့်သံအရာရှိ/အရာထမ်းများ အချင်းချင်းသွေးကွဲပြီး လုပ်ငန်းတာဝန်များ မှားယွင်းခြင်း၊ လစ်ဟင်းခြင်း၊ လာဘ်လာဘစားသုံးခြင်း၊ အချင်းချင်း မသင့်မမြတ်ဖြစ်ခြင်းများကို တွေ့ရှိရသည်။

သံရုံးအကြီးအကဲဟုဆိုသည့် သံအမတ်ကြီးများကလည်း ဖြုတ်ဦးနှောက်နှင့် အသက်ရှင်နေသည့်အလား မစဉ်းစား မဆင်ခြင်ဘဲ လက်လွတ်စပယ် ဖြစ်ချင်တိုင်းဖြစ်နေသည်မှာ ထိုဒေသခန့်များ ခန့်ထားသည့် နိုင်ငံတိုင်းတွင်ရှိသော မြန်မာသံရုံးများတွင် ဖြစ်ပျက်နေသည်ကို တွေ့ရသည်။

ယင်းဒေသခန့် မြန်မာနိုင်ငံသားများသည် ဦးတည်ချက်၊ ရည်မှန်းချက်မရှိဘဲ အခြေမဲ့သူ ကြောင်ဖားများဖြစ်ပြီး ၎င်းတို့ပြည်ပထွက်လာစဉ်က မည်သည့်ရည်ရွယ်ချက်ကြောင့် ထွက်လာသည်ကို မသိရသော်လည်း ပြည်ပထွက်လာသူများ နည်းတူ တန်းတူလုပ်ရန် အရည်အချင်းမရှိသောကြောင့် မြန်မာသံရုံးသို့ ၀င် ရောက်လာခြင်းဖြစ်သည်ကို တွေ့ရသည်။

ထိုသို့ဝင်ရောက်လာပြီး မိမိနေရာရစေရန်အတွက် သံအမတ်ကြီှးမှအစ အဆင့်ဆင့် သံအရာထမ်းများကို မမှန်သတင်း အချက်အလက်များပေးပြီး တဆိတ်ကို တအိတ်လုပ်ကာ ပုံပြင်သဖွယ်ဖန်တီးပြီး စည်းရုံးနိုင်ခဲ့သလို အရက်ကြိုက်သူကိုအရက်၊ မိန်းမကြိုက်သူကို မိန်းမ၊ လောင်းကစားကြိုက်သူကို လောင်းကစား၊ ပိုက်ဆံ၊ ပစ္စည်းမျိုးစုံဖြင့် စည်းရုံးကာ ၀င်ရောက်မွှေနှောက်နေသည်ကို တွေ့ရသည်။

ယင်းအဖြစ်အပျက်များ မှန်သည်မှားသည်ကို တာဝန်ရှိပုဂ္ဂိုလ်များလေ့လာပါက ထို့ထက်ပိုဆိုးသည့် အခြေအနေများကိုပါ တွေ့ရှိရမည်ဖြစ်သည်။ မည်သည့်သံရုံးတွင် မည်သို့ဖြစ်နေသည်ကိုလည်း အသေးစိတ်လေ့လာစေလိုကြောင်း စေတနာနှင့် အသိပေးပါသည်။

ခေတ်ပြိုင်ဂျာနယ် မှ ကူးယူဖော်ပြပါသည်။
ကျွန်တော် ကြုံတွေ ရတဲ့ သံရုံးတစ်ရုံး ဟာဆိုရင်လဲ ဒီအတိုင်းပဲခင်ဗျ။ သံရုံးသို့ လာရောက်ပြီး visa လျှောက်လိုသော နိုင်ငံသား တယောက်က အင်္ဂလိပ် လို မေးမြန်းခြင်းကို မြန်မာနိုင်ငံ ကိုယ်စားပြု အဲဒီ သံရုံးမှ ၀န်ထမ်းက ပြန်လည်၍ အင်္ဂလိပ်လို ပြန်လည် ဖြေကြားနိုင်ခြင်းမရှိ ပါ ။ကျွန်တော် စုံစမ်းကြည့်တော့ အဲဒီ သံရုံး ၀န်ထမ်းက over stay ဖြစ်နေသော မြန်မာနိုင်ငံသား တစ်ဦး ဖြစ်နေပါသည်။

ကျွန်တော့် ထင်မြင်မြင်ယူဆချက်အရ မြန်မာပြည်အတွက် ကိုယ်စားပြုသော နိုင်ငံတကာရှိ ဖွင့်လှစ်ထားသော မြန်မာသံရုံးများတွင် သက်ဆိုင်ရာနိုင်ငံ၏ ဘာသာစကားကျွမ်းကျင်သူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ခန့်အပ်ထားသော ၀န်ထမ်းများ နှင့် သက်ဆိုင်ရာနိုင်ငံသား (သို့) ယင်းနိုင်ငံတွင် နေထိုင်သော တခြားနိုင်ငံသားများသာ ဖြစ်သင့်ပါသည်။

ဆက်ဖတ်ရန်...

မြန်မာရေးရာသတင်းများ(၁၇-၁၀-၀၈)


ကိုကျော်စိုး မခင်မိုးအေး

- မခင်မိုးအေးနှင့် ကိုကျော်စိုးအား ထောင်ဒဏ်ချ မှတ် click

- အိန္ဒိယမြန်မာ ကုန်သွယ်ရေးဂိတ်များ ထပ်ဖွင့်ရန် သဘောတူ click

- မုန်တိုင်းသင့် ကလေးငယ်များ၏ ပညာရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး ထိရောက်စွာ ပံ့ပိုးသင့် click

- နွားနို့သုံးပြီး နို့ဆီချက်ရန် ညွှန်ကြား click

- မုံရွာတွင် တားမြစ်စာရင်း မပါသည့် နို့မှုန့်များ အ လျော်မပေးဘဲ သိမ်း click

- ပြန်ပေးဆွဲခံရသည့် မြန်မာသင်္ဘောသား (၁၄)ဦး ပြန်လွတ် click

- တရုတ်နိုင်ငံတွင် အင်တာနက်ကဖေး သုံးသူများကို ဓာတ်ပုံရိုက်မည် click

- ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှ လောင်းကစားသမားများ ထိုင်း-မြန်မာနယ်စပ်ရှိ ကာစီနိုရုံများသို့ ပြောင်းရွှေ့ click

- ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၂၂၅) click

ဆက်ဖတ်ရန်...

၈၈၈၈ ပြည်သူ့သတင်းစဉ်၊ အတွဲ - ၁၊ အမှတ် - ၈ (အောက်တိုဘာလ-၂၀၀၈)

ဆက်ဖတ်ရန်...

မြန်မာကျူးပစ်ဖိုရမ် - ရယ်စရာမောစရာ နိုင်ငံတကာ ဟာသများ (07/08)

ဆက်ဖတ်ရန်...

ဒေါ်အောင်ဆန်းစုကြည်၏ ၁၃ နှစ်ကြာ ထိန်းသိမ်းခံရမှု ဆန့်ကျင်ဆန္ဒပြပွဲ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရမှု ၁၃ နှစ်မြောက်နေ့တွင် အင်္ဂလန်ရှိ မြန်မာ့အရေး လှုပ်ရှားသူများက တရုတ်သံရုံးသို့ မြန်မာနိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး သော့ကြီးကို ပေးအပ်သွားရန် စီစဉ်နေသည်။

အကျဉ်းကျ ၁၃ နှစ်ပြည့်သည့် ယခုလ ၂၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းဆုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ရည်ရွယ်ကာ သင်္ကေတပြုထားသည့် အဆိုပါ သော့ကြီးအား အင်္ဂလန်ရှိ တရုတ်သံရုံးသို့ မြန်မာ့အရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများက ပေးအပ်သွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

"ဒါဟာ တရားမဝင်တဲ့ ထိန်းသိမ်းမှုပါပဲ။ ကမ္ဘာ့ကုလသမဂ္ဂ ကိုယ်တိုင်က စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို တရားမဝင် ထိန်းသိမ်းထားတယ်လို့ ကြေညာခဲ့ပါတယ်" ဟု အစီအစဉ် ပြုလုပ်နေသည့် အဖွဲ့များထဲမှ ဘားမားကင်ပိန်း (အင်္ဂလန်) (BCUK) ၏ ညွှန်ကြားရေးမှူး မတ် ဖာမနာ (Mark Farmaner) က နအဖ စစ်အစိုးရ၏ ပြီးခဲ့သည့်နှစ်က နိုင်ငံရေး လှုပ်ရှားသူများအား ဖမ်းဆီးထိန်းသိမ်းမှုနှုန်း မြင့်မားခဲ့သည်ကို ပြစ်တင်ရှုတ်ချရင်း ပြောသည်။

နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးရန်အတွက် မြန်မာစစ်အစိုးရအား ကမ္ဘာ့နိုင်ငံများက ၀ိုင်းဝန်းဖိအားပေးရန် ရည်ရွယ်သည့် ဆန္ဒပြပွဲကို ထိုနေ့တွင် အင်္ဂလန်အခြေစိုက် မြန်မာအင်အားစုများက ကျင်းပသွားမည်ဖြစ်ကာ အကျဉ်းသားများ၏ အမည်များ ရေးထိုးထားသည့် အဆိုပါ သော့ကြီးကို ပေးအပ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

Mark Farmaner က ''ဒီဆန္ဒပြပွဲဟာ ၂၀၀၇ စက်တင်ဘာလကထက် အရေအတွက် ၂ ဆနီးပါးရှိလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဆိုးဝါးတဲ့ အခြေအနေတွေကို မီးမောင်းထိုးပြဖို့ ရည်ရွယ်ပါတယ်'' ဟု ပြောသည်။

နအဖ စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့သော ၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုကာလ မတိုင်ခင်က နိုင်ငံရေးအကျဉ်းသား ၁၀၀၀ ကျော်သာ ရှိခဲ့ရာမှ၊ နောက်ပိုင်းတွင် ၂၁၃၀ ဦးသို့ မယုံကြည်နိုင်စရာ မြင့်တက်လာခဲ့သည်ဟု BCUK က ပြောသည်။

"လူတွေ ပိုသိလာအောင် ကျနော်တို့ လုပ်နိုင်သမျှကို လုပ်သွားမှာပါ" ဟု ဖါမနာက အောက်တိုဘာလ ၂၄-၂၅ ရက်နေ့များတွင် ပေဂျင်း၌ ကျင်းပရန်ရှိသည့် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးနှင့် တိုက်ဆိုင်စွာ ကျင်းပမည့် သူတို့၏ ဆန္ဒပြပွဲ အစီအစဉ်ကို ပြောသည်။

ပေဂျင်း အစည်းအဝေးသို့ တက်ရောက်မည့် ကမ္ဘာ့ခေါင်းဆောင်များက မြန်မာ့နိုင်ငံရေး အကျဉ်းသားများ၏ လွတ်မြောက်မှုကို ဖွင့်လှစ်ပေးနိုင်သည့် ထိုသော့ကြီးကို ကိုင်စွဲပြီး၊ သူတို့၏ စွမ်းရည်များဖြင့် စစ်အစိုးရကို ဖိအားပေးရန်အတွက် ဆန္ဒပြမည့် မြန်မာအင်အားစုများက လိုလားကြသည်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာစစ်အစိုးရအား ပျော့ပျောင်းသော ချဉ်းကပ်မှုများနှင့် ကိုင်တွယ်ခဲ့သည်မှာ မအောင်မြင်ခဲ့သဖြင့် ယခုအချိန်သည် သူတို့အတွက် ပိုမိုပြင်းထန်သော နည်းလမ်းများကို သုံးရမည့် အချိန်ဖြစ်သည်ဟု ဖါမနာက ဆိုသည်။

"ကုလသမဂ္ဂဟာ အချိန်တော်တော်ကြာ စစ်အစိုးရရဲ့ မုသားတွေထဲမှာ လဲကျနေခဲ့တာပါ။ သူတို့ဟာ စစ်မှန်တဲ့ ပြောင်းလဲမှုတွေကို ပြုလုပ်ရမှာပါ" ဟု BCUK ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။ ကုလ အတွင်းရေးမှူးချုပ်သည် နိုင်ငံရေး ပြဿနာများအား ဆွေးနွေးရန်အတွက် မြန်မာပြည်သို့ တခါမှ မသွားဖူးသေးသလို၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်အတွက် စစ်အစိုးရထံ တောင်းဆိုဖို့လည်း ဥရောပ၊ အာရှ အစိုးရများနှင့် မည်သည့်အခါကမှ ပူးပေါင်းလုပ်ကိုင်ခြင်း မရှိခဲ့ကြောင်း ဆက်လက် ဖော်ပြထားသည်။

ထို့အပြင် "သူတို့ဟာ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ လုပ်ရမှာပါ။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးခြင်းဖြင့် လာမယ့် ဒီဇင်ဘာလမှာ ဘန်ကီမွန်း မျှော်မှန်းတဲ့ တိုးတက်မှုတွေအတွက် အနိမ့်ဆုံး စံနှုန်းတခုတော့ ရသင့်ပါတယ်" ဟုလည်း ဆိုထားသည်။

တကမ္ဘာလုံးရှိ ပြည်သူများနှင့် မြန်မာလူမျိုးများအား အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြုလုပ်မည့် ဆန္ဒပြပွဲကို လာရောက်ပူးပေါင်းကြရန် ဆော်သြထားသည်။

အင်္ဂလန်တွင် ပြုလုပ်မည့် ဆန္ဒပြပွဲအား မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့၊ ကချင် အမျိုးသားအဖွဲ့၊ ကရင်အဖွဲ့အစည်း၊ မြန်မာမွတ်ဆလင်အဖွဲ့နှင့် BCUK စသော မြန်မာအဖွဲ့များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်ဖတ်ရန်...

နောက်ဆုံးပေါ်ယာဉ်


ဆက်ဖတ်ရန်...

မြန်မာရေးရာသတင်းများ(၁၆-၁၀-၀၈)

လူငယ်လုပ်ငန်းများဖော်ဆောင်ရေး အဲန်အယ်လ်ဒီ ဗဟိုကော်မတီ၏ ညွှန်ကြားစာ





- အန်အယ်လ်ဒီ လူငယ် (၁၀၀) နီးပါး နုတ်ထွက် click

- ၆၀ မမ စိန်ပြောင်းသံများအောက်က ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်တခု click

- မြန်မာအပေါ် ကုလအရေးယူရေး တောင်းဆိုချက်ကို CSW ကြိုဆို click

- ထိုင်းနှင့် ကမ္ဘောဒီးယား တိုက်ပွဲစဖြစ်၊ (၂) ဦးသေ၊ ကမ္ဘောဒီးယားမှ ထိုင်းလူမျိုးများ ပြန်လာရန် ထိုင်းအစိုးရ တိုက်တွန်း click

- စီအန်ဂျီ ခွဲတမ်းလျှော့ချ click


- မန္တလေးရတနာပုံဈေးနှင့် မီးအာမခံကြေး အရှုပ်တော်ပုံ click


ဆက်ဖတ်ရန်...

Generation Wave အဖွဲ့ဝင်တဦးထပ်မံဖမ်းဆီးခံရ

ဆက်ဖတ်ရန်...

၈၈မျိုးဆက်ကျောင်းသား မိသားစုဝင်များ၏ တရားခွင် ၀င်ရောက်ကြားနာကြည့်ရှုခွင့် လျှောက်ထားစာ








ဆက်ဖတ်ရန်...

ယနေ့ သတင်းများ(၁၅-၁၀-၀၈)

- ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံခြင်းမဟုတ်ဟု မစ္စတာဂမ်ဘာရီ ငြင်းဆို click

- လှိုင်သာယာမြို့နယ်မှာ သုံးရေ အရည်အသွေး စစ်ဆေးရန် လိုအပ် click

- ၀ာာဝန်ပျက်ကွက်မှုဖြင့် ပါရဂူဘွဲ့ရဆရာ (၂၃) ဦး အလုပ်မှ အထုတ်ခံရ click

- သီတင်းကျွတ်လပြည့် ရွှေတိဂုံမှာ ဘုရားဖူး (၂) သိန်းကျော်၊ သံဃာတွေကို ရန်ကုန်ရဲက မျက်ခြေမပြတ် စောင့်ကြည့် click

- မုန်တိုင်းလွန်ကာလ မသန်မစွမ်းသူများ အကူအညီလိုနေဆဲ click

- ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများဘ၀ တိုးတက်ရေး အိုင်အယ်အို အကြံပေး click

- ရခိုင်ပြည်နယ် မြို့တော်မှာ လုံခြုံရေး ထူထပ် click

- စစ်တွေဆွမ်းတော်ကြီးလောင်းပွဲ ရဟန်းအရေအတွက် နည်းပါး၍ စည်ကားမှုမရှိ click

ဆက်ဖတ်ရန်...

စီးပွားရေးပိတ်ဆို့ခံရသည့် မြန်မာစစ်အစိုးရနှင့် ပတ်သက်နေသော စီးပွားရေး လုပ်ငန်းရှင်များနှင့် အရာရှိများ



ပေးပို့သူ _ သူရကျော်

ဆက်ဖတ်ရန်...

ဘတ်စ်ကား ပေါက်ကွဲမှု ၇ ဦးသေ၊ တဦး ဒဏ်ရာရ

လူ ၇ ဦး သေဆုံးပြီး ကျန်တယောက် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသော ခရီးသည်တင်ယာဉ်တစီး ပေါက်ကွဲမှုတခု ရန်ကုန်တွင် ယနေ့နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဒေသခံ ရဲများ အပြောအရ သိရသည်။

အင်းစိန်ရဲစခန်း၏ ပြောပြချက်အရ တင်္နလာနေ့နံနက် ၂ နာရီခန့်က တိုက်ကြီးနှင့် သီရိမင်္ဂလာဈေးတို့ ပြေးဆွဲနေသော ဟိုင်းလတ်အမျိုးအစား ခရီးသည်ယာဉ်တစီးသည် ရန်ကုန်နည်းပညာတက္ကသိုလ်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

“ ကားရဲ့ ဂတ်စ်အိုးကနေပြီးတော့ ပေါက်ကွဲမှု ဖြစ်တာပဲ။ … ၇ ယောက်သေပြီး တယောက်တော့ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားခဲ့တယ်” ဟု အင်းစိန်ရဲစခန်းမှ ရဲအရာရှိတဦးက မဇ္ဈိမသို့ ပြောပြသည်။ဒဏ်ရာရသူနှင့် သေဆုံးသူ ၇ ဦး၏ ရုပ်အလောင်းကို မည်သည့်နေရာတွင် ထားရှိသည်ကို သဲသဲကွဲကွဲ မသိရသေးသော်လည်း ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် တာဝန်ကျသော ရဲ၏ ပြောပြချက်အရ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်သည်ဟု ရဲအရာရှိက ပြောသည်။

မဇ္ဈိမက ရန်ကုန်ဆေးရုံကြီးသို့ ဆက်သွယ်မေးမြန်းရာ ဒဏ်ရာရရှိသူသော်လည်းကောင်း၊ သေဆုံးသူများ၏ ရုပ်အလောင်းသော်လည်းကောင်း ရောက်ရှိလာခြင်းမရှိဟု ပြောသည်။

သို့သော် ရန်ကုန်ဆေးရုံကြီးအရေးပေါ်လူနာဌာနသည် သတင်းမီဒီယာများသို့ အမှန်တိုင်းဖြေကြားခြင်းမရှိဘဲ သတင်းဖုံးကွယ်မှု ပြုလုပ်လေ့ရှိသည်။

ရန်ကုန်တွင် ခရီးသည်တင်ဘတ်စ်ကားများကို သဘာဓာတ်ငွေ့သုံးယာဉ်အဖြစ်ပြောင်းလဲလျှက်ရှိရာ ယခင်ကလည်း ဂတ်စ်အိုး ပေါက်ကွဲမှုများ ရှိခဲ့ဖူးသည်။

ဆက်ဖတ်ရန်...

ကိုငြိမ်းချမ်းနှင့်သူငယ်ချင်းများအတွက်ကဗျာ

ဆက်ဖတ်ရန်...

GW အဖွဲ့ဝင်များနှင့် လူငယ်၈ ဦးဖမ်းဆီးခံရ

ဆက်ဖတ်ရန်...

အင်းယားလမ်း မှ အရှုပ်တော်ပုံ



ကျွန်တော်ဆီ ကို အီးမေလ်းတစ်စောင် ရောက်ရှိလာ၍ တင်ပြလိုက်ရပါသည်။

၂၀၀၆ ခုနှစ်က တကမ္ဘာလုံး အံ့သြရလောက်အောင် ကြီးမား တဲ့ စိန်ဘယက်ကြီးကို အခန့် သားဆွဲရင်း စင်္ကြ၀တေးမင်းမဟုတ်သော ဘယ်ကမှန်းမကျိန်းသေသည့်အနောက်တိုင်းသားတယောက်၏ မျိုးစေ့ကို လွယ်ကာ လူပုံအလည်၌ မျက်နှာထားတင်းတင်းဖြင့် နွားရွေးပွဲ ကို ဆင်နွှဲခဲ့သည့် မိကြိုင် နှင့် ငသန်းရွှေတို့၏ ရှုမငြီးသော သမီးကညာ၏ မင်္ဂလာ ပွဲ မှ စတင်ကာ ကံခေသော သူကြွယ် မိသားစု ခမျာ လုပ်ကြံခံလိုက်ရသည့်ဇာတ်လမ်းအား ပြည်ထဲရေး နှင့် တပ်မတော် အတွင်းပိုင်းမှပေါက်ကြား ငြီးငြူ လာသော သတင်းစစ် သတင်းမှန်များအား အံ့ဖွယ်လိလိ ယခုကဲ့သို့ ကြားသိရပါသည်။


ထိုကမ္ဘာကျော်ကြွားပွဲကြီးတွင် သတို့သမီးဖြစ်သူ စူပုတ်မ ၀တ်ဆင်ထားသော ရတနာများသည်ကား လုပ်ကြံခံရသူ မိသားစု ထံမှ ငှားရမ်းကာ ၀တ်ဆင်ထားသောရတနာများဖြစ်ကြသည်
ကိုမိကြိုင် ၊ ငသန်းရွှေ နှင့် သူတို့ အသိုင်းအ၀ိုင်းသာလျှင်သိမည်ဟု အထင်ရှိနေသ်ာလည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ၊ ရဲချုပ် ခင်ရီ နှင့် တကွ တပ်မတော် အထက်ပိုင်းတခုလုံးကောင်းကောင်းသိရှိသည့်ကိစ္စဖြစ်သည်။ သို့သော် ယခု မြန်မာ့တပ်မတော်သည် အခြောက်များဖြင့် ဖွဲ့စည်းထားသည်နှင့်အညီ ယူနီဖောင်းဝတ် ဗိုက်ရွှဲရွှဲ အဆီပြန်ပြန် တယောက်ကို တယောက်ကြိတ်ကြိုက် နေကြသည့် ဗိုလ်ချုပ်များ ၊ ဗိုလ် မှူးကြီးများ ၊ ဗိုလ်မှူးများ ၊ ဗိုလ်ကြီးများ စသော စသော အရာရှိများသည် ရေငုံနှုတ်ပိတ်ခေါင်းငုံ့ကာ ကြီးစဉ်ငယ်လိုက် အချစ်တော်လျှော့မှာကြောက်တော်မူသည့်အခြောက်တို့၏ ထုံးစံအတိုင်း မသိယောင်ဆောင်ကာ ကွယ်ရာတွင်သာ အပါတ်စဉ်တူသူ အခြောက်ခြင်း တွတ်တီးတွတ်တာ အတင်းပြောကြ၏။

ဖြစ်ပုံမှာကား....

လုပ်ကြံသတ်ဖြတ်ခံရသည့်မိသားစုသည် ၄င်းတို့ မိသားစု ပိုင်သော ဘိုးစဉ်ဘောင်ဆက်ရတနာကို ပြန်လည်ကာ မိကြိုင်ထံမှ ဖုန်းဆက်တောင်းခံရာ နေ့ ရွှေ့ ညရွှေ့ လုပ်နေသည့် ချစ်တီးမယားအကျင့် ကျင့်ကြံသော မိကြိုင်က စိတ်ကွက်တော်မူခြင်းဖြစ်၏။

အမှန်မှာ မင်္ဂလာဆောင်ပြီးသည်မှာကြာယုံမက မိကြိုင် ငသန်းရွှေတို့၏ မြေးတော်လေး စွပ်ပရား သန်းရွှေ ပင် လူဖြစ်ကာ အူဝဲ ဆိုကတည်းက ပထွေး က ပွေ့ ချီခိုက် ပထွေးမျက်နှာ သေးဖြင့်ပန်းပြီးလောက်ပြီပင်ဖြစ်သည်။သို့သော် စိန်ဘယက်များ လက်ဝတ်ရတနာများကို ကား မိကြိုင်တို့ကပြန်မပေး ။ ထိုကဲ့သို့ မြန်မာပြည်တွင်း ဆက်သွယ်ပြောဆိုသော တယ်လီဖုန်း လိုင်းတိုင်းမှ အချီအချစကားများကို လက်ရှိထောက်လှမ်းရေးမှအမြဲဖမ်းယူနားထောင် နေသည်ကို မေ့လျော့နေလို့တော့ဟုတ်ချင်မှဟုတ်မည်။ ထောက်လှမ်းရေး ကိုလဲ ဂရုစိုက်စရာသတ္တ၀ါတွေဟု ယူဆပုံမပေါ် ။

သို့နှင့်ပြသနာမှာတစတစကြီးမားလာကာ နောက်ဆုံးတွင် မိကြိုင် စိတ်ကွက်တော်မူကာ ၀ လူမျိုးတစ်ယောက်နှင့် ယိုးဒယားလူမျိုးလေးယောက်ပါသော ကြေးစားလူသတ်သမားအဖွဲ့ကိုငှားရမ်းကာလုပ်ကြံခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ မိကြိုင် ၏ ဒေါသအိုးကို တုတ်နှင့်ထိုးသကဲ့သို့ ကိုယ့်ပစ္စည်းကိုယ်ပြန်တောင်းမိသော မိသားစုကို သတ်ရန် အတွက် ငသန်းရွှေ၏ သားကြီးက ငသန်းရွှေကိုင်ဆောင်သော ပစ္စတိုအပါအ၀င် သေနတ်အတိုများကိုယူကာ လူသတ်သမားများ အား ငှားရမ်းခဲ့၏။ ထိုကိစ္စနှင့်ပတ်သက်၍ ရဲချုပ်ခင်ရီနှင့်တကွ ထို စူပုတ်မ၏ လင်ကောင်ဖော်ပွဲတွင် ကျော်ဆန်းစကားပြောနေသည်ကို ကြည့်ပြီး တခြား ဗိုလ်ချုပ်တယောက်ကို လက်တို့ကာ "ဟော...ငဖား လေပေါ သချီးထူ ကျော်ဆန်း ပါးစပ်က မနားတန်း ဖြဲနေတာ ကြည့်ပါဦးဗျာ" ဟု ပြောဖူးသော ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့ နှစ်ယောက်လုံး သိကာ ထိုအမှုကို ဆက်လက်ကိုင်တွယ်ရန်လက်တွန့်နေကြ၏။ သို့သော် ထိုဖြစ်ရပ်ကို ဗိုလ်ချုပ်ကြီး အေး နှင့် နိုင်ငံတကာ သံရုံးများသို့ တိုးတိုးတိတ်တိတ် သတင်းပေးပို့ခဲ့ကြကာ သူတို့ ပါဝင်ပတ်သက်မှုမရှိဟု လက်ဦးမှုရယူထားပေသည်။

ဗိုလ်ချုပ်မြင့်ဆွေ ၊ဗိုလ်ချုပ် တင်အောင်မြင့်ဦး ၊ ဗိုလ်ချုပ် ရွှေမန်းတို့ လည်း ထိုကိစ္စကို သိရှိကြသော်လည်း မိကြိုင် နှင့် ငသန်းရွှေ တို့ လုပ်သည့်ကိစ္စဖြင့်သဖြင့် ထို ရဲစွမ်းသတ္တိနှင့် အလွန်တရာ ပြည့်စုံဟန် ဟန်ရေးပြလေ့ရှိသောဗိုလ်ချုပ်များလည်း ထမိန်ဖြင့်အအုပ်ခံရမည်ကို ကြောက်ရွံ့လှသဖြင့် နှာစေးနေကြပေသည်။

ရဲချုပ် ခင်ရီနှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့ ကတော့ သတ္တိရှိ၍ ပေလော ပိုမိုအကြောက်လွန်၍ လောမသိ ထိုအမှုကို ဗိုလ်ချုပ်ကြီး အေးနှင့်တကွ နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်းသို့ အသိပေးလိုက်ပြီးဖြစ်ပေသည်။

ဓါတ်ပုံတွေ ကတော့ နှစ်ပုံပဲ တင်ပြလိုက်ပါတယ်။ စိတ်မကောင်းစရာ မြင်ကွင်းဖြစ်နေလို့ပါ ။

ဆက်ဖတ်ရန်...