ငါ့အရှင်တို့ ဓါတ်ဆင်စို့

ဒကာကြီးမိုးသီး


ဦးဇင်း မေတ္တာရှေ့ ထားပြီးစာရေးလိုက်ပါတယ်။ နေ၀င်းတို့ သန်းရွေတို့ ဟာ ဗေဒင်ယတြာတွေအလွန် ယုံကြည်ကြသူတွေဖြစ်တယ်။ သန်းရွေ ဟာလည်း သူအာဏာတည်မြဲရေးအတွက်မလုပ်သင့်မလုပ်ထိုက်တဲ့ ယတြာတွေ ကိုတောင်လုပ်သူဖြစ်တယ်။ သာမညတောင်ဆရာတော်ဘုရားကြီးရုပ်အလောင်းကိုတောင် နေပြည်တော်ကိုခိုးယူပြီးယနတြာချေသူတွေဖြစ်တယ်။သာမညတောင်ဆရာတော်ကြီးဟာ ၀ဇာ ဖြစ်တယ်။ ၀ဇာအလောင်းကိုစီရင်တဲ့အခါမှာ အလိုပြည့် စုံတယ်လို့ အောက်လမ်း သမားတွေကယုံကြည်တယ်။သာမည ရဲ့ ဆန်ကျင်ဖက် က အဓိက ဖြစ်တယ်ဒကာကြီး။ သာမညကိုဖျက်ဆီးရင် အဓိကကျန်တယ်။ အဲ့ ဒီအချိန်က အဓိက ဆိုတာ သူတို့ အတွက် အခြေခံဥပဒေကိုပြန်ဌန်းရေးဟာ အဓိကဖြစ်နေတယ်ဆိုတာရှင်းနေတာပဲ။ ဒကာကြီတို့ တော့သဘောပေါက်သလားမသိဘူး။ ဦးဇင်းတို့ က တော့ သူတို့ ယုတ်မာမှုတွေကို သိနေတယ်။ အခုဦးဇင်းပြောချင်တာကတော့ သန်းရွေကို ကက်ကင်းလှန် ပြီးလုပ်သင့်တယ်။လုပ်ရမဲ့ ကက်ကင်းကတော့သန်းရွေ ဖြစ်တဲ့အတွက် သ- ရ ရဲ့ ပြောင်းပြန် ဟာ ရ- သ ဖြစ်တယ်။ ဒီတော့ရသ ဖြစ်တဲ့ ရုပ်သေး ရုပ်ကို ထမိန်ဝတ်ပြီး မီးရှို့ ပေးခြင်းအားဖြင့် သန်းရွေ ကို ဘေးတွေ အောင်ဆောင်ရွက်နိင်တယ်ဆိုတာ ဦးဇင်းပြောချင်တယ်။၁- ရုပ်သေးရုပ် တခုကိုလုပ်ပါ။ ရုပ်သေးရုပ်ပုံစံတခုကို ကိုယ်ဟာ ကိုယ်အဖြစ်လုပ်လည်းရပါတယ်။ ထမိန်ဝတ်ပေးပြီး မီးရှို့ လိုက်ပါ်။၂- လုပ်ရမဲ့အချိန်ကတော့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့ ( ကြာသာပတေးနေ့ ) နေလည် ၁နာရီခွဲ က နေ ၃ နာရီ အကြားအချိန် ကိုလုပ်ပါ။ဒါကို လူအများက လုပ်ကြရင် သန်းရွေ မုချ ဒုက္ခကြုံနိင်ပါတယ်။၃- နောက်လုပ်ရမဲ့ ယတြာယာတခုကတော့ အလံအဖြူလေးတခုလုပ်ပါ။ ပိတ်အဖြူနဲ့ လုပ်ပါ။အလံတိုင်အရိုးကို သံပိုက်နဲ့ လုပ်ပါ။ ( သံပိုက်ခေါင်း ) သံပိုက်ကိုရွေချပါ။ အားလုံးချစာရာမလိုဘူး။ အလံပိတ်ဖြူမှာတော့ ဒေါ်အောင်ဆန်းစုကြည်နံမည်ကိုရေးပေးပါ။အရောင်အနီရောင်နဲ့ရေးပါ။ ဒီအလံကိုဒကာကြီးတို့ ရုံးတွေ လူတွေရဲ့ အိမ်မှာသင့်တော်တဲ့နေရာမှာ ထူပေးထားကြပါ။ ဒကာမကြီးအောင်ဆန်းစုကြည် အောင်မြင်မယ်။ အလွန်စွမ်းတဲ့ယတြာဖြစ်ပါတယ်။ဒါကာကြီးမယုံမရှိပါနဲ့ ဒကာကြီမယုံရင်လည်း ဒီသတင်းကို ဘီဘီစီ၊ဒီဗွီဗီကိုပြောပေးပါ။


ရဟန်း တပါး

ဆက်ဖတ်ရန်...

မြန်မာသင်ပုန်းကြီးဖတ်စာအသစ်။

တစ်၊နှစ် ကိုနာဂစ်
သုံးလေး လွတ်အောင်ပြေး
ငါး၊ခြောက် ရေထဲရောက်
ခုနှစ်၊ရှစ် မသာဖြစ်
ကိုး၊ တစ်ဆယ် ၀ဋ်ကျွတ်တယ်။

ဘယ်ကလာသလည်း။
ဘယ်နယ်ကလည်း။
အလယ်ကလူ
အသားဖြူဧ။်။
ခင်ဗျားအလှူ
တစ်ပြားမရှုရ။

အစားအစာ၊၀ါးစားပါ
အသားပါသလား။
ငါးပါသလား။
ဘီစကစ်ပါသလား။
ဘာပဲပါပါထားခဲ့ပါ။

ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန်
ဒီဘက်ကပ်းက ဗိုက်ပိန်ပိန်၊
အမိုးအကာမဲ့နေတဲ့
မနှင်းတို့ အိမ်။

ဖိုးရွှေကြီး ဖိုးရွှေကြီး
အလွန်ယုတ်တဲ့ ဖိုးရွှေကြီး
ဖိုးရွှေကြီးက မိုက်တိုင်ထူ
ခွေးအကြီးနဲ.တူ
တူပါသကွဲ.မယုံငြား
ဒီမှာကြည့်ပါလား။

တနင်္ဂနွေ၊ တနင်းလာ
ဗိုက်မှောက်မျှော်နေတာ
အင်္ဂါ၊ ဗုဒ္ဓဟူး
ရောက်လုတစ်ဦးဦး
ကြာသပတေး၊ သောကြာ
တစ်ယောက်မှ ပေါ်မလာ
စနေမှာသေချာသွား ဘယ်သူမှမလာအား။

မုန်တိုင်းကို စက္ကူကပ်
အကြံပက်စက် တို.အပေါ်တင်
ပလ္လင်ပေါ်က မျောက်မူး
ဆင်းမလာတော့ဘူး
အာဏာရူး၊
အာဏာရူးကိုခွေးတွေယက်
မှောင်မိုက်မှာအူ၊
အူသူတွေ အစာလုကြ
ငါတို့ ကိုဆွဲ တွဲလဲ
တွဲလဲရယ် ငိုတိုင်း
မိုးတောင်ကမှိုင်း
မုန်တိုင်း။

အလောင်းလေးများဖွေးလို.စီ
မြစ်ညုာရိုးတလျှောက်ဆီ၊
ရေပေါ်မှာ ဗိုက်ကြီးဖောင်း
ငါတို့ ပူစီဖေါင်း။

ဘဘ၀၀ ထလို.က
ဘဘနှိင်ပြီဗျ
ကပါကပါ ဘဘရာ
ဘဘခေတ်လေဗျာ
မဲလိမ်တွေကို အမှန်ပြ
ဘဘအကြံပိုင်သဗျ။
သူများတွေ မသာဖြစ်တာ
ဘဘနဲ. မဆိုင်ပါ၊
မုန်တိုင်းတွေ ဘယ်လောက်သည်းသည်း
ဘဘနှိင်ဖို.ဘဲ။

ဘဘ၀၀ စိတ်ဓါတ်ကျ
အနောက်က pressure ရ
သူများအကူ မယူခဲ့တာ
ဘဘစေတနာ
မလုပ်ပေးတာ တစ်ခုကလွဲ
ဘဘသတ္တိခဲ။
နိင်ငံခြားငွေမြင်သောခါ
ဘဘစိတ်ပြောင်းလာ
အားရပါးရလာလှူကွဲ.
ဘဘအိတ်ထဲထည့်။

ဘဘ၀၀ ထပ်လို.က
ဘဘခိုင်ပြီဗျ
လုပါယက်ပါ ဘဘရာ
ဘဘခေတ်လေဗျာ
မြစ်ပြင်မှာတော့ အညှီတွေထ
်ပုပ်ပွပွ အနံ.အသက်ရ

ဘဘကတော့ ဆက်လို.က
ဘဘဘယ်တော့မှ ကလို.မ၀။

ဆက်ဖတ်ရန်...

ဒေါ်အောင်ဆန်းစုကြည်၏ (၆၃) နှစ်မြောက်မွေးနေ့အလှူအဖြစ်ရဟန်းခံ ရှင်ပြုပွဲ ပြုလုပ်မည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၃) နှစ်မြောက် မွေးနေ့အလှူအဖြစ် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားအလှူရှင်များက ကမကထပြု၍ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသား (၆၃) ဦးအား စုပေါင်းဒုလ္လဘရဟန်းခံနှင့် ရှင်ပြုပွဲ ပြုလုပ် ပေးမည်ဖြစ်သည်။
ယခုအလှူအား မဲဆောက်အခြေစိုက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (HRDP) နှင့် အဝေးရောက် ဧရာဝတီအသင်း (OIA) တို့ ပူးတွဲဆောင်ရွက်ကြမည်ဖြစ်ပြီး ရဟန်းခံလိုသည့် မည်သူ မဆို ယခုလ (၁၅) ရက် နောက် ဆုံးထား၍ ဖုန်းနံပါတ် ၀၈၇-၅၇၁၉၇၇၃ နှင့် ၀၅၅-၅၄၂၆၄၉ တို့တွင် အသေးစိတ်ဆက်သွယ်စုံစမ်း စာရင်းပေးသွင်း နိုင်သည်။
စုပေါင်းဒုလ္လဘရဟန်းခံရှင်ပြုပွဲကို ယခုလ (၁၉) ရက်တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ (၆၃) နှစ်မြောက် မွေးနေ့တွင် မဲဆောက်မြို့၌ ကျင်းပမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခမ်းအနားများနှင့်အတူ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အခမ်း အနားများ၊ စုပေါင်း သွေးလှူဒါန်းခြင်းနှင့် ကောင်းမှုကုသိုလ်များကို ဒေသတွင်းရောက် မြန်မာနိုင်ငံ သားများက ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ကြ မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်တွင် စည်းရုံးရေးခရီးထွက်လာစဉ် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်း မြို့အနီးတွင် နအဖထောက်ခံသူများ၏ လုပ်ကြံသတ်ဖြတ်မှုမှ လွတ်မြောက်ခဲ့ပြီး ယခုအချိန်ထိ နေအိမ်အကျယ်ချုပ် ချထားခံရသည်မှာ (၅) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ဆက်ဖတ်ရန်...

ကိုသူရကိုခွေးဆွဲခံရပြန်ပြီ

မိတ်ဆွေတို့ရေ

ကျွန်တော့်အကိုကြီး ကိုသူရ (ကိုဇာဂနာ) ကို ဇွန်လ ၄ရက်နေ့ ည ၈ နာရီ မှာ စသုံးလုံး လို့ထင်ရတဲ့ အထူးစုံစမ်းစစ်ဆေးရေး တွေနဲ့ ရပ်ကွက်ထဲက လူကြီးလူကောင်းခွေးမသားတွေ အပါအဝင် ၁၀ ယောက်လောက် ရောက်လာပြီး ၃ နာရီကျော် ရှာဖွေစစ်ဆေးမှုတွေလုပ်အပြီး ပစ္စည်းတစ်ချို့ကိုပါသိမ်းဆီးပြီး ည ၁၁ နာရီလောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်

ဖမ်းသွားတဲ့သူတွေက ကိုသူရအိမ်သားတွေကို ဒီကိစ္စကိုသတင်းဌာနတွေကို အကြောင်းမကြားဖို့နဲ့စစ်ဆေးပြီးရင် အမြန်ဆုံးပြန်ပို့ပေးမယ် စိတ်မပူနဲ့ လို့ ပြောသွားခဲ့တယ်လို့သိရပါတယ်

အော် ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်မောင်မင်းကြီးသားတို့ရယ်...
ထိုင်တောင်ကန်တော့ရတော့မလိုပါဘဲလား ပြောသွားတဲ့ပုံက
ခုလဲကျွန်တော့်ကိုဒီသတင်းပေးတာ ကိုသူရ အိမ်ကမဟုတ်ဘူးနော် သွားမဲမနေကြနဲ့ဦး

ဒကိုသူရ BBC မှာပြောလိုက်တဲ့စကားတခွန်းကြောင့်လို့ယူဆရပါတယ်

သေချာတာတစ်ခုတော့ရှိတယ်အထဲကသူ့သူငယ်ချင်းတွေကိုသတိရနေတဲ့ကိုသူရကတော့ ပြန်တွေ့ရချည်သေးရဲ့လို့ ပျော်နေမှာပါဘဲ
ကျွန်တော်ချစ်တဲ့ အကိုကြီး အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေ

ဆက်ဖတ်ရန်...

သတင်း နှင့် မေတ္တာရပ်ခံချက်

ဆုတောင်းပွဲ ပြုလုပ်နေခြင်းအား စစ်တပ်ဖြင့် ပိတ်ဆို့ဝိုင်းရံထား

ဒီနေ့ နေ့ လည် ၁ နာရီမှာ ကြည်မြင်တိုင် ရွေညာဝါကျောင်းတိုက်မှာ လေဘေးကြောင့်သေဆုံးသွားသူတွေအတွက် ဆုတောင်းပွဲတရပ်ကို အခုပြုလုပ်နေပါတယ်။သံဃာ အပါး ၁၄၀၀ နှင့် လူ ၅၀၀ ခန့် ရှိပါတယ်။ငြိမ်းချမ်းစွာဆုတောင်းပွဲကို စစ်တပ်က၀ိုင်းထားပါတယ်။ဆုတောင်းသူတွေက ဖုန်းကြီးမှာဆုတောင်းပွဲပြီးရင် မြို့ တွင်းသို့ လည်လည် ရွတ်ဖတ်သရယ်ဆယ်ပွဲကိုပြုလုပ်မယ်လို့ သိရပါတယ်။

ဒီသတင်းကိုဆက်လက်ဖြန့် ဖြုးပေးပါ။ဆုတောင်းပွဲတွေကို ပြည်တွင်းမှာ နေရာအနှံမှာ ဆက်လက်ပြုလုပ်ရန် မိမိတို့ သက်ဆိုင်ရာဆွေးမျိုးသားချင်းများ။ မိသားစုများ၊ သူငယ်ချင်းများကို တိုက်တွန်းပေးကြဖို့ အလေးအနက်ပန်ကြားအပ်ပါတယ်။အခုပဲ မြန်မာပြည်ကို တယ်လီဖုန်းတွေခေါ်ပြီးတိုက်တွန်းပေးကြပါခင်ဗျား။

ဆက်ဖတ်ရန်...

ဘ၀ရဲ့ မုန်တိုင်း (မျိုးချစ်မြန်မာ)

ဆက်ဖတ်ရန်...

NP မြန်မာသင်္ကြန်

ဆက်ဖတ်ရန်...