ကိုသူရ ခေါ် ကိုဇာဂနာ ကို စုစုပေါင်း ထောင်ဒဏ် ၅၉ နှစ် ချမှတ်


နာမည်ကျော် ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာ ခေါ် ကိုသူရအား အင်းစိန်ထောင်တွင်း တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၁၄ နှစ် ထပ်မံ ချမှတ်လိုက်သဖြင့် သူ့ထောင်ဒဏ်မှာ စုစုပေါင်း ၅၉ နှစ် ရှိသွားပြီ ဖြစ်သည်။

အနောက်ပိုင်း ခရိုင်တရားရုံး တရားသူကြီး ဦးကျော်ဆွေက နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ရန် လှုံ့ဆော်မှုနှင့် ဗီဒီယိုအက်ဥပဒေ အပါအ၀င် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ပြန်ရာ တပတ်အတွင်း ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံလိုက်ရခြင်း ဖြစ်သည်။

မငြိမ်း ။ ။''ဒီနေ့ ထပ်ချတာကတော့ ၁၄ နှစ်။ ဗီဒီယို ဖြန့်ဝေမှု ပုဒ်မက ၆ လ။ အဲဒီ ၆ လကိုတော့ အရမ်း သဘောကောင်းပြီးတော့ လျှော့ပေးလိုက်တယ်ပေါ့နော်။ အဲဒီတော့ ၁၄ နှစ် ထပ်တိုးတာပေါ့...

ယခုလ ၂၁ ရက်နေ့ကလည်း အင်းစိန်ထောင်တွင်း တရားရုံးကပင် ကိုဇာဂနာအား အင်တာနက်ကို အသုံးပြုပြီး အစိုးရကို အကြည်ညိုပျက်အောင် လုပ်သည်ဟုဆိုကာ အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃ ခုဖြင့် ထောင် ၄၅ နှစ် ချမှတ်ခဲ့ပြီးနောက် ၆ ရက်အကြာတွင် အခြားစွဲဆိုထားသည့် ပုဒ်မများဖြင့် ယခုလို ထပ်မံ၍ ပြစ်ဒဏ်ချလိုက်ခြင်း ဖြစ်သည်။

ကိုဇာဂနာ၏ အမှုအား လိုက်လံဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးဇော်လင်းက အယူခံတက်မည်ဟု ဆိုသည်။

ရှေ့နေ ဦးဇော်လင်း ။ ။"ကျနော်တို့ အယူခံဝင်ဖို့အတွက် အခု အမိန့်ချလိုက်တဲ့ အမိန့်ကို ကူးရမယ်။ ရှေ့နေ ကိုယ်စားလှယ်လွှဲစာတွေ ဘာတွေ ကျနော်တို့ ယူရမယ်။ ယူပြီးရင်တော့ အယူခံတက်ဖို့ အစီအစဉ် ရှိပါတယ်" ဟု သူက ပြောသည်။ သူက ဆက်ပြီး ''ဇာဂနာပြောတဲ့ စကားလေးပဲ ကျနော် ပြောချင်တယ်။ ဒီနေ့က သူက ရယ်စရာပါ။

ပြောတာကတော့ 'လက်ရှိမှာတဲ့၊ ကမ္ဘာမှာတဲ့၊ နိုင်ငံတကာမှာပေါ့၊ ဂျပန်တို့၊ တရုတ်တို့ စီးပွားရေး ကျနေတာပေါ့။ စီးပွားရေး ကျနေတယ်ဆိုတော့ သူတို့ကလည်း ၀န်ခံတယ်။ အဲဒီတော့ မြန်မာပြည်မှာတော့ မကျဘူးတဲ့။ တက်နေတယ်တဲ့။ ဘာတက်တာလဲဆိုတော့ ထောင်ဒဏ်တွေ တက်နေတယ်' လို့ နောက်ပြောင် ပြောဆိုလိုက်တယ်''

ပြီးခဲ့သည့်နှစ် ဇွန်လတွင် ဧရာဝတီတိုင်း နာဂစ်လေဘေးသင့် ဒုက္ခသည်များအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ကိုဇာဂနာအား အာဏာပိုင်များက နေအိမ်မှ ဖမ်းဆီးခဲ့သည်။
မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သူ ကိုဇာဂနာသည် အာဏာပိုင်များအပေါ် ဟာသပြက်လုံးများ ထုတ်ကာ ပြောဆိုဝေဖန်တတ်သဖြင့် အကြိမ်ကြိမ် ခေါ်ယူစစ်ဆေးခံရ၊ ဖမ်းဆီးထိန်းသိမ်းခံရသူ ဖြစ်သည်။

ယနေ့တွင်ပင် အင်းစိန်ထောင်တွင်း တရားရုံးက နာဂစ် လေဘေးဒုက္ခသည်များအား ကူညီပေးခဲ့သူနှင့် ဘောလုံးသတင်း ဆောင်းပါးရေးသူ ကိုဇော်သက်ထွေးအား ၄ နှစ် ထပ်မံ၍ ထောင်ဒဏ် တိုးချခဲ့ပြီး၊ ကိုသန့်ဇင်အောင်ကိုလည်း ၃ နှစ် ထပ်တိုးလိုက်သည်။ ယခုလ ၂၁ ရက်နေ့က သူတို့နှစ်ဦးကိုလည်း ထောင်ဒဏ် ၁၅ နှစ်စီ အမိန့်ချမှတ်ခဲ့သည်။

ဆက်ဖတ်ရန်...

နိုင်ငံေ၇းအရူးတယောက်ရဲ့ အိမ်မက်

ဟာသ သရုပ်ဆောင် ကိုဇာဂနာက သူ့အား အမှုစီရင်ချက် ချသည့်နေ့တွင် တရားခွင်၌ "ကျနော့်ကို (အိုင်) သုံးလုံးနဲ့ ထောင် ၄၅ နှစ်ချလိုက်တာ။

အိုင်တီကို လေ့လာချင်လို့ အင်တာနက် သုံးလိုက်တာ အင်းစိန်ထောင် ရောက်သွားတယ်" ဟု ဟာသနှောပြီးပြော ဆိုခဲ့ကြောင်း သူ၏ ခယ်မဖြစ်သူ မငြိမ်းက ပြန်လည် ပြောပြသည်။

၈၈ မျိုးဆက်တွေကို မအူပင်ထောင်က ၁၁ နာရီ ၁၁မိနစ် မှာ ထုတ်တယ်။

မ+အူ+ပင် =၁၁

၁၁ ရက်နေ့က

အင်းစိန်မှာ အမိန့်ချတာ ၁၁ နာရီ ၁၁မိနစ်၊

၆၅ နှစ် ၆+၅= ၁၁

၁၁ မီးငြိမ်းတာပေါ့ကွာ။

ထောင်ချတာက ၁၁ လပိုင်း။

တီတီ ပေါ် ပေါ်....အင်း ဒီလိုင်းကားတွေ ကလဲ တယ် ဟွန်းတီးတာပဲ ...

ဝုန်း..... အာ ..ကားမီးလောင်နေပြီ.. အင်း ဖြစ်ပြန်ပြီ ....

ယနေ့ သတင်း ။ ။ အမေရိကန်နိုင်ငံ လေ့လာတွေ့ရှိချက်စစ်တမ်းများအရ မြန်မာနိုင်ငံရှိစီအန်ဂျီကားများသည် လောင်စာဆီ စားရိတ်သက်သာသော်လည်း အသုဘစားရိတ်ပိုမိုများပြားနိုင်သည်ဟု သိရှိရသည်။

ဟာ စစ်တိုက်နေ ကြပါလား ...အင်း လူတွေ တော့ ဒုက္ခထပ်ရောက်ပြန်ပြီ..

အခုမြန်မာပြည်ကို သိမ်းလိုက်တာ မြစ်ကြီးနားအထိ ရောက်သွားတယ်။

တရုတ်က ပြန်တိုက်လို့ ထွက်ပြေးရတာ မနေ့က ကော့သောင်းအောက်ဘက်ထိပြန်ရောက်သွားပြီ။

မလေးရှားနဲ့ ထိုင်းကို အကူအညီတောင်းတာ တနိုင်ငံလုံးပေးရမယ်လို့တောင်းတယ်။

တော်လှန်ရေးအတွက်ပိုက်ဆံလိုနေတယ်...( အမေရိကန်ကလဲ ငွေကြေးပြဿနာနဲ့ဒုက္ခ ကတော့ ရောက်ပြီ )

နောက်ဆုံးတရုတ်ကြီးကို ချဉ်းကပ်ပြီး အတိုက်အခံတွေက အကူအညီတောင်းတယ်။

အထက်မြန်မာပြည်ကို ကြိုပြီး လက်ညိုးထိုးရောင်းပစ်လိုက်တယ်။ ရတဲ့ပိုက်ဆံနဲ့ပြန်တိုက်မယ်ပေါ့
တ၀က်က တော်လှန်ရေးအတွက်
ကျန်တ၀က်က တော်လှန်းရေးဦးဆောင်သူတွေအတွက် လို့ ရည်ရွယ် လိုက်တယ်။


သားရေ ...မထသေးဘူးလား ..နေတောင် အတော်မြင့်နေပြီ... အလုပ်မှ မရှိတာ ဆက်အိပ်အုံးမယ် အိမ်မက် က မဆုံးသေးဘူး ဗျ ...
အိမ်မက်ဆိုတာ သူမက်ချင်တာမက်တာ၊
စိတ်ကူးယဉ်သလိုမှ မဟုတ်တာ။
နောက်ဆုံးတော့ နိုင်ငံရေးသမားလဲ စီးပွားရေးသမားကြီးတွေလုံးလုံးဖြစ်ပေါ့၊ အော် စီးပွားရေး ....စီးပွားရေး

နောက်ဆုံးသတင်း ။ ။ ဟားဗတ်စီးပွားရေးတက္ကသိုလ် မှာ နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာ ကို ဘာသာရပ်အသစ် အနေဖြင့် ပြဋ္ဌန်း လိုက်သည်။ ထို နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာ ကို သင်ကြားပေးရန် မြန်မာပြည်က နိုင်ငံရေးသမားတွေကို ပါမောက္ခ ခန့်အပ်မည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။

ဟာ ..ဒီကောင်လေး အိပ်ရာက မထသေးဘူးလား ။ ထ တော့လေ သား ..ရယ်.. မင်းကို ခိုင်းစရာရှိတယ် ကွဲ့..
အင်း ..ထမှ ဖြစ်တော့မှာ ပဲ ...
လျှပ်စစ်မီး မလာလို့ ... အမေ့ကို ရေ နည်းနည်း သွားခပ် ခဲ့ ပါအုံး .သားရေ ..
အင်း ဒီလို့ နဲ့  တနေ့တာ အလုပ်များကို လုပ်ကိုင်ရင်း နေ့တစ်နေ့ ကို အဓိပ္ပါယ် ရှိရှိ ဖြတ်သန်းအုံး မယ် .....

ဆက်ဖတ်ရန်...

မြန်မာရေးရာသတင်းများ(၂၇-၁၁-၀၈)



-HIV/AIDS ဝေဒနာရှင်များအား စွန့်ခွါသွားခြင်း click

- မြန်မာ့ငါးတင်ပို့မှု ထက်ဝက်ခန့် ကျဆင်းသွား click

- မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ မြန်မာနိုင်ငံတွင် နှစ်ဆတိုးလာ click

-အာဆီယံ ထိပ်သီးအစည်းအဝေး ရွှေ့ဆိုင်းရန် ထိုင်းက စဉ်းစားနေ click

-ကက်ဘိနက် အစည်းအဝေး ချင်းမိုင်တွင် ပြုလုပ် click

- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ စီးနင်းတိုက်ခိုက်မှု လူ ၈၀ကျော် သေဆုံးclick

-ဆန္ဒပြသူတွေ လေဆိပ်ထဲက ထွက်ဖို့ ထိုင်း တရားရုံး အမိန့်ထုတ်click

- မြန်မာ့ အလုပ်သမားရေး လှုပ်ရှားနေသူများ အခြေအနေ စိုးရိမ်စရာဖြစ်နေဆဲ ILO ဝေဖန်click

ဆက်ဖတ်ရန်...

အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်

အတိုက်အခံများကို အီလက်ထရောနစ် အက်ဥပဒေအရ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လာခြင်းကြောင့် မြန်မာပြည်တွင်းရှိ အင်တာနက် သုံးသူများအတွင်း မလုံခြုံမှု ပိုမို ခံစားလာနေရသည်။

ဘလော့ဂ်ဂါ ကိုနေဘုန်းလတ် အပါအ၀င် ဟာသ သရုပ်ဆောင် ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့အား အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မများတပ်ကာ အမြင့်ဆုံး ထောင်ဒဏ် ၄၅ နှစ်အထိ နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့သည့် နောက်ပိုင်း စိုးရိမ်မှု ပိုလာခဲ့ခြင်း ဖြစ်သည်။

"မလုံခြုံဘူး။ စိတ်လည်း ညစ်ရပါတယ်။ အခုဆို စာပို့ပြီးတာနဲ့ အကုန်ဖျက်ချရမလို ဖြစ်နေပြီ။ အင်တာနက် သုံးရုံနဲ့ ထောင်ချ အပြစ်ပေးတာတော့ မဖြစ်သင့်ပါဘူး။ သူတို့ (အာဏာပိုင်) တွေလည်း အင်တာနက် သုံးနေတာပဲ" ဟု အမည်မဖော်လိုသူ ပြည်တွင်း ဘလော့ဂ်ဂါတဦးက ပြောသည်။

ဟာသ သရုပ်ဆောင် ကိုဇာဂနာက သူ့အား အမှုစီရင်ချက် ချသည့်နေ့တွင် တရားခွင်၌ "ကျနော့်ကို (အိုင်) သုံးလုံးနဲ့ ထောင် ၄၅ နှစ်ချလိုက်တာ။ အိုင်တီကို လေ့လာချင်လို့ အင်တာနက် သုံးလိုက်တာ အင်းစိန်ထောင် ရောက်သွားတယ်" ဟု ဟာသနှောပြီးပြော ဆိုခဲ့ကြောင်း သူ၏ ခယ်မဖြစ်သူ မငြိမ်းက ပြန်လည် ပြောပြသည်။

လွန်ခဲ့သည့် အောက်တိုဘာလအတွင်း စစ်တပ်မှ မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်းရှိ လယ်ယာမြေများအား သိမ်းယူခဲ့ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) တိုင်ကြားခဲ့သည့် လယ်သမား ၃ ဦးအား အီလက်ထရောနစ် အက်ဥပဒေဖြင့် ပုဒ်မတပ် တရားစွဲဆိုခဲ့သည်။အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာ တဦးကလည်း အင်တာနက်ကို နေ့စဉ်အားကိုး အသုံးပြုနေရသည့် မီဒီယာသမားများ အနေဖြင့် စိုးရိမ်စရာ ရှိနေသည်ဟု ဆိုသည်။

"အကြမ်းဖျင်းတော့ စိုးရိမ်စရာ ကောင်းတယ်။ မီဒီယာသမားတွေဆိုတာကတော့ သတင်းနဲ့ပတ်သက်တာ အကုန်လိုက်ဖတ်ရတာလေ။ ဒါပေမဲ့ သုံးစွဲတဲ့လူ ကြည့်တဲ့ဆိုဒ်ကို ဘယ်သူက လိုက်ကြည့်နေလဲ ဆိုတာလဲ ရှိသေးတယ်။ တရားဝင် သုံးစွဲခွင့် ရတဲ့ဆိုဒ်တွေ ကြည့်ပြီးတော့ ကိုယ့်အလုပ် ကိုယ်လုပ်နေရင် ဘာမှမဖြစ်ပါဘူး" ဟု အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာ တဦးကပြောသည်။

"ကျနော်တို့ ကြည့်နေတဲ့ ဟာတွေက တရားဝင်ဆိုဒ်တွေ ခွင့်ပြုဆိုဒ်တွေ ကြည့်တာလေ။"အီလက်ထရောနစ် အက်ဥပဒေသည် စစ်အစိုးရက သူနှင့် သဘောကွဲလွဲသူများအပေါ် စွဲဆိုလေ့ရှိသော လက်နက်တခုဖြစ်ပြီး အင်တာနက်ကို အသုံးပြု၍ အာဏာပိုင်များကို ထိခိုက်နစ်နာစေရန် သတင်း အချက်အလက်များ ဖြန့်ဝေသည်ဟု ဆိုသည်။ယခုလို အီလက်ထရောနစ် အက်ဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ် ချခံရသူ အများစုသည် အာဏာပိုင်များ သတ်မှတ်ထားသည့် ဥပဒေနှင့် ငြိစွန်းခြင်း မရှိသည့်အပြင် လက်ရှိ သုံးစွဲနေသူများကို ခြိမ်းခြောက်သည့် မတရားသည့် ဥပဒေ တခုသာဖြစ်ကြောင်း ထိုင်းအခြေစိုက် မြန်မာ့သတင်းသမဂ္ဂ (BMA) ၏ အတွင်းရေးမှူးဖြစ်သူ ဦးစံမိုးဝေက ပြောသည်။

"ဒီဟာက အတိုက်အခံတွေ၊ စာနယ်ဇင်း သမားတွေ၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲချင်သူတွေကို နှိပ်ကွပ်ဖို့ လုပ်ထားတဲ့ ဥပဒေ။ မလုပ်ရဲအောင်၊ မသုံးရဲအောင် ခြိမ်းခြောက်နေတဲ့ မတရားတဲ့ ဥပဒေ၊ ဖိနိပ်မှုတခုပဲ ဖြစ်တယ်" ဟု သူက ပြောသည်။

သို့သော်လည်း လက်တွန့်သွားမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုသူများလည်း ရှိနေသေးသည်။"ပုဒ်မ အမျိုးမျိုးတပ်ပြီး ထောင်ဒဏ်ချမှာပဲ။ သူတို့တွေ ဘယ်လိုပဲလုပ်လုပ်၊ ဘယ်လိုပဲ ကြောက်အောင် ခြောက်ခြောက် ကျနော်တို့ လုပ်စရာတွေကို ဆက်လုပ်သွားမှာပဲ" ဟု ပြည်တွင်း ဘလော့ဂ်ဂါ တဦးက ပြောသည်။

မဇ္ဈိမ သတင်း

ဆက်ဖတ်ရန်...

အရမ်းချစ်တဲ့ မိန်းမတစ်ယောက်အကြောင်း

တကယ်တော့ မြန်မာပြည်ဆိုတာ

အရမ်းချစ်ပြီး ဘယ်လိုမှလက်ထပ်လို့မဖြစ်နိုင်တဲ့

မိန်းမတစ်ယောက်ပေါ့ …

ခင်ဗျားတို့ပဲစဉ်းစားကြည့်လေ ...

၂၁ ရာစုမှာ internet ကို

ဆန်တစ်ပြည်လောက်မှ တန်ဖိုးမထားတဲ့ မိန်းမ ...

အမှောင်ထဲမှာပဲ ပျော်ပိုက်ပြီး

ညတွေမှာ မီးမလင်းနိုင်တဲ့ မိန်းမ ...

ခဏခဏပြင်ပြီး အညာခံနေရတဲ့

နှစ်သုံးဆယ်စီမံကိန်းပညာလောက်ပဲတတ်တဲ့ မိန်းမ ...

ပြည်ပလုပ်အလှပြင်ကိရိယာ ပြည်ပကနည်းပညာနဲ့

ကိုယ့်ကိုယ်ကို အလှဖန်တီးရှင်ပါလို့

စက်မူဇုန်ထဲကနေ ကြုံးဝါးနေတဲ့ မိန်းမ …

တတ်သမျှပညာတွေ ရှိသမျှလုပ်အားတွေနဲ့

ပြည့်ပြည့်ဝဝ လုပ်ကျွေးတာတောင်လက်ဖက်ရည်ဖိုးလောက်ပဲ ပြန်ပေးချင်တဲ့ မိန်းမ ...

သည်းခံယူပြီး ပြုပြင်ပေးချင်တာတောင်

်အုပ်ထိန်းသူက လက်သင့်မခံတဲ့ မိန်းမ ...

ယုတ်မာကောက်ကျစ်ပြီး အကြံပက်စက်လွန်းတဲ့

ပထွေးရဲ့တာဝန်ယူမူကို ခံထားရရှာတဲ့ မိန်းမ …

အုပ်ထိန်းသူတွေ ကိုယ်တိုင်က

ပြည့်တန်ဆာဇာတ်သွင်းခြင်းကို

မသိမသာ ခံနေရရှာတဲ့ မိန်းမ ...

သားသမီးတွေကို နွေးနွေးထွေးထွေးချစ်တတ်ပေမယ့်

ပထွေးမျက်နှာကြည့်ပြီး အသက်ရှူနေရရှာတဲ့ မိန်းမ …

ဒီလိုမိန်းမမျိုးနဲ့ကျွန်တော်

်ဘယ်လိုလက်ထပ်လို့ဖြစ်နိုင်ဦးမှာလဲဗျာ ...

ဘယ်လိုပဲ ရည်းစားတွေထပ်ပြီးထားထား

သူ့ကိုတော့ တစ်နေ့မှမေ့မရနိုင်တာ အမှန်ပါပဲ ...

တကယ်လို့များ ...

သူ့ပထွေးကြီးမရှိတော့ဘူးဆိုရင် …

လက်ဖက်ရည်ဖိုးလောက်ပဲ ပေးပေး

ပြည့်တန်ဆာပဲဖြစ်နေပါစေ

အရာရာကိုပြုပြင် လက်ထပ်ချင်တဲ့ကောင်ပါ ...

တကယ်တော့ ...

ကျွန်တော့်ချစ်သူ မြန်မာပြည်ဟာ

စိတ်သောကတွေကြုံတိုင်းမှာ

အဖေကိုလွမ်းဆွတ် ငိုကြွေးတတ်တဲ့

အရမ်းလှပတဲ့ဗီဇတွေကို

ပထွေးက အနိုင်ကျင့် အစော်ကားခံလိုက်ရတဲ့

ချစ်စရာကောင်းတဲ့ မိန်းမတစ်ယောက်ပါ ...

Author : Singapore နဲ့ချစ်သူဖြစ်နေသူတစ်ဦး

ကျွန်တော် ထံသို့ email ဖြင့်ပို့လာသော ဒီကဗျာ လေးကို တင်ပြလိုက်ပါသည်။

ဆက်ဖတ်ရန်...