Grand Royal မီးလောင်မှု ရှို့မီးဖြစ်နိုင်သည် ဟု ယူဆ

Grand Royal အရက်ချက်စက်ရုံမီးလောင်မှုသည် စီးပွားရေးပြိုင်ဘက်များမှ အကောက်ကြံသော ရှို့မီးဖြစ်နိုင်ကြောင်း Grand Royal ၀ီစကီ အား ထုတ်လုပ်သည့် IBTC (International Beverages Trading Co.Ltd) မှ အမည်မဖေါ်လိုသော အကြီးတန်းအရာရှိတစ်ဦးက Freedom News Group သို့ ပြောသည်။
ဘွိုင်လာအိုးအပူရှိန် ပြင်းထန်ရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်သည် သတင်းထုတ်ပြန်ထားသော်လည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ မှ စစ်ဆေးရေးအရာရှိများက ထိုအချက်ကို သဘောမတူ ဟု သိရသည်။သြဂုတ်လ ၂၄ ရက် ဒုတိယနေ့ ထပ်မံမီးလောင်ချိန်တွင် အရက်ဆီပေါင်းအိုး နှစ်လုံးမီးလောင်ပေါက်ကွဲခြင်းကြောင့်ဖြစ်သည် ဟု ယူဆကြသည်။
IBTCကုမ္ပဏီသည် မြန်မာနိုင်ငံ၏ အရက်ဈေးကွက်တွင်လူကြိုက်များသည့်  Grand Royal ၀ီစကီ အပါအ၀င် Special London Dry Gin နှင့် London Rum အပါအ၀င် အရက်အမျိုးအစား ၈ မျိုးကိုထုတ်လုပ်သည်။
ရန်ကုန်တိုင်း လှည်းကူးမြို့ နယ် ယင်းတိုက်ပင် ကျေးရွာ အနီးတွင် တည်ဆောက်ထားသော ထိုစက်ရုံမှ မီးလောင်မကြောင့်စက်ရုံတစ်ခုလုံး နီးပါးပျက်စီးဆုံးရှုံးခဲ့သည် ။ှုမီးလောငမှုကြောင့် အမေရိကန် ဒေါ်လာ ခုနှစ်သန်းခန့် နှင့် မြန်မာငွေသိန်းထောင်ချီဆုံးရှုံးရပြီး နိုင်ငံခြားမှ မကြာခင်က မှာယူတင်သွင်းထားသည့် ပေါင်းခံစက်များလည်းပျက်စီးဆုံးရှုံးခဲ့ရသည်။



ဝီကလီ အီလဲဗင်း ၀ီစကီမှ ၀မ်းနည်းကြောင်းမှတ်တမ်း
IBTC ကုမ္ပစီမှ တာဝန်ရှိသူ တစ်ဦးကမူ မြန်မာနိုင်ငံ၏ ပြည်တွင်း ယမကာ ဈေးကွက် ၏ ၈၀ ရာခိုင်နှုန်းကျော်ကိုထိန်းချုပ်ထားနိုင်သည့် ၎င်း တို့ ကုမ္ပဏီ ကို မနာလိုသည့် ပြိုင်ဘက်များရှိပြီး IBTC ၏ အကြီးအကဲဖြစ်သူ ဦးအောင်မိုးကျော်မှာ လည်းမကြာခဏ ခြိမ်းခြောက်စာများရရှိသည် ဟုအဆိုပါ ကုမ္ပဏီဝန်ထမ်းက ထုတ်ဖော်ပြောကြားသည်။
ဦးအောင်မိုးကျော် ၏ IBTCကုမ္ပဏီသည် ဘောလုံးပြိုင်ပွဲများ တွင် စပွန်ဆာပေးသော ကုမ္ပဏီ လည်းဖြစ်ပြီး မြန်မာလိဂ် ပြိုင်ပွဲဖြစ်မြောက်အောင် စွမ်းဆောင်နေသော ကုမ္ပဏီလည်း ဖြစ်သည်။
Grand Royal အားထုတ်လုပ်သော IBTCကုမ္ပဏီ၏ ဥက္ကဌ ဖြစ်သူ ဦးအောင်မိုးကျော်သည် ဥဿာ ယူနိုက်တက် အမည်ရှိ ဘောလုံးကလပ် ကိုထောင်ထားပြီးထိုကုမ္ပဏီ မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးမိုးသန်းချစ်မှာ လည်း မြန်မာ စာနယ်ဇင်းဆရာများနှင့် ရင်းနီးသူဖြစ်သည်။

လူကြိုက်များ Grand Royal ၀ီစကီ
မီးလောင် ပြီးနောက် ကုမ္ပဏီ ၏ အမှုဆောင်အစည်းအဝေးတွင် ထိုမီးလောင်မှုသည် လုပ်ငန်းပျက်စီးရာပျက်စီးကြောင်း အတွက် တစ်စုံတစ်ယောက်က စနစ်တကျ စီစဉ် ဆောင်ရွက်ခြင်းဖြစ်သည် ဟု သံသယ ရှိကြသည်။
မီးလောင်မမှုကြောင့် လူသုံးဦးသေဆုံးခဲ့သည်။ မီးလောင်နေစဉ် အတွင်း အရေးပေါ်မီးငြိမ်းသတ်စက်များ အဆင်သင့်ရှိသော် လည်း သုံးမရ ဖြစ်ခဲ့သည် ဟု သိရသည်။

Freedom News Group မှကူးယူဖော်ပြပါသည်။

ဆက်ဖတ်ရန်...

တတ်နိုင်သလောက်နဲ့တင် မလုံလောက်ပါဘူး....

အမေရိကန် Seattle က နာမည်ကြီး ဘုရားကျောင်းတစ်ခုမှာ လူအများ လေးစားကြည်ညိုတဲ့ Dell Taylorဆိုတဲ့ ဖာသာတစ်ဦးရှိတယ်။ တစ်နေ့မှာ ဘုရားကျောင်းက ကျောင်းသားတွေကို ဖာသာက ပုံပြင်တစ်ပုဒ်ပြောပြခဲ့တယ်။

ပုံပြင်က တစ်ခုသောဆောင်းရာသီမှာ မုဆိုးတစ်ဦးက အမဲလိုက်ခွေးနဲ့ တောလိုက်ထွက်ခဲ့တယ်။ တောအုပ်တစ်နေရာမှာ ယုန်တစ်ကောင်ကိုတွေ့တာနဲ့ မုဆိုးက သေနတ်နဲ့ပစ်လိုက်တာ ပေါင်ကိုမှန်သွားပေမယ့် ယုန်ထွက်ပြေးသွားခဲ့တယ်။ အမဲလိုက်ခွေးက ဒဏ်ရာရတဲ့ယုန်ကို လိုက်ခဲ့ပေမယ့် မမိခဲ့ဘူး။ ဒါကိုမုဆိုးက ခွေးကို အသုံးမကျတဲ့ခွေး၊ ဒဏ်ရာရတဲ့ ယုန်ကိုတောင် အမီမလိုက်နိုင်တဲ့ခွေးဆိုပြီး အပြစ်တင်ခဲ့တယ်။

သခင်ရဲ့ အပြစ်စကားကို ကြားတော့ ခွေးက တတ်နိုင်သလောက်ကြိုးစားခဲ့တာတောင် အပြစ်တင်ခံရတယ်ဆိုပြီး စိတ်မကောင်းခဲ့ဘူး။

သေနတ်ဒဏ်ရာနဲ့ ထွက်ပြေးခဲ့တဲ့ ယုန်ကို အပေါင်းဖော်တွေ တွေ့တော့ တအံ့တသြ ဝိုင်းမေးကြတယ်။

"ဒဏ်ရာရနေတာတောင် ဒီလောက်ဒေါသကြီးတဲ့ ခွေးလက်ထဲကနေ ဘယ်လို လွတ်ခဲ့သလဲ?"

"ခွေးက တတ်နိုင်သလောက် ပြေးတယ်။ ကျွန်တော်က အစွမ်းကုန်အားသုံးပြီး ပြေးခဲ့တယ်။ ကျွန်တော့်ကို သူမမိခဲ့လို့ အဆူအဆဲပဲ ခံရမယ်။ တကယ်လို့ ကျွန်တော်သာ အားကုန်မပြေးခဲ့ရင် အသက်တောင် ရှင်နိုင်တော့မှာမဟုတ်ဘူး"

ပုံပြောပြီးတာနဲ့ ဖာသာ Taylor က အတန်းအားလုံးကို Matthew Bible ကျမ်းစာထဲက အခန်း ၅ မှ ၇ ထိ အလွတ်ဆိုနိုင်သူကို Seattle က Space Needle မှာ ညစာစားပွဲ ကျင်းပပေးမယ်လို့ ပြောခဲ့တယ်။

Matthew Bible ကျမ်းစာရဲ့ အခန်း ၅ ကနေ အခန်း ၇ထိက စာလုံးပေါင်း သောင်းဂဏန်းထိရှိပြီး ရွတ်ဆိုရတာလည်း အင်မတန်ခက်ပါတယ်။ ကျမ်းစာတွေကို အလွတ်ရဖို့ဆိုတာ အလွန်ခက်ခဲပေမယ့် ငွေကုန်ကြေးကျမလိုဘဲ တက်ရောက်ခွင့်ရတဲ့ ညစာစားပွဲကို လူတိုင်းတက်ရောက်ချင်ခဲ့ကြတယ်။ ဒါပေမယ့် လူတော်တော်များများ နောက်ဆုတ် လက်လွတ်ခဲ့ကြပါတယ်။

ဒီလိုနဲ့ ရက်မကြာခင်မှာ (၁၁)နှစ်အရွယ်ရှိတဲ့ သင်တန်းသားတစ်ဦးက ဖာသာရှေ့မှာ ရင်ကော့ပြီး ကျမ်းစာအားလုံးကို တစ်လုံးမကျန် အမှားအယွင်းမရှိ အလွတ်ရွတ်ဆိုနိုင်ခဲ့တယ်။ အရွယ်ရောက်သူတောင် အလွတ်ဆိုဖို့ ခက်ခဲတဲ့စာကို ကလေးငယ်တစ်ယောက် ဆိုနိုင်ခဲ့တဲ့အတွက် ဖာသာအရမ်း အံ့သြခဲ့မိတယ်။ လူငယ်ရဲ့ မှတ်ဥာဏ်ကောင်းတဲ့ ဦးနှောက်ကို ချီးကျူးမိတဲ့အပြင် ကလေးငယ်ကို ဖာသာ တအံ့တသြမေးခဲ့တယ်။

"ဒီလောက်ရှည်တဲ့ စာတွေကို ဘယ်လိုအလွတ်ဆိုနိုင်ခဲ့သလဲ?"

"ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်"လို့ လူငယ်က မဆိုင်းမတွ ပြန်ဖြေခဲ့တယ်။

နောင်(၁၆)နှစ်မှာ အဲဒီကလေးငယ်ဟာ ကမ္ဘာကျော် Softwareကုမ္ပဏီပိုင်ရှင်တစ်ဦး ဖြစ်လာခဲ့တယ်။ အဲဒီကလေးငယ်က Bill Gates ပဲဖြစ်ပါတယ်။

လူတိုင်းမှာ ဖြစ်နိုင်၊ လုပ်နိုင်တဲ့ စွမ်းအား(Potential)တွေ ရှိကြတယ်။ စိတ်ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ သာမန်လူတစ်ဦးဟာ သူ့ရဲ့ဖြစ်နိုင်၊ လုပ်နိုင်တဲ့စွမ်းအင်ကို ၂ ကနေ ၈ အထိပဲ အသုံးပြုကြတယ်။ အက်ဒီဆင်လို သိပ္ပံပညာရှင်တစ်ဦးတောင် ၁၂ထိပဲ အသုံးပြုခဲ့တယ်။ တကယ်လို့ လူတစ်ဦးရဲ့ လုပ်နိုင်တဲ့စွမ်းအင်က ၅ဝထိအသုံးပြုခဲ့ရင် အဲဒီလူဟာ ဖတ်စာအုပ်အအုပ်(၄ဝဝ)ကို အလွတ်ဆိုနိုင်သလို တက္ကသိုလ်ပေါင်းများစွာကိုလည်း တက်ရောက်နိုင်ပါတယ်။ နောက်ပြီး
ဘာသာစကား (၂ဝ)မျိုးလောက် တတ်နိုင်ပါသေးတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ လုပ်နိုင်တဲ့စွမ်းအင်(၉ဝ)က
အိပ်မောကျနေတဲ့ အနေအထားမှာ ရှိနေပါတယ်။ သူတစ်ပါးထက် ထူးချွန်ချင်တယ်၊ ဖောက်ထွက်ချင်တယ်၊ ထီထွင်ချင်တယ်ဆိုရင် တတ်နိုင်သလောက်နဲ့ မလုံလောက်သေးပါဘူး။ အစွမ်းကုန်ကြိုးစားဖို့လည်း လိုပါသေးတယ်။

NKY
--
အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။

သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း ၊
ပညာရှိသူကိုမှီဝဲဆည်းကပ်ခြင်း ၊
ပူဇော်ထိုက်သူကို ပူဇော်ခြင်း ၊
ဤတရား သုံးပါးကမြတ်သောမင်္ဂလာပါ....

ဆက်ဖတ်ရန်...

Postcard of ABFSU

ဆက်ဖတ်ရန်...

ဗမာနိုင်ငံလုံးဆိုင်ရာကျော င်းသားသမဂ္ဂများအဖွ့ချုပ်(ဗ ကသများအဖွဲ့ချုပ်) All Burma Federation of Student Unions (ABFSU)

Statement2ofabfsu 09 Bur

Statement2ofabfsu 09 Eng

ဆက်ဖတ်ရန်...

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးနှင့်ပူးပေါင်း ဆောင်ရွက်လိုက်ပြီ

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးနှင့်ပူးပေါင်း ဆောင်ရွက်လိုက်ပြီ။

ဆက်ဖတ်ရန်...

ကိုးကန့်စစ်ပြေးများ တရုတ်နိုင်ငံသို့ ထွက်ပြေးခိုလှုံ

စစ်ပွဲမှကင်းလွတ်ရန် ကိုးကန့်ဒေသမှ လူဦးရေ ထောင်ပေါင်းများစွာသည် အိမ်နီးချင်း တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံလာခဲ့သည်ဟု ဒေသတွင်းမှလာသော သတင်းများအရ သိရသည်။ဖုန်ကြားရှင် ခေါင်းဆောင်သော MNDAA ကိုးကန့်တပ်နှင့် စစ်အစိုးရတပ်တို့ စတင်တင်းမာနေခဲ့ချိန် သြဂုတ်လဆန်းပိုင်းက စတင်ခဲ့သော တိမ်းရှောင်မှုသည် ယမန်နေ့က ဖြစ်ပွားသော နှစ်ဖက်တိုက်ခိုက်မှုကြောင့် တိုးပွားလာခဲ့သည်။

“လောက်ကိုင်မြို့ (ကိုးကန့်အဖွဲ့ ဌာနချုပ်တည်ရှိရာ မြို့တော်) က လူတွေ များတယ်။ ကုန်သည်တွေ၊ ဈေးရောင်းတဲ့သူတွေ အကုန်ရောက်နေကြတယ်။ ဒီနေ့မနက်အထိလည်း လာနေတုန်းပဲ” ဟု ယနေ့နံနက်ပိုင်းတွင် တရုတ်ဘက်ခြမ်း နမ့်စန်မြို့သို့ ခိုလှုံလာသူတဦး မဇ္ဈိမကို ပြောသည်။

တစုတစည်းထဲ ရောက်ရှိနေထိုင်ခြင်း မဟုတ်သောကြောင့် တိမ်းရှောင်သွားသူ အရေအတွက်ကို ဒေသတွင်းနေ အကဲခတ်များ ပြောဆိုရာတွင် ကွဲပြားမှုများစွာ ရှိနေသော်လည်း ထောင်နှင့်ချီမည်ဟု ယုံကြည်ရသည်။ယနေ့ နံနက်ပိုင်းကလည်း မြန်မာနိုင်ငံ သံလွင်မြစ်အရှေ့ဘက်၊ တရုတ်နယ်စပ်နှင့် ကပ်လျက်ရှိသော လောက်ကိုင်မြို့တွင် ဖုန်ကြားရှင်သစ္စာခံသူများနှင့် စစ်အစိုးရ တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

“ကိုယ်ထူကိုယ်ထပေါ့။ ကိုယ့်ဟာကိုယ် အခန်းငှားနေတယ်။ စားတာလည်း ကိုယ့်စရိတ်နဲ့ ကိုယ်စားပေါ့။ လောလောဆယ်တော့ ပေးတာတွေတော့ မရှိဘူး။ သူတို့က စစ်တာတွေတော့ နည်းနည်းပါးပါး လုပ်တာပေါ့။ ဒါပေမဲ့လည်း တင်းတင်းကျပ်ကျပ် မရှိပါဘူး။ ဒီကနေ့လည်း ထပ်ရောက်လာကြတယ်။ ဟို အခုဆောက်နေတဲ့ တိုက်တန်းအသစ်တွေဘက်မှာ သွားငှားနေကြတယ်” ဟု စစ်ပြေးဒုက္ခသည်တဦးက ပြောသည်။

သြဂုတ်လ ၂၃ ရက်နေ့တွင် စစ်အစိုးရစစ်တပ်များက လက်နက်စက်ရုံကို ရှာဖွေရန်ဆိုကာ စီးနင်းခဲ့သည်။အစောပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လက်နက်ကိုင် ရဲတပ်သား ၇၀ ခန့်က ကိုးကန့်အဖွဲ့ ဥက္ကဋ္ဌ ဖုန်ကြားရှင် နေအိမ်ကို မူးယစ်ဆေးဝါး ရှာဖွေရန် ဝင်ရောက်စီးနင်းခဲ့ချိန်မှစတင်၍ ဆက်ဆံရေးတင်းမာမှု သိသာစွာ မြင့်တက်လာခဲ့သည်။

နေပြည်တော်စစ်အစိုးရက ဘိန်းတိုက်ဖျက်ရေးခေါင်းစဉ်တပ်သော်လည်း ငြိမ်းအဖွဲ့များ၏ လက်နက်ကိုင်တပ်များကို မြန်မာ့တပ်မတော်အောက်သို့ သွတ်သွင်းထိန်းချုပ်ကာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး သို့မဟုတ် လက်နက်ဖြုတ်ချရေး ကြိုးပမ်းမှုကို လိုက်နာရန် ငြင်းဆန်သူများကို ရမယ်ရှာသည်ဟု ငြိမ်းအဖွဲများနှင့် အတိုက်အခံများဘက်က ပြောသည်။စစ်ပွဲများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြသည့် ဒေသခံအများအပြားသည် တရုတ်နိုင်ငံဘက်သို့ ခိုလှုံဝင်ရောက်မှုများ ရှိလာခဲ့သလို၊ အချို့မှာ မြန်မာပြည်အတွင်းပိုင်း ဒေသများသို့ ပြောင်းရွှေ့သွားသည်များလည်း ရှိခဲ့သည်။

လောက်ကိုင်တွင် မြန်မာတပ်သားများ၊ ရဲများနှင့် စစ်ဖက်ဆိုင်ရာ တပ်ဖွဲ့ဝင်များ ဝင်ရောက်နေရာယူနေသလို ဖုန်ကြားရှင်အဖွဲ့နှင့် မတဲ့သော ယခင် MNDAA ဒုဥက္ကဌ ပိုင်စိုချိန်က စစ်အစိုးရ၏ ပူပူနွေးနွေး သစ္စာခံ မဟာမိတ်ဖြစ်လာခဲ့သည်။MNDAA သည် မြန်မာအစိုးရ အဆက်ဆက်ကို လက်နက်ကိုင်တော်လှန်ခဲ့သော ဗမာပြည် ကွန်မြူနစ်ပါတီ - ဗကပ မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်ကာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူခဲ့သော လက်နက်ကိုင်အဖွဲ့တဖွဲ့ ဖြစ်သည်။

ဆက်ဖတ်ရန်...

ဆရာကံချွန် ကွယ်လွန်

ကာတွန်း ကံချွန် (အသက် ၆၄ နှစ်) သည် မန္တလေးနေအိမ်တွင် အသည်းကင်ဆာဖြင့် ယနေ့ ညနေ ၃ နာရီ ခွဲတွင် ကွယ်လွန်သွားပြီ ဖြစ်သည်။

အရွယ်စုံ ပရိသတ်ရှိသူ စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာ ဆရာကံချွန်၏ ရုပ်အလောင်းကို မနက်ဖြန် နေ့လည် ၁ နာရီတွင် မန္တလေးမြို့ ကြာနီကန် သုသာန်တွင် သင်္ဂြိုဟ်မည် ဖြစ်သည်။

“သူက အခုလို ဖြစ်နေတာ ၆ လလောက်တော့ ရှိနေပြီ။ အသည်း အနာဖြစ်ရာကနေ ခွဲလိုက်တာ။ ခွဲပြီးတော့ ဆေးဖြန်းလိုက်တာပေါ့။ ဆေးဖြန်းပြီးတော့ ဒီပြန်ရောက်ပြီး ၂ ပတ်လောက်နေတော့ ဆေးရုံပြန်တက်ရတယ်။ သူက မတ်လ ၂၉ ရက်က ဗိုက်ခွဲရတယ်။ ပြီးတော့ ရန်ကုန်ကိုသွားပြီး အသည်း ဆေးဖြန်းရတယ်” ဟု သူ၏ သားမက်ဖြစ်သူ ဦးမြင့်အောင် ကပြောကြားပါသည်။

ကွယ်လွန်ချိန်တွင် ဇနီးနှင့် သမီးဖြစ်သူ မိသားစုများ ကျန်ရစ်သည်။

ယနေ့ သူကွယ်လွန်ချိန်တွင် သူ့ကို ချစ်သော ပရိသတ် အပါအ၀င် နယ်ပယ်အသီးသီးမှ မိတ်ဆွေများ သူ့အိမ်တွင် စုရုံးရောက်ရှိနေပြီး၊ သူ့နောက်ဆုံး ခရီးအတွက် ၀ိုင်းဝန်းပြင်ဆင်ပေးနေသည်။

အသည်းကင်ဆာကို ဆေးကုသနေရသည့်ကြားက ဆရာကံချွန်သည် ယခုလ ၁၅ ရက်နေ့မှစ၍ ယနေ့အထိ မန္တလေးမြို့ Oriental House တွင် သူ၏ တကိုယ်တော် ပန်းချီပြပွဲကို ပြုလုပ်နေပြီး ယနေ့တွင် သူ၏ ပန်းချီပြပွဲ နောက်ဆုံးနေ့ ညနေတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

“ဆရာ ကံချွန်က မန္တလေးမှာတင် မကဘူးခင်ဗျ။ ကျနော်တို့ ဗမာ စာပေနယ်မှာကိုပဲ သူ ဆုံးသွားတာက အင်မတန်ကြီးတဲ့ ကွက်လပ်ကြီး ဖြစ်သွားတာဗျ။ သူက ကာတွန်းလည်း ဆွဲသလို ၀တ္ထုလည်း ရေးတယ်။ ဆောင်းပါးတွေလည်း အများကြီး ရေးတယ်။ ကျနော်တို့ မြန်မာပြည်မှာ ထုတ်နေတဲ့ ဂျာနယ် အစောင်ပေါင်း မြောက်မြားစွာမှာ သူက တပြိုင်ထဲ ရေးနေတာ။ မဂ္ဂဇင်းတွေရော၊ ဂျာနယ်တွေရော။ အဲဒီတော့ သူ ဆုံးသွားတယ်ဆိုရင် အဲဒီကွက်လပ်ကြီးက အကြီးကြီး။ အဲဒါကြီးကို ပြန်ဖြည့်ဖို့၊ ဖြည့်နိုင်ဖို့ဆိုတာ တော်တော် ခက်ခဲပါတယ်” ဟု မန္တလေးသား စာရေးဆရာ ဆရာကျော်ရင်မြင့်က ဆိုသည်။ ဆရာကံချွန်က သူ၏ ကိုယ်ရေးအကြောင်းအရာကို ယခုကဲ့သို့ သူ၏ တကိုယ်တော် ပန်းချီပြပွဲ လက်ကမ်းစာစောင်တွင် ရေးသားသွားခဲ့သည်။

ဆက်ဖတ်ရန်...

ကချင်စကားပြော ဇာတ်ကား ရန်ကုန်တွင် ပြသမည်

'အမြဲစိမ်းတောမှာ အချစ်ရှာသူ' အမည်ရှိ မြန်မာစာတန်းထိုး ကချင်စကားပြော ဇာတ်ကားကို ရန်ကုန်မြို့၌ မနက်ဖြန်တွင် ရုံတင်ပြသမည်ဟု သိရသည်။မြန်မာစာတန်းထိုး ကချင်ဇာတ်ကားကို ရန်ကုန်တွင် ပထမဆုံးအကြိမ် ပြသခြင်းဖြစ်ပြီး၊ စမ်းချောင်းမြို့နယ်ရှိ ရွှေမန်းရုပ်ရှင်ရုံ၌ မနက်ဖြန်မှ စတင်ကာ ရက်သတ္တပတ်ကြာ ရုံတင်သွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

“ဒါက ရန်ကုန်မြို့မှာ ပထမဦးဆုံး ရုံတင်ခြင်းဖြစ်သလို ရွှေမန်း (ရုပ်ရှင်ရုံ) အတွက်လည်း ပထမဆုံးအကြိမ်ပါ။ ကချင်ဆိုတာလည်း တိုင်းရင်းသားတခုပါပဲ။ မြန်မာပြည်ထဲက အကုန်လုံး ကိုယ့်တိုင်းရင်းသား အတူတူပဲဆိုတော့ အားပေးတဲ့အနေနဲ့ တင်ပေးတာပါ” ဟု ရွှေမန်းရုပ်ရှင်ရုံမှ မန်နေဂျာ မစန္ဒာက ပြောသည်။

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် လူငယ်များ၏ အချစ်ဇာတ်လမ်းကို အခြေတည်၍ သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ဌာနေတိုင်းရင်းသားများ၏ ရိုးရာဓလေ့စရိုက်များကို အဓိက ဦးစားပေးကာ ရိုက်ကူးထားခြင်း ဖြစ်သည်။ ဤဇာတ်ကားကို ထုတ်လုပ်သူလည်းဖြစ်သည့် ဒါရိုက်တာ ဂျီဇုံးကီက ရိုက်ကူးပြီး၊ မင်းသား နော်မိုင်၊ မုန်ဆန်နှင့် မင်းသမီး ဆိုင်းဂျာ၊ ဂျာဘောက်၊ ခေါန်လုံတို့က ပါဝင်သရုပ်ဆောင်ထားသည်။

ကြည့်မြင်တိုင်ရှိ CMP (Char Multi-Media Production) တွင် တည်းဖြတ်ပြီး၊ Studio-D တွင် အသံဖမ်းယူသည်။ CMP မှ တာ ၀န်ရှိသူတဦးက “ဒီကားမှာ ရေခဲတောင် ရှုခင်းတွေ ရိုက်ပြထားတယ်။ အခုလို တိုင်းရင်းသားတွေရဲ့ ဇာတ်ကားတွေ ဗီဒီယို၊ ရုပ်ရှင်လောကကို ၀င်ရောက်လာတာ ကောင်းတဲ့ လက္ခဏာပါ” ဟု ပြောသည်။

ပရိသတ်အားပေးမှုနှင့် ပတ်သက်၍ မစန္ဒာက “ဒါက ပထမဦးဆုံးရုံတင်တယ်ဆိုတော့ ပရိသတ်အားပေးမှုက ပြောလို့တော့ မရသေးပါဘူး။ သူတို့က ကချင်ဇာတ်ကားဆိုပေမယ့် ကိုရီးယားကားနဲ့ တူတယ်လေ။ အထိုက်အလျောက်တော့ အောင်မြင်မယ် ထင်ပါတယ်” ဟု ပြောသည်။

အလားတူ ဒါရိုက်တာ အောင်ကိုလတ်ကလည်း ကယားပြည်နယ်ရှိ ပဒေါင်လူမျိုးများအကြောင်း မကြာသေးခင်က ရိုက်ကူးခဲ့သေးသည်။ “ပြီးတော့မှာပါ။ အခု ကျနော်တို့ နောက်ခံတေးဂီတ တီးပြီး အသံသွင်းနေပါတယ်” ဟု ဒါရိုက်တာ အောင်ကိုလတ်က မဇ္ဈိမကို ပြောသည်။

ဆက်ဖတ်ရန်...

အဖြူရောင်ကင်ပိန်း အဆုံးသတ်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ယခုလ ၁၅ ရက်နေ့မှ စတင်ခဲ့သော အန်အယ်ဒီ ပါတီဝင်များ၏ အဖြူရောင် ကင်ပိန်းသည် ယနေ့တွင် အပြီးသတ်လိုက်ပြီ ဖြစ်သည်။

၅ ရက်ကြာ ပြုလုပ်ခဲ့သည့် ကင်ပိန်းလှုပ်ရှားမှုအား ယနေ့တွင် အောင်မြင်စွာ အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း ပဲခူး၊ တွံတေး၊ ရေနံချောင်း၊ မန္တလေးနှင့် မြင်းခြံမြို့နယ်များမှ ပါတီခေါင်းဆောင်များက ပြောဆိုကြခြင်း ဖြစ်သည်။

“အဖြူရောင် ကင်ပိန်းက ၅ ရက်လေ။ ဒီနေ့ နောက်ဆုံးဆိုတော့ ဘုရားကိုးဆူပြည့်အောင် ဝတ်ပြု ဆုတောင်းခဲ့ပါတယ်” ဟု ပဲခူးတိုင်း ပဲခူးမြို့နယ် အန်အယ်ဒီမှ အမျိုးသမီး အဖွဲ့ခေါင်းဆောင် ဒေါ်ခင်ညွန့်မူက မဇ္ဈိမကို ပြောသည်။

ဒေါ်ခင်ညွန့်မူအပါအဝင် ပဲခူးမြို့နယ် အန်အယ်ဒီအဖွဲ့ဝင် ၇ ဦးက အဖြူရောင် အမှတ်သင်္ကေတများ ဝတ်ဆင်ကာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ပဲခူးဘုရားများသို့ ဆိုင်ကယ်များဖြင့် သွားရောက်၍ ဝတ်ပြု ဆုတောင်းခဲ့ကြသည်။

၎င်းတို့က ပဲခူးအရှေ့ပိုင်းရှိ စိန်သာလျောင်း၊ ရွှေမော်တော၊ ဟင်္သာကုန်း၊ ရွှေအောင်ရွေး၊ အနောက်ပိုင်းရှိ ကျိုက်ပွန်၊ မဟာစေတီ၊ လေးမျက်နှာ၊ ရွှေသာလျောင်း၊ မြသာလျောင်း စသည့် ဘုရားကိုးဆူတွင် မောရသုတ်၊ မေတ္တာသုတ်၊ ပဋ္ဌာန်းများ ရွတ်ဆိုကာ ဝတ်ပြုဆုတောင်းခဲ့ကြခြင်း ဖြစ်သည်။

ဒေါ်ခင်ညွန့်မူက “အမတို့ ဘုရားပန်းတွေ ကပ်လှူပြီးတော့ ပရိတ်ရွတ်ဆိုကြတာပါပဲ။ အဖြူရောင် အသုံးပြုခြင်းက ငြိမ်းချမ်းတဲ့ သင်္ကေတလည်း ဖြစ်တယ်။ အမတို့လိုချင်တာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တောင်းဆိုတဲ့ ကင်ပိန်းပဲ ဖြစ်ပါတယ်။ အမကတော့ အပေါ်ရော၊ အောက်ရော ပန်းကအစ ခေါင်းကနေ ခြေထောက်၊ ဖိနပ်အထိ အဖြူရောင်ကို အသုံးပြုထားပါတယ်။ ကျန်တဲ့ လူတွေကတော့ အပေါ်ပိုင်း အင်္ကျီအဖြူ ဝတ်တာများတယ်” ဟု ပြောသည်။

ဆိုင်ကယ် ၃ စီးဖြင့် သွားလာခဲ့သည့် ပါတီဝင်များနောက်သို့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)၊ အထူးရဲသတင်းတပ်ဖွဲ့နှင့် ရဲများသည် ဆိုင်ကယ်များဖြင့်ပင် နောက်မှ လိုက်ပါစောင့်ကြည့်မှုများ ရှိခဲ့သည်။

ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင်လည်း အန်အယ်ဒီ ပါတီဝင် ၁၅ ဦးထက်မနည်းသည် ရွှေဆံတော် စေတီမြတ်ကြီးသို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဘုရားကိုပတ်ကာ မေတ္တာသုတ်ရွတ်ခြင်း၊ ပဋ္ဌာန်းများ ဖတ်ခြင်းနှင့် စေတီတော်အနီးရှိ ငါးကန်၌ ငါးစာကျွေးခြင်းများကို နေ့လည် ၁၂ နာရီမှ နေ့ခင်း ၂ နာရီခန့်အထိ ပြုလုပ်ခဲ့ကြသည်။

ဘုရားကိုပတ်နေစဉ် တွံတေးရဲစခန်းမှ ဒုတပ်ကြပ် စိုးဝင်းအောင်နှင့် နယ်ထိန်းခေါင်းဆောင် ဝင်းထွဋ္ဋ်ထွဋ္ဋ်ဦး ပါဝင်သည့် ရဲတပ်ဖွဲ့အင်အား ဦးရေ ၂၀ ခန့်က နှောင့်ယှက်ခဲ့ကြောင်း တွံတေးမြို့နယ် အန်အယ်ဒီ တွဲဖက်အတွင်းရေးမှူး ကိုဇော်မင်းထွန်းက ပြောသည်။

''သတ္တိရှိတဲ့ကောင် လာခဲ့။ အမျိုးသမီးတွေလည်း ဂရုမစိုက်ဘူး၊ လာခဲ့ဆိုပြီး ထိုးမယ်ကျိတ်မယ်ဆိုတဲ့ ပုံစံနဲ့ ရန်စပါတယ်။ ဆူပူမှုဖြစ်အောင်လို့ နှိုးဆော်တာပေါ့ဗျာ။ ကျနော်တို့ ဒေါ်သထွက်ပြီး ရင်ဆိုင်လိုက်ရင် သူတို့က တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ ဆွဲမယ်ပေါ့။ မြို့နယ်မှူးတို့၊ မယက ဥက္ကဋ္ဌ ဦးအောင်စံသာတို့လည်း ဘုရားပေါ်မှာ ရောက်နေတယ်'' ဟု သူက ပြောသည်။

ထို့နောက် အင်္ကျီဖြူများ ဝတ်ဆင်ထားသည့် ရာချီရှိသော လူထုများ ရှေ့မှောက်တွင် ရဲတပ်ဖွဲ့ဝင်များက သူတို့ ပါတီဝင်များအား ဘုရားပေါ်မှ နှင်ထုတ်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း ရေနံချောင်းမြို့တွင် အဖြူရောင်ကင်ပိန်း လုပ်ဆောင်ခဲ့ကြောင်း မြို့နယ် ပါတီခေါင်းဆောင် တဦးဖြစ်သူ ဒေါ်ခင်စောဌေးက ပြောသည်။

သူက ''အန်တီတို့ အဖြူရောင် ကင်ပိန်းတော့ လုပ်ပါတယ်။ လူအုပ်ကြီး တအုံတမနဲ့တော့ မလုပ်ပါဘူး။ ဘုန်းကြီးကျောင်းတို့၊ ဘုရားတွေကိုတော့ အဖြူရောင်ဝတ်ပြီး သွားကြပါတယ်။ ဈေးထဲကတော့ သိသိသာသာပေါ့။ ဈေးဆိုတာက အဖြူရောင်ဝတ်ခဲတဲ့ နေရာကိုပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်အောင်လို့ တိုက်ပွဲဝင်တဲ့ သဘောပါပဲ။ လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို ပိုင်ဆိုင်နိုင်မှ တိုင်းပြည်ရဲ့ လွတ်လပ်ခွင့်က အပြည့်အဝ ဖြစ်မှာကိုး'' ဟု ပြောသည်။

ထို့အပြင် မန္တလေးမြို့တွင်လည်း စပို့ရှပ် အင်္ကျီအဖြူတွင် 'ကောင်းကျိုးအထွေထွေနဲ့ ချွန်စေမြစေသော်ဝ်၊ ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသော်ဝ်' ဟူသော စာတန်းထိုးထားသည့် ပါတီလူငယ်များက ဆိုင်ကယ် ၃ စီးဖြင့် လှည့်လည်ခဲ့ကြသည်။

မန္တလေး အန်အယ်ဒီ တိုင်းစည်းရုံးရေးအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးကိုကိုကြီးက ''တချို့အိမ်တွေမှာလည်း အဖြူစလေးတွေကို ခြံစည်းရိုးတို့၊ အိမ်ပေါ်တို့မှာ လွှမ်းထားတာကို တွေ့ပါတယ်'' ဟု ပြောသည်။

ယခုလ ၁၁ ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်တွင်းတရားရုံးက ပြစ်ဒဏ် ချခဲ့ပြီးနောက် အန်အယ်ဒီ ပါတီဝင်များ ဦးဆောင်သည့် အဖြူရောင်ကင်ပိန်းသည် ယခုမြို့နယ်များအပြင် အခြားသော မြို့နယ်ဒေသများတွင်လည်း လုပ်ဆောင်ခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။

ဆက်ဖတ်ရန်...

ကြံ့ဖွံ့ အတွင်းရေးမှူး မနက်ဖြန် ဂျပန် ရောက်မည်

နယူးဒေလီ (မဇ္စျိမ)။ ။ စစ်အစိုးရ ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးဌေးဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ ယနေ့တွင် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိမည်ဖြစ်သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဟီရိုဖူမီ နာဂါဆိုနီ (Hirofumi Nakasone) ဖိတ်ကြားထားသည့် ၇ ရက်ကြာ ခရီးစဉ်တွင် ကြံ့ဖွံ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦးတဖြစ်လည်း ဦးဌေးဦးနှင့်အတူ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွဋ်ဦး၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ အရာရှိများအပြင် စစ်ဘက်ဆိုင်ရာ လုံခြုံရေး အရာရှိများပါ သွားရောက်မည် ဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့သည် မနေ့က ညနေပိုင်းတွင် ထိုင်းလေကြောင်း TG ဖြင့် မြန်မာနိုင်ငံမှ စတင်ထွက်ခွာပြီး၊ ဂျပန်မြို့တော် တိုကျိုသို့ ANA – 916 ခေါ် နီပွန်လေကြောင်းလိုင်းဖြင့် ၂ဝ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်မည်။

ယခုလ ၂၆ ရက်နေ့တွင် အဆုံးသတ်မည့် ခရီးစဉ်အတွင်း မြန်မာအဖွဲ့သည် တိုကျိုမြို့လယ်ရှိ Hotel New Otani တွင် တည်းခိုမည်ဖြစ်ကြောင်းနှင့် ရောက်ရှိသည့်နေ့တွင် တိုကျိုမြို့တောင်ဘက်ရှိ နိုင်ငံခြားသား ခရီးသွားများဖြင့် စည်ကားလျက်ရှိသော Kamakura အရပ်မှ ဗုဒ္ဓကြေးရုပ်ပွားတော်နှင့် ဇင်ဘုရား ပုထိုးဟောင်းများသို့ သွားရောက် ဖူးမျှော်မည်ဖြစ်ကြောင်း သတင်းရပ်ကွက်တခုက ဆိုသည်။

၂၃-၂၄ ရက်နေ့များတွင် ဂျပန်နိုင်ငံ လက်ရှိ အတိုက်အခံပါတီမှ ပါလီမန် အမတ်တချို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး ၂၅ ရက်နေ့ နံနက်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟီရိုဖူမီနှင့်သော်၎င်း၊ ထိုနေ့ညနေတွင် စိုက်ပျိုးရေး ဒုဝန်ကြီးနှင့် တွေ့ဆုံမည်။

ချစ်ကြည်ရေး ခရီးစဉ်ဖြစ်သည့်အပြင်၊ ယခုလ ၃၀ ရက်နေ့တွင် ကျင်းပမည့် ဂျပန်ရွေးကောက်ပွဲ၌ လက်ရှိ အတိုက်အခံပါတီ Democratic Party of Japan (DPJ) က အနိုင်ရခဲ့ပါက ဂျပန်က မြန်မာအပေါ် ထားရှိသည့် မူဝါဒများအပေါ် ကြိုတင်ညှိနှိုင်းရေးအတွက် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။ DPJ သည် ယခုရွေးကောက်ပွဲ၌ အနိုင်ရရှိလိမ့်မည်ဟု အကဲခတ်အများက တစ်ကြိုပေး ခန့်မှန်းထားကြသည်။

ကြံ့ဖွံ့ခေါင်းဆောင်နှင့် အဖွဲ့သည် ယခင်ကလည်း အိမ်နီးချင်း တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သေးသည်။

အခြားသော ဆက်စပ်သတင်းတခုမှာ ကြံ့ဖွံ့အသင်း၏ သင်းလုံးကျွတ်အစည်းအဝေးကို အောက်တိုဘာလအတွင်း နေပြည်တော်ရုံးသစ်တွင် ပြုလုပ်သွားရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။

အစည်းအဝေးပွဲကြီးမတိုင်မီ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပေါ်ထွက်လာဖွယ်ရှိနေပြီး အစည်းအဝေးက တခဲနက်အတည်ပြုရမည်ဟု အသင်းကြီး၏ ထိပ်တန်းသတင်းရပ်ကွက်များက ပြောသည်။

နေပြည်တော်၏ ဆင်ခြေဖုံး ရန်ကုန်ဘက်သို့လာသည့် အဝေးပြေးလမ်းမဘေးတွင် ကြံ့ဖွံ့ရုံးသစ်ကြီးကို အပြီးသတ်လျှက်ရှိသည်။

ဆက်ဖတ်ရန်...

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ချီတက်ဆန္ဒပြပွဲပြုလုပ်မည်

ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ မိမိတို့ခေါင်းဆောင်၏ အစီအစဉ်အတိုင်း ပူးပေါင်းဆောင်ရွက်နိုင်ကြစေရန် တင်ပြခြင်းဖြစ်ပါသည်။၂၃-၈-၂ဝဝ၉ (တနင်္ဂနွေနေ့)တွင် ကျင်းပမည့် “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး” ချီတက်ဆန္ဒပြပွဲ နှင့်ပတ်သက်၍ အောက်ပါအကြောင်းအရာများကို လေးစားစွာ အသိပေးအပ်ပါသည်။

1. စုရပ်အဖြစ် Ebisu ပန်းခြံအား နေ့လည် (၁)နာရီမှ (၃)နာရီထိ အသုံးပြုခွင့် ရရှိခဲ့ပါသည်။ သို့ပါ၍ ရဲခွင့်ပြုချက် ပုံစံဖြည့်ရန်အတွက် လိုက်ပါလိုသူများ တနင်္လာနေ့ (၁၇-၈-၂ဝဝ၉) မွန်းလွဲ (၃)နာရီတွင် Kasumigaseki ဘူတာအနီး ရဲချုပ်ရုံးရှေ့တွင် စောင့်ဆိုင်း၍ အတူတကွ ပါဝင်လုပ်ဆောင်ကြရန် ဖိတ်ခေါ်ပါသည်။

2. ချီတက်ဆန္ဒပြပွဲနေ့တွင် ပါဝင်ဆင်နွှဲမည့်သူများအား မွန်းလွဲ (၁)မှ စတင်စုရုံးပါမည်။ မွန်းလွဲ (၁)နာရီခွဲ တွင် အခမ်းအနား စတင်လျက် မွန်းလွဲ (၂)နာရီခွဲတွင် စတင်ချီတက်ဆန္ဒပြပါမည်။

3. ချီတက်ဆန္ဒပြပွဲ ဂိတ်ဆုံး ပန်းခြံမှာ Sendagaya ဖြစ်ပါသည်။

4. အခမ်းအနားဖွင့်ပွဲနှင့် ပတ်သက်၍၎င်း၊ ချီတက်ဆန္ဒပြပွဲအတွက် စည်းကမ်းထိန်းသိမ်းရေး၊ ရေသန့် ဗူးများ ဝေငှရေး၊ သတင်းပြန်ကြားရေး၊ အလံကိုင်နှင့် ပိုစတာ-နဖူးစည်းများ၊ ကြွေးကြော်သံများ၊ ဖိတ်ခေါ်မည့် ဂျပန်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ အစရှိသည်တို့နှင့် ပတ်သက်၍၎င်း မိမိတို့ ပါဝင် လှုပ်ရှားမည့်အစီအစဉ်များကို အသေးစိတ်ဆွေးနွေးလိုပါက ကြာသာပတေးနေ့ (၂ဝ-၈-၂ဝဝ၉) နောက်ဆုံးထား၍ ဆက်သွယ်နိုင်ပါကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။

ဆက်သွယ်ရန်
်သန်းဆွေ - (090-4964-9718)
မိုင်ကျော်ဦး (03-5968-4440)
မြင့်ဆွေ (090-7247-6099)
လွင်အောင်စိုး (090-6505-6858)

ဆက်ဖတ်ရန်...

၂၀၁၀ ကြိုးကွင်းစွပ်ပွဲနှင့် လူထုတိုက်ပွဲ။

နအဖ ဖွတ်လူစုက ကျင်းပမဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ကျွန်ုပ်တို့ ပြည်သူတွေအားလုံး ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်ခံရမည့် ပွဲတစ်ခုပါ၊ ဒီနေ့ ကျွန်ုပ်တို့ ပြည်သူတွေ ဆင်းရဲနေကြတယ်၊ စုတ်ပြတ်နုံခြာတဲ့ ဘ၀တွေကို ခါးသီးစွာဖြတ်သန်းနေကြရတယ်၊ လူစဉ်မမီ လူအဆင့်အတန်းမရှိ အဓိပ္ပါယ် မပြည့်ဝတဲ့ ဘ၀တွေနဲ့ ဖြစ်သလို ကြုံသလို ရုန်းကန်လှုပ်ရှားနေကြရတယ်၊ အနှစ်(၂၀) အတွင်းမှာ နအဖဟာ တိုင်းပြည်ကို ရစရာမရှိအောင် ချေမှုန်းဖျက်ဆီးပစ်ခဲ့တယ်၊ အနှစ်သာရအနေနဲ့ မြန်မာဆိုတာ ငတုံး ငအ အဆင့်အတန်းမဲ့သူတွေဖြစ်တယ် ဆိုတဲ့ အရာကို သာ တံဆိပ်ခပ်နှိပ်ခြင်းခံခဲ့ရပေသည်။

ပြည်သူအတွက် အကျိုးကျေးဇူးမများတဲ့အပြင် ပြည်သူလူထုကို နည်းအမျိုးမျိုးနဲ့ မတရား ဖမ်းဆီးနှိပ်စက် ထောင်ချ ညှင်းပမ်း သတ်ဖြတ်နေတဲ့ လူယုတ်မာ ဖွတ်တစ်သိုက်ကို ဖြုတ်ချပစ်ရန် တာဝန်မှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့တာဝန်သာဖြစ်ပေသည်၊ နအဖကို ဖြုတ်ချပစ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ လူထုအုံကြွတော်လှန်ရေးပင်ဖြစ်သည်၊ နအဖသည် လူစကားသူစကားကို နားထောင် တတ်သည့် သတ္တ၀ါများမဟုတ်ပေ၊ နအဖဆီမှာ ဒီမိုကရေစီတောင်းဆိုနေ၍ အကျိုးမရှိ၊ နအဖ ဖွတ်တစ်သိုက် တိုင်းပြည်မှာ မရှိတော့မှသာလျှင် စစ်မှန်သည့် အနှစ်သာရပြည့်ဝသည့် ဒီမိုကရေစီကို ရရှိနိုင်မည်ဖြစ်ပေသည်၊

ယခုအခါတွင် မြန်မာပြည် ဒီမိုကရေစီရရှိရေးသည် ကျွန်ုပ်တို့၏ မွေးရာပါ တာဝန်တစ်ရပ်ဖြစ်လာပေပြီ၊ ဒီမိုကရေစီရရှိရေးသည် လူတိုင်းမှာ တာဝန်ရှိနေပေသည်၊ ကျွန်ုတို့၏ သားစဉ်မြေးဆက် လူတန်းစေ့ ဘ၀မျိုးနှင့် အဓိပ္ပါယ်ရှိသော လူသားအဖြစ် ရပ်တည်ရှင်သန်ခွင့်ရရေးအတွက် ကျွန်ုပ်တို့ ဒီတာဝန်ကို မဖြစ်မနေ ထမ်းဆောင်ရပေမည်၊ နအဖသည် ကျွန်ုတို့၏ စိတ်ဓာတ်နှင့် ဆန္ဒကို ဘယ်တော့ခါမှ ချုပ်နှောင်ထား၍ မရခဲ့၊ ၄င်းစိတ်ဓာတ်ဖြင့်ပင် မဆလ တစ်ပါတီအာဏာရှင်စနစ်ကို ဖြိုလှဲပစ်နိုင်ခဲ့ပေသည်၊ ယခုတစ်ခါ နအဖ စစ်အာဏာရှင် ဖွတ်တစ်သိုက်ကို ဖြိုလှဲဖို့ရန် ခေတ်စနစ်ကြီးက အမှန်တကယ်တောင်းဆိုနေပြီဖြစ်သည်။

မဝေးတော့သည့်ကာလတွင် မြန်မာနိုင်ငံတွင် အကြီးမားအပြင်းထန်ဆုံးသောလူထုတိုက်ပွဲတစ်ရပ် ဆင်နွဲတော့မည်ဖြစ်သည်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ဦးဆောင်ပီး နအဖစစ်အာဏာရှင် တော်လှန်ရေးသပိတ်တိုက်ပွဲကို ဆင်နွဲတော့မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပီးဖြစ်သည်၊

ပြည်သူတစ်ရပ်လုံးအနေနှင့် မိမိတို့၏ ဖြတ်သန်းခဲ့ရသည့် မအောင်မမြင် ဖြစ်ခဲ့ရသည့် အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး စနစ်တကျ စည်းကမ်းရှိရှိ လူထုတိုက်ပွဲကို ပြီးဆုံးအောင်ပွဲရသည်အထိ တိုက်ပွဲဝင်ကြဖို့ အထူးလိုအပ်ပေသည်၊ မိမိတို့ ရပိုင်ခွင့် အတွက် မိမိတို့သာလျှင် ဦးဆောင် တိုက်ပွဲဝင်ကြရမည်ဖြစ်သည်၊

စစ်အာဏာရှင်စနစ် အလုံးစုံ ချုပ်ငြိမ်းပပျောက်သွားရေးသည် ကျွန်ုပ်တို့၏အဓိက တာဝန်ဖြစ်သည်၊ ခေတ်ဆိုး စနစ်ဆိုးအောက်မှာ ကျွန်ုပ်တို့၏ ဘ၀များစွာ အသက်ပေါင်းများစွာ စစ်အာဏာရှင်ရဲ့အနှိမ်ခံ အဖိနှိပ်ခံဘ၀တွေနဲ့ အဆုံးသတ်ခံမလား မခံဘူးလားဆိုတာ မြန်မာနိုင်ငံသားမှန်သမျှ အချိန်တိုင်း အချိန်တိုင်း မိမိကိုယ်မိမိ မေးရတော့မည့်အချိန်ကျရောက်နေပီဖြစ်သည်၊ စစ်အာဏာရှင်ကြိုးကွင်းသည် မကြာမီအချိန်တွင် ပြည့်သူ့လည်ပင်းကို စွပ်ဖို့ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း သတိပေးနိုးဆော်လိုက်ရပေသည်။

တက္ကသိုလ်သောတုဇနဘိက္ခု (ရန်ကုန်)။

ဆက်ဖတ်ရန်...

မလုံခြုံသော အန်တီစု၏ လုံခြုံရေးအတွက် NLD သို့ လုံခြုံရေးဆိုင်ရာပေးစာ

AP Photo/Khin Maung Win

သို့/-
NLD ပါတီ ခင်ဗျား ...

ယခုပြီးစီးသွားသော ဒေါ်အောင်ဆန်းစုကြည် အမှု၌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် လုံခြုံရေး အပြည့်ချထားပါလျက် သူစိမ်းတစ်ယောက် ၀င်ရောက်လာမှုကို မသိရှိခဲ့သောကြောင့် (သို့မဟုတ်) မသိချင်ယောင်ဆောင်ခဲ့သောကြောင့် ယင်းလုံခြုံရေး စိတ်မချရခြင်းမှာ ထင်ရှားနေပါသည်။

(အမှုအပြီးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်နေအိမ် လုံခြုံရေးအတွက် အဓိကတာဝန်ရှိသူ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ် အစရှိသူတို့ အလုပ်မှ တာဝန်ယူနုတ်ထွက်ပေးသင့်ပါလျက် တာဝန်မဲ့စွာ ဖာသိဖာသာနေပြီး နေအိမ်လုံခြုံရေးတာဝန်ယူသည့် တပ်စိတ်များ၊ ရဲဘော်များကိုသာ ချနင်း/အရေးယူခဲ့သည်။ --- ဘလော့ဂ်အယ်ဒီတာ)

သို့ဖြစ်၍ ယခုအခါ အကျယ်ချုပ်ဖြင့် နေအိမ်တွင် ပြန်လည်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်အတွက် လုံခြုံရေးမှာလည်း စိတ်ချရမည်မဟုတ်ဟု ထင်ရပါသည် ။


နောက်ထပ်တစ်ခါ ထပ်မံ၍ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို တစ်စုံတစ်ဦးက ၀င်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံ/သတ်ဖြတ်သွားမည်ဆိုလျှင် စစ်အစိုးရက သူတို့လုံခြုံရေးနှင့် မဆိုင်ပါဟု ပြောလာဦးမည်မှာ ထင်ရှားပါသည်။

သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်ရသည်မှာ အမှန်ပင် ဖြစ်ပါသဖြင့် NLD ပါတီအနေနှင့် ယခုကဲ့သို့ မဖြစ်ရလေအောင် (သို့မဟုတ်) ယခုထက် ပိုဆိုးသော အခြေအနေမျိုးအထိ မဖြစ်ရလေအောင် "လုံခြုံရေးနှင့် ပတ်သက်ပြီး မည်သို့မည်မျှ အကာအကွယ်ပေးနိုင်မည်" ဟူသော အကြောင်းအရာကို စစ်အစိုးရအား တင်ပြသင့်ပါသည်။

ယခုလို ဒေါ်အောင်ဆန်းစုကြည် အတွက် ပူပန်နေသည်မှာ စာရေးသူ တစ်ဦးတည်း မဟုတ်ပါ။
အများပြည်သူအားလုံးက ပူပန်နေခြင်းဖြစ်ပါသည်။ ယင်းကြောင့် NLD ပါတီသည် ထို အကြောင်းအရာကို စစ်အစိုးရအားတင်ပြသင့်ပါသည်။

ပြည်သူတစ်ရပ်လုံးက ထောက်ခံထားသောပါတီအား လေးစားယုံကြည်လျက်။ ။

ဖိုးရှုပ် (ဒဂုံ အဝေးသင်) နှင့် သူငယ်ချင်းများ http://bigbbrown.blogspot.com/ မှကူးယူဖော်ပြပါသည်။

ဆက်ဖတ်ရန်...

အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့်တွေ့ဆုံ

ချင်းမိုင် (မဇ္ဈိမ)။ ။ အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်(Jim Webb) သည် နေပြည်တော်တွင် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးလျှက် ရှိသည်။
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စည်းကမ်းချိုးဖောက်သည်ဆိုကာ ထောင်ဒဏ် ၁ နှစ်ခွဲ ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ခဲ့ပြီး နောက် အမေရိကန် အထက်လွှတ်တော် အမတ်တဦး၏ ဆယ်စုနှစ် တခုကျော် ကာလအတွင်း ထူးထူးခြားခြား သွားရောက်ခဲ့သော ယခုခရီးစဉ်အတွင်း စစ်အစိုးရ ရုံးစိုက်ရာ လွင်တီးခေါင် မြို့တော်တွင် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေး ပါတီများနှင့်လည်း တွေ့ဆုံမှာဖြစ်သည်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို မူအားဖြင့် ကန့်ကွက်သူဟု လူသိများသော မစ္စတာ ဂျင်မ်ဝက်ဘ် ခရီးစဉ်ကို အတိုက်အခံများက သဘောတွေ့လှသည်တော့ မဟုတ်ပါ။ မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန် ပြည်ထောင်စုသည် မြန်မာ စစ်ခေါင်းဆောင်များနှင့် သားချင်းများ၊ မိတ်ဖက် စီးပွားရေးသမားများအပေါ် ဘဏ္ဍာရေးနှင့် သံတမန်ရေးရာ ပိတ်ဆို့မှုများ ပြုလုပ်ထားသည်။
အမေရိကန်အမတ်သည် မနက်ဖြန်တွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် အရင်တွေ့ဆုံပြီး သဘောထားတင်းမာလှသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဆွေးနွေးမှာ ဖြစ်သည်။ ထို့နောက် မြို့တော်ဟောင်း ရန်ကုန်သို့ ပြန်မှာဖြစ်ပြီး အမေရိကန် သံရုံးဝန်ထမ်းများနှင့် တွေ့ဆုံပြီး ရွှေတိဂုံ ဘုရားဖူးသွားမှာဖြစ်ကြောင်း သတင်းရပ်ကွက်များက ပြောသည်။နောက်တရက်တွင် ရန်ကုန်မြို့တွင် စီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံမှာ ဖြစ်သည်။

ဆက်ဖတ်ရန်...

အင်နာဂျက်ဆင်ဆေးဝါးအတုများ ဈေးကွက်တွင်တွေ့ရှိ

အင်နာဂျက်ဆင်ဆေးဝါးအတုများကို ဈေးကွက်အတွင်း ရောင်းချမှုများရှိ နေပြီး ၄င်းဆေးဝါးများကို သောက်သုံးမိ ပါက လူ၏ခန္ဓာကိုယ်အတွင်း သွေး ယိုစီးမှုဖြစ်ပေါ်စေကြောင်း မြန်မာနိုင်ငံ ဆေးဝါးစက်ရုံဘီပီအိုင်မှ လက် ထောက်စက်ရုံမှူး ဒေါက်တာ အောင်ဇော်မှ အသိပေးပြောကြားခဲ့သည်။အင်နာဂျက်ဆင်ဆေးဝါးထုတ်လုပ်မှုကို မြန်မာနိုင်ငံဆေးဝါးစက်ရုံဘီပီအိုင်မှ ၂၀၀၃ ခုနှစ်ကတည်းက ထုတ်လုပ်မှုကိုရပ်နားထားခဲ့သည်။

ဘီပီအိုင်ဆေးဝါးစက်ရုံမှ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွယ်ကဲမှုဌာန (FDA) ၏တားမြစ်ချက်ဖြင့် ဒီဆေးထုတ်လုပ်မှုကို ရပ်ထားခြင်းဖြစ်ပြီး အင် နာဂျက်ဆင်ဆိုရင် မည်သည့်နိုင်ငံမှ သွင်းသွင်း သောက်သုံးရန် မသင့် ကြောင်း ဒေါက်တာအောင်ဇော်က ရှင်းပြထားသည်။

အင်နာဂျက်ဆင်ဆေးဝါးအတုကို MPF တံဆိပ်အတုတွေနဲ့ မန္တလေးဘက် မှာ တွေ့နေရတယ်၊ ဆေးပြားမှာ အစက်အပြောက်ပါပြီး အစစ်ထက် ပါး လွှတာကိုတွေ့ရတယ်။ ဆေးကိုစစ်ဆေးကြည့်ရင် ပါရာစီတမော ၈၀ ရာခိုင် နှုန်းပါဝင်တယ်။ ဆေးကို ရုတ်တရက်သောက်လိုက်ရင် အကိုက်အခဲ ပျောက်တယ်လို့ထင်ရပေမယ့် ဘေးထွက်ဆိုးကျိုးများတယ်” ဟု ဒေါက် တာအောင်ဇော်က ပြောသည်။

အင်နာဂျက်ဆင်ဆေးဝါးကို အကိုက်အခဲပျောက်ဆေးအဖြစ်သုံးခဲ့သော်လည်း ၄င်းဆေးတွင် ပါဝင်သည့် အာနိသင် Dipyrone 500mg ကဘေးထွက်ဆိုးကျိုးအနေဖြင့် အစာအိမ် သွေးယိုးစီမှုမှ လူခန္ဓာကိုယ် သွေးယိုးစီးသည့်ရောဂါ၊ ကုသ၍မရနိုင်သည် အရိုးတွင်းချဉ်ဆီ ခမ်းခြောက်မှုရောဂါတွေ ဖြစ်ပေါ်စေနိုင်သည့်အတွက် ဗ ဟိုအစားအသောက်နှင့် ဆေးဝါးကွယ်ကဲမှုဌာန (FDA) မှ ၂၀၀၃ ခုနှစ် ကတည်းက ထုတ်လုပ်မှုကို ပိတ်ပင်ထားခြင်းဖြစ်သည်။

ရန်ကုန်မြို့ပေါ်ရှိ ဆရာဝန်တစ်ဦး၏ ပြောကြားချက်အရ “အင်နာဂျက်ဆင် ဆေးရဲ့ ဘေးထွက်ဆိုးကျိုး မသိသေးတဲ့အတွက် အခုချိန်ထိတော့ ဆေးဆိုင် မှာအလွယ်တကူ ဝယ်ယူသုံးစွဲနေတုံးပါပဲ၊ အင်နာဂျက်ဆင်ဆိုရင် ထိုးဆေး ရော သောက်ဆေးပါ မသောက်သုံးသင့်တော့” ဟု ပြောသည်။အင်နာဂျက်ဆင်ဆေးအတုတွေကို FDA ဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာ နတို့မှ သိမ်းဆည်းအရေးယူမှုများ ပြုလုပ်လျက်ရှိပြီး ယခုအချိန်ထိ လူအ များစုက မသိရှိကြဘဲ အကိုက်ခဲပျောက်ဆေး၊ ထိုးဆေးအဖြစ် သုံးစွဲနေကြ သည်။

ယခုလအနည်းငယ်အတွင်း ဆက်တိုက်ဆိုသလို ပြည်တွင်းထုတ်ကုန်များမှ လက်ဖက်ဆိုးဆေး၊ ငါးပိဆိုးဆေးများတွင် ဆန့်ကျင်ဓါတ်ပေါင်းပါဝင်နေ ကြောင်း သိရသည်။ ပြည်ပသွင်းကုန်ဟု ပြောနိုင်မည့် နယ်စပ်ဖြတ် ကျော်ကြက်ဥအတုများကို တရုတ်နိုင်ငံနယ်စပ်မှ ဝင်ရောက်လာကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် မန္တလေးမှ စတင်တွေ့ရှိတဲ့ အင်နာ ဂျက်ဆင်ကို တရုတ်နိုင်ငံက တင်သွင်းလာသည်ဟု ပြည်သူများက ယူဆနေကြသည်။

ဆက်ဖတ်ရန်...

ပြည်ပမီဒီယာများအပေါ် စစ်အစိုးရ မီဒီယာစစ်ပွဲ ဆက်လုပ်နေ

နယူးဒေလီ (မဇ္စျိမ)။ ။ စစ်အစိုးရအာဏာပိုင်များ ပြည်ပအခြေစိုက် မြန်မာမီဒီယာများအပေါ် ရန်သူသဖွယ် ဆက်ဆံခြင်းသည် ဆက်ရှိမည့်အပြင် ပျောက်ကွယ်မည် မဟုတ်ကြောင်း ပြည်တွင်းအခြေစိုက် စာနယ်ဇင်းသမားများက ဆိုသည်။

“ပြည်ပမီဒီယာတွေအပေါ် စစ်အစိုးရ သဘောထားက ဘယ်တော့မှ ပျော့ပြောင်းမယ် မထင်ဘူး။ သူတို့ရဲ့ ပျော့ကွက်၊ ဟာကွက်၊ မှားကွက်တွေကို ထောက်ပြနေတာတွေ၊ သူတို့အပေါ် အတိုက်အခံ လုပ်နေတာတွေကြောင့် ပါတယ်” ဟု ရန်ကုန်ရှိ အမည်မဖော်လိုသူ ဝါရင့် ဂျာနယ် အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။

သတင်းလွတ်လပ်ခွင့်၊ မိမိဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် ဆိတ်သုန်းနေသည့် စစ်အစိုးရလက်ထက်တွင် ပြည်ပသတင်းဌာနများနှင့် အဆက်အသွယ်ရှိသည်ဟု သံသယရှိသည့် သတင်းထောက်များ၊ ဂျာနယ်တိုက်များကို အာဏာပိုင်များက အနီးကပ်စောင့်ကြည့်ခြင်းများ ပြုလုပ်နေသည်ဟု သူက ဆိုသည်။


ပြည်ပသတင်းဌာနများနှင့် ဆက်သွယ်သည်ဟု စွပ်စွဲပြောဆိုကာ ရန်ကုန်အခြေစိုက် နာမည်ရ အပတ်စဉ်ထုတ် ဂျာနယ်တခုမှ သတင်းထောက်တဦးကို အလုပ်မှထုတ်ပယ်ခဲ့သည့်အပြင်၊ အချို့ကို စောင့်ကြည့်ကာလ ၂ လ သတ်မှတ်ကာ စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

“အလုပ်ကနေ ထုတ်ပစ်တဲ့အဆင့်တော့ မလုပ်ကောင်းပါဘူး။ သူ့ကို ခေါ်သတိပေးတာမျိုး၊ ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတဲ့ဟာမျိုး၊ ကြိုတင် သတိပေးတာမျိုး လုပ်သင့်ပါတယ်” ဟု ဝါရင့်မဂ္ဂဇင်း အယ်ဒီတာတဦးက ပြောသည်။

ထိုဂျာနယ်တိုက်တွင် ၎င်းတို့သတင်းထောက်များအား ပြည်ပ မီဒီယာသမားများနှင့် ဆက်သွယ်ခြင်း မပြုလုပ်ရန် သတိပေးထားသည့်အပြင်၊ ဆက်သွယ်ပါကလည်း ပြင်းထန်စွာ အရေးယူမည်ဟု ညွှန်ကြားချက် ထုတ်ထားသည်။

အလားတူ ပြီးခဲ့သည့်ဇူလိုင်လက အသစ်ထုတ်ဝေခဲ့သည့် Myanmar Post သတင်းဂျာနယ်က သတင်းထောက် ၂ ဦးကိုလည်း တစုံတရာ ကြိုတင် အသိပေးခြင်း၊ သတိပေးခြင်းမရှိဘဲ ဂျာနယ်တိုက်က အလုပ်မှ ထုတ်ပယ်ခဲ့သည်။

“ဘာ့လို့ ထုတ်တယ်ဆိုတာ တခွန်းမှ သူတို့ကို မပြောဘူး။ တလစာယူပြီး အလုပ်ကထွက်တော့ဆိုပြီး ပြောတယ်တဲ့။ သူတို့ကိုယ်၌ကလည်း ဘာကြောင့် အထုတ်ခံရတာ မသိကြဘူး” ဟု အလုပ်ထုတ်ခံရသူ ၂ ဦးနှင့် နီးစပ်သည့် မိတ်ဆွေတဦးက မဇ္စျိမကို ပြောသည်။

ဂျာနယ်တိုက်များသည် ပြည်ပသတင်းဌာနများနှင့် အဆက်အသွယ် မရှိကြောင်း ပြည်ထဲရေးဌာနသို့ ဝန်ခံကတိ ပေးထားရသော်လည်း ရုံးတွင်းလိုက်နာရမည့် သီးသန့် စည်းကမ်းချက်များ ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။

“ဒီလိုလုပ်ရတာက ကျနော်တို့ဂျာနယ်တွေအပေါ် သက်ဆိုင်ရာ အာဏာပိုင်တွေက အမြင်တိမ်းစောင်းတာမျိုး မဖြစ်အောင် ကြိုတင်ပြောရတာပါ။ မလိုအပ်ဘဲနဲ့ တိုက်က တစုံတခု ဖြစ်လာတာမျိုး မဖြစ်စေချင်ကြဘူး” ဟု အမည်မဖော်လိုသူ အယ်ဒီတာက ပြောသည်။

ပြည်တွင်းဂျာနယ်များအနေဖြင့် ၎င်းတို့ထုတ်ဝေမည့် စာမူကြမ်းများကို ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနကို တင်ပြရပြီး၊ စိစစ်ရေးခွင့်ပြုချက် ကင်းလွတ်သည့် သတင်း၊ ဆောင်းပါးတို့ကိုသာ ထုတ်ဝေခွင့်ရသည်။

စာပေစိစစ်ရေးက စာမူကြမ်းပါ အကြောင်းအရာတချို့ကို ပယ်ချပါက တစုံတရာ ရှင်းလင်းပြောပြခြင်း၊ အကြောင်းပြန်ကြားလေ့ မရှိပေ။

ပြီးခဲ့သည့်လအတွင်း မလေးရှားနိုင်ငံရှိ မြန်မာဘုန်းကြီးကျောင်းတခုက မြန်မာများအတွက် ရည်ရွယ်ကာ ကွန်ပြူတာသင်တန်းကျောင်း ဖွင့်လှစ်ခဲ့သည့်သတင်းကို ပြည်တွင်းဂျာနယ်များဖြစ်သည့် 7 Days၊ The Voice အပါအဝင် အခြားဂျာနယ်တချို့က ရေးသားထုတ်ဝေရန် ကြိုးစားခဲ့သော်လည်း စိစစ်ရေးက ပယ်ချခဲ့သည်။

ထိုသင်တန်းကျောင်းကို မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည့်အပေါ် စိစစ်ရေးက မကြိုက်နှစ်သက်သဖြင့် ပယ်ချခဲ့ခြင်း ဖြစ်နိုင်ကြောင်း စာနယ်ဇင်းသမားများက ထင်မြင်ယူဆကြသည်။

ဝါရင့်သတင်းထောက်တဦးက “ကျနော်တို့ အပြင်ထွက်လိုက်ပြီးတော့ ရေးတဲ့သတင်းတွေ စိစစ်ရေးက ပယ်တော့ နှမျောတာပေါ့ဗျာ။ အချိန်ပေးလိုက်ထားရတာ။ သုံးလို့ရမယ့် နေရာတခုကို ပို့လိုက်တော့ စာဖတ်သူတွေအတွက် တန်ဖိုးရှိပါတယ်” ဟု ပြောသည်။

မည်သို့ပင်ဆိုစေကာမူ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြည်ပမီဒီယာကို တန်ပြန်ထိုးနှက်ရန် ရည်ရွယ်ပြီး မီဒီယာကို မီဒီယာနှင့်တိုက်မည် ဆိုသည့်အတိုင်းပင် ယနေ့ထိတိုင် ရပ်တန့်မှုမရှိဘဲ နည်းမျိုးစုံသုံးကာ တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်သည်။

စစ်အစိုးရ အာဘော်များကိုသာ ရေးသား ထုတ်ဝေနေသည့် မြန်မာ့အလင်း၊ ကြေးမုံ၊ The New Light of Myanmar သတင်းစာများတွင် ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများဖြစ်သည့် ဗီအိုအေ၊ အာအက်အေ၊ ဘီဘီစီနှင့် ဒီဗီဘီတို့ကို တိုက်ခိုက်ရေးသားချက်များလည်း ဆက်လက် ဖော်ပြနေဆဲ ဖြစ်သည်။

“VOA, BBC ရန်တိုက်ပေးနေသည်။ RFA, DVB သွေးထိုးနေသည်။ ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံများ။ နားမယောင်လေနဲ့ သတိထား” ဟု သတင်းစာများတွင် ဖော်ပြလေ့ရှိသည်။

ထို့အပြင် ပြည်တွင်းထုတ် ဂျာနယ်များကို ယခုတပတ်မှစတင်ကာ ဂျာနယ်မျက်နှာဖုံး ကာလာစာမျက်နှာများတွင် အစိုးရအာဘော်များဖြစ်သည့် “မစားရတဲ့အမဲ သဲနဲ့ပက်။ ဆူပူသူတွေ ချောင်းတဲ့အကွက်၊ တွဲလက်ညီညာ တားဆီးပါ။ ရွှေပြည်တော်က အနီးမှာ” စသည့် ဆောင်ပုဒ်များကို မထည့်မနေရ ထည့်သွင်းဖော်ပြရန် ညွှန်ကြားလာသည်။

ဆက်ဖတ်ရန်...

ညီရဲ့လားဟေ့ (DVB)

ဆက်ဖတ်ရန်...

ဒေါ်စုကို ပြစ်ဒဏ်ချသည့်အပေါ် အတိုက်အခံများ ကန့်ကွက်

ချင်းမိုင် (မဇ္ဈိမ)။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ် ၁၈ လ ချမှတ်လိုက်သည့်အပေါ် ဒီမိုကရေစီအရေး လှုပ်ရှားသည့် အဖွဲ့အစည်းများက ယနေ့ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချလိုက်သည်။

ပြည်တွင်း အဖွဲ့အစည်းများဖြစ်သော ၈၈ မျိုးဆက်ကျောင်းသားများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ကြီး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသနှင့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရေစီဖိုရမ် (FDB) တို့က ကန့်ကွက်လိုက်ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်ခြင်းဟာ ပြည်သူလူထု တရပ်လုံးအပေါ် စစ်အစိုးရက တွန်းပို့တာပဲ။ အမျိုးသား ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ အမျိုးသား ညီညွတ်ရေး လုပ်ငန်းစဉ်တွေကို ထိခိုက်သွားစေတယ်။ ဒါကြောင့် ဒီလုပ်ရပ်ကို ကန့်ကွက်ပါတယ်” ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြည်သူလူထုအားလုံးကို ပြတ်ပြတ်သားသား၊ ရဲရဲရင့်ရင့် ဦးဆောင်မှုများ ပေးသင့်သည်ဟုလည်း သူက ပြောသည်။


မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် ဗကသ က ''လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အပြစ်မဲ့ ထောင်ချမှုကို အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချ၊ ဒီမိုကရေစီ တိုက်ပွဲလမ်းကြောင်းကို အရှိန်အဟုန်နဲ့ ဆက်လက်ချီတက်ကြ'' ဟု ခေါင်းစည်းတပ်ထားသည့် ကြေညာချက်တစောင်ကို ယနေ့ ထုတ်ပြန်ခဲ့သည်။

ထိုထဲတွင် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း လုပ်ကြံမှု အပါအဝင် နည်းမျိုးစုံနဲ့ အသက်အန္တရယ်ပေးခဲ့ပြီးနောက် အကျယ်ချုပ် ချထားခဲ့ကာ လွတ်ရက်စေ့ကာနီးမှ အမှုဆင် မတရားစွဲဆိုလျက် မတရား ထောင်ချပစ်လိုက်ခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။

ဤသည်မှာ အန်အယ်ဒီ၏ နိုင်ငံရေး ဦးဆောင်မှုကို အားပျော့သွားစေရန်၊ တိုင်းရင်းသားအင်အားစုများနှင့် ပြည်သူလူထု၏ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး တိုက်ပွဲလမ်းကြောင်းကို ယိမ်းယိုင်သွားစေရန်နှင့် စစ်အာဏာရှင်စနစ် ရေရှည် တည်တံ့ရေး လုပ်ငန်းစဉ်များကို စိတ်ချလက်ချ အကောင်အထည် ဖော်နိုင်ရန်အတွက်ဖြစ်ကြောင်း အထင်အရှား တွေ့နေရသည်ဟု ဆိုထားသည်။

လူထုခေါင်းဆောင်အား အပြစ်မရှိဘဲ ယခုလို မတရား ထောင်ချလိုက်ခြင်းအပေါ် အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချကြောင်းနှင့် စစ်အာဏာရှင်တို့ အလိုကျ လမ်းကြောင်းအတိုင်း မဖြစ်စေဘဲ၊ မြန်မာပြည်သူ လူထုကြီးနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အပါအဝင် ဒီမိုကရေစီတိုက်ပွဲ လမ်းကြောင်းကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆင်နွှဲသွားမည်ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ဆက်လက် ရေးသားထားသည်။

ထိုင်းနိုင်ငံအခြေစိုက် FDB အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်ကလည်း “ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုအကျယ်ချုပ် ချထားတယ်ဆိုတဲ့ ပြစ်ဒဏ်တွေက တရားမဝင်ဘူး။ အစကလည်း အမှုဆင်ပြီးတော့ လုပ်ခဲ့တယ်။ ဒါတွေ အားလုံး ရှုတ်ချတယ်။ မတရားဘူး။ ဒီလို သူ့ကို အကျဉ်းချလိုက်ခြင်းဟာ ဒီမိုကရေစီလမ်းစကို ပိတ်လိုက်တာပဲ” ဟု မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အမိန့်ချမှတ်လိုက်ခြင်းသည် အန်အယ်ဒီက ကမ်းလှမ်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည်သုံးသပ်ပြုပြင်ရေးကို ငြင်းဆိုလိုက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့အား ၂၀၁၀ ရွေးကောက်ပွဲကို မပါဝင်နိုင်ရန် ကန့်သတ်လိုက်ခြင်းလည်း ဖြစ်သည်ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ် ဧပြီလတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်တွင် စစ်အစိုးရ၏ နှောင့်ယှက်ခြင်းကို ခံခဲ့ရသည်။ ၂၀၀၃ ခုနှစ်တွင် ဒီပဲယင်းလုပ်ကြံမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နေအိမ်အကျယ်ချုပ် ၆ နှစ် ကျခံခဲ့သည်။

နေအိမ်အကျယ်ချုပ် သက်တမ်းကုန်ခါနီး အမေရိကန်နိုင်ငံသား ဂျွန်ယက်တောက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဝင်ရောက်ခဲ့မှုနှင့် ပတ်သက်ပြီး “နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂” အား ဖောက်ဖျက်သည်ဟု စွပ်စွဲ၍ အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့နံနက်တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

သို့သော် နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ ၅ အရ တရားရုံးက ချမှတ်ထားသော ပြစ်ဒဏ်များအနက် ပြစ်ဒဏ်၏ ထက်ဝက်ကိုသာ ကျခံစေရန် လျော့ပေါ့ ပြောင်းလဲလိုက်ပြီး ကျန်ရှိသော ပြစ်ဒဏ်ကိုလည်း ဆိုင်းငံ့လိုက်သည်ဟု စစ်အစိုးရ ထုတ်ဖော် ကြေညာခဲ့သည်။

ဆက်ဖတ်ရန်...

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် တနှစ်ခွဲချမှတ်၊ လူ ၇၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရ



နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် မတရား ဖမ်းဆီးချုပ်နှောင်ကာ တရားစွဲဆိုခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက ယနေ့ နေအိမ်အကျယ်ချုပ် တနှစ်ခွဲ ပြစ်ဒဏ်ချမှတ်လိုက်သည်။

လေးလကြာ အင်းစိန်ထောင်တွင်း ချုပ်နှောင်ခံထားရပြီး ထောင်တွင်းအထူးတရားရုံးတွင် အမှုရင်ဆိုင်နေရသူ သူမအား ယနေ့ နအဖစစ်အစိုးရခေါင်းဆောင်၏ လုပ်ပိုင်ခွင့်အာဏာအရ နေအိမ်အကျယ်ချုပ် တနှစ်ခွဲ ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု စစ်အစိုးရ ရုပ်သံသတင်းက ထုတ်လွှင့်သွားခဲ့သည်။ယနေ့ အင်းစိန်ထောင်နှင့် အနီးတဝိုက်တွင် အဆိုပါရုံးချိန်းသို့ လာရောက်ကြသည့် လူထုမှာ အင်အား ၅,၀၀၀ ကျော်ခန့်ရှိပြီး တရားရုံးမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်ရှိသည်ဟု ဆုံးဖြတ်ချက်ချခဲ့သဖြင့် မကျေနပ်သည့် လူစုလူဝေးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ချီတက်ခဲ့ကြသည်။

“လူအုပ်စုတစုက လမ်းလျှောက်ဖို့ ဆော်သြတယ်၊ ဒါနဲ့ လမ်းလျှောက်ကြတော့ အင်းစိန်ဂုံးကျော်တံတားအကျော် ဘော်လုံးကွင်းဒေါင့်ရောက်တော့ လူအုပ်ထဲက ၅၀ လောက်ကို လိုက်ဆွဲပြီး ဒိုင်နာကားတွေနဲ့ ဖမ်းပြီး ခေါ်သွားတယ်၊ တချို့ ဘတ်စ်ကားတွေပေါ် တက်ပြေးတော့ ယာဉ်ထိန်းရဲတွေက ကားကို တားပေးတယ်၊ ကားပေါ်ထိ လိုက်ဖမ်းတယ်” ဟု မျက်မြင်သက်သေတဦးက ပြောသည်။


ဖမ်းဆီးခံရသူများတွင် အင်န်အယ်ဒီပါတီဝင်များ ပါဝင်သလို အများစုမှာ ဒေါ်အောင်ဆန်းစုကြည်အား အပြစ်ရှိသည်ဟု ပြောဆိုထောင်ချခြင်းကို မကျေနပ်သည့် သာမာန်ပြည်သူအများစုဖြစ်ပြီး ဖမ်းဆီးခံရသူ ၇၀ ထက်မနည်းရှိနိုင်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယနေ့စစ်အစိုးရရုပ်သံသတင်းအရ မြန်မာပြည်လွတ်လပ်ရေးကို အသက်ပေး၍ ရယူပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းသမီး ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးကို ရှေ့ရှု၍လည်းကောင်း၊ တဦးအပေါ်တဦး အာဃာတများ မရှိစေရေးအတွက်လည်းကောင်း၊ ဒီမိုကရေစီလမ်ကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက်လည်းကောင်း စစ်ခေါင်းဆောင်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လုပ်ပိုင်ခွင့်အာဏာအတွင်းမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် ညှာတာထောက်ထားမှုပြုခဲ့သည်ဟု ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့သူ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တောကို တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပြီး နေအိမ်တွင် အတူနေထိုင်သူ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့အား ဒေါ်အောင်ဆန်းစုကြည်နည်းတူ ပြစ်ဒဏ်ဆိုင်းငံ့ဖြင့် တနှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခဲ့သည်။

နောက်ဆုံးရရှိသည့် သတင်းများအရ အင်းစိန်ဂုံးကျော်တံတားအနီး ဖမ်းဆီးသွားသူများအား အာဏာပိုင်များက ပြန်လည်လွှတ်ပေးလိုက်ပြီဟု သိရသည်။

-------------------------------------

တက္ကသိုလ်ရိပ်သာလမ်းကို ပြန်လည် ပိတ်လိုက်ပြီ


အင်္ဂါနေ့၊ သြဂုတ်လ 11 ရက် 2009 ခုနှစ် 12 နာရီ 52 မိနစ်

ဒေါ်အောင်ဆန်းစုကြည်ကို ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ်သို့ ပြန်လည် ပို့ဆောင်ရန် အင်းစိန်ထောင်တွင်းရှိ အထူး တရားရုံးက ဆုံးဖြတ်ခဲ့မှုနှင့် တိုက်ဆိုင်စွာ သူမ၏ နေအိမ်တည်ရှိရာ တက္ကသိုလ် ရိပ်သာလမ်းကို နေအိမ် အကျယ်ချုပ် ကျစဉ်ကာလကဲ့သို့ အများပြည်သူ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်သည်။

-------------------------------------
တရားရုံးတော်က စီရင်ချက် ချပြီးချိန်တွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ရောက်ရှိလာပြီး နံပါတ်တစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယမန်နေ့က နေ့စွဲ ရေးထိုးထားသော အမိန့်ကြေညာစာကို ဖတ်ပြသည်။

အကယ်၍ ပြစ်ဒဏ်ချမှတ်ခံရလျှင် သတ်မှတ်ပြစ်ဒဏ်ရဲ့ ထက်ဝက်ကိုသာ ကျခံစေရန်နှင့် ကောင်းမွန်စွာ နေထိုင်ခဲ့လျှင် လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟုလည်း ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ်တွင် ကန့်သတ်ချက်များဖြင့် နေထိုင်ရမှာ ဖြစ်သည်။ ကန့်သတ်ချက်များတွင် ကြိုတင်ခွင့်ပြုချက် တောင်းခံပြီး ဧည့်သည်တွေ့ရန်၊ အခြားသော အခွင့်အရေးများအတွက် စာရေးသား တောင်းခံရန်နှင့် သတင်းစာ ဂျာနယ်ဖတ်ခွင့်၊ တီဗီကြည့်ခွင့်တို့ ရသည်။

----------------------------------
လမ်းများနှင့် အင်းစိန်ဈေး ပြန်ပိတ်ပြီ

ရန်ကုန် အင်းစိန်ထောင် ပတ်ဝန်းကျင်ရှိ ကားလမ်းများကို နံနက်ပိုင်းက လူအများသွားလာနိုင်ရန် ဖွင့်လှစ်ပေးခဲ့သော်လည်း နေ့လည် ၁၂ နာရီခန့်တွင် အဆိုပါ လမ်းများနှင့် အင်းစိန်ဈေးကို အာဏာပိုင်များက ပိတ်ပစ်လိုက်ပြီဖြစ်သည်။

အင်းစိန်ကုန်းတံတားတွင် ရဲကား ၁၀ စီးခန့် အင်အားအပြည့်ဖြင့် ရှိနေသလို၊ မီးရထားဝင်းများ၊ လမ်းများပေါ်တွင် ကား ၇ စီးခန့် ရပ်ထားကာ အရပ်ဝတ်များ မြောက်မြားစွာ ချထားသည်။

----------------------------------
ပြည်နယ်နှင့် တိုင်း ပါတီဝင်များ စုရုံးရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည့် ယနေ့တွင် ပြည်နယ်နှင့်တိုင်း အန်အယ်ဒီ ပါတီဝင်များနှင့် ထောက်ခံအားပေးသူ ဦးရေ တထောင်ကျော် ရောက်ရှိနေသည်။

“ဒီနေ့က တော်တော်ကို များတယ်။ လူတော်တော်စုံပြီးတော့ များတယ်။ ခန့်မှန်းခြေက ထောင်ကျော်မယ်။ ဟိုဘက်ကုန်းထိပ်ဘက်မှာရော၊ ဒီဘက်မှာလည်းဆိုတော့ ထောင်ကျော်ကတော့ သေချာတယ်” ဟု အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ အန်အယ်ဒီ ခေါင်းဆောင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

“ဒီတခါ ထူးတာက ပထမ စီရင်ချက်ချမယ်ဆိုတဲ့ နေ့လိုမျိုးပဲ လမ်းမပိတ်ဘူး။ ကုန်းတံတားကနေ ကျော်ပြီးတော့ ဝင်လို့ရတယ်။ အင်းစိန်ဈေးရဲ့ အလယ်ပေါက်လောက်ကနေ အဲဒီနေရာမှာ လူတွေ စုနေတယ်။ ဝင်လို့ရတယ်” ဟု အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

ရန်ကုန်တိုင်း ခရမ်း၊ သုံးခွ၊ မင်းလှ စသည့် မြို့နယ်များမှ အန်အယ်ဒီ လူငယ်များသည် အုပ်စုလိုက်လာကြပြီး အဝါရောင်ဆွဲကြိုး၊ အချို့လူငယ်များသည် အနီရောင်၊ အနက်ရောင် ဆွဲကြိုးများ ဝတ်ဆင်လာကြသည်။

မန္တလေးတိုင်း အန်အယ်ဒီ ဥက္ကဋ္ဌ ဦးသိန်းတန်၊ လွှတ်တော်အမတ်များဖြစ်သည့် ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာမျိုးအောင်၊ ဦးလှဦး၊ ဒေါက်တာမေဝင်းမြင့်တို့အပြင် နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာဝင်းနိုင်၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်နှင့် လွှတ်တော်ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အတွင်းရေးမှူး ဦးအေးသာအောင်၊ ဗိုလ်ချုပ်အောင်ဆန်း၏ အကိုဖြစ်သူ ဦးအောင်သန်း၏ သား ဦးချိုအောင်သန်းတို့လည်း ရောက်ရှိနေသည်။

------------------------------
ရှေ့နေများနှင့် သံတမန်များ ထောင်တွင်းသို့ ဝင်ရောက်

ဒေါ်စု၏ ရှေ့နေများဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် နိုင်ငံခြား သံတမန်ကား ၇ စီးခန့် အင်းစိန်ထောင်အတွင်း နံနက် ၁၀ နာရီကျော်တွင် ဝင်ရောက်သွားသည်။

ပါတီခေါင်းဆောင်များ တရားခွင်သို့ ဝင်ခွင့်ရရေး ကြိုးပမ်း

ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ တရားခွင်သို့ ဝင်ရောက်လေ့လာခွင့် ရရှိရန် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့သည် စစ်အစိုးရထံ ယမန်နေ့က တောင်းဆိုခဲ့သော်လည်း ယခုထိ ဝင်ခွင့် မပေးခဲ့ပါ။

ကျန်းမာရေး မကောင်းသော အန်အယ်ဒီ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးဝင်းတင်တို့ အပါအဝင် ဗဟို အလုပ်အမှုဆောင် အဖွဲ့များ ဝင်ရောက်ခွင့်ရရှိရေး ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ဆက်ဖတ်ရန်...

အမေ့ရဲ့ပုံပြင်

မိတ်ဆွေတို့

ကျွန်တော် အမေစုအတွက် တီးခတ်သီဆိုထားတဲ့ သီချင်းလေးတစ်ပုဒ် ၁၁ ရက်နေ့ မတိုင်ခင် ဖြန့်ဝေလိုက်ပါတယ်။
ဒီသီချင်းလေးက ကျွန်တော် နဲ့ မောင်မောင်ဇော်လတ် နဲ့ (အယ်ဖြူ) တို့ ငယ်စဉ်တုန်းကရေးထားတဲ့ သီချင်းလေးပါ

ကိုယ့်အမေရဲ့မျှော်လင့်ချက်လေးတွေကို အကောင်အထည်မဖေါ်ပေးနှိုင်ခဲ့တဲ့ သားတွေအတွက် ခံစားရေးသားထားတဲ့ သီချင်းလေးပါ
မီဒီယာတွေ ဖေါ်ပြတဲ့အခါ မောင်မောင်ဇော်လတ် နဲ့ (အယ်ဖြူ) နဲ့ မျိုးချစ်မြန်မာ နဲ့ ကြားမှာ သူငယ်ချင်းဆိုတဲ့ ခင်မင်မှုကလွဲ လို့ နိုင်ငံရေး အရပါတ်သက်မှု ဘာမှမရှိဘူးဆိုတာ ရှင်းအောင် ရေးသားကြစေချင်ပါတယ်

ခံစားပြီး ဆင့်ပွားဖြန့်ဝေ ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်

မိတ်ဆွေတို့ အတွက်အမြဲကြိုးစားနေတဲ့

မျိုးချစ်

မှတ်ချက်။ စပြီးသီချင်းသွင်းဖို့လုပ်နေတုန်းက ရေးတဲ့သူထဲမှာ ကိုအယ်ဖြူကြီး ( အရက်တူတူခိုးသောက်ခဲ့တဲ့ ဘော်ဘော် ကြီး ) ပါတယ်ဆိုတာကိုမေ့သွားတာ တောင်းပန်ပါတယ်
သီချင်းထုတ်ပြီးတော့မှ ပြန်သတိရတာပါ။ ကျွန်တော့်ရဲ့ မိုက်မဲမှုတစ်ခုပါဘဲ

ကိုအယ်ဖြူရေ သားကြီး အရမ်းသတိရပါတယ်။

ကိုလေးရဲ့ ဝမ်းနည်းမှတ်တမ်း ဆိုတဲ့သီချင်းလေးကို ပထမ ဆုံးနားထောင်ရတုန်းကလဲ စိတ်မကောင်းဖြစ်ရပါတယ်။ ဒီ သောက်သုံးမကျတဲ့ခေါင်းက မေ့နေတာခွင့်လွှတ်ပါ ဗျာ။

သားကြီး


တေးရေး - မောင်မောင်ဇော်လတ် + အယ်ဖြူ + မျိုးချစ်မြန်မာ
Lead – ကိုမိုး
မျိုးချစ် တီးခတ်သီဆို၍ မျိုးချစ်မြန်မာ Studio တွင်ဖန်တီးသည်

Please click here to download WAVE file (ZIP) 57 MB

Please click here to download MP3 file (ZIP) 9 MB


" အမေ့ရဲ့ပုံပြင် "

အချိန်တွေရယ် တရွေ့ရွေ့ပြောင်းလာတယ် ဟိုတုန်းက ကလေးဘဝမျိုး ပြန်လည်မရနိုင်
နေ့ဆိုးများစွာရယ် ခါးသီးစွာကြုံခဲ့ဖူးတယ်
သူစိမ်းတွေအလယ် ဝမ်းနည်းအားငယ်စွာရယ် အတွေးထဲကို အရင်ဆုံးရောက်တာ အမေ့ရဲ့ပုံရိပ်ဘဲ
နေ့များရယ် တဖြေးဖြေးဟောင်းလာတယ် ဟိုတုန်းက အမေ့အပြုံးမျိုး ကျွန်တော်ပြန်မြင်ချင်သေးတယ်
အမေသိပ်တွေ့ချင်ရှာတဲ့ ဘဝတစ်ခုကို ထူထောင်ဦးမယ်
အပြောကျယ်တဲ့ လောကပင်လယ်ထဲ အမေပေးတဲ့အသိကို အကာအကွယ်ယူရင်းနဲ့…..

CHO: ဟိုအရင်က အမေ့ရဲ့ပုံပြင်များနဲ့ တဖြေးဖြေးသွေဖီလို့ အိုး ဝေးခဲ့ပြီဘဲ…
ဆန္ဒများ ရိုးသားချင်မှုများ အကြိမ်ကြိမ်ရှုံးနိမ့်ပြီ အမေရယ်…

V3 (ကျွန်တော် ယုံကြည်တယ် တစ်နေ့တော့ဖြစ်လာမယ် အမေ မက်တဲ့အိပ်မက်လေး ပြန်ရှင်သန်စေရမယ်
အမေ အရမ်းမှန်းမျှော်နေတဲ့ ခရီးပန်းတိုင် ကျွန်တော်အရောက်သွားမယ်
ဆူးတွေနဲ့ မောဟအမှောင်တိုက်ထဲ အမေပေးတဲ့တရားကို ခိုလှုံနေရင်းနဲ့…..) အိုး.. အမေရယ်

SOLO:
V3
CHO: CHO: … FADE OUT

မှတ်ချက်။ ဤသီချင်းသည် ကျွန်တော် ငယ်စဉ်က မောင်မောင်ဇော်လတ် အယ်ဖြူ တို့နှင့် သူငယ်ချင်းဘဝ ပေါင်းသင်းနေထိုင်နေစဉ်အတွင်း တူတူရေးသားခဲ့သော သီချင်းဖြစ်ပါသည်။
ထို့ကြောင့် ဤသီချင်းနှင့် ပါတ်သက်ဆက်နွယ်မှုမှန်သမျှသည် မျိုးချစ်မြန်မာ နှင့်သာတိုက်ရိုက် သက်ဆိုင်ပါသည်။ မောင်မောင်ဇော်လတ်နှင့် အယ်ဖြုတို့ နှစ်ဦးလုံး နှင့် မည်သည့်ပုံစံနှင့်မျှ နိုင်ငံရေးအရပါတ်သက်မှု မရှိပါကြောင်း အသိပေးလိုပါသည်။
ကူးယူဖေါ်ပြသူများအနေနှင့် သက်ဆိုင်သူများအားလုံး၏ အမည်များကို ဖေါ်ပြရာတွင် ယ္ခု ကဲ့သို့ဖေါ်ပြပေးစေချင်ပါသည်။

ဆက်ဖတ်ရန်...

ခွန်အားသစ် အလုပ်သမားအဖွဲ့မှာ ကျင်းပပြုလုပ်တဲ့ ရှစ်လေးလုံး အခမ်းအနား

ကျောင်းသားတပ်မတော် (ABSDF) မှ ရဲဘော်မောင်မောင်တိတ်၊ မြန်မာနိုင်ငံဆေးပညာရှင်များအသင်း (BMA) မှ ဒေါက်တာလွဏ်းဆွေနှင့် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ
ရဲဘော်မိုးကြိုးတို့၏ ဟောပြောချက်များ



ဆက်ဖတ်ရန်...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဆက်လက် ထိန်းသိမ်းထားမယ် ထောင်သွင်းအကျဉ်းချမယ်ဆိုရင် တစ်တိုင်းပြည်လုံး အုံကြွမယ်။

ဆက်ဖတ်ရန်...

New York မြန်မာသံရုံးရှေ့မှ ၈လေးလုံး ၂၁ နှစ်မြောက် ဆန္ဒပြပွဲ

AUG 8th, 2009 2:00 to 5:00 PM


ပေးပို့သူ - ကိုမျိုး

ဆက်ဖတ်ရန်...

သံဃာတော်တွေကို တောင်းပန်ပါတယ် ဆိုတဲ့ မင်းမော်ကွန်း



RFA / အခုရက်ပိုင်း အင်တာနက်စာမျက်နှာတွေ အီးမေးတွေထဲမှာ နာမည်ကြီးသရုပ်ဆောင် မင်းမော်ကွန်းနဲ့ အဖွဲ့က သင်္ကန်းဝတ်နဲ့ အပေါ်ပိုင်း ကိုယ်လုံးတီး လက်မောင်းနဲ့ ခန္မာကိုယ်ပေါ်မှာ ဆေးမင်ကြောင်တွေ ထိုးထားတဲ့ ပုံတွေ တဦးဆီတဦး ပို့ပြီး ဝေဖန်သံတွေ ဆူညံလာနေပါတယ်။

ဆရာတော်တပါးကလည်း ဒီလုပ်ရပ်က သင်္ကန်းအရေခြုံပြီး သာသနာကို စော်ကားတယ်ဆိုကာ ဆောင်းပါးရေးလာတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့က အတွင်းရေးမှူး ဆရာတော် ဦးထာဝရက စစ်အစိုးရကိုယ်တိုင် စက်တင်ဘာ လှုပ်ရှားမှုအပြီး သံဃာတော်အချို့ကို ရဟန်း အတုအယောင်တွေလို့ စွပ်စွဲသိက္ခာချ နေချိန်မှာ ဒီလိုနာမည်ကြီး သရုပ်ဆောင်တယောက်ရဲ့ အပြုအမူ ပေါ်ပေါက်လာတာဟာ မလုပ်သင့် မလုပ်ထိုက်ဖူးလို့ ဝေဖန်လိုက်ပါတယ်။


ဦးထာဝရ။ ။ “ဘုရားရှင် ကိုယ်တော်မြတ်ကိုယ်တိုင်က အင်္ဂုတ္တရ ပါဠိတော်မှာ ဟောထားခဲ့တာက ဘာဟောလဲဆိုတော့ ဒါ သံဃာဆိုတာ သင်္ဂေါဟောတိ ဒုတ်သိလောနာမဆိုတာ သံဃာတို့မြင်ရင် ဒုတ်သီလ ပုဂ္ဂိုလ်ရယ်လို့ မရှိဘူးပေါ့။ အစိုးရ စော်ကားသလို ရုပ်ရှင်အနုပညာသည် တယောက်အနေနဲ့ပေါ့လေ ဒီလိုသံဃာတွေကို အစိုးရအလိုကျ စော်ကားတာကတော့ ဦးဇင်းတို့ ရဟန်းသံဃာတွေအနေနဲ့ လုံးဝ သည်းခံနိုင်တဲ့ တရားကတော့ မရှိပါဘူး၊ ဒါပေမဲ့ ဦးဇင်းတို့ကတော့ ဘာသာတရားအရကတော့ ဘာသာနည်းနဲ့ပဲ ပြန်ပြီးတော့ဆုံးမရမှာပါပဲ၊ အဓိကကတော့ ပြည်သူလူထုအနေနဲ့ပေါ့လေ တကယ်လို့ ဒီလို အနုပညာမျိုးတွေ အစိုးရကို ဖားတဲ့ အနုပညာရှင်မျိုးတွေ ရှိရင်တော့ သူတို့ရဲ့ကားတွေ သူတို့နဲ့ ပတ်သက်တဲ့ဥစ္စာတွေကို လုံးဝ မကြည့်ကြပါနဲ့လို့ ဦးဇင်းတို့အနေနဲ့ကတော့ မေတ္တာရပ်ခံချင်တာပေါ့ဗျာ။”

အနုပညာရှင်တွေဟာ တိုင်းပြည်ရဲ့ ရှေ့ဆောင်လမ်းပြ ပုံစံမျိုးတွေ ဖြစ်တဲ့အတွက်ကြောင့် ဒီလိုမျိုးကိစ္စကို လုံးဝ မလုပ်သင့်ဘူးလို့ လည်းဆက်မိန့်ပါတယ်။ သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းကတော့ သူ့အနေနဲ့ ဘာရည်ရွယ်ချက်နဲ့မှ ဒီပုံကို ရိုက်တာ မဟုတ်ရကြောင်းနဲ့ အဲဒီကိစ္စအတွက် တောင်းပန်တဲ့အကြောင်း RFA ကို ခုလို ပြောပြပါတယ်။

မင်းမော်ကွန်း။ ။ “သာသနာဆိုတာလည်း စော်ကားစရာ မရှိပါဘူး၊ သံဃာဆိုတာလည်း စော်ကားစရာ မရှိပါဘူး၊ ကျနော်တို့ရင်ထဲမှာ အမြဲတမ်း ယုံကြည်ကိုးကွယ် ဆည်းကပ်ရမဲ့အရာပါပဲ။ ကျနော်တို့တွေမှာ တက်တူးထိုးတယ် ဘာညာဆိုတာက ဒါက လူငယ်သဘာဝပါ၊ သားလည်းရှင်ပြု ကျနော်ကိုယ်တိုင်လည်း ဝတ်ဆိုတော့ အဲလို ဝတ်တာပါ၊ နောက် ကျနော်တို့ ဘုန်းကြီးကျောင်းမှာ သန့်ရှင်းရေး လုပ်ကြရင်းနဲ့ အမှတ်တရ ရိုက်ထားခဲ့တဲ့ ဓာတ်ပုံလေးပါ၊ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက် ကတည်းကပါ။ အဲဒီတော့ သူတို့ ပြောတယ်ဆိုလို့ရှိရင် နောက်ကို ဆင်ခြင်ဖို့ပဲ ရှိပါတယ် ခင်ဗျာ့။ တခြားရည်ရွယ်ချက် ဘာမှ မရှိပါဘူးခင်ဗျာ့။ ကျနော်တို့တကယ် လူငယ်သဘာဝ အမှတ်တရလေး လုပ်မိတဲ့သဘောပါ၊ အဲဒီအတွက်ကိုလည်း ကျနော်က ဒီသံဃာတော်တွေကို တောင်းပန်ပါတယ်။”

မင်းမော်ကွန်း ပြောသွားတာ ဖြစ်ပါတယ်။ တမင်ရည်ရွယ်လို့ပဲ ဖြစ်စေ အပျော်သဘောပဲဖြစ်စေ လုပ်ခဲ့တဲ့ ဒီလုပ်ရပ်အပေါ် သံဃာ့ဝိနည်း ရှုထောင့်အနေနဲ့ ဘယ်လိုအကျိုးအပြစ်များ ရှိနိုင်သလဲလို့ မြင်းခြံ သံဃာ့မဟာနာယက အဖွဲ့မှာ ဝိနည်းကိစ္စတွေ ဖြေရှင်းပေးနေတဲ့ တိုက်ကုန်းကျောင်းဆရာတော် ဦးဇောတိပါလကို RFA က လျှောက်ထားကြည့်ခဲ့ပါတယ်။

ဦးဇောတိပါလ။ ။ “ရဟန်းတော်တွေ တောင်းပန်လို့တင် ကျေသွားမဲ့ ကိစ္စတော့မဟုတ်ဘူး။ သာသနာတော်ကို အယောင်ဆောင်ပြီးတော့ သူတို့လုပ်ပါတယ်ဆိုရင် ဒီအပြစ်က သူ့တော့ အကျိုးပေးတတ်တယ်ဗျ။ အကယ်၍ သူက အပျော်သက်သက် လုပ်ပါတယ်ဆိုရင်တော့ အပြစ်ကနည်းနည်းတော့ အကျိုးပေးတဲ့နေရာတော့ သိပ်မကြီးလောက်ဘူး ထင်တာပဲ သာသနာတော့ နည်းနည်း အရှိန်အဝါတော့ အထင်မြင်သေးစရာတော့ ဖြစ်လာတာပေါ့။”

မြင်းခြံ သံဃာ့ မဟာနာယက ဆရာတော် ဦးဇောတိပါလ မိန့်ကြားသွားတာပါ။ သရုပ်ဆောင်မင်းမော်ကွန်း ကတော့ ဒီပုံဟာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု မတိုင်ခင်ကတည်းက ရိုက်ခဲ့တာပါလို့ ပြောပါတယ်။ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းနဲ့ သံဃာတော်တွေကြားက မကျေနပ်ဖြစ်ရတဲ့အတွက် သူ့အနေနဲ့ နောက်နောင် ဒီလို ကိစ္စတွေကို မလုပ်တော့ပါဘူးလို့ RFAက တဆင့် တောင်းပန်စကား ပြောဆိုသွားပါတယ်။

ဆက်ဖတ်ရန်...

NLD (LA) ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ၂၁နှစ်ပြည့် ထုတ်ပြန်ကြေငြာချက်

Statement for 21 Anniversary of 8888 Uprising Day

ဆက်ဖတ်ရန်...

မင်းမော်ကွန်း ဘာကြောင့်များ သာသနာတော်ကို စော်ကားလိုက်တာလဲ

*ရေးသူ-အရှင်စန္ဒောဘာသာစာရ*
ashincandobhasacara@gmail.com
ဖုံး ( 502) 749- 8066

မင်းမော်ကွန်း နှင့်အပေါင်းပါဒိဠိငမိုက်သားများဗုဒ္ဓသာသနာကို ညှိးနွမ်းအောင်ပြုလုပ်ထားတဲ့ ဓါတ်ပုံများကို တွေ့ရမှာဖြစ်ပါတယ်။ငမိုက်သားတွေထဲက အချို့ကတော့ ပြည့်စုံ၊ ဖျာကြီး (ခ)မြင့်သိန်း၊

မိုးကျော်ကျော်၊ ၀ဏ္ဏခွာနီး၊ မင်းမော်ကွန်း၊ ဗန်ဒိန်း၊ တရုတ်ကြီး ၊ သူရ လို့သိရပါတယ်။

မြတ်စွာဘုရားသာသနာတော်ကို ယနေ့ထိတိုင် တည်တန့်နေသည်မှာဝိနည်းကျင့်ဝတ် များကြောင့်ဖြစ်ပါတယ်၊ ဘုရားရှင်ကရှေ့ရေးကိုမျှော်တွေးပြီး စည်းကမ်းရှိရှိနဲ့ ရဟန်းတော်တွေကို ဘယ်လိုနေရမယ်၊ ဘယ်လို ဆွမ်းဘုဉ်းပေးရမယ်၊ ဒကာ ဒကာမတွေနှင့် ဆက်ဆံရင်ဘယ်လိုမျိုး ဆက်ဆံရမယ်၊ သင်္ကန်းဝတ်ရာမှာ မြို့တွင်း ရွာတွင်းသွားရင်သင်္ကန်းရုံသွားရမယ်၊ နောက်ဆုံး အိမ်သာတက်တာကစ ဘယ်လိုတက်ရမယ်ဆိုတာမျိုးအထိ
ဝိနည်းစည်းကမ်းချက်တွေ ဘုရားရှင်က ချမှတ်ခဲ့ပါတယ်၊ ကိုရင်ငယ်တွေလိုက်နာရမည့် စည်းကမ်းနှင့် ရဟန်းတော်များ လိုက်နာရမည့် ၀ိနည်းဆိုပြီးအသေချာကို အထူးပညတ်ချက် ဥပဒေများ ထားခဲ့ပါတယ်၊၊

အဲဒီ ၀ိနည်းတရားတော်နှင့် အညီ လိုက်နာကျင့်သုံးပြီး သီလကောင်းအောင်နေရသလို၊ စာသင်ခြင်း ( ပရိယတ္တိ) နှင့် တရားဘာဝနာ ပွားများခြင်းဆိုတဲ့(ပဋိပတ္တိ) အကျင့်ကောင်းတွေကိုလည်း အားထုတ်ရတယ်၊ သမာဓိနှင့် ပညာ အရာမှာတိုးတက်လာအောင် ရဟန်းတရားကို အားထုတ်ပြီးမှ ရဟန်းဝတ်ရကျိုး၊ ခေတ္တ
ဒုလ္လဘ၀တ်ရကျိုး နှပ်မှာပါ၊၊

မြတ်စွာဘုရားက သာသနာတော်ရဲ့ အသက်သည် ၀ိနည်းပဲလို့ ဟောခဲ့ပါတယ်၊စည်းကမ်းမလိုက်နာပဲ ၀ိနည်းစည်းကမ်း ဖောက်ဖျက်မလိုက်နာရင် လက်ရှိဘ၀မှာဒဏ်ပေးရမယ်၊ ဒီဘ၀သေလို့ရှိရင်လည်း ငရဲရောက်မည်ဟုဘုရားရှင်က ဟောခဲ့သည်မို့အခုလို သာသနာ့ဘောင်မှာ မင်းမော်ကွန်းနှင့်အနုပညာသမားများ အုပ်စုရဲ့သင်္ကန်းဝတ်ပြီး ဆေးမင်ချောင် အရုပ်တွေထိုးခြင်း အပေါ်ပိုင်း ဧကသီအပေါ်ရုံမပါဘဲ သရုပ်ပျက်စရိုက်ဆိုးကို ဘာသာတရားကို မြတ်နိုးသူတိုင်း
စိတ်မကောင်းဖြစ်ကြရပါတယ်၊ သင်္ကန်း အောက်ပိုင်းအ၀တ်ကို ဒူးနှင့် အောက်ကိုလက်လေးသစ်၊ ကွာအောင်ဝတ်ရမယ်၊ အပေါ်ရုံက လက်ရှစ်သစ် အကွာဝေးရုံရမယ်၊ သင်္ကန်းကို ရိုသေစွာ ၀တ်ရုံရမည်ဟု စည်းကမ်းချက်ရှိပါတယ်၊ အခုဟာက လုံးဝကိုသင်္ကန်းမပါသည့်ပြင် အရုပ်တွေက တကိုယ်လုံးထိုး စတိုင်မျိုးစုံနှင့်
ရိုက်တာကို အားလုံးမြင်နိုင်ပါတယ်၊၊

ရဟန်းသံဃာဆိုတာ မကြည်ညိုသေးသော ဒကာ ဒကာမများကို သာသနာတော်ကို ကြည်ညိုလာအောင် နေရမယ်၊ကြည်ညိုပြီးသား ဒကာ ဒကာမများကိုလည်း ပိုမိုကြည်ညိုလာအောင် နေထိုင်ရတာပါ၊ အကျင့်ကောင်းတွေနှင့် ကိုယ်မူအရာ၊ နုတ်အမှုအရာ တွေက မြင်ရသူတိုင်း ကုသိုလ်ရအောင် နေထိုင်ပြောဆိုတတ်မှသာ သင်္ကန်းခေတ္တ၀တ်တဲ့သူနှင့် စီစဉ်ပေးတဲ့ ကိုယ့်မိဘဆရာသမားလည်း
အကျိုးများမှာပါ၊၊

မြန်မာနိုင်ငံမှာ မတရားအာဏာကိုယူလာတဲ့ စစ်အစိုးရကလည်း ရဟန်းသံဃာများကို အထင်သေး အမြင်သေးဖြစ်အောင် နည်းပေါင်းစုံနှင့် ဖန်တီးနေတာပါ၊ သံဃာထုထဲဝင်ပြီး စနစ်တကျ ၀င်ရောက်ဖျက်ဆီးနေခြင်းများနှင့်အနုပညာသမားများကို အသုံးချပြီး ဒီထဲမှာ သာသနာတော်ကို
ကြည်ညိုချင်ဟန်ဆောင်ကာ ပေါ်လစီကားတွေရိုက် ရုပ်ရှင်ထဲမှာတော့
ဦးချနေသော်လည်း တကယ်ဘ၀မှာတော့ သံဃာတော်တွေက ထောင်ထဲမှာ ၀ါဆိုနေရတာပါ၊

၊ လူထုက သံဃာကို မကြည်ညိုနိုင်အောင် စစ်အစိုးရက ဖန်တီး၊ နောက်တော့ သံဃာတွေပျက်ဆီးတာတွေ လူတွေကိုပြ၊ သံဃာတွေ နိုင်ငံရေးမလုပ်ရင်ပြီးရော ကားပွဲစား၊ ကျောက်ပွဲစား၊ ချဲဒိုင်မျိုး စတဲ့ မဟုတ်တာတွေ လုပ်ချင်ရာလုပ် စစ်အစိုးရက ဖန်တီးပေးထားတယ်၊ လောဘကြီးတဲ့ ဘုန်းကြီးဆိုရင်လည်း ကားတွေပေး၊ ကျောင်းဆောက်ပေးတော့ သဘောတွေကျနေရော၊ အမျိုးသမီးတွေ ရုန်းရုန်းနဲ့ နေရတာကို ၀ါသနာပါရင် နေပေစေဆိုပြီး စစ်အစိုးရက လွတ်ပေးထားတယ်၊ တချို့ ဒီမိုကရေစီ နာမည်ရှိတဲ့ ကိုယ်တော်ဆိုရင် မပျက်
ပျက်အောင် ငွေတွေ မာတုဂါမတွေနှင့် ဖျက်ဆီးရေးများလုပ်တယ်၊ အရမ်းယုတ်မာတဲ့ လုပ်ရပ်တွေကို စစ်အစိုးရက လုပ်နေတာပါ၊ ဒါတွေကို အရမ်းရိုးသားတဲ့ လူထုက စစ်အစိုးရက ဒီလိုဖြစ်လာအောင် နောက်ကွယ်က လုပ်နေတယ်ဆိုတာ သိမယ်မဟုတ်ပါဘူး၊

သာသနာတော် သန့်ရှင်းချင်ရင် မသန့်ရှင်းတဲ့ စစ်အုပ်ချုပ်ရေး ယန္တယားကို အဆုံးသတ်မှ ဖြစ်မှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အာဏာမြဲရေးအတွက် သာသနာကို အသုံးချနေလို့ပါပဲ၊ ဒါတွေကို ပြောမယ်ဆိုရင် ရှည်နေမယ်၊ ဘုန်းဘုန်းပြောချင်တာက အနုပညာသမားတွေပါ၊ အနုပညာသမားရဲ့ ဂုဏ်သိက္ခာနှင့်
တန်ဘိုးဆိုတာ ရှိပါတယ်၊၊

ဒါရိုက်တာ ဦးသုခရိုက်တဲ့ တပါးသီလ ဇတ်လမ်းမျိုးဟာ မြန်မာပြည်နှင့်တကွ နိုင်ငံခြားရောက် တကမ္ဘာလုံးမှာရှိတဲ့ မြန်မာများအားလုံးရဲ့ စိတ်မှာ တပါးသီလ ဆောက်တည်ရုံနှင့် ဒီလောက် ဘ၀မှာအေးချမ်းရင် ငါးပါးစလုံးသာ
ဆောက်တည်ရင် ဘယ်လောက်ထိ ဘ၀တွေမှာ ငြိမ်းချမ်းမလဲဆိုတဲ့ အသိဥာဏ်များ ရပြီး
ဇတ်ကားကြည့်တဲ့ အကျိုးက အနှစ်ချုပ်လိုက်တော့ သူတော်ကောင်းဖြစ်သွားတယ်၊၊

အနုပညာသမားဆိုတာ လူထုကို လေးစားရတယ်၊ မှန်ကန်တဲ့ အသိတွေပေးရတယ် တပြိုင်တည်းမှာပင် မှားတဲ့ အရာတွေကို ရှောင်ရတယ်၊ မင်းမော်ကွန်းနှင့် အပေါင်းပါတွေက အခုလို ကြည်ညိုဖွယ် မဖြစ်တဲ့ သရုပ်ပျက် စရိုက်မျိုးကို လုပ်ခြင်းအားဖြင့် သူရဲ့ တန်ဘိုးဘာမှမရှိတော့ပါဘူး၊ သူရဲ့အဖေဇင်ဝိုင်းမှာလည်း တာဝန်ရှိတယ် သားသမီးမကောင်းတော့ မိဘခေါင်းဆိုသလို၊ သူတို့အုပ်စုကို သင်္ကန်းဝတ်ပေးတဲ့ ဘုန်းကြီးနှင့် ကျောင်းတိုက်ကလည်း တော်တော် အသုံးမကျဘဲ ညံ့ဖျင်းတယ်၊ ၀တ်ပေးတဲ့ ဘုန်းကြီးက ဒါတွေအခုလို
သရုပ်ပျက် ဖြစ်ခဲ့တာကို သိချင်မှ သိမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သာသနာတော်မှာ
ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစ္စဆိုတာ အသိဥာဏ်ရှိတဲ့ လူတိုင်း နားလည်သဘောပေါက်မှာပါ၊ လူထုကို အသိဥာဏ်ပေး ဇာတ်ကားရိုက်နေတဲ့ မင်းမော်ကွန်းဟာ ဘယ်လို လူမျိုးလည်းဆိုတာ သူရဲ့ လုပ်ရပ်က သက်သေပြနေပါတယ်၊

စလေ ဦးပုည ပြောသလို ယခုခါမှု၊ လူလည်းဖြစ်လာ၊ သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊ ဟောကြားမည့်သူ၊ လူလည်းမရှား၊ သို့ပါလျက်သားနှင့်မှု အမိုက်တကာဗိုလ်မင်း၊ အဖျင်းတကာ့ ဗိုလ်ချုပ်၊ အပါယ်လေးဆီ၊ မြစ်နဒီတွင်၊ ပလုံမြုပ်လို့၊ လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည် ဆိုသလိုလူဘ၀ခေတ္တရောက်နေချိန်မှာ လူယုတ်ကြီးတွေ မဖြစ်ရအောင် နေရမယ်၊ မိမိသူတပါး နှစ်ဦးသားစလုံး အကုသိုလ်တွေမဖြစ်စေပဲ ကုသိုလ်တွေသာ ဖြစ်ရန် နေထိုင်ကျင့်သုံးရန် အထူးလိုပါတယ်၊၊

အနုပညာသမားတိုင်းဟာ ကိုယ့်ကောင်းသလို ကိုယ့်လို ဘ၀တူသမား အနုပညာသမားများကိုယ်လည်း ထိန်းသိမ်းပေးရမယ်၊ အနုပညာသမား အမှားတခုဟာ သာမာန်မဟုတ် မှတ်တမ်းဗီဒီယိုရိုက်ထားသည်မို့ သက်သေတခုဖြစ်နေပါတယ်၊ အဲဒီအမှားတွေကို ပြည်သူတွေက အပြစ်ပေးလို့ ရလာသည့် အချိန်ဆိုတာ
ရှိလာမှာပါ၊ ဒါဟာ အမှန်တရားပါ၊ ဘုန်းဘုန်းတို့ အမှတ်တမဲ့ မနေပါဘူး သာသနာတော်ကို ဘယ်သူတွေ ဆေးဆိုးပန်းရိုက်လုပ်၊ဆော်ကားနေတယ်ဆိုတာ မှတ်တမ်းတင်နေပါတယ်၊၊

မင်းမော်ကွန်းအနေနဲ့ အခုလိုမျိုး အမှားတွေကို ဆက်လက်မလုပ်မိရန် သတိထားစေချင်တယ်၊ အနုပညာ သမားသိုင်းအ၀ိုင်းကလည်း ကိုယ့်လူထဲက မသင့်တော်တဲ့ အပြုအမှုတွေကို လက်ပိုက်ကြည့်မနေဘဲ
အရေးယူဆောင်ရွက်စေချင်တယ်၊ မဟုတ်တာတွေလုပ်ပြီး ဖုံးကွယ်တယ်ဆိုတာ ရေရှည်မရပါဘူး အင်တာနက်ပေါ်မှာ ပေါ်ထွက်လာမှာပါ၊ တတိုင်းပြည်လုံးက အလေးမြတ်ပြုနေသည့် သာသနာတော်ကို ဆော်ကားရင် ဆော်ကားသူကို သံဃာထုအနေဖြင့် အရေးယူရမှာပါ၊ မင်းမော်ကွန်းဇတ်ကားတိုင်းကို တိုင်းနှင့်ပြည်နယ် (၁၄)ခုစလုံး လက်မခံပဲ သံဃာထုနှင့် လူထုက သပိတ်မှောက်မှုတွေ
လုပ်သွားရပါလိမ့်မယ်၊

အမှားတခုကို ကျူးလွန်ပြီးရင် တောင်းပန်ဝန်ချရပါတယ်၊ ဒါကြောင့် မင်းမော်ကွန်းနှင့် အပေါင်းအဖော်အားလုံးက ပြည်တွင်း ပြည်ပဆရာတော်များနှင့် သာသနာကို မြတ်နိုးကြသော ပြည်သူလူထုကို ကျေနှပ်အောင် ပြန်လုပ်ပေးရပါမယ်၊ မလုပ်ရင်တော့ ဒီလို သာသနာတော်ကို ဆော်ကားတဲ့ မှတ်တမ်းဟာ ဆက်လက်တည်ရှိနေမှာပါ၊၊

ဆက်ဖတ်ရန်...

ဒါဖတ်ပြီးမှ မြန်မာပြည်က ကိုရီးယားရုပ်ရှင်များ ကြည့်ပါ



ဒါဖတ်ပြီမှ မြန်မာပြည်က ကိုရီးယားရုပ်ရှင်များ ကြည့်ပါ

မိုင်အကယ်ဒမီစိန်

သြဂုတ် ၄၊ ၂၀၀၉

မြန်မာပြည်ရုပ်မြင်သံကြားမှာ ကိုရီးယားကားတွေ နေရာယူလာတာ နှစ်နဲ့ချီခဲ့ပြီ ဖြစ်ပါသည်။ ကိုယ်ကိုယ်တိုင်လည်း စွဲလမ်းတကြီး ကြည့်ခဲ့တာဆိုတော့ အခုပြောရမည်မှာ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်နေသည်။သို့ပေမယ့် ကိစ္စမရှိပါ။ အမှန်တရားကိုတော့ ပြောရမည်။

MRTV မှာ ကိုရီးယားကားတွေကို အပတ်စဉ်ပြလာသည်မှာ မြန်မာကားများ၊ မြန်မာဗီဒီယိုများက နေရာ ဖယ်ပေး လိုက်ရသည်။ MRTV တင်မကပါ မြ၀တီ MWDနှင့် MRTV4 မှာ ၎င်း၊ ထို့ပြင် ပိုက်ဆံပေး ကြည့်ကြရသော 5 movies ဆိုသည်မှာရော၊ ကိုရီးယားကားပါမှ လူကြည့်နေသည်။ MRTV တွင် အပတ်စဉ် ၃ ကား၊ MWDတွင် အပတ်စဉ် ၄ ကား၊ MRTV4 မှာ အပတ်စဉ် ၁ ကား၊ 5 Movies မှာ တော့ ဘယ်နှစ်ကား ပြနေလည်း မသိ။ ထိုကိုရီးယားကားတွေ ကောင်းကောင်း မကောင်းကောင်း အားပေးကြသည်မှာ ကြာခဲ့ပြီ။ ထိုသို့ ကြာလာသည်နှင့်အမျှ ရိုးအီသွားခြင်းမရှိဘဲ အပြင်ဆိုင်များကပင် ကိုရီးယားကားသစ် ကားဟောင်းများကလည်း တော်တော် အ၀ယ်လိုက်ကြသည်။ မြန်မာ့တီဗီဆိုပြီး ကိုရီးယားကားများနှင့် နှစ်ပါးသွားနေရသည်မှာ မြန်မာကားများ ရှက်စရာ ဖြစ်နေသည်။ သို့သော် မတတ်နိုင်ပါ။ ပရိသတ်၏ဆန္ဒကို ဘာမှ မလွန်ဆန်နိုင်ပါ။ ဒီလိုနှင့်ကြည့်လာရင်းနှင့် ကိုရီးယားကားများ၏ သဘာဝများ၊ ဇာတ်အိမ်တည်ဆောက်ပုံများကို တီးမိ ခေါက်မိလာရသည်။

ညအချိန်မတော် အပြင်ထွက်၊ မင်းသားနှင့် မင်းသမီး အချိန်မတော်လည်း ထွက်တွေ့၊ မင်းသားသည် ဘယ်လောက်ကြီးပဲ ဆင်းရဲသည်ဖြစ်စေ၊ သူဌေးသမီး၏ သေလုအောင် ကြိုက်ခြင်းကို ခံရ၊ ထိုမင်းသားကလည်း ထိုသူဌေးသမီးကို မကြိုက်ဘဲ ဆင်းရဲလှသည်ဆိုသော မိမရှိ ဘမရှိ၊ သူများအိမ် ကပ်နေရသော မင်းသမီးကိုမှ ကြိုက်လိုက်ပုံများ၊ ထိုအဆိုပါ သူဌေးသမီးခင်ဗျာ ဘွဲ့တွေ ဘယ်လောက်ပဲရရ၊ မိဘက ချမ်းသာ ချမ်းသာ၊ အဆင့်အတန်း ဘယ်လောက်ရှိရှိ ထိုဆင်းရဲသော မင်းသမီးကို သောက်သောက်လဲရှုံးလိုက်ပုံကို အားပါးတရ ရိုက်ပြတတ်ခြင်း၊ သူတို့ မိဘအသိုင်းအ၀ိုင်းမှာ သားယောကျာင်္လေးကို သမီးထက်ပို အလေးပေးသည်ဟုသာ ကြားဖူးသော်လည်း ထိုကိုရီးယားကားကြမှ သမီးတွေကို မင်းသမီးလေးဟု တဖွဖွခေါ်ကာ သားဖြစ်သူကို ချောင်ထိုး အပြစ်တင်၊ ဂရုမစိုက်နေ နှိမ်ချပုံများသည် တဖက်စွန်းရောက်လွန်းသည်ဟု ထင်မိသည်။

မိဘမဲ့ဂေဟာသို့ ရောက်လာကာ အရွယ်ရောက်လာကြသော မင်းသား မင်းသမီးတို့မှာ တခြားသော မိရှိ ဘရှိ၊ အဆင့်အတန်းရှိ၊ သူဌေးသား သူဌေးသားသမီးတို့ကြား မျက်နှာပွင့်လျက် အစစအရာရာ အောင်မြင်နေပုံများကို ပြသည်မှာလည်း တော်တော်လွန် နေပါသည်။

သူဌေးသား သူဌေးသမီးများမှာ ကိုယ်ချစ်ရသောသူတွေနှင့်လည်း ဆင်းရဲသားသမီးများ၏ လုယူခြင်းကို ခံရရုံမက ၎င်းတို့မှာ မကောင်းမှုဟူသမျှကိုလည်း ကျူးလွန်ကြပုံ၊ ပရိသတ် အမြင်မှာ အမုန်းခံနေကြရပြီး အော် … သူတို့နိုင်ငံမှာ လူချမ်းသာ သားသမီးတွေ တော်တော်ဆိုးတာပဲ။ အောက်တန်းကျ လိုက်တာ၊ မိဘမဲ့ဂေဟာက သူတွေများ ကောင်းလိုက်ကြတာ၊တော်လိုက်ကြတာ.. ဟူသောအမြင်များ ဖြစ်လာရပါသည်။

ထို့ပြင် သူဌေးသမီးကို မယူဘဲ ဆင်းရဲသူ မင်းသမီးကိုယူပြီး ဆင်းဆင်းရဲရဲ နေပြ၊ အချစ်သာ အရေးကြီးပါတယ်ဟု ရိုက်ပြ၊ ဆင်းရဲသူမင်းသမီးကလည်း သူ့ကို သေလုအောင်ကြိုက်နေသော သူဌေးသားကိုမယူဘဲ ဆင်းရဲသားကိုယူ ဆင်းရဲတွင်းထဲခုန်ချ ၊ မင်းသား မင်းသမီးတွေကတော့ ကြိုက်မယ့်သူတွေ တပုံကြီးရှိပြီး သူဌေးသား သူဌေးသမီးသို့ မဟုတ် သူတို့ကို ကြိုက်လှပါချေရဲ့ဟု ပြောနေသော နဘေးက သူတွေမှာတော့ ကြိုက်မယ့်သူ တယောက်မှ မရှိပုံ၊ ထိုသို့သော ရိုက်ချက်များကိုလည်း ကိုရီးယားမင်းသား မင်းသမီး အချောအလှများက မရိုးအီနိုင်စွာ သရုပ်ဆောင်နေကြသည်ကို မြန်မာပရိသတ်များကလည်း မင်းသား မင်းသမီးလေးတွေကို ကြည့်ပြီး အချိန်ကုန်နေကြသည်။

သူဌေးသမီးသည် မိဘသဘောမတူသော ဆင်းရဲသားမင်းသားနောက်သို့ မိဘများကို စုံကန်၍ လိုက်ကာ ဆင်းဆင်းရဲရဲ နေရသည်ကိုပင် သဘောတွေ့၊ မကြုံဖူးသောသုခကို ခံစားရခြင်းဟု အပျော်လွန်ပုံတွေကိုပြ၊ ကြည့်ရင်း ကြည့်ရင်း ဆင်းရဲတာ ကောင်းလှချေလား၊ ဆင်းရဲချင်လိုက်တာဟု အားကျရမလိုလိုတွေဖြစ်ကုန်ခြင်း။ မိဘများ အသည်းတွေကွဲပြီး ကျန်ရစ်ခဲ့ရသည်ကို အားမနာပါးမနာပင် ဆင်းရဲသားမင်းသားက ပက်ပက်စက်စက်ပြောပြီး၊ သူတို့သမီးကို ခေါ်သွားပြီး ဇာတ်သိမ်းပြတတ်ပုံများမှာလည်း တော်တော်ရိုင်းစိုင်းသော ပြကွက်များဖြစ်သည်။

ထို့ပြင် မနူးမနပ်အရွယ်ကလေးတွေ စာကို စိတ်မ၀င်စားဘဲ အပြင်ထွက် အလေလိုက်၊ မင်းသားတွေနှင့် တွေ့ ကြိုက်ကြ၊ ချိန်းတွေ့ကြ၊ ထိုမင်းသား၏ သဘောတူထားသူ သူဌေးသမီးက နောက်ကောက်ကျ။ အရှက်ကွဲပုံ၊ ထိုဆယ်ကျော်သက်ရွယ် ကလေးတွေ မကောင်းတာတွေကို လမ်းမှားလိုက်ပုံကို အကောင်းဘက်ကကြီးပဲ ရိုက်ပြပြီး နောက်ဆုံး အားလုံးကို အနိုင်ယူ ကျော်တက်ပုံတွေ၊ နောက်ဆုံး မှားမိပါသည်၊ ခွင့်လွှတ်ပါ ဟူသော သင်ခန်းစာမျိုး ပေးသည်မှာလည်း အကုန်လုံး လိုက်လျောပြီး လုပ်ချင်တာ အကုန်လုပ်ပြီးမှ ရယ်စရာလို ရိုက်ပြသည်မှာလည်း တော်တော် အားကျစရာ ဖြစ်ရသည်။

တခါတရံ ဇာတ်အိမ် ခိုင်ခိုင်မာမာနှင့် စထားပြီး နောက်ပိုင်းတွင် နောက်ဘာဖြစ်မည်ကို ခန့်မှန်းနိုင်သော ဇာတ်အိမ်မျိုး ဖြစ်လာပုံတွေ၊ ဒီတခါတော့ မဆိုးဘူးဟ ဟု ကြည့်နေရင်းကပင် ဇာတ်လမ်းက တဖြေးဖြေးယိုယွင်းလာကာ ဇာတ်ကိုအတင်း သိမ်းပစ်လိုက်တာတွေကလည်း နားလည်ရခက်လှသည်။

တခါတလေ မြန်မာ့အသံက ဟိုကျော် ဒီခွ၊ အဖြတ် အတောက်များကလည်း ရှိနေပြန်ရာ ဟော … ဒါ ပါးရိုက်လိုက်တာ ဖြစ်ရမယ်။ ဒါ ဆွဲထိုးလိုက်တာ ဖြစ်ရမယ်။ ဒါကတော့ အကြင်နာပေးလိုက်တာပဲ။ ဒီအခန်းကတော့ ကြည့်ရတာ မိဘကို မိုက်မိုက်ရိုင်းရိုင်း ပြန်ပြောလိုက်ပုံရတယ်။ ဟာ … ဒီအခန်းက အစိုးရကို ထိခိုက်တဲ့ စကားတွေ ပါ ပုံရတယ် …. ဟု မကြည့်ရ ကျော်ပစ်လိုက်သော အခန်းများကို ခန့်မှန်းရသော အခန်းများကလည်း ရှိနေသေးသည်။

ငါးစိမ်းသည် သားသမီးများ၊ ထမင်းဟင်း အရာင်းဆိုင်ဖွင့်သော သားသမီးများ၊ ဘွဲ့မရ ကျောင်း တ၀က်တပျက်၊ အပြင်မှာ ရရာ အလုပ်လုပ်ပြ၊ ကူလီထမ်း ဈေးရောင်း လုပ်ပြသူများမှာ မျက်နှာပွင့်လန်းလျက်ရှိကာ ဘွဲ့ရပညာတတ် သူဌေးသား၊ သမီးများမှာ မျက်နှာမရ စုတ်ပြတ်သတ်သွားအောင် ရိုက်ပြတတ်သည်မှာလည်း မမျှတဟု မြင်မိသည်။ အမှန်တကယ်တော့ အလုပ်ဟူသမျှ ဂုဏ်ရှိစွပါ။ ဒီလောက်ကြီးလည်း နှိမ်စရာ မလို၊ မြှောက်ပင့်စရာ မလို၊ အားလုံး တန်းတူ အခွင့်အရေး ရှိရမည်။ သူဌေးဖြစ်ပြီး စိတ်ကောင်းမရှိလျှင် ဘယ်သူမှ မကြိုက်။ ဆင်းရဲပြီး အကျင့်စာရိတ္တမကောင်းလျှင်လည်း လက်မခံနိုင် ဖြစ်ရမည်။ တခါလာလည်း ဒီလိုချည်း ပြပြနေသည်မှာ ကြာတော့ စိတ်ညစ်မိသည်။

သူဌေးသမီး ပြလိုက်သည်နှင့် ဘယ်တော့ အရှက်ကွဲမလဲ ဆိုတာ ကြိုသိနေသည်။ ဆင်းရဲသားမင်းသား ပြလိုက်သည်နှင့် သူ့တော့ ဟိုသူဌေးသမီးက သေလုအောင် ကြိုက်ပြတော့မည်ဟု အတတ်သိနေသည်။ ဈေးရောင်းနေသည့် မင်းသမီးပြလိုက်သည်နှင့် မင်းသားက သူ့ပဲ ကြိုက်မှာပဲဟု သိနေပြန်သည်။ သူဌေးသားလည်း ပြရော အင်း … သူကတော့ ဟိုဆင်းရဲသူမကို ကြိုက်တော့မည်ဟု ကြိုသိရပြန်သည်။ နောက်ဆုံး သူဌေးသားသမီး နှစ်ဦး ငေါင်းစဉ်း ကျန်ရစ်တော့ ပေမည်ဟု သိသိကြီးနှင့်ပင် ညစဉ် ညတိုင်း မပျက်မကွက် ကြည့်ကာ မီးပျက်လျှင်တောင်မှ မီးစက်ဖွင့်၊ အင်ဗာတာဖွင့်နှင့် မကြည့်ရလျှင် ညအိပ်မပျော်မှာကို စိုးရိမ်ပြီး နှလုံးရောဂါ ရမတတ် ကိုရီးယားကားများကို အားပေးနေကြရသည်။

ထို့ပြင် ယုတ်မာမှု ကောက်ကျစ်မှုများကို အတုံးလိုက် အတစ်လိုက် ပြတတ်ခြင်းများသည် ဒါမျိုး အပြင်မှာ ရှိချင်လည်း ရှိမည် ဖြစ်သော်လည်း မြန်မာပြည်သားတို့မှာ ဒါတွေကို ကြည့်ရ မြင်ရသည်မှာ သင်ခန်းစာလည်း မရဘဲ စိတ်ဓါတ် ကျစရာများသာ ဖြစ်ရသောကြောင့် ဒါမျိုးတွေ တမင်သက်သက်များ ပြနေသလားဟုပင် ထင်မြင်နေမိပါတော့သည်။ အဓိက မင်းသား မင်းသမီးများသည် ကျောင်းလဲ ပြေးပြသည်၊ ဆရာမများကိုလည်း မရိုမသေ ဆက်ဆံပြသည်။ မိဘကိုလည်း လိမ်ညာကာ ညအချိန်မတော် ခိုးထွက်ပြသည်။ စာမေးပွဲလည်းကျ ပြသည်။ ကိုယ်ကျင့်တရား ဂုဏ်သိက္ခာကို စောင့်ထိန်းခြင်းမရှိဘဲ နဘေးကလူများကို အရူးလုပ်ပြသည်။ အိမ်ထောင်ရှိလျက်နှင့်လည်း ဖောက်ပြန်ပြသည်။ နောက်ဆုံး သူတို့ နှစ်ဦး လက်ချင်းတွဲလျက် နောက်ကလူတွေ ဘာဖြစ်ပြီး ကျန်ရစ် ကျန်ရစ် ထွက်ပြေးကာ ဇာတ်ကို သိမ်းပြသည်။

နောက် ဆိုးဝါးတာ တခုကတော့ ကိုရီးယားအဓိက မင်းသမီးက ဆရာဝန်ပေါက်စန ဖြစ်နေ၊ ပြီးတော့ ဆေးမကုတတ် ကုတတ်နဲ့ လူနာကို လျှောက်လုပ်ပြ၊ လူနာဟာ အသက်ဆုံးရူံးတဲ့အထိ ပေါက်ကတရတွေဖြစ်ပြ၊ ရယ်ရမလို ငိုရမလို၊ အားကျရ မလိုလို။ ဒီက မတတ် တတတ် ဆရာဝန်ပေါက်စနတွေက ကြည့်ပြီး အားကျကုန်ကြမှာကိုတောင် စိုးရိမ်စရာ ဖြစ်နေသည်။

နောက်ဆုံး ခက်ပုံကတော့ ကိုယ် ကြိုက်လှပါသည်ဆိုသောမင်းသား မင်းသမီး တွေကို ကိုယ်လက်မခံနိုင်သော ယဉ်ကျေးမှုမညီမျှသည့် အဓိက သရုပ်ဆောင်တွေအဖြစ် မြင်နေရခြင်း ဖြစ်ပါသည်။ ဒီတော့ သူ ဘာလုပ်ပြပြ လက်ခံနေရသည်။ သူဆုံးဖြတ်တာ ဟူသမျှ မှန်နေရသည်။ ဒီလို မလုပ်သင့်မှန်း သိရက်နှင့် သူက ကိုယ် နှစ်သက်သော မင်းသမီး မင်းသားဖြစ်နေတော့ ခွင့်လွှတ်နေရသည်။ အကျင့်စာရိတ္တအနေနှင့် လက်မခံနိုင်သော အပြုအမူတွေ လုပ်ပြနေသောလည်း ကိုယ်ကြိုက်သော မင်းသမီး မင်းသားဖြစ်နေ၍ ဒီအတိုင်း ကြည့်နေရသည်။

ဒါကြောင့် ကိုရီးယားကားတွေကြည့်ပြီး သေချာ လေ့လာကာ မယူသင့်သော ယဉ်ကျေးမူများ၊ အလေ့အထများ အတွေးအခေါ် အမူအကျင့်များကို အားမကျမှ ဖြစ်တော့မည်။ ကိုယ် နှစ်သက်သော မင်းသမီးဖြစ်သော်လည်း၊ ကိုယ်နှစ်သက်သော မင်းသား ဖြစ်နေသော်လည်း ယဉ်ကျေးမူနှင့် မညီသော အပြော အဆို အမူအယာများကို သေချာ ဆင်ခြင်ကာ ကြည့်သင့်လှပေသည်ဟု တွေးမိရင်း ဒီစာကို အမုန်းခံပြီး ရေးလိုက်ရပါသည်။

ဆရာစိန်ခင်မောင်ရီ မကွယ်လွန်မီက သူ၏ နံမည်ကြီး ရုပ်ရှင်ဝေဖန်ရေး ဆောင်းပါးများ၏ ခေါင်းစဉ်က “ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါ” ဟူ၍ဖြစ်သည်။ ရုပ်ရှင်ကြည့် ပရိသတ်ကလည်း သူ့ဆောင်းပါး ဖတ်ဖတ် မဖတ်ဖတ် ရုပ်ရှင် ကြည့်ကြတာပါပဲ။ ဆရာသာ ကိုရီးယားကား ကြည့်မိလျင် ဘာပြောမည်မသိ။ အခုဒီဆောင်းပါးဖတ်ပြီးလျင်လည်း ကိုရီးယားကား ဆက်ကြည့်ကြဦးမှာ ဖြစ်သည်။ ကဲ … ကိုရီးယားကား မကြည့်ဘဲ ဘာသွားကြည့်ကြမှာလဲ … (မီးလဲ လာခဲ့ရင်ပေါ့လေ …)။

ဆက်ဖတ်ရန်...

၂၁ နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည် အထိမ်းအမှတ် ပို့စ်စကဒ်

ဆက်ဖတ်ရန်...

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၏ ထုတ်ပြန်ကျေညာချက်

pattanikujana-2009

ဆက်ဖတ်ရန်...

၈.၈.၈၈ ကို မမေ့ကြနဲ့

T.shirt Caaampaigns Alert 4

ဆက်ဖတ်ရန်...

ဝေဖန်ခြင်း သည်းခံပါ (ကာတွန်း ငွေကြည်၊ ကြေးမုံသတင်းစာ၊ ၂၃-၅-၇၄)



ဒေါက်တာလွဏ်းဆွေ ဘလောက် မှ ကူးယူဖော်ပြပါသည်။

ဆက်ဖတ်ရန်...

မြန်မာ့သတင်း များ

- ဒေါ်အောင်ဆန်းစုကြည်၏ အပြီးသတ်လျှောက်လဲချက် အဖွဲ့ချုပ်ထုတ်ပြန် click
- ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး နီပေါ ကူညီမည် click
- ဒေါ်အောင်ဆန်းစုကြည်အတွက် ဘင်္ဂလားဒေ့ရှ်ရောက် သံဃာများ ဆုတောင်း click
- ကျောက်မီးသွေးသယ်မည့် ဖြတ်လမ်းကိစ္စ SSA အခွင့်ရယူရန်လို click
- မပခတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာသို့ ရောက်ရှိ click
- မြန်မာ့နျူကလီးယား စီမံကိန်းကို ဒေသတွင်းစိုးရိမ် click
- ချင်းကျောင်းသားလူငယ် အသတ်ခံရမှုနဲ့ လူ (၁၂) ဦး ပြစ်ဒဏ်ချ click
- စွမ်းအင်ဝန်ကြီးများအစည်းအဝေးကြောင့် လျှပ်စီမီး အချိန်ပိုရတာလား click
- ကြက်ဥအတု ဈေးကွက်၊ ငွေစက္ကူအဟောင်းများကို အစိုးရဘဏ်မှ လဲပေးမည် click

ဆက်ဖတ်ရန်...