ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသို့ အကြံပေးချက်



ဗီအိုအေနဲ့ ၁၁ လပိုင်း ၄ ရက်နေ့က အင်တာဗျူးမှာ ဝန်ကြီးကျော်ဆန်းက

“ကနေ့ ပြည်သူတွေ ရွေးချယ်တင် မြှောက်တဲ့ ဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာတဲ့ ကျနော်တို့အစိုးရလက်ထက်မှာလည်းပဲ ...” လို့ ဆိုထားပြီး နောက်ဆက်ပြီး “အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေကို ကျူး လွန်တဲ့အတွက်ကြောင့် အဲ့ဒီစည်းမျဉ်းစည်းကမ်းဥပဒေအရပဲ ကျနော်တို့ အရေးယူထားတာ ဖြစ်ပါတယ်။ သို့ သော်လည်း အဲဒီထဲမှာ နိုင်ငံရေးလုပ်တဲ့ပုဂ္ဂိုလ်တွေလည်း ပါကောင်းပါမှာပါပဲ။ ဒါတွေအားလုံးကိုလည်း သမ္မတ ကြီးက သူ့ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ဆင်ခြင်တုံတရားနဲ့ ကျင့်သုံးပြီးတော့ ဒါတွေကို ဘာလုပ်ပေးနေလဲ၊ ဖြေလျှော့ပေးနေပါတယ်” တခါဆိုထားပြန်ပါတယ်။


အနီရောင်ဆိုးထားတဲ့ အပိုဒ်နှစ်ခုကို နှိုင်းယှဉ်ပြီး ပြောချင်ပါတယ်။ အပေါ်ပိုဒ်မှာ ပြောတာက “ကနေ့ ပြည်သူ တွေရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီစနစ်အရပေါ်ပေါက်လာတဲ့ ကျနော်တို့အစိုးရလက်ထက်မှာ...” လို့ ဆို တော့ ယခင်စစ်အာဏာရှင်အစိုးရနဲ့ လားလားမျှ မဆိုင်ဘူးလို့ ဆိုလိုတာဖြစ်တယ်။ ဒီမိုကရေစီအစိုးရပေါ့ဗျာ။ ဒါပေမယ့် နောက်အပိုဒ်ကျတော့ “အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဥပ ဒေတွေကို ကျူးလွန်တဲ့အတွက်ကြောင့် အဲ့ဒီစည်းမျဉ်းစည်းကမ်း ဥပဒေအရပဲ ကျနော်တို့ အရေးယူထားတာ ဖြစ်ပါတယ်” ဆိုတော့ အသစ်တက်လာတဲ့ ဒီမိုကရေစီနည်းကျ အစိုးရဟာ သူ့ကိုယ်သူ ယခင်စစ်အစိုးရပဲ ဖြစ် ပါတယ်ဆိုပြီး ဝန်ခံသလိုမျိုး ဖြစ်နေပြန်တယ်။


“နိုင်ငံတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေရှိတယ်ဆိုတာကို သတ္တိရှိရှိ ဝန်ခံရဲသလို၊ သတ္တိရှိရှိ လွှတ်ပေးရဲရမယ်။ ကျော်ဆန်းအနေနဲ့ တချိန်ချိန်မှာ နိုင်ငံရေးနဲ့ ထောင်ထဲရောက်သွားခဲ့ရင် ရောက်သွားနိုင်တဲ့အတွက် အမြော်အမြင်ရှိရှိနဲ့ နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာ လက်ခံထားသင့်တယ်လို့ အကြံပြုလိုက်တယ်။”

ကျော်ဆန်းဟာ သူ့ကိုယ်သူ ယခင်အစိုးရလုပ်ရပ်တွေကို လိုက်နာစောင့်ထိန်းပြီး ဆက်လက်ကျင့်သုံးရမယ်လို့ ယူဆထားသူဖြစ်တယ်ဆိုတာ “ကျနော်တို့ အရေးယူထားတာ ဖြစ်ပါတယ်” ဆိုတဲ့ သူ့ပြောစကားအရ ထင်ရှား တယ်။ နောက်တခုက သန်းရွှေတို့လမ်းစဉ်အတိုင်း တိုင်းပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေမရှိဘူးလို့ ဗြောင် ငြင်းနေတုန်းပဲ ဖြစ်တယ်။

တကယ်ဖြစ်သင့်တာက ကနေ့ ပြည်သူတွေ ရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာတဲ့ ကျနော်တို့အစိုးရလက်ထက်မှာ ယခင်အစိုးရလုပ်ရပ်တွေဟာ တရားမျှတမှုမရှိဘဲ အလွန်အကျွံ အာဏာသုံးစွဲ မှုတွေရှိခဲ့တဲ့အတွက် သဘောထားအမြင်မတူလို့ ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ် ဆိုတာမျိုး ဖြစ်သင့်တယ်။

နိုင်ငံတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေရှိတယ်ဆိုတာကို သတ္တိရှိရှိ ဝန်ခံရဲသလို၊ သတ္တိရှိရှိ လွှတ်ပေးရဲရမယ်။ ကျော်ဆန်းအနေနဲ့ တချိန်ချိန်မှာ နိုင်ငံရေးနဲ့ ထောင်ထဲရောက်သွားခဲ့ရင် ရောက်သွားနိုင်တဲ့အတွက် အမြော် အမြင်ရှိရှိနဲ့ နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာ လက်ခံထားသင့်တယ်လို့ အကြံပြုလိုက်တယ်။

ဒေါက်တာလွဏ်းဆွေ BLOG မှ ကူးယူဖော်ပြပါသည်

ဆက်ဖတ်ရန်...

မြန်မာနိုင်ငံမှာ မော်တော်ယာဉ်စက်ရုံ တည်ဆောက်ဖို့ မလေးရှား ကုမ္ပဏီ စီစဉ်

မလေးရှားနိုင်ငံ အခြေစိုက် Asia Motor ကားကုမ္ပဏီဟာ အမေရိကန် ဒေါ်လာ ၄၄ သန်း ကုန်ကျမယ့် ကားစက်ရုံ တစ်ခု မြန်မာနိုင်ငံမှာ တည်ဆောက်ဖို့ ပြင်နေတယ်လို့ သိရပါတယ်။

မလေးရှား မော်တော်ယာဉ် ပစ္စည်း အရောင်းပြခန်း တစ်ခုလည်း မြန်မာနိုင်ငံမှာ လာရောက်ဖွင့်ဖို့ ရှိပြီး ကားပစ္စည်းတွေကို ဈေးနှုန်း သက်သက်သာသာနဲ့ ရောင်းချမယ်လို့ ပြည်တွင်းထုတ် ပေါ်ပြူလာ သတင်းဂျာနယ်ကို ကိုးကားပြီး တရုတ် အစိုးရ ဆင်ဝှါသတင်းက ရေးပါတယ်။


Asia Motor ကားကုမ္ပဏီဟာ နှစ်စဉ် မော်တော်ကား စီးရေ ၃ သိန်း ထုတ်လုပ်ပြီး နိုင်ငံပေါင်း ၂၇ နိုင်ငံကို တင်ပို့ ရောင်းချနေတဲ့ ကုမ္ပဏီ တစ်ခုပါ။

တစ်ချိန်ထဲမှာပဲ မြန်မာ အာဏာပိုင်တွေဟာ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ အငှါးတက္ကဆီ ၂၀၀ ခန့်ကို မလေးရှားနိုင်ငံထုတ် ပရိုတွန်ကားတွေနဲ့ အစားထိုးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

မလေးရှား အခြေစိုက် ပရိုတွန် မော်တော်ကား ကုမ္ပဏီဟာ ကားအမျိုးအစား ၁၂ မျိုးခန့် နှစ်စဉ် ထုတ်လုပ်ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်ကို တင်ပို့ ရောင်းချနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် မြန်မာနိုင်ငံကို ရောက်လာတဲ့အခါ ရာဘာ ထုတ်လုပ်ရေး၊ စာအုန်းဆီ ထုတ်လုပ်ရေးနဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းတွေမှာ ပူးပေါင်း လုပ်ဆောင်ရေး ဆိုင်ရာ စာချုပ်တွေ မလေးရှားနဲ့ မြန်မာ လုပ်ငန်းရှင်တွေ အကြား ချုပ်ဆိုခဲ့ပါတယ်။

မြန်မာအစိုးရ စာရင်းအင်းတွေ အရ ၂၀၁၀-၁၁ ကုန်သွယ်ရေးနှစ် အတွင်း မလေးရှား မြန်မာကုန်သွယ်မှု တန်ဖိုးဟာ အမေရိကန် ဒေါ်လာ သန်း ၆၀၀ နီးပါး ရှိခဲ့ပါတယ်။

ဆက်ဖတ်ရန်...

ဗြိတိသျှ သံရုံးရှေ့မှာ ဆန္ဒပြဖို့ လူစု

ဘီဘီစီ သတင်းဌာနကို ဆန္ဒပြဖို့ ရန်ကုန်မြို့ကုန်သည်လမ်း ဗြိတိသျှ သံရုံးရှေ့မှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က စုဝေးနေသူများကို တွေ့ရစဉ်။ (Photo courtesy of Yangon PressInternational)


ရန်ကုန်မြို့ကုန်သည်လမ်း ဗြိတိသျှ သံရုံးရှေ့မှာ ( ၉ ) ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီလောက်က လူ ၂၀ ခန့် ဆန္ဒပြဖို့ လာရောက် စုဝေးခဲ့ကြပြီး မိနစ် ၃၀ လောက် အကြာမှာ လူစုခွဲသွားတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။လာရောက် စုရုံးကြသူတွေထဲမှာ ရခိုင် အမျိုးသားတွေ များပြီး ဘီဘီစီ သတင်းဌာနကို ဆန္ဒပြဖို့ ရောက်လာကြတာလို့ ပြောကြောင်း ဆန္ဒပြပွဲကို လာရောက် သတင်းယူတဲ့ ဂျာနယ် သတင်းထောက်တွေက ဆိုပါတယ်။

ဆန္ဒပြမယ် သတင်းရထားလို့ မနက် ၁၁ နာရီလောက် ကတည်းက လာစောင့်နေတာလို့ ဂျာနယ် သတင်းထောက် တစ်ဦးက ဆိုပါတယ်။

သံရုံးကို မေးမြန်းကြည့်တဲ့ အခါမှာတော့ ဆန္ဒြုပသူတွေက ဘာစာရွက်စာတမ်းမှ ပေးမသွားဘူးလို့ သတင်းထောက်တွေကို ပြောကြောင်း သိရပါတယ်။ အခုလို ဆန္ဒပြဖို့ လူစုနေတာကို အာဏာပိုင်တွေ အနေနဲ့ လာရောက် ဟန့်တား ပြောဆိုခြင်း မရှိဘူးလို့ ဂျာနယ် သတင်းထောက်တွေက ဆိုပါတယ်။

ဆက်ဖတ်ရန်...

အညတရသူရဲကောင်းဆု အမျိုးသားအောင်ပွဲနေ့မှာ ချီးမြှင့်မည်



ဒုတိယအကြိမ်မြောက် အညတရ သူရဲကောင်းဆုတွေကို နိုဝင်ဘာ ၂၀ ကျရင် ရန်ကုန်မြို့ အင်န်အယ်လ်ဒီ ရုံးချုပ်မှာ ကျင်းပမဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ပေးအပ် ချီးမြှင့်သွားမယ်လို့ သိရပါတယ်။အညတရ သူရဲကောင်းဆုဟာ မြန်မာပြည် ဒီမိုကရေစီ ပေါ်ထွန်းရေး အတွက် စွန့်လွှတ် လှုပ်ရှားရင်း အကျဉ်းကျနေတဲ့ မထင်မရှား နိုင်ငံရေး အကျဉ်းသားတွေကို ဂျပန်နိုင်ငံရောက် မြန်မာ စေတနာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အညတရ သူရဲကောင်းဆု ချီးမြှင့်ရေး ကော်မတီက လှူဒါန်း ချီးမြှင့်နေတဲ့ဆုပါ။

ဒီအကြိမ် ရွေးချယ်ထားတဲ့ အညတရ သူရဲကောင်း ၄ ဦးကို ကျပ်ငွေ ၁၀ သိန်းစီနဲ့ ဆုတံဆိပ်တွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပေးအပ်သွားမယ်လို့ တိုကျိုမြို့က အညတရ သူရဲကောင်းဆု ချီးမြှင့်ရေးကော်မတီဝင် ကိုမင်းထက်ဇော်က ပြောပါတယ်။

အခု ဒုတိယအကြိမ်မှာ အညတရ သူရဲကောင်းဆု ချီးမြှင့်ရေး ကော်မတီက မြစ်ကြီးနားထောင်မှာ အကျဉ်းကျနေတဲ့ ရဟန်းတော် ဦးဝိရသူ၊ ကျောက်ဖြူထောင်က ဦးစိုင်းလှအောင်၊ သရက်ထောင်က ကိုသန့်ဇော်နဲ့ ဗန်းမော်ထောင်က မမာမာဦး တို့ကို ရွေးချယ်ထားပါတယ်။

ပထမအကြိမ် အညတရ သူရဲကောင်းဆုကို မဂ္ဂင် ကျောင်းတိုက် ဆရာတော် ဦးဣန္ဒက၊ ဘိုးတော် ခင်ဝင်းနဲ့ HIV/AIDS ဝေဒနာရှင်တွေကို ကူညီခဲ့သူ ဦးသန်းနိုင်တို့ကို ပြီးခဲ့တဲ့ ဧပြီလက ချီးမြှင့်ခဲ့ပါတယ်။

အခုလို နိုင်ငံရေး အကျဉ်းသားတွေကို ဆုချီးမြှင့် ထောက်ပံ့နိုင်ဖို့ ငွေကြေး အလှူထည့်ဝင်ခဲ့ကြတဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို ဂုဏ်ပြုတဲ့ပွဲ တစ်ရပ် လာမဲ့ ဒီဇင်ဘာ ၁၈ ရက်မှာ ပြုလုပ်သွားမယ်လို့ ဆုပေးရေး ကော်မတီက ပြောပါတယ်။

ဆက်ဖတ်ရန်...

လွတ်လပ်စွာဖန်တီးတတ်စေရန် “လွတ်လပ်ခြင်း အနုပညာ” ရုပ်ရှင်ပွဲတော် ကျင်းပ

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်အတွက် လေ့ကျင့်နေသည့် လူရွှင်တော် ဇာဂနာ (ဓာတ်ပုံ - Facebook / Maung Thura)


အနုပညာရှင်တိုင်း လွတ်လပ်စွာ တွေးခေါ်ဖန်တီး တတ်စေရန် ရည်ရွယ်၍ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်ကို ကျင်းပရခြင်း ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူ လူရွှင်တော် ဇာဂနာက ပြောသည်။
လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်ကို ၂၀၁၂ ဇန်န၀ါရီ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆုချီးမြှင့်မည်ဖြစ်ကာ ဆုပေးပွဲတွင် သီးလေးသီးဆေးရောင်စုံ အဖွဲ့သားများက ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်ပွဲတော်နှင့် ပတ်သက်၍ ဒါရိုက်တာ မိုက်တီးက “ကောင်းတာပေါ့ဗျာ။ ကျနော်တို့ဆီမှာက မလွတ်လပ်တဲ့ သူက များနေတာ၊ လွတ်လပ်ခြင်း ဆိုတဲ့ အရသာလေးကို အားလုံးသိသွားကြတာပေါ့။ စီစဉ်တဲ့သူတွေလည်း အရမ်းကောင်းပါတယ်။ အကုန်လုံးလည်း ပါဝင်ကြမှာပါ။ ကျနော်လည်း စဉ်းစားနေတယ်။ စဉ်းစားလို့ရရင် ကျနော်လည်း အရမ်းပါဝင်ချင်ပါတယ်” ဟု ဆိုသည်။

ကိုဇာဂနာက ရုပ်ရှင်ပွဲတော် ပြုလုပ်ရန်စိတ်ကူးကို ၎င်းအကျဉ်းထောင်ထဲမှ လွတ်မြောက်လာပြီး မြစ်ကြီးနားမှ လေယာဉ် ခရီးဖြင့် ပြန်လာစဉ် တိမ်များအားကြည့်ရှုရင်း ရခဲ့ခြင်း ဖြစ်ကြောင်း၊ လွတ်လပ်ခြင်းအပေါ် ဖွင့်ဆိုမှုကို အခြေခံ၍ ရိုက်ကူး ဖန်တီး ထားသည့် ရုပ်ရှင်ဇာတ်ကားများမှ တဆင့် မြန်မာပြည်သူများ အကြား လွတ်လပ်ခြင်း၏ အနှစ်သာရနှင့် အတွေးအခေါ် အယူအဆများ ပြန့်နှံ့စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ရှင်းပြသည်။

“ကြိုးစားဆဲပဲ၊ ယုံကြည်တာကတော့ အောင်မြင်ရမယ်။ ကျေနပ်တာတွေ၊ ပီတိတွေထက် လုပ်သင့်တဲ့ အလုပ်ကို လုပ်လိုက် တာပါပဲ” ဟု ကိုဇာဂနာကဆိုသည်။

၎င်းပွဲတွင် ဆုအမျိုးအစားများ အဖြစ် အကောင်းဆုံး Documentary Film နှင့် အကောင်းဆုံး Short Film ဟူ၍ သတ်မှတ်ထားပြီး ပြိုင်ပွဲဝင်ရုပ်ရှင် အရေအတွက်ပေါ် မူတည်၍ ဒုတိယနှင့် တတိယဆုများကို ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါရုပ်ရှင်ပြိုင်ပွဲကို အသက်အရွယ်စုံ စိတ်ဝင်စားမှုရှိသော်လည်း အသက် ၂၀ မှ ၂၅ နှစ် အကြား လူငယ်များ ပိုမို စိတ်ဝင်စားကြသည်ကို တွေ့ရကြောင်း ကိုဇာဂနာက ပြောသည်။

“တော်တော်မေးကြတယ်။ တချို့ဇာတ်လမ်း လာပြတယ်။ တချို့ကျတော့ အကြောင်းအရာ လာဆွေးနွေး ကြတယ်။ ကျနော် သဘောအကျဆုံးက ၉ တန်းကျောင်းသား ကျောင်းသူလေးတွေ လာဆွေးနွေးတာ ပါပဲဗျာ” ဟု ၎င်းက ဆိုသည်။

အဆိုပါပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပွဲတွင်ပါဝင်ကူညီမည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကလည်း ၎င်း၏ facebook စာမျက်နှာများတွင် ဖော်ပြထားသည်။

ယခု လတ်တလော အချိန်အထိ ပြည်တွင်းမှ ရုပ်ရှင်ကား ၅ ကားနှင့် ပြည်ပမှ ၁၃ ကား ၀င်ရောက် ယှဉ်ပြိုင် ထားကြောင်း သိရသည်။

အနုပညာလောကနှင့် နှစ်ပေါင်းများစွာ ကင်းကွာနေပြီး နာရေးကူညီမှုအသင်းကို တည်ထောင်ခဲ့သည့် သရုပ်ဆောင် ဒါရိုက်တာ ကျော်သူကလည်း ဤပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ဇာတ်လမ်းတို ပြိုင်ပွဲများ ပြုလုပ်ခြင်းသည် မြန်မာ့ရုပ်ရှင် အနုပညာကို ကမ္ဘာက သိနိုင်ရန် စတင်ထိုးဖောက်မှု တခု ဖြစ်သောကြောင့် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း ဒါရိုက်တာ မလိခ စိုးထိုက်အောင်က ဧရာဝတီကို ပြောသည်။

“ဒီလို ပြိုင်ပွဲတွေ အမြဲတမ်းကျင်းပရင်း ကျနော်တို့ရဲ့ မြန်မာ့ရုပ်ရှင် အနုပညာကို ကမ္ဘာက သိအောင် ထိုးဖောက်နိုင်ဖို့ ကြိုးစားကြတဲ့အပေါ် ၀မ်းသာပါတယ်။ လွတ်လပ်ခြင်း ဆိုတာကတော့ လူတိုင်း လိုလားနှစ်သက်တဲ့ အရာပဲလေ။ အဲဒီခေါင်းစဉ်ကိုလည်း ကြိုဆိုပါတယ်” ဟုသူက ဆိုသည်။

၎င်းအနေဖြင့် စိတ်ကူးစိတ်သန်းရ၍ မိမိ၏ဖန်တီးမှုကို အားရကျေနပ်မှုရှိမည် ဆိုလျှင် အဆိုပါ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စဉ်းစားထားကြောင်းလည်း ဆက်ပြောသည်။

လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်တွင် ဆုရရှိသည့် ဇာတ်ကားများကို နိုင်ငံတကာပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင် နိုင်ရန် ပေးပို့မည်ဖြစ်ပြီး ဆုမရရှိသူများကိုလည်း ၂၀၁၂ ဇန်နဝါရီ ၂၉ ရက်နေ့တွင် ပြုလုပ်မည့် အမေရိကန်နိုင်ငံမှ မှတ်တမ်းရုပ်ရှင် ပညာရှင်များ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခွင့် ပြုမည်ဖြစ်ကြောင်း ကိုဇာဂနာက ရှင်းပြသည်။

လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်ကို ချမှတ်ထားသည့် မူဘောင်များအတွင်း ကျင်းပရန် မြန်မာ့ရုပ်ရှင်လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးက လူရွှင်တော် ဇာဂနာအား ခေါ်ယူတွေ့ဆုံ၍ အသိပေးပြောဆိုကြောင်း နိုဝင်ဘာ ၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

လူရွှင်တော် ဇာဂနာက “အသိပေးရုံပါဗျာ၊ စာပေ စိစစ်ရေးမှာ တင်ထုတ်၊ ထုတ်တင် နှစ်မျိုးရှိသလို ရုပ်ရှင်မှာလည်း အခကြေးငွေနဲ့ပြတာရယ်၊ ငွေကြေးမယူဘဲ ပြတာရယ် နှစ်မျိုး မတူပါဘူး” ဟု ဧရာဝတီကို ပြောသည်။

မြန်မာပြည်တွင် ဇာတ်လမ်းတို ရုပ်ရှင်ပြိုင်ပွဲကျင်းပခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး မကြာသေးမီက ၀ဿန် အမည်ရှိ မှတ်တမ်းနှင့် ဇာတ်လမ်းတို ရုပ်ရှင်ပွဲတော် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်...

မငြိမ်းသေးသော အငြိမ်းစားတို့ရဲ့ ဘဝ

အငြိမ်းစား ဝန်ထမ်းများ ပင်စင်လစာ ထုတ်ယူနေသည့်မြင်ကွင်း (ဓာတ်ပုံ - Voice Of Myanmar)


အင်တာနက် လူမှု ကွန်ရက်တခုဖြစ်သည့် facebook တွင် မကြာသေးမီက တစုံတဦး တင်ထားပေးသော သတင်းစာ ကြော်ငြာဖြတ်ပိုင်းငယ် တခုကိုယင်းကွန်ရက် အသုံးပြုသူ မြန်မာပြည်သားတိုင်း သတိထားမိကြပေလိမ့်မည်။
“မည်သည့်ဒေသတွင် မဆို ခြံစောင့်အဖြစ် သော်လည်းကောင်း၊ ထမင်းချက် အဖြစ်သော်လည်းကောင်း အလုပ်လုပ် လိုသည်” ဆိုသည့် အငြိမ်းစား ကျောင်းအုပ်ကြီးနှင့် ဇနီးတို့၏ အလုပ်ရှာသည့် ကြော်ငြာဖြစ်သည်။
ထိုကြော်ငြာအောက်တွင် ဖတ်ရှုပြီးသူအများစု၏ ကရုဏာသက်သော မှတ်ချက်များကို မြင်တွေ့နိုင်ပါသည်။ လုပ်ကြံဖန်တီး ထားခြင်းမဟုတ်သော ထိုကြော်ငြာပါ စာသားများက မြန်မာပြည်တဝန်းရှိ အငြိမ်းစားများ၏ ဘဝကို ထင်ဟပ်ပြသ နေသကဲ့ သို့ပင်။

“ကျောင်းအုပ်ဆိုတော့လည်း ဂုဏ်တွေဒြပ်တွေနဲ့ နေခဲ့တာပေါ့ဗျာ။ ဒါပေမယ့် အခုချိန်ကျတော့ အဲဒါတွေကိုစွန့်ပြီး ကျနော့် ရဲ့ ညစောင့်အလုပ်ကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်နေရတာပေါ့” ဟု မန္တလေးမြို့ရှိ စင်တင် တေးဂီတနှင့် ဘီယာဆိုင် တဆိုင်တွင် ညစောင့်အဖြစ် အလုပ်လုပ်နေသည့် အငြိမ်းစား မူလတန်း ကျောင်းအုပ်ကြီး ဦးအောင်ဝင်း (နာမည်ရင်း မဟုတ်) က ဧရာဝတီကို ပြောသည်။

မန္တလေးဇာတိဖြစ်သူ ဦးအောင်ဝင်းသည် ၁၉၆၁ ခုနှစ်မှစ၍ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်တို့၌ ကျောင်းဆရာအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး သက်ပြည့်ပင်စင် ယူချိန်တွင် မူလတန်းကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။

မန္တလေးမြို့နှင့် ၇ မိုင်ခန့်ဝေးသည့် ရွာတရွာတွင် ဇနီးဖြစ်သူနှင့် လက်ရှိ နေထိုင်လျက်ရှိပြီး သားနှင့် သမီး ၂ ဦး ရှိကြောင်း လည်း ဦးအောင်ဝင်းကဆိုသည်။ အငြိမ်းစား ဝန်ထမ်းတဦးဖြစ်သည့် အလျောက် စီးပွားရေးကိစ္စများကိုလည်း နားမလည် သဖြင့် လက်ရှိ ခံစားခွင့် ရနေဆဲဖြစ်သည့် ပင်စင်လစာများကို ကြိုတင်ငွေထုတ် စနစ်ဖြင့် ပွဲစားများထံ ပေါင်နှံခဲ့ရ ကြောင်း သူက ဆက်ပြောသည်။

“အရင်က ရတာတော့ ကျနော့်ပင်စင်လစာက ကျပ် ၂ သောင်းပါ၊ နောက်ပိုင်း ၁ သောင်း ထပ်တိုးလာတော့ စုစုပေါင်း ၃ သောင်းရတယ်။ ဒါပေမယ့် ကျနော်လည်း ဘာစီးပွားရေးမှ မလုပ်တတ်တော့ ရှိတာတွေပဲ ထုခွဲစားသောက်ရတယ်။ မလောက်တော့တဲ့ အဆုံးတော့ အဲဒီပင်စင်ကိုပါ နှစ်ဆယ်တိုးနဲ့ ပေါင်ခဲ့ရတာပါ။ အခုကျတော့ ပေါင်လို့ ရတဲ့ပိုက်ဆံလည်း ကုန်ပြီ၊ နေတဲ့အိမ်ကိုလည်း အမိုးတောင် ပြန်မမိုးနိုင်တော့ သူများတွေ ပေးကမ်းထားတဲ့ တာလပတ် အဟောင်းလေးနဲ့ပဲ ပြန်မိုးထားနေရတယ်။ ဆိုတော့ ရတဲ့အလုပ်ပဲ ထွက်ရှာရတော့တာပေါ့ဗျာ” ဟု ဦးအောင်ဝင်းက ဆိုသည်။

ဦးအောင်ဝင်း အလုပ်လုပ်နေသည့် ဘီယာဆိုင်ရှိ စားပွဲထိုးများ၏ ပြောပြချက်အရ လူပုံ ပိန်ပိန်ပါးပါး၊ မျက်မှန်အမြဲ တပ်ရသည်ဆိုသည့် အသက် ၆၁ နှစ်အရွယ် ဦးအောင်ဝင်းသည် မကြာသေးမီကမှ ၎င်းဆိုင်တွင် ညစောင့်အလုပ်ကို ရခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဘီယာဆိုင်မှ စားပွဲထိုးများနှင့် အလုပ်သမားများက ၎င်းကို ညစောင့်တဦးအဖြစ် နှိမ့်ချ ဆက်ဆံခြင်း မရှိသော်လည်း ၎င်း၏ သား၊ မြေးအရွယ် လူငယ်များ ဘီယာဆိုင်သို့ လာရောက်၍ မူးယစ်သောက်စားကာ ရန်ဖြစ် ထိုးကြိတ်မှုများကို စိတ်ပျက် မိကြောင်း ဦးအောင်ဝင်းက ဆိုသည်။

“လူငယ်တွေ ကလေးတွေကို မြေတောင်မြှောက်ပေးချင်ခဲ့တာ။ ဒါကြောင့်မို့လို့ပဲ ကျောင်းဆရာအလုပ်ကို ကျနော် ရွေးချယ် ခဲ့တာပါ။ ခေတ်ကြီးပြောင်းလာတာကိုပဲ အပြစ်ပြောရမလားတော့မသိဘူး၊ လူငယ်တွေ မူးပြီး ရန်ဖြစ်နေကြတာကိုပဲ ကျနော့်မှာ လောလောဆယ် ဖြေရှင်းပေးနေရတယ်။ ကိုယ့်အသက် အန္တရာယ် မဖြစ်အောင်လည်း အရမ်းသတိထား နေရတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံမှ အငြိမ်းစား အစိုးရဝန်ထမ်းအချို့သည် အငြိမ်းစားဟူသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ကြသော်လည်း စီးပွားရေး မလုပ်တတ်သူ၊ သားသမီး ကျောထောက်နောက်ခံ မရှိသော သူများအတွက် အလွန်ပင် ဒုက္ခရောက်ကြရပြီး ရရှိနေသည့် ပင်စင်လစာတခုတည်းနှင့် အသက်ရှင် ရပ်တည်ရန်မလွယ်ကူကြပေ။

မြန်မာနိုင်ငံမှ အစိုးရဝန်ထမ်း များ၏ ပင်စင် လစာကို တိုးမြှင့်ပေးရန် ပြီးခဲ့သည့် ဇွန်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ဆုံးဖြတ်ခဲ့ပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဦးလှထွန်းက ထုတ်ပြန် ကြေညာခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်တွင် အုပ်ချုပ်ရေး တာဝန်များ ထမ်းဆောင်ခဲ့ ရသည့် အငြိမ်းစား ဝန်ထမ်းများကိုလည်း နိုင်ငံရေးပင်စင်လစာကို ခံစားခွင့်ပြုကြောင်း၊ သို့သော် ၎င်းတို့ရရှိနေသည့် နိုင်ငံရေး ပင်စင်လစာသည် ကျပ် ၁၁၀၀၀၀ ထက် ပိုများနေပါက လက်ရှိအတိုင်းသာ ခံစားသွားရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန၏ ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ပါရှိသည်။

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နေ အငြိမ်းစား ပညာရေးမှူးတဦးက အငြိမ်းစားများ၏ ပင်စင်လစာ တိုးမြှင့်မှု ရှိသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် ကုန်ဈေးနှုန်းများ ကြီးမြင့်နေမှုကြောင့် ထူးခြားမှု ရှိနိုင်မည် မဟုတ်ကြောင်း၊ အစိုးရ၏ စီးပွားရေးဈေးကွက်အပေါ် ထိန်းချုပ်မှုသည်သာ အဓိကကျကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက “ပင်စင်တွေကို တိုးပေးလိုက်ပါပြီပဲ ထားပါတော့။ ဈေးကွက်စီးပွားရေးနဲ့ ငွေကြေးတန်ဖိုးကို အစိုးရက ထိန်းချုပ်နိုင်မှု မရှိဘူးဆိုရင် ကျနော်တို့အတွက်က အိတ်ပေါက်နဲ့ ဖားကောက်နေရသလိုပဲ ဖြစ်ဦးမှာပဲ။ မပြေလည်မှုတွေကလည်း ဆက်ရှိ နေဦးမှာပဲ။ တချို့ အငြိမ်းစားကြီးတွေဆိုရင် သူတို့ရှိတဲ့ ဂုဏ်သိက္ခာတွေကို ငဲ့ပြီး ဘိုးဘွားရိပ်သာတွေ၊ လူအိုရုံတွေ မသွား ချင်ကြတာ အများကြီးပဲ” ဟု ဆိုသည်။

အငြိမ်းစားဝန်ထမ်း များသာမက အငြိမ်းစားယူခါနီး လက်ရှိတာဝန်ထမ်းဆောင် နေသော ရန်ကုန်မြို့မှ ကျောင်းအုပ်ဆရာမ ကြီး ဒေါ်အေးအေးသန်းကလည်း မိသားစု ကျောထောက်နောက်ခံ မရှိသဖြင့် ပင်စင်ယူရမည့် အရေးကို တွေးပူနေကြောင်း ပြောပြသည်။

“မိဘတွေ ထားခဲ့တဲ့ အိမ်နဲ့ ခြံတော့ ရှိပါတယ်။ ဒါပေမယ့် ရလာမယ့် ပင်စင်လစာနဲ့ နေလို့လောက်မှာ မဟုတ်ဘူးဆိုတော့ အဲဒီအိမ်ကိုပဲ အရင်းလုပ်ပြီး ရှေ့ဆက်ဘာလုပ်ရမလဲဆိုတာ စဉ်းစားနေတယ်” ဟု ဒေါ်အေးအေးသန်းက ဆိုသည်။

တာဝန်ထမ်းဆောင်နေဆဲ ကျောင်းဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများအပါအဝင် အငြိမ်းစား ပညာရေးဝန်ထမ်းများ ၏ လူမှုစီးပွားရေး ပြေလည်စေရန်အတွက် ကျောင်းဆရာများ အသင်းချုပ်နှင့် ဆရာများသမဂ္ဂ ဖွဲ့စည်းခွင့်ကို ပြီးခဲ့သည့် အောက်တိုဘာလက လွှတ်တော်အတွင်း တင်ပြတောင်းဆိုခဲ့ရာ ၎င်းအဆိုကို ပယ်ချခဲ့သည်။

ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူက ပညာရေး ဝန်ကြီးဌာနတွင် ဌာနများနှင့် ကျောင်းများ၊ တက္ကသိုလ်များ အား စနစ်ကျနစွာ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ ရာထူးအဆင့်အလိုက် ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများလည်း အခါအားလျော်စွာ နှီးနှောဖလှယ်ပွဲများတွင် တွေ့ဆုံနိုင်ကြောင်း၊ ၎င်းတို့၏ လိုအပ်ချက်များကိုလည်း အဆိုပါ တွေ့ဆုံပွဲများ မှတဆင့် ဖြေရှင်းပေးနေကြောင်း၊ တိုင်ကြားစာများကိုလည်း အလေးထားစိစစ် ဆောက်ရွက်နေကြောင်း၊ ထို့ကြောင့် ကျောင်းဆရာအသင်းချုပ် ကဲ့သို့သော အဖွဲ့အစည်းမျိုး ထပ်မံ ဖွဲ့စည်းရန် မလိုအပ်သေးကြောင်း ဖြေကြားခဲ့သည်။

အငြိမ်းစား ပညာရေးဝန်ထမ်းများသာမကဘဲ သားသမီး ကျောထောက်နောက်ခံမရှိသည့်၊ စီးပွားရေးလုပ်ငန်းများကို မလုပ်တတ် မကိုင်တတ်သည့် အငြိမ်းစား ဝန်ထမ်းများလည်း အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

ဦးကျော်အေးသည် ရန်ကုန်မြို့မှ အငြိမ်းစား ဆောက်လုပ်ရေးဝန်ထမ်းတဦးဖြစ်ပြီး ၎င်းတာဝန်ထမ်းဆောင်နေစဉ်က နေထိုင်ခဲ့သော ဝန်ထမ်းလိုင်းခန်းတွင် နားလည်မှုဖြင့် ဆက်လက်နေထိုင်၍ ဆောက်လုပ်ရေးရုံး၏ သန့်ရှင်းရေး အစရှိသည့် တောက်တိုမယ်ရ အလုပ်များကို လုပ်ကိုင်နေရသည်ဟု ဆိုသည်။

“အလုပ်အသစ်လည်း မရှာနိုင်၊ ကျနော့်ရွာကို ပြန်နေဖို့တောင်မှ ဒီမိသားစုအတွက် လမ်းစရိတ်မရှိသေးဘူး။ ဟိုတလောက ရထားဝန်ထမ်းဟောင်း တွေကို လိုင်းခန်းတွေကနေ နှင်ချတယ်လို့ကြားတော့ ကျနော်တို့လည်း မျက်ခုံး ခပ်လှုပ်လှုပ်ပဲ” ဟု ဦးကျော်အေးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ရန်ကုန်တိုင်းအတွင်းရှိ မီးရထားဝန်ထမ်း မိသားစုပေါင်း ၃၀၀၀ ကျော်ကို ၎င်းတို့ နေထိုင်ရာ အိမ်ခန်းများမှ ဖယ်ရှားခဲ့သည်။ ဝန်ထမ်းအိမ်ယာများတွင် လူပေါင်းစုံ လာရောက်နေထိုင်ကာ ရာဇဝတ်မှု မျိုးစုံ ဖြစ်ပွား နေသည့်အတွက် ရွှေ့ပြောင်းခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာတနိုင်ငံလုံးတွင် ပင်စင်စားဦးရေ ၉ သိန်းကျော်ရှိကြောင်း ပြီးခဲ့သည့် ဇူလိုင်လ အစောပိုင်းက ထုတ်ဝေခဲ့သည့် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြပါရှိသည်။ ပင်စင်စားများအတွက် ကျပ် ၆၀၀ ထက်မပိုသော ပင်စင်လစာ ခံစားခွင့်စနစ်ကို ၁၉၈၉ တွင်ပယ်ဖျက်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ပင်စင်စားများ၏ လစာနှုန်းထားကို ၂၅ ရာခိုင်နှုန်း တိုးမြှင့်ပေးခဲ့သည်။

၁၉၉၄ ခုနှစ်တွင် မိသားစု ပင်စင်လစာကို တဝက်မှ ၄ ပုံ ၃ ပုံ အထိ တိုးမြှင့်ခံစားခွင့် ပေးခဲ့ပြန်သည်။ ၂၀၀၀ ပြည့်နှစ်တွင် ပင်စင်လစာကို ၂ ဆ တိုးမြှင့်ပေးသည်။ သို့ရာတွင် ထိုသို့ တိုးမြှင့် ပေးခဲ့ခြင်းများမှာ ၎င်းနှစ်များနှင့် အကျုံးဝင်သော ပင်စင်စားများအတွက်သာ ဖြစ်ပြီး ထိုနှစ်များ၏ အရှေ့တွင် ပင်စင် ယူခဲ့သူများ မပါဝင်ပေ။

ပင်စင်စားများအတွက် နောက်ဆုံးအကြိမ် ခံစားခွင့် တိုးမြှင့်ရာတွင် ကျပ် ရာဂဏန်း၊ ထောင်ဂဏန်း ရရှိခံစားနေရာမှ သောင်း ဂဏန်း အထိ တိုးမြှင့်သွားမှုကြောင့် ယေဘုယျအားဖြင့် များပြားသည်ဟုဆိုနိုင်သော်လည်း ၎င်းပင်စင်လစာကိုသာ မီခိုနေရသူများ အဖို့ လုံလောက်စွာ ထောက်ပံ့မှု ပေးနိုင်မည်မဟုတ်ကြောင်း ဦးအောင်ဝင်း၊ ဒေါ်အေးအေးသန်းနှင့် ဦးအေးကျော် တို့၏ ပြောဆိုချက်များအရ သိရှိနိုင်ကြ ပေလိမ့်မည်။

ဆက်ဖတ်ရန်...

မလေးရှားမှာ တရားမ၀င် မြန်မာအလုပ်သမားတွေ နိုင်ငံကူး လက်မှတ် အခက်တွေ့

မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် စစ်အစိုးရက တရားဝင် ထုတ်ပေးသော ယာယီ နိုင်ငံကူးလက်မှတ် (ပတ်စပို့) ဖြစ်ပါသည်။


တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို မလေးရှား အစိုးရက လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ပြီးတဲ့နောက် မြန်မာသံရုံးမှာ နိုင်ငံကူး လက်မှတ် ပတ်စပို့ လျှောက်တဲ့အခါ မြန်မာအလုပ်သမားတွေ အခက်တွေ့နေရကြောင်း သိရပါတယ်။

မြန်မာသံရုံးမှာ ပတ်စပို့ လျှောက်တဲ့အခါ ပထမဦးဆုံး ကိုယ်ရေး ရာဇဝင် ပုံစံဖြည့်စွက် တင်ပြရပြီး သံရုံးက အမှတ်စဉ် နံပါတ် ထုတ်ပေးပါတယ်။ အမှတ်စဉ် အလိုက် ခေါ်ယူရာမှာ မိမိတို့ အလှည့် ရောက်မရောက် ဖုန်းဆက်မေးရင် သံရုံးက မဖြေကြားတဲ့ အတွက် အကြိမ်ကြိမ် ကိုယ်တိုင် သွားရောက် ကြည့်ရှုကြရတာကြောင့် အချိန်ကုန် အလုပ်ပျက်ကြရတယ်လို့ အလုပ်သမားများ အရေး ဆောင်ရွက်နေတဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့  Burma Campaign Malaysia တာဝန်ခံ ကိုထွန်းထွန်းက ပြောပါတယ်။

အားလုံး ပြီးစီးလို့ ပတ်စပို့ စာအုပ် ထုတ်ယူတဲ့ အခါမှာလည်း စာရွက် စာတမ်းကြေး ဆိုပြီး ပြေစာမရဘဲ ရင်းဂစ် တစ်ဆယ် ပေးခဲ့ရတယ်လို့လည်း မြန်မာ အလုပ်သမားတွေက ပြောပါတယ်။

ဒါပေမဲ့ အဲဒီလို မြန်မာ သံရုံးမှာ ဒုက္ခမခံနိုင်တဲ့သူတွေက မြို့ထဲက လက်ခွဲ အလုပ်သမား အေးဂျင့်တွေဆီမှာ ဝန်ဆောင်ခ ရင်းဂစ် ခုနစ်ရာ ရှစ်ရာပေးပြီး ပတ်စပို့တွေ လွယ်လွယ် ကူကူ ရနေကြောင်းလည်း ကိုထွန်းထွန်းက ပြောဆိုပါတယ်။

နိုင်ငံကူး လက်မှတ် ပတ်စပို့ စာအုပ်တစ်အုပ် အတွက် မလေးရှား ရင်းဂစ် ၄၈၀ ပေးရပေမဲ့ တခြား နိုင်ငံတွေကို သွားလာခွင့် ရှိကြောင်း စာအုပ်မှာ ထပ်ဆင့် ထောက်ခံစာ ထည့်မပေးဘူးလို့ ကိုထွန်းထွန်းက ပြောပါတယ်။

မလေးရှား အစိုးရရဲ့အဆိုအရ မှတ်ပုံတင်သူ တရားမဝင် မြန်မာ အလုပ်သမား နှစ်သိန်း သုံးသောင်းလောက် ရှိပါတယ်။ ပတ်စပို့ လျှောက်ထားသူတွေကို မြန်မာသံရုံးက တစ်နေ့ ဦးရေ (၂၅၀) နှုန်းနဲ့ ထုတ်ပေးနေတယ်လို့ သိရပါတယ်။

ဆက်ဖတ်ရန်...

အကျဉ်းထောင်က ပြန်လွတ်လာတဲ့ သံဃာတွေကို သိက္ခာထပ်မည်

၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှုကာလတွင် ငြိမ်းချမ်းစွာ မေတ္တာပို့ ဆုတောင်းသော သံဃာများ စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ ရွှေတိဂုံ စေတီတော်မှ ဆင်းလာပြီး မြို့တွင်းသို့ စီတန်းလှည့်လည် ကြွချီတော်မူနေကြပုံ ဖြစ်ပါသည်။


၂၀၀၇ ခု ရွှေဝါရောင် သံဃာ့ အရေးအခင်း အတွင်း သပိတ်မှောက် ကံဆောင်ခဲ့တဲ့ အတွက် ထောင်ချခံရပြီး မကြာခင်ကမှ လွတ်မြောက်လာတဲ့ သံဃာတော်တွေကို သိက္ခာထပ်ပွဲ တစ်ခု နိုဝင်ဘာ ၁၂ ရက်မှာ ကျင်းပမယ်လို့ သိရပါတယ်။

ဒီပွဲကို ဒဂုံမြို့သစ် အရှေ့ပိုင်း မကွေး ပရိယတ္တိ စာသင်တိုက်မှာ ကျင်းပမှာ ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား တစ်ဦးအဖြစ် အနှစ် ၂၀ နီးပါး ထောင်ဒဏ်ကျခံခဲ့ရတဲ့ NLD ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးဝင်းတင်ကို ဒီပွဲမှာ ဆရာတော် ဦးပါမောက္ခက ရွှေသား အတိနဲ့ ထုလုပ်ထားတဲ့ သူရသတ္တိဆု ချီးမြှင့်ဖို့ စီစဉ်ထားတယ်လို့လည်း နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက်က ကိုအောင်ဇော်ထွန်းက ပြောပါတယ်။

အဲဒီနေ့ အခမ်းအနားမှာ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကို စာအုပ်စာတမ်းနဲ့ တခြား အထောက်အပံ့ ပစ္စည်းတွေ ပေးအပ်မယ်လို့ သိရပါတယ်။

ဆက်ဖတ်ရန်...

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကနေဒါ အလုပ်သမားသမဂ္ဂ တောင်းဆို

နာမည်ဆိုးနှင့် ကျော်ကြားသော မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ ဖြစ်ပါသည်။ (PHOTO: AFP)


မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးက နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ ကနေဒါ ပြည်သူ့ဝန်ထမ်း အလုပ်သမား သမဂ္ဂအဖွဲ့ ကိုယ်စားလှယ် ၄၀၀ ကျော်က နိုဝင်ဘာ ၇ ရက် နေ့က တောင်းဆိုလိုက်ကြပါတယ်။

ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့မှာ ကျင်းပတဲ့ ကနေဒါနိုင်ငံရဲ့ အကြီးဆုံး အလုပ်သမားသမဂ္ဂ အဖွဲ့တစ်ခု ဖြစ်တဲ့ CUPE ရဲ့ ညီလာခံမှာ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် လှုပ်ရှားမှု ပြုလုပ်ခဲ့ရာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက တောင်းဆိုချက်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း ကနေဒါ မြန်မာ့မိတ်ဆွေများ အဖွဲ့ CFOB တာဝန်ခံ ဦးတင်မောင်ထူးက အာရ်အက်ဖ်အေကို ပြောပါတယ်။

ဒါ့အပြင် မြို့နယ် အသီးသီးက အလုပ်သမား အဖွဲ့ဝင်တွေဆီက ထောက်ခံချက် ထပ်မံရရှိဖို့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကိုယ်စားလှယ်တွေက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီလှုပ်ရှားမှုကို CUPE အဖွဲ့၊ ကနေဒါ အခြေစိုက် CUSO-VSO လို့ခေါ်တဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဆောင်ရွက်ရေး အဖွဲ့နဲ့ ကနေဒါ မြန်မာ့မိတ်ဆွေများ အဖွဲ့ CFOB တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

အခုရရှိတဲ့ လက်မှတ်တွေကို မကြာခင် ရက်ပိုင်း အတွင်း ကနေဒါနိုင်ငံရှိ မြန်မာသံရုံးကို ပေးပို့မယ်လို့ သိရပါတယ်။

ဆက်ဖတ်ရန်...

အရေးကြီး နိုင်ငံရေးအကျဉ်းသားများ အမြန်လွတ်စေလိုကြောင်း နေဘုန်းလတ် ပြော

Image: RFA
လူငယ်ဘလော့ဂါ နေဘုန်းလတ်၏ ဘလော့ဂ်စာမျက်နှာ


ဖားအံအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရဆဲ ဖြစ်တဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်က လောလောဆယ် သူ မလွတ်မြောက်သေးပေမယ့် တခြား ထင်ရှားတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ အရင် လွတ်မြောက်ဖို့ လိုလားကြောင်း ပြောဆိုလိုက်ပါတယ်။

ကရင်ပြည်နယ် ဖားအံ အကျဉ်းထောင်မှာရှိတဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်ကို မကြာခင်က ထောင်ဝင်စာ သွားရောက် တွေ့ဆုံစဉ်မှာ အဲဒီလို ပြောဆိုလိုက်တာ ဖြစ်တယ်လို့ မိခင်ဖြစ်သူ ဒေါ်သန်းအေး က RFA ကို ပြောပါတယ်။

ကိုနေဖုန်းလတ်ဟာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အပြီး ၂ဝဝ၈ ခုနှစ်အတွင်းမှာ အီလက်ထရောနစ် ပုဒ်မနဲ့ ထောင်ဒဏ် အနှစ် ၂ဝ ကျော် ချမှတ်ခံခဲ့ရပါတယ်။

အဲဒီနောက် အယူခံ ဝင်ခဲ့ရာမှာ ပြစ်ဒဏ်ကို ၁၂ နှစ်အထိ ပြင်ဆင် သတ်မှတ်ပေးခဲ့ပါတယ်။ အဲဒီနောက် သမ္မတ ဦးသိန်းစိန်ရဲ့ ပထမဆုံးအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ပြစ်ဒဏ် (၁) နှစ် လျှော့ပေါ့ခံရပြီး ဖားအံ အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရဆဲ ဖြစ်ပါတယ်။

ဆက်ဖတ်ရန်...

ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ၀င်နိုင်ခြေရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေး မတင်ရေးကို လာမယ့်နိုဝင်ဘာ ၈ ရက်၊ အင်္ဂါနေ့ကျရင် ဆုံးဖြတ်မယ်လို့ NLD ပါတီက ပြောပါတယ်။ NLD ဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ အလားအလာများသလို ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက် ယှဉ်ပြိုင်နိုင်ခြေ ရှိတယ်လို့လည်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူက ဗွီအိုအေက ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ မသင်းသီရိ က တင်ပြထားပါတယ်။နိုဝင်ဘာလ ၄ ရက်နေ့စွဲနဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ချက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တောင်းဆိုထားတဲ့ အချက်တွေနဲ့ ကိုက်ညီတာမို့ NLD ပါတီဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ အလားအလာ အများကြီးရှိတယ်လို့ NLD ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။

ဒါကြောင့် လာမယ့်နိုဝင်ဘာလ ၈ ရက်၊ အင်္ဂါနေ့မှာ ရန်ကုန် ဗဟန်း ရွှေဂုံတိုင်က NLD ပါတီရုံးချုပ်မှာ NLD ပါတီခေါင်းဆောင်တွေ ဒီကိစ္စအတွက် အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ချက်ချမှာမို့ NLD ပါတီက ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကို ဆက်သွယ်ပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေး အလားအလားကို မေးကြည့်တော့ ဦးဉာဏ်ဝင်းက အခုလို စဖြေပါတယ်။

“ဟုတ်ပါတယ်။ မှတ်ပုံတင်ဖို့ အလားအလာ ပိုကောင်းပါတယ်။ ဒီကိစ္စကို ဘယ်သူတွေနဲ့ စဉ်းစားသုံးသပ်မယ်၊ ဘယ်သူတွေနဲ့ ဆုံးဖြတ်ချက်ယူမယ်၊ အဲဒီအဆင့်ကစပြီးတော့ စဉ်းစားရမှာ။ တင်ဖြစ်ဖို့အလားအလာ အများကြီးရှိတယ်လို့ ကျနော်တော့ မြင်ပါတယ်။”

မှတ်ပုံတင်ပြီးပြီဆိုရင် NLD ပါတီက မကြာခင်လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲတွေမှာ ၀င်ပြီးတော့ပြိုင်မှာလားရှင့်။ -

“ဥပဒေသဘောအရကို ၀င်ကိုပြိုင်ရမယ်၊ မပြိုင်လို့မရဘူး။”

ဥပဒေကြောင်းနဲ့ကိုက်ညီအောင် NLD က ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ၀င်မယ်ပေါ့။ -

“ဟုတ်ပါတယ်။”

အန်ကယ်တို့ ဘယ်နေရာလောက်အထိ ဘယ်လောက်အထိ ၀င်ပြိုင်ဖို့ အဆင်သင့် ဖြစ်နေပါပြီလဲရှင့်။ -

“ကျနော်တို့ အဲဒီ ကြားဖြတ်ရွေးကောက်ပွဲ vacancy တွေ၊ ၀င်ရမယ့်နေရာတွေအတွက် မစဉ်းစားနိုင်သေးဘူး။ ကျနော်တို့က မှတ်ပုံတင်မလား မတင်ဘူးလား ဆိုတာကို ကျနော်တို့ ပါတီတွင်း ညှိနှိုင်းဖို့ အရင်လုပ်ရမှာပါ။ အဲဒါပြီးမှ ခုနကဟာကို စဉ်းစားလို့ရပါမယ်။”

မှတ်ပုံတင်ဖို့နဲ့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ဖို့ကိစ္စ တခါတည်း အင်္ဂါနေ့မှာ ဆွေးနွေးမှာလား။ -

“မဟုတ်ပါဘူးခင်ဗျ။ မှတ်ပုံတင်ဖို့ကိစ္စကို စဉ်းစားသုံးသပ်မယ်။ ဘယ်သူတွေနဲ့ ဆုံးဖြတ်ချက်ယူမယ် ဆိုတာ စတင်ပြီးတော့ စဉ်းစားရမှာ။”

ဆိုတော့ အခု နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ်။ မှတ်ပုံတင်ဖြစ်ပြီဆိုရင် ဥပဒေကြောင်းအရ ဥပဒေသဘောအရ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ NLD က ၀င်ရောက်ယှဉ်ပြိုင်ခဲ့မယ်ဆိုရင် ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံတယ်ဆိုတဲ့သဘောလားရှင့်။ -

“ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံကိုရော အခုရှိနေတဲ့ လွှတ်တော်ရော၊ အခုရှိနေတဲ့ အစိုးရအဖွဲ့ကိုရော အရှိအတိုင်း ကျနော်တို့ လက်ခံပါတယ်။ ကျနော်တို့ ကြိုက်တယ်မကြိုက်တယ် ဆိုတဲ့သဘောမျိုးနဲ့ လက်ခံတာမဟုတ်ပါဘူး။ အရှိအတိုင်း လက်ခံရမှာပဲ။ ရှိလည်းရှိနေတာကိုး။”

ဒီလိုမျိုး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ဖြစ်မယ်ဆိုရင် ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင်ဖို့ အစီအစဉ် ရှိပါသလားရှင့်။ -

“အဲဒါလည်း ဖြစ်နိုင်ချေအများကြီး ရှိပါတယ်။ ဒါ ဆုံးလည်း မဆုံးဖြတ်ရသေးဘူး။ ကျနော်တို့ ညှိနှိုင်းကြရဦးမှာ။”

အန်တီ ဒေါ်အောင်ဆန်းစုကြည်က ဘယ်နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ အန်ကယ် ခန့်မှန်းပါလဲရှင့်။ -

“၀င်ဖို့တောင် ဆုံးဖြတ်ရဦးမှာဆိုတော့ အဲဒီနေရာကလည်း ကျနော်တို့ မသိပါဘူး။ နောက် ရွေးကောက်ပွဲ ကော်မရှင်ကနေ vacancy တွေကို ကြေညာမှာ။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်နေရာတွေကို ကြေညာမှာ။ ကျနော်တို့ ဒီစာရင်းလည်း မရသေးပါဘူး။”

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အလားအလာတော့ ရှိနိုင်တယ်လို့ အန်ကယ် ပြောတာလား။ -

“ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ အလားအလာ ရှိပါတယ်။”

NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ချက် အချက်သုံးချက်ထဲမှာ နိုင်ငံရေးပါတီဝင်အဖြစ် အရည်အချင်းဖွင့်ဆိုထားတဲ့ ပုဒ်မ (၁၀) ထဲက အကျဉ်းသားဖြစ်သွားပြီဆိုရင် နိုင်ငံရေးပါတီဝင်အဖြစ်က နုတ်ထွက်ပေးရမယ် ဆိုတာနဲ့ အကျဉ်းသားဟောင်းဆိုရင် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူးလို့ ပြဌာန်းထားတဲ့ ပုဒ်မခွဲ (င) ကို ပယ်ဖျက်တယ်ဆိုတဲ့ အချက်ရယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ရမယ် ဆိုတဲ့နေရာမှာ လေးစားလိုက်နာရမယ်လို့ ပြောင်းလဲလိုက်တာ ပါဝင်သလို မှတ်ပုံတင်ခွင့်ရတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲတွေမှာ အနည်းဆုံး သုံးနေရာ ပါဝင်ယှဉ်ပြိုင်ရမယ် ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။

ဆက်ဖတ်ရန်...

ပြည်ပမှ ခိုလှုံလာသူ(၉၀၀၀၀)အား i-pass ထုတ်ပေးမည်

ပူထရာဂျာရာ ။ ။ မလေးရှားနိုင်ငံသို့ ရေလမ်းမှ ရောက်ရှိလာသော ပြည်ပမှ ခိုလှုံလာသူ နိုင်ငံခြားသားများအား လွတ်ငြိမ်းချမ်းသာခွင့်ရရှိနိုင်ရန်အတွက် နိုင်ငံသားကဒ်(သို့) အိုင်ပါတ်စ် ထုတ်ပေးမည်ဟု သတင်းရရှိပါသည်။

လက်ရှိတွင် အိုင်ပါတ်စ်ထုတ်ပေးမည့် နိုင်ငံခြားသားများကို နိုင်ငံသားအဖြစ် နေထိုင်ခွင့်ရသည်အထိ သက်တမ်းတိုးမြှင့်ပေးမည်ဟု သိရှိရပါသည်။

လက်ရှိထုတ်ပေးမည့် အိုင်ပါတ်စ်သည် (၁၉၉၈)ခုနှစ်ကတည်းက ထုတ်ပေးခဲ့သော i-Kad နေရာတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ အစားထိုးခြင်းဖြစ်သည်။

i-Pass တွင် ပါဝင်သည့် အထောက်အထားများနှင့် လုံခြုံစိတ်ချရမှုမှာ Mykad နှင့် အတူတူပင်ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ အထွေထွေအတွင်းရေးမှူး Tan Sri Mahmood Adam က i-Pass တွင် ပါဝင်သည့် အထောက်အထားများထဲမှ တစ်ခုမှာ i-Phone ဖြင့် စကန်ဖတ်၍စစ်ဆေးလျှင် ချက်ချင်းသိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

i-Pass တွင်ကိုင်ဆောင်သူ၏ ကိုယ်ရေးအချက်အလက်များကို အသေးစိတ် ထည့်သွင်းထားပြီးဖြစ်သောကြောင့် နိုင်ငံခြားသားများအနေနှင့် မိမိတို့၏ ပါတ်စ်ပို့များကို ခရီးသွားလျှင်ပင် သယ်ဆောင်စရာ မလိုတော့ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။
i-Pass ထုတ်ပေးမည့် အစီအစဉ်နှင့်ပါတ်သက်သည့် အစည်းအဝေးကို ပဒနားပူထရာ အဆောက်အဦးတွင် ယနေ့ကျင်းပခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် စက်မှုလုပ်ငန်း ၀န်ကြီးဌာနမှ အကြံပေးခွင့်ရှိသူက အထွေထွေအတွင်းရေးမှူး Tan Sri Mahmood Adam မှ (၁၁)ဦးအားနိုင်ငံသားအဖြစ် နေထိုင်ခွင့် ထုတ်ပေးသွားမည်ဟု ပြောပြခဲ့ပါသည်။

i-Pass ကိုင်ဆောင်ထားသူများသည် မလေးရှားနိုင်ငံမှ ထွက်ခွာလျှင်သောလည်းကောင်း၊ ပြန်လည်ဝင်ရောက်လျှင်သော်လည်းကောင်း လူဝင်မှုကြီးကြပ်ရေးတွင် တံဆိပ်နှိပ်စရာမလိုတော့ကြောင်း သိရှိရပါသည်။ နိုင်ငံသားအဖြစ် နေထိုင်ခွင့်ကဒ်ကို တိုင်းပြည်တွင်း (၅)နှစ် အထက်မှ (၁၀)နှစ်အတွင်း နေထိုင်ပြီး အဆင့်မြင့်ပညာရပ်များဖြင့် လုပ်ကိုင်သူ နိုင်ငံခြားသားများကိုသာ ထုတ်ပေးသွားမည်ဟု သိရှိရပါသည်။

ဆက်ဖတ်ရန်...

"ဗေဒါ" သင်တန်းကျောင်း(အထက်မြန်မာပြည်)ဖွင့်ပွဲအခမ်းအနား









ဆက်ဖတ်ရန်...

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်တို့ နေပြည်တော်၌ တွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်တို့ နေပြည်တော်တွင် တွေ့ဆုံစဉ်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် အမေရိကန်အစိုးရ၏ မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်း ရေးမှူး ဒဲရက်မစ်ချဲလ်တို့သည် နိုဝင်ဘာလ ၃ရက်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး မြန်မာ-အမေရိကန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များ ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံမှကာကွယ်ရေး ဦးစီးချုပ်အဆင့်ရှိ တာဝန်ရှိသူနှင့် အမေရိကန် အဆင့်မြင့်အရာရှိတို့ တွေ့ဆုံ ဆွေးနွေးမှုမှာ ၁၉၈၈ ခုနှစ် နောက်ပိုင်း တစ်ကြိမ်မျှ မရှိခဲ့ဘဲ ယခုတစ်ကြိမ်သည် ပထမဆုံးအနေဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ဆွေးနွေးမှုများကို နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်က နေ ပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ပြု လုပ်ခဲ့ခြင်းဖြစ်ကာ မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရေး လုပ်ငန်းများ အပြင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် သတင်း ထုတ်ပြန်ခဲ့ပါသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် ဒဲရက်မစ်ချဲလ်တို့၏ တွေ့ဆုံ ဆွေးနွေးပွဲသို့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေတို့ တက်ရောက်ခဲ့ကြပြီး အမေရိကန် ကိုယ်စားလှယ်အဖွဲ့မှ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ အမေရိကန်နိုင်ငံ စစ်သံမှူး Colonel Brey Sloan၊ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Mr.Eric Barborlak နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ အမေရိကန်သံရုံး ပထမအတွင်းဝန် Mr. Machut Shishak တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရက်မစ်ချဲလ်သည် စက်တင်ဘာလ ၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်ထားပြီး အောက်တိုဘာလ ၂၅ရက် နေ့တွင် ဒုတိယအကြိမ် လာရောက်ခဲ့ ကာ နိုဝင်ဘာလ ၂ ရက်နေ့တွင် တတိယအကြိမ်ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ အချိန် နှစ်လအတွင်း သုံးကြိမ်မြောက် ရောက်ရှိလာသည့် ဒဲရက်မစ်ချဲလ်၏ တတိယ ခရီးစဉ်၌ အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ်ပိုစနာလည်း လိုက်ပါခဲ့ပါသည်။ အမေရိကန် ကိုယ်စားလှယ် အဖွဲ့၏ခရီးစဉ်ကို နိုဝင်ဘာလ ၄ ရက်နေ့တွင် အဆုံးသတ်ခဲ့ပါသည်။

ဆက်ဖတ်ရန်...

6P ပရိုဂရမ်အရ မှတ်ပုံတင်ခဲ့သူများကို ပတ်စ်ပို့ စာအုပ် ထုတ်ပေးပြီ....

မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ရှိ မြန်မာသံရုံး ရှေ့ မြင်ကွင်း


တရားမ၀င်အလုပ်သမားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ့် 6P ပရိုဂရမ်အရ လက်ဗွေနှိပ်မှတ်ပုံတင်ခဲ့သူတွေကို မလေးရှားအစိုးရ နှင့် မြန်မာ သံရုံးတို့ ပူးပေါင်းမှု ဖြင့် နိုင်ငံကူးလက်မှတ်
( ပတ်စ်ပို့ ) စာအုပ်တွေ ထုတ်ပေးနေပြီ ဖြစ်ပါသည်။




မြန်မာသံရုံးအတွင်း ပတ်စ်ပို့စာအုပ်ထုတ်ပေးနေမှုကိုစောင့်ဆိုင်းနေသူများ




မြန်မာသံရုံးအတွင်းရှိ အများသုံးအိမ်သာရှေ့မှ အလှူခံပုံး


6P ပရိုဂရမ်ရဲ့ ဒုတိယအဆင့် အစီအစဉ်ဖြစ်ပြီး စာအုပ်တွေကို ကွာလာလမ်ပူ မြို့ရှိ မြန်မာသံရုံးက ထုတ်ပေးနေတာဖြစ်ပါသည်။ပတ်စ်ပို့ စာအုပ်အသစ်ရဲ့ observation စာမျက်နှာမှာ 6P Program အတွက်သီးသန့် ဆိုတဲ့ စာသားရိုက်နှိပ်ထားပြီး စာအုပ်ရရှိသူတွေကို သံရုံးက လက်ခံပြေစာ receipt တစ်စောင် ပြန်ပေးပြီး စာအုပ်ပါအချက်အလက်များ မှန်ကန်မှု ရှိမရှိ စစ်ဆေးကြည့်ရှုရ မှာ ဖြစ်ပါသည်။

ဒါ့အပြင် စာအုပ်ထုတ်ပေးဖို့ မလေးရှားပြည်ထဲရေးဝန်ကြီးဋ္ဌာန ကတဆင့်မြန်မာသံအမတ်ကြီးထံ လိပ်မူပြီးရေးသားထားတဲ့ စာ ကိုလဲ နမူနာ ကြည့်ရှုနိုင်ဖို့ ဖော်ပြပေးလိုက်ပါသည်။




စာအုပ်ထုတ်ယူရာတွင် သံရုံးမှ သတ်မှတ်ကြေး ရင်းဂစ် ၄၈၀ ၊ ဓါတ်ပုံ ရိုက်ခ ရင်းဂစ် ၁၀၊ ပေါင်း ရင်းဂစ်၄၉၀
ကိုယ်တိုင်ထုတ်ယူသူများအတွက်သာ ဖြစ်သည်။

မြန်မာအေးဂျင့်များနှင့်ချိတ်ပြီး စာအုပ်ထုတ်ယူသူများအတွက်ကတော့ ရင်းဂစ် ၈၀၀ ၀န်းကျင်ခန့်ကုန်ကျမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

6P Program ပထမအဆင့် ကုန်ကျငွေ -

လက်ဗွေနှိက်ခ၊အင်မီဂရေးရှင်းစာရင်းသွင်းခြင်းများအတွက် အေးဂျင့်မှ ယူငွေ - ၃၅၀ ရင်းဂစ်၊

ဒုတိယအဆင့် ကုန်ကျငွေ - သံရုံးလက်ဗွေနှိပ် စာအုပ်ထုတ်ခြင်းတွင် ကိုယ်တိုင်ထုတ်သူများအတွက် ၄၉၀ ရင်းဂစ် ကုန်ကျပြီး အေးဂျင့်မှတဆင့်လုပ်သူများအတွက် ၈၀၀ ရင်းဂစ်ဝန်းကျင် ကုန်ကျမည်ဖြစ်ပါသည်။

တတိယအဆင့် ကုန်ကျငွေ - ပါမစ်ကပ်ခ အေးဂျင့်နှင့် ပြုလုပ်သူများအတွက် ခန့်မှန်းခြေ ၂၅၀၀ ရင်းဂစ် ၀န်းကျင်
(မှတ်ချက်။ ။ တတိယအဆင့်အစီအစဉ် မစတင်သေးသည့်အတွက် ခန့်မှန်းခြေစာရင်းမျှသာဖြစ်သည်။)

အိုဗာစတေးသမားများ တရားဝင်နေထိုင်ခွင့်ပါမစ်ရရှိပြီးချိန်အထိ ခန့်မှန်းကုန်ကျငွေ ၄၀၀၀ ရင်းဂစ် ၀န်းကျင် ကုန်ကျနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းရပါသည်။


ဆက်ဖတ်ရန်...

မလေးရှားတွင် အလုပ်မလုပ်ရန် အိမ်ဖော်များကို ကမ္ဘောဒီးယားတားမြစ်

PETALING JAYA- ကမ္ဘောဒီးယားနိုင်ငံက နိုင်ငံသားများကို မလေးရှားနိုင်ငံတွင် အိမ်ဖော်လုပ်ကိုင်ခြင်း မပြုရန် တားမြစ်ခဲ့ခြင်းသည် အိမ်ဖော် ပြတ်လပ်မှုကို ရင်ဆိုင်နေသည့် မလေးရှားအတွက် ပိုမိုဆိုးရွားသွားစေသည်။

ယင်းကြေညာချက်ကြောင့် အိမ်ဖော်အလိုရှိနေသည့် မိသားစု ၃၅၀၀၀ အတွက် ပိုမိုဆိုးဝါးသွားစေကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံက သင့်တော်သည့် ဖွဲ့စည်းဆောင်ရွက်မှုများ မပြုလုပ်ပါက အိမ်ဖော်များ သွားရောက်လုပ်ကိုင်ခွင့်ကိုခွင့်မပြုပဲ ရွှေ့ဆိုင်းထားမည်ဟု ကြေညာခဲ့ပြီး ၃ ရက်မြောက်သည့်နေတွင် ယင်းသို့ထွက်ပေါ်လာခြင်းဖြစ်သည်။

မလေးရှားအလုပ်ရှင်က ကမ္ဘောဒီးယား အိမ်ဖော်များကို ရိုက်နှက် အတင်းအဓ္ဓမ ပြုကျင့်ခဲ့သည့်အပေါ် စိတ်ပျက်ကာဝန်ကြီးချုပ် ဟွန်ဆန်က ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ရိုက်တာ သတင်းထောက်က ဖနွမ်းပင်မှ သတင်းပေးပို့ခဲ့သည်။

မတော်မတရားအနိုင်ကျင့်ခံရသည့် အိမ်ဖော်များကို ကူညီနေသည့် ကမ္ဘောဒီးယား လူ့အဖွဲ့အစည်း တရားဝင် ပညာရေး အဖွဲ့က မလေးရှားတွင် ကမ္ဘောဒီးယား အိမ်ဖော် ၃ ဦး အသတ်ခံရပြီး ၂ ဦး အဓ္ဓမပြုကျင့်ခံရကာ သီးသန့်ခွဲထားကြောင်း ပြောသည်။

နိုင်ငံကူးလတ်မှတ်ကိုလည်း အလုပ်ရှင်များက သိမ်းဆည်းထားသည်ဟု သိရသည်။ ကမ္ဘောဒီးယား အလုပ်ရှာဖွေရေး ကုမ္ပဏီ ဥက္ကဋ္ဌ An Bunhak က အစိုးရအမိန့်ကို အားပေးထောက်ခံကြောင်းပြောသည်။

“အလုပ်သမားဝန်ကြီးက ၀န်ကြီးချုပ်ပြောတာကို အရေးယူဆောင်ရွက်ပါလိမ့်မယ်” ဟု An Bunhak က ပြောသည်။

၂၀၀၉ ခုနှစ်ကတည်း အိမ်ဖော် ၅ သောင်းသည် မလေးရှားတွင် အလုပ်ရှာဖွေခဲ့ကြောင်း သိရသည်။

ကူဝိတ်တွင်လည်း အိမ်ဖော်များမတော်မတရား အလုပ်ခံရသည်ဟု တိုင်တန်းခံရပြီးနောက် ပို့ဆောင်ခြင်းမပြုရန် ယခုနှစ် အစောပိုင်းက ဆုံးဖြတ်ခဲ့သည်ဟု ကမ္ဘောဒီးယား အလုပ်ရှာဖွေရေး ကုမ္ပဏီက ပြောသည်။

အင်ဒိုနီးရှားက အိမ်ဖော်များကို မလေးရှားသို့ သွားရောက်လုပ်ကိုင်ခြင်းမပြုရန် တားမြစ်ခဲ့ပြီးနောက် အလုပ်ရှင်အများစုက ကမ္ဘောဒီးယား အိမ်ဖော်ဌားရမ်းရန် ပြုလုပ်နေချိန်တွင် ယခုဆုံးဖြတ်ချက်သည် အိမ်ဖော်လိုအပ်နေသည့် မလေးရှား မိသားစု အတွက် အကြပ်ရိုက်စရာ ဖြစ်နေသည်ဟု ဆိုသည်။

မလေးရှား အမျိုးသား အလုပ်ရှင်များ အဖွဲ့ ဥက္ကဋ္ဌက Datuk Raja Zulkepley Dahalan က တားမြစ်ပိတ်ပင်မှုသစ်သည် အလွန်ဆိုးသည့် သတင်းဖြစ်ကြောင်း ပြောသည်။

အိမ်ဖော်ပြတ်လတ်သည့် ပြဿနာသည် အိမ်ဖော်ရှာဖွေရေး ကုမ္ပဏီများအတွက် ရိုက်ချက်တခုဖြစ်ပြီး တချို့ဆိုလျှင် ပိတ်ပစ်ရန်အထိ ဖြစ်နေသည်ဟု ပြောသည်။

“အလုပ်ရှင်သာမက ကုမ္ပဏီတွေကိုလည်း ထိခိုက်တယ်၊ အရင်က ကုမ္ပဏီ ၃၀၀ ကနေ အခု ၁၅၀ ပဲရှိတော့တာကြည့်ပါလား ” ဟု သူက ပြောသည်။ ယခု မလေးရှားတွင် အိမ်ဖော် ရရှိရေးသည့် အရေးပေါ်အခြေအနေရောက်ရှိနေကြောင်း သိရသည်။

အလုပ်ရှင်များက အိမ်ဖော်ကို ဖိလစ်ပိုင်နိုင်ငံတွင် ပြောင်းလဲ ရှာဖွေရန် ပြင်ဆင်ထားသင့်ပြီး အိမ်ဖော်ရှာဖွေရေး ကုမ္ပဏီများကို ဖိအား မပေးသင့်ဟုလည်း Raja Zulkepley ကပြောသည်။

ကမ္ဘောဒီးယား ဆုံးဖြတ်ချက်သည် ပြင်းထန် ဆိုးဝါးသည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု မလေးရှား အိမ်ဖော်အလုပ်ရှင်များအဖွဲ့က ဆိုသည်။

ကမ္ဘောဒီးယားက အိမ်ဖော်များအတွက် ပိုမို ကာကွယ်နိုင်ပေးနိုင်မည့် လုပ်ဆောင်မှုကို အာရုံစိုက်သင့်ကာ လုံးလုံးလျားလျား ရပ်ဆိုင်းမှုကို မထုတ်ပြန်သင့်ဟု ယင်းအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ Engku Ahmad Fauzi Engku Muhsein က ပြောသည်။

“အလုပ်ရှင်အများစုက အိမ်ဖော်တွေကို ကောင်းကောင်းဆက်ဆံပါတယ်၊ ဒီဆုံးဖြတ်ချက်က မလေးရှားက အိမ်ဖော်တွေ အခြေအနေကို ပိုမိုဆိုးဝါးစေပါတယ်” ဟု သူက ပြောသည်။

မလေးရှားအလုပ်ရှင်များကို ပညာပေး၍ အိမ်ဖော်များသည် မိသားစု၏ တစိတ်တပိုင်းဖြစ်သည်ဟူသော စိတ်ပိုင်းဆိုင်ရာကို ပြောင်းလဲရန်လိုသည်ဟု Engku Ahmad Fauzi က ပြောသည်။

ဒေသခံအာဏာပိုင်များက အိမ်ဖော်များ မတော်မတရားအလုပ်ခံရသည့် အစီရင်ခံစာကို အလေးအနက် ထား၍ အလုပ်ရှင်များ အပေါ် အလျင်အမြန်အရေးယူဆောင်ရွက်သင့်ကြောင်းလည်း သူက ပြောသည်။

ဆက်ဖတ်ရန်...

6P အစီအစဉ် ဖမ်းဆီးအရေးယူမှု အစိုးရ၀န်ထမ်း ၄ သန်း အသုံးပြုမည်



MALAYSIA PUTRAJAYA-6P အစီအစဉ်ဖြင့် မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့သည့် တရားမ၀င် နိုင်ငံခြား အလုပ်သမားများနှင့် ရှောင်ပြေးခဲ့သည့် အလုပ်ရှင်များကို အရေးယူဆောင်ရွက်ရန်အတွက် အရာရှိ ၄ သန်းကျော်ကို နိုင်ငံတ၀န်းတွင် ချမှတ်သွားမည်ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေး (လ၀က)က နယ်စပ်၊ မြို့နှင့် ပင်လယ်များတွင် ယင်းအရေးယူဆောင်ရွက်မှုများ ဦးဆောင် လုပ်ဆောင်ရန် တာဝန်ယူထားပြီးဖြစ်သည်ဟု ပြည်ထဲရေး ၀န်ကြီးဌာန အထွေထွေ အတွင်းရေးမှူး Tan Sri Mahmood Adam က ပြောသည်။

“အရေးယူဆောင်ရွက်မဲ့ အဖွဲ့ကို ရဲလာ ၃၀၀၀၊ ရဲအရာရှိ ၁၂၅၀၀၀နဲ့ စစ်တပ် အင်အား ၁၁၀၀၀၀ အသုံးပြုသွားပါမယ်” ဟု ထုတ်ပြန်ချက်တွင် သူက ဆိုသည်။

ယင်းလုပ်ဆောင်မှုကို ပြည်တွင်း သုံးစွဲသူနှင့် ကုန်သွယ်ရေး ၀န်ကြီးဌာန၊ ဒေသဆိုင်ရာနှင့် အိုးအိမ် ၀န်ကြီးဌာန၊ တော်ဝင် မလေးရှား အခွန်ဌာနနှင့် မလေးရှားနိုင်ငံသား ကာကွယ်ရေး ဌာနတို့က ထောက်ခံခဲ့သည်။

၁၉၅၉/၁၉၆၃ လ၀က ဥပဒေ၊ နိုင်ငံကူးလတ်မှတ် ဥပဒေ ၁၉၆၆ စသည့်တို့ အောက်တွင် လုပ်ဆောင်ပိုင်ခွင့်ရှိသူများသာလျှင် လုပ်ဆောင်ခွင့်ပေးသွားမည်ဖြစ်ပြီး ကျန်သည့် အဖွဲ့များက လ၀ကနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လိုသည်ဟုလည်း Mahmood ကပြောသည်။

“အရေးယူဆောင်ရွက်မှုအားလုံးအတွက် ဗျူဟာတွေကို ပြင်ဆင်ဖို့ လ၀က က တာဝန်ရှိဆုံးပါ၊ ပြည်နယ်အဆင့်တွေနဲ့လည်း လက်တွဲဆောင်ရွက်ဖို့လိုပါတယ်၊ အရေးယူဆောင်ရွက်တဲ့ စာရင်းတွေကို ပြည်ထဲရေး ၀န်ကြီး 6P အစီအစဉ် ကြီးကြပ်ရေး ကော်မတီကို နေ့စဉ် အစီရင်ခံစာတွေ တင်သွင်းရပါမယ်” ဟု သူက ပြောသည်။

အရေးယူဆောင်ရွက်မည့် အဖွဲ့များ၏ ပထမဆုံး အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု Mahmood ကပြောသည်။

“အစည်းအဝေးက အရေးယူဆောင်ရွက်တာကို အစိုးရက စတင်လုပ်ဆောင်ဖို့ဘယ်လို ချဉ်းကပ်မလဲ၊ ဘယ်လိုနည်းလမ်တွေ သုံးသုံးမလဲ ဆိုတာ ဆွေးနွေးခဲ့တယ်” ဟု သူက ပြောသည်။

ပြည်ထဲရေးရဲ့ အရေးယူဆောင်ရွက်ခြင်း လုပ်ထုံးလုပ်နည်းများ အပေါ် အခြေခံ၍ မှတ်ပုံမတင်ခဲ့သော တရားမ၀င် နိုင်ငံခြား အလုပ်သမားများနှင့် ရှောင်ပြေးခဲ့သည့် အလုပ်ရှင်များ တရားစွဲဆိုခြင်းကို ရှောင်ရှားရန်အတွက် ၎င်းတို့ ကိုယ်တိုင် နိုင်ငံတ၀န်း ရှိ လ၀က ရုံးများတွင် လာရောက်ဝန်ခံရန် အချိန်တခု ပေးခဲ့ပြီးဖြစ်သည်ဟုလည်း ဆိုသည်။

“တချိန်တည်း အလုပ်ရှင်တွေကလည်း အလုပ်သမားတွေကို မူရင်းတိုင်းပြည်ကို ပြည်ပို့ဖို့ ဥပဒေနဲ့ ကန့်သတ်ထားပါတယ်၊ ကုန်ကျစရိတ်အားလုံးကို သူတို့ ပေးရမှာပါ” ဟု Mahmoodက ပြောသည်။

နောက်ဆုံး သတ်မှတ်ရက်ကို မကြာမီ ကြေညာရန်မည်ဖြစ်ကြောင်းလည်း သိရသည်။

တနလာင်္နေ့တွင် 6P အစိအစဉ်၏ ဒုတိယ အဆင့်ဖြစ်သည့် တရားဝင်လုပ်ဆောင်ခြင်း အဆင့်ကို စတင်မည်ဖြစ်သည်။

ဇူလိုင် ၁၃ မှ သြဂုတ် ၃၁ ထိ တရားမ၀င်နှင့် တရားဝင်နိုင်ငံခြားသား စုစုပေါင်း ၂၃၂၀၀၃၄ ဦး မှတ်ပုံတင်ခဲ့ကြောင်း သိရသည်။

ခြံလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ထုတ်လုပ်ရေး၊ လယ်ယာနှင့် ၀န်ဆောင်မှု စသည့် ကဏ္ဍ ၅ ခုတွင် အလုပ်သမားများကို ထားသွားမည် ဖြစ်သည်ဟု လက်ထောက် ၀န်ကြီးချုပ် Tan Sri Muhyiddin Yassin က ပြောကြားခဲ့သည်။

6P အစီအစဉ်တွင် မှတ်ပုံတင်ခြင်း၊ တရားဝင်အဖြစ် လုပ်ဆောင်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်ခြင်း၊ စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အရေးယူခြင်း နှင့် နယ်နှင်ဒဏ်ပေးခြင်း စသည့်အဆင့် ၆ ဆင့် ပါဝင်မည်ဖြစ်သည်။

ဆက်ဖတ်ရန်...

မဲဆောက်နေ မြန်မာနိုင်ငံသူ/သားများ မနက်ဖြန် တနင်္ဂနွေည ... “သီးညီနောင် အငြိမ့်သဘင်” နှုတ်ဆက်ပွဲကို အားပေးဖို့ သင်္ကြန်ကွင်းကို ကြွခဲ့ကြ

အပြည့်အစုံ

ဆက်ဖတ်ရန်...

စီးပွားရေးဖွံ့ဖြိုးမှု ရန်ကုန် ညီလာခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

စီးပွားရေးဖွံ့ဖြိုးမှု ညီလာခံသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာဦးမြင့်တို့အား ဤသို့တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)


မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် ကျင်းပသော သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အစိမ်းရောင် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင် ရာနိုင်ငံတကာ ညီလာခံသို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ( ၄ ) ရက်နေ့မနက်ပိုင်းက
တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်နှင့် ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သော ယင်းအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း အစည်းအဝေး၏ နောက်ဆုံးနေ့တွင်မှ ရန်ကုန်တွင် ကျင်းပသည့် အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်က လာရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် လာတက်တော့ တအားပေါ့။ အားလုံးက တက်တက်ကြွကြွ ရှိကြတယ်။ အရင်နေ့က အစည်းအဝေးမှာ လူသိပ်မရှိဘူး။ ဒီနေ့တော့ သတင်းထောက်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ စုံစုံညီညီ စည်စည်ကားကား ရှိတယ်” ဟု အစည်းအဝေး ပုံမှန် တက်ရောက်နေသော ပြည်တွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ယင်းအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်၊
ဒေါက်တာသန့်မြင့်ဦး၊ ကုလသမဂ္ဂတွင် လက်ထောက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာ နေထွန်းအပါအ၀င် နိုင်ငံပေါင်းစုံမှ သံအမတ်များ၊ နိုင်ငံတကာမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးကို ထွန်းဖောင်ဒေးရှင်းဘဏ်၊ Myanmar Development Resource Center (MDRC)၊ Myanmar Academy For Agriculture, Forestry, Livestock and Fisheries Sciences ၊ Myanmar Engineering Society (MES)၊ Association of Myanmar Architects(AMA)၊ Environmental Economic Research Institute (ERRI)၊ Yangon Media Group၊ Forest Resource Environmental Development and Conservation Association (FREDA)၊ Water, Research and Training Center (WRTC)၊ Myanmar Agribusiness and Rural Development Consultants (ARDC) စသည့် အဖွဲ့အစည်းများက ကူညီပံ့ပိုးကြကြောင်း သိရသည်။

“ပွဲရဲ့အဓိက ရည်ရွယ်ချက်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကိစ္စတွေ လုပ်ဖို့ မြန်မာအစိုးရ၊ NGO၊ INGO တွေ ပါဝင်တဲ့ ကောင်စီတခု ဖြစ်လာတဲ့အထိ ရည်ရွယ်တယ်။ ဒါနဲ့ ပတ်သက်လို့ နည်းပညာတွေ၊ အတွေ့အကြုံ တွေကို ရဖို့လည်း ရည်ရွယ်ပါတယ်။ အခုလိုပွဲမျိုးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့အတွက် နိုင်ငံတကာမှာ ဒီညီလာခံရဲ့ Image က ပိုပြီး ပေါ်လွင် ထင်ဟပ်စေမှာပါ” ဟု ပွဲစီစဉ်သူတဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ အစည်းအဝေး တက်ရောက်ခဲ့ပြီး ယနေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အလုပ်အမှုဆောင် အစည်းအဝေး တက်ရောက်ရန်နှင့် အမေရိကန် အထူးကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံ ရန် ရှိသောကြောင့် နေ့လယ်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

အစိမ်းရောင် စီးပွားရေးဆိုင်ရာ နိုင်ငံတကာညီလာခံသို့ အိန္ဒိယ၊ နော်ဝေ၊ ဂျပန်၊ အမေရိကန်၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊
မလေးရှားနိုင်ငံ စုစုပေါင်း နိုင်ငံ ၉ နိုင်ငံမှ ပညာရှင်များ၊ ထင်ပေါ်ကျော်ကြားသူများ တက်ရောက်ခဲ့သည်။

အဆိုပါ အစည်းအဝေးကို ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံ ဘဏ်များအသင်း အဆောက်အုံတွင် ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သည့်နောက်ပိုင်း နိုင်ငံ၏ စီးပွားရေး ဖွံဖြိုးတိုးတက်ရေး ကဏ္ဍနှင့် ပတ်သက်၍ ပိုမို ပူးပေါင်းပါဝင်လာသည်ကို တွေ့ရသည်။
ိုင်ငံတော်၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက်ြ
ပြီးခဲ့သည့် သြဂုတ်လအတွင်းက နေပြည်တော်၌ ကျင်းပသည့် နိုင်ငံတော်၏ စီးပွားရေး ဖွံဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲ မှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ သွားရောက်ခဲ့ပြီး နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် မြန်မာ့ စက်မှုဖွံဖြိုးရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး အပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ မြန်မာ့စီးပွားရေးပညာရှင် ဦးမြင့်နှင့် တခြားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများအား တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ကိုယ်စားလှယ် ဦးအောင်ကြည်တို့ မကြာသေးမီက စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးရာတွင် လည်း တိုင်းပြည်စီးပွားရေး ဖွံဖြိုးတိုးတက်လာစေရန် လွတ်လပ်စွာ ကုန်သွယ် ကူးသန်းရောင်းဝယ်ခွင့်၊ လွတ်လပ်စွာ ငွေကြေး လည်ပတ် သုံးစွဲခွင့်တို့ကို ဆွေးနွေးခဲ့ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးကဏ္ဍတွင် ကျပ်ငွေ တန်ဖိုးမြင့်တက်နေမှုကြောင့် ပြည်ပပို့ကုန်များ ကျဆင်းလျှက် ရှိနေရာ ငွေကြေးတန်ဖိုး တည်ငြိမ်စေရန်အတွက် အစိုးရက အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကို အကူအညီ တောင်းခံခဲ့သည်။

ထိုကြောင့် ပြီးခဲ့သည့် အောက်တိုဘာလက IMF ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ လာရောက်ကာ နိုင်ငံခြားငွေ လဲလှယ်နှုန်း ပြောင်းလဲရေးနှင့် လွတ်လပ်စွာ ငွေကြေးလည်ပတ် သုံးစွဲခွင့်ရှိရေးတို့နှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းပိုင်းတွင် အကူအညီပေးရန် လာရောက်လေ့လာခဲ့သည်။

ယခုတလော အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဖိုရမ်များ၊ ဆွေးနွေးပွဲများ မြန်မာနိုင်ငံ၌ လက်ခံကျင်းပမှု များပြားလာရာ ၃၇ ကြိမ် မြောက် အာဆီယံ – ဂျပန် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကိုလည်း ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် ကျင်းပလျှက်ရှိသည်။

ဥရောပသမဂ္ဂမှ စီးပွားရေး ပညာရှင်တချို့ ပါဝင်သည့်ကိုယ်စားလှယ်အဖွဲ့သည်လည်း မြန်မာ့ဘဏ္ဍာရေးနှင့် ငွေကြေးကဏ္ဍ ဖွံ့ဖြိုးရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို လာမည် နိုဝင်ဘာ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်တွင် ကျင်းပမည်ဖြစ်သည်။

ဆက်ဖတ်ရန်...

ဆန့်ကျင်ကန့်ကွက်သူတွေက တူးမြောင်းတံခါးပိတ်တာကို တားမြစ်ပိတ်ပင်

မနေ့က ပထုမ်ဌာနီ၊ လမ်လုတ်ခခရိုင်မှာရှိတဲ့ ခလုန် ၉ ရေတံခါးပိတ်တာကို ဒေသခံ ၃၀၀ကျောက် ဆန့်ကျင် ကန့် ကွက်လာလို့ မြောက်ပိုင်းက ဒလဟောစီးလာနေတဲ့ ရေဘေးကနေ လတ်ခရာဘန်နဲ့ဘန့်ချန်းစက်မှုဇုံက အအောက် အဦးတွေ ဘေးကင်းလုံခြုံဖို့ အစိုးရရဲ့ကြိုးပမ်းမှုတွေဟာ အဆင်မပြေဖြစ်နေပါတယ်။

လတ်ဖရောက်ဖဟွန်ယိုထင်လမ်းဆုံမှာ ရေပြည့်လာနေပုံ


ရေတံခါးပိတ်တဲ့ရည်ရွယ်ချက်က စက်ရုံတွေရှိတဲ့ ဘန်ကောက်၊ မင်ဘူရီနဲ့လတ်ခရာဘန်ခရိုင်တွေကို ရေစီးဝင်တာ လျော့ စေဖို့ဖြစ်တယ်။ လူ ၃၀၀ လောက် ဆန္ဒပြလို့ ခလုန် ၉ တူးမြောင်းတံခါး ပိတ်လို့မရာတာကြောင့် ခလုန် ၈ နဲ့ ခလုန် ၁၀ တူးမြောင်းတံခါးတွေ ပိတ်ဖို့ စစ်သားတွေအစောင့်အရှောက်နဲ့ အာဏာပိုင်တွေက မနေ့က စီမံနေပါတယ်။

အာဏာပိုင်တွေ တူးမြောင်းတံခါးဆီကို ရောက်မလာဖို့ ဆန္ဒပြသမားတွေက လမ်လွတ်ခလမ်းမကို ပိတ်ထားပါတယ်။ ဒီဂိတ်ပိတ်လိုက်ရင် သူတို့ရပ်ကွက်တွေ ရေပိုမြုပ်မှာဖြစ်တယ်။ လို့ သူတို့က ပြောပါတယ်။ ဒီရပ်ကွက်တွေရေမြုပ်နေတာ ရက်သတ္တပါတ်ပေါင်းများစွာကြာနေပါပြီ။ လူအုပ်ကြီးက ညနှောင်းပိုင်းထိ ဆက်ပိတ်ဆို့ထားပါတယ်။ ဒီအတော အတွင်း မှာ မြောက်ဖက်ကစီးဝင်လာတဲ့ရေတွေဟာ ချတ်တူးချတ်ခရိုင်၊ လတ်ဖရောက်လမ်းဆုံ ကို ရောက်လာပါတယ်။

ဘန်ကောက်မြေအနေအထားအရဆို လတ်ဖရောက်နယ်မြေပြီးရင် ရတ်ချာဒါဖီဆက်လမ်းမကြီးနဲ့ ချတ်တူးချတ်နယ် မြေကို ရေရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဘန်ကောက်၊ တခြားခရိုင်တွေမှာလည်း ရေတွေ တိုးလာနေပါတယ်။ ဘန်ကောက်အနောက်ပိုင်းမှာ ယမန်နေ့ကထက် ရေအမြင့် ၂၀ စင်တီမီတာ တိုးလာပါတယ်။ ဘန်ကောက် အရှေ့ပိုင်း မှာဆို ရမ်အင်ထရာလမ်းမပေါ်က ဆာသီရဓမ္မဆာသန်းဓမ္မ ဌာနဟာ ရေမြုပ်သွားပါပြီ။ ဒီဌာနအပြင်ဖက်မှာ ရေအမြင့်ဟာ ၂၀ စင်တီမီတာလောက်ရှိပေမဲ့ အထဲမှာတော့ ခါးလောက်ထိ မြုပ်နေပါပြီ။

ဘန်ကောက်ရေဘေးကယ်တင်ဖို့အတွက် တပ်တော် ၃နဲ့တပ်တော် ၂က တပ်ခွဲပေါင်း ၃၀ လောက်က နောက်ထပ် စစ် သားတွေ ထပ်ဖြည့်ထားရပါတယ်။

နိုဝင်ဘာ ၅၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

ဆက်ဖတ်ရန်...

မြန်မာကို အကူအညီ ပိုပေးဖို့ အမေရိကန် ထိပ်တန်းသံတမန်များ ကတိပြု

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပေါ့စ်နာ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရ အထူး ကိုယ်စားလှယ် ဒဲရက် မစ်ချဲလ်တို့သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ ပါတီခေါင်းဆောင်များအား ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့သည်။ AFP PHOTO/Soe Than WIN


မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် ထိပ်တန်း သံအရာရှိ နှစ်ဦးဖြစ်တဲ့ Michael Posner နဲ့ Derek Mitchell တို့ရဲ့ခရီးစဉ် အပြီးမှာ မြန်မာနိုင်ငံကို အကူအညီတွေ ပိုမိုပေးသွားဖို့  ကတိပြု ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေဟာ အသွင်ကူးပြောင်းရေးရဲ့ အစပိုင်းကို ရောက်နေပြီလို့  အမေရိကန် အစိုးရရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ထိပ်တန်း အရာရှိကြီး မစ္စတာ ပေါ့စနာက ရန်ကုန် အမေရိကန်သံရုံးမှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အားတက်စရာ ကောင်းတဲ့ လုပ်ဆောင်ချက် တချို့ကို တွေ့ခဲ့ရတယ်လို့လည်း သူကပြောဆိုကြောင်း အမေရိကန် အစိုးရရဲ့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် လွှတ်ပေးခဲ့တာကို ကြိုဆိုကြောင်း အမေရိကန် အရာရှိ နှစ်ဦးလုံးက ပြောဆိုပါတယ်။ အခုလို ကြိုဆိုရတာဟာလည်း နောက်ထပ် ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးစေလိုတဲ့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီ အသစ်တွေ မှတ်ပုံတင်ခွင့်ပြုဖို့၊ လွတ်လပ်စွာ အသင်းအဖွဲ့တွေ ဖွဲ့စည်းခွင့်ပြုဖို့ အပါအ၀င် နိုင်ငံရေး အပြောင်းအလဲတွေ ပြုလုပ်ဖို့ ကတိပြုထားတာတွေကို အကောင်အထည် ပေါ်လာစေလိုတဲ့ အတွက် ကြိုဆိုရတာ ဖြစ်ကြောင်း အမေရိကန်အစိုးရ ကိုယ်စားလှယ် အရာရှိနှစ်ဦးက ပြောပါတယ်။

အခုချက်ချင်း မဟုတ်ပေမဲ့ အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ အကြား သံတမန် ဆက်ဆံရေးဟာ ပုံမှန် အနေအထားကို ပြန်လည် ရောက်ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အစိုးရရဲ့အထူး ကိုယ်စားလှယ် မစ္စတာ ဒဲရစ် မစ်ချဲက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ဆက်လက် ဖြစ်ပေါ်လာပါက နှစ်နိုင်ငံ အစိုးရတွေ အကြား ဆက်ဆံရေးဟာ ပိုမို ပျော့ပျောင်းလာမှာ ဖြစ်ကြောင်းကိုလည်း မိုက်ကယ် ပို့စနာက ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ အတွက် အသေးစား ချေးငွေနဲ့ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ အတွက် အကူအညီတွေ တိုးချဲ့ပေးသွားဖို့  စဉ်းစားနေတယ်လို့လည်း မစ္စတာ ဒဲရစ် မစ်ချဲက ပြောပါတယ်။

မစ္စတာ မစ်ချဲဟာ မြန်မာ ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း ပထမဆုံးအကြိမ် အဖြစ် တွေ့ဆုံ စကားပြောခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နယ်မြေတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ဆက်ဖတ်ရန်...

ထောင်ဆေးရုံမှာ ခွဲစိတ်ကုသမယ့် နေမျိုးဇင်အတွက် စိုးရိမ်မိခြင်း


ထောင်ဆေးရုံမှာ ခွဲစိတ်ကုသမယ့် နေမျိုးဇင်အတွက် စိုးရိမ်မိခြင်း
စိန်သံလုံး


တောင်ကြီးမြို့မှာရှိတဲ့ တပ်ထိန်းတပ်က ထွက်လာခဲ့တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို လူမှုရေးကိစ္စ၊ ပရဟိတ လုပ်ငန်းတွေနဲ့ ဘီဂျီ သွေးလှူရှင်များ စုဆောင်းတဲ့ NLD အဖွဲ့ဝင်တဦးဖြစ်နေတာကြောင့် အပြစ်ရှိရှိ မရှိရှိ၊ အ ပြစ်ကြီးကြီး မကြီးကြီး ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ အီလက်ထရောနစ် ဥပဒေပုဒ်မနဲ့ ထောင် ၁၀ နှစ် မ တရားချခဲ့တယ်။ နိုင်ငံရေးလုပ်တဲ့သူတိုင်းကို ဒီလို မတရားဖမ်းဆီးထောင်ချနေတာဖြစ်လို့ ဒီကိစ္စ မဆန်းတော့ ဘူးလို့ ဆိုရပေမယ့် ခံရသူတွေအတွက်ကတော့ အခဲမကျေစရာပါ။
အဲဒီ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ လမ်းလျှောက်လို့မရလောက်အောင် ခါးကြောဝေဒနာခံစားနေရလို့ ကြည့် မြင်တိုင် အရိုးကုဆေးရုံမှာ တတ်ရောက်ကုသခွင့်တောင်းခံတာကို ထောင်ပိုင်က ပယ်ချခဲ့ပြီး ထောင်ဆေးရုံမှာ ပဲ ခွဲစိတ်ကုသခွင့်ပေးခဲ့တယ်။ မြန်မာပြည်မှာရှိတဲ့ အကျဉ်းထောင် ၄၂ ခု၊ အလုပ်စခန်း ၁၀၉ ခုမှာ အကျဉ်း သားဦးရေ တသိန်းနီးပါးရှိပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆရာဝန် ၃၈ ဦး၊ သွားဆရာဝန် ၂ ဦးနဲ့ လက်ထောက်ကျန်းမာရေးမှူး ၁၂ ဦး၊ သူနာပြု ၂၆ ဦး၊ ဆေးဘက်ဝန်ထမ်း ၄ ဦးကိုသာ တရားဝင် ခန့်အပ် ထားတယ်လို့ သိရတယ်။

“ထောင်ကျအကျဉ်းသားတွေ အပြင်ကလူတွေထက် ကျန်းမာအောင်နေဖို့ ပိုအရေးကြီးတယ်။ တကယ်ဖြစ်ရင် ထောင်ထဲက ကြိုးနီစနစ်တွေနဲ့ ဆေးရုံကို ချက်ချင်းမရောက်ဘူး။ ညထောင်ပိတ်ချိန်ဆို ပိုပြီးဆိုးတယ်။ အဆင့်ဆင့် သတင်းပို့ဖို့ ခွင့်တောင်းနေတာနဲ့ သေရတဲ့သူတွေရှိတယ်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင် အင်းစိန်ထောင်မှာ သေခဲ့တာ အဲဒါမျိုးပေါ့။ ဆေးရုံကို ၁ နာရီခွဲကြာမှ ရောက်တယ်။ အသက်မမီတော့ဘူး။”

အကျဉ်းသားတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါကတော့ အဓိက ဗီတာမင်ချို့တဲ့ခြင်းရောဂါနဲ့ သွေးအားနည်းခြင်း ရောဂါတို့ကို တွေ့ရှိရကြောင်း သုတေသနလုပ်ဖူးသူများက ဆိုပါတယ်။ အကျဉ်းသားတွေကို အသားဟင်း တ ပတ် ၂ ကြိမ် ကျွေးပါတယ်။ ဗုဒ္ဓဟူးနေ့နဲ့ တနင်္ဂနွေနေ့ဖြစ်ပြီး ကျန်တဲ့ရက်တွေမှာတော့ မနက်ပိုင်း ပဲဟင်း၊ ည နေ အသီးအရွက်ပြုတ် ကျွေးပါတယ်။ ဒီကြားထဲမှာ ထောင်ပိုင်အချို့နဲ့ ချက်ပြုတ်ရေး ဖိုခေါင်းတွေက ခိုးလို့ ပြည့်ပြည့်၀၀ မစားရတာများပါတယ်။

အကျဉ်းသားတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာအစိုးရတွေ မဖြစ်မနေ လိုက်နာကျင့်သုံးရမယ့် ဂျီနီဗာ သဘော တူညီချက် အပိုဒ် ၂၀ မှာ “ထောင်သားတွေ ကျန်းမာရေးနဲ့ ခွန်အားအတွက် အာဟာရပြည့်တဲ့ အစားအစာ တွေကို အရည်အသွေး ပြည့်ဝစေရမယ်၊ သန့်ရှင်းရမယ်”၊ အပိုဒ် ၂၂ မှာတော့ “ထောင်တိုင်းမှာ အရည်အချင်း ပြည့်မီတဲ့ ဆရာဝန်တဦးစီ ရှိရမယ်၊ အကျဉ်းသားတွေ ကျန်းမာရေးအတွက် စိတ်ရောဂါကုဆေးရုံတွေ အပါအ ၀င် ကျန်းမာရေးဝန်ကြီးဌာနတွေနဲ့လည်း စနစ်တကျ ဆက်စပ်ဆောင်ရွက်ရမယ်၊ ကိရိယာနဲ့ ကျွမ်းကျင်သူဝန် ထမ်းတွေ ထားပေးရမယ်” အဲဒီလို သတ်မှတ်ချက်ရှိပေမယ့် မြန်မာပြည်မှာ အကျဉ်းထောင် ၄၂ ခုနဲ့ ရဲဘက်အ လုပ်စခန်း ၁၀၉ ခုရှိပြီး ဆရာဝန်က ၃၈ ဦးပဲရှိပါတယ်။ အချိုးအစားကမမျှဘူး၊ ထောင်ဆေးရုံတွေမှာ ဆေးမှူး တွေပဲ ရှိတာများတယ်။ အဲဒီဆေးမှူးတွေက ထောင်ပိုင်တွေနဲ့ နီးစပ်သူတွေကိုပဲ ခန့်ထားတာ၊ ဆေးထိုးတတ် တာ၊ ဆေးပညာ နားလည်တာ အဓိကမဟုတ်ဘူး။ ထောင်ပိုင်နဲ့ ဆရာဝန်ကို ငွေပေးနိုင်မှ ဆေးမှူးဖြစ်တာ၊ အ ကျဉ်းသားဆေးမှူးဆိုတာ ရိုးရိုးအကျဉ်းသားထက် အခွင့်အရေးရတယ်။ ထောင်တွေ၊ အကျဉ်းစခန်းတွေထဲမှာ သေဒဏ်နဲ့ ဆေးရုံတတ် လူနာပဲ နေ့စဉ် အသားစား အခွင့်အရေးရတယ်။

သေဒဏ်ကျ အကျဉ်းသားထဲမှာ ရာဇ၀တ်မှုသေဒဏ်နဲ့ နိုင်ငံရေးသေဒဏ်ဆိုတာ ၂ မျိုး ရှိတယ်။ ဆေးပညာမ တတ်တဲ့ ဆေးမှူးတွေ ဆေးမှားထိုးလို့ သေတာမျိုးတွေ ရှိတယ်။ ကြောက်စရာကောင်းတယ်။ ထောင်ထဲမှာ ခွဲ စိတ်ကုသမယ့် နေမျိုးဇင်အတွက် စိုးရိမ်မိတယ်။ ထောင်ဆေးရုံဆိုတာ ဘာမှ မပြည့်စုံဘူး။ ဘာမီတွန်နဲ့ ပါရာစီ တမောလောက်ပဲရှိတာ။ ကောင်းတဲ့ ဆေးတွေကတော့ စာရင်းပဲရှိတယ်။ ထောင်ဆေးရုံမှာ ရောဂါမရှိဘဲနဲ့ တက်ချင်ရင် ဆရာဝန်ကို ပိုက်ဆံပေးရင် လူနာဖြစ်သွားရော။ အင်းစိန်ထောင်မှာတော့ ဈေးကြီးတယ်။ လူနာ ဖြစ်ချင်ရင် ၂ သိန်း ပေးရတယ်။ ထောင်စကားနဲ့ပြောရရင် ဘောင်ချာဖြတ်တယ်လို့ခေါ်တယ်။ အဆောင်မှူးရဲ့ ဘောင်ချာ၊ ထောင်ပိုင်လေးရဲ့ဘောင်ချာ၊ ထောင်ပိုင်ကြီးရဲ့ဘောင်ချာ၊ ထောင်ဆရာဝန်ရဲ့ဘောင်ချာဆိုပြီး အ မျိုးမျိုးရှိတယ်။ ဘယ်ဘောက်ချာမှ သွားမထိနဲ့ မရဘူး။ ဆိုင်ရာပိုင်ရာတွေ ရှိတယ်။ အဆောင်တွေမှာတော့ အ ခန်းလူကြီးရဲ့ဘောင်ချာပေါ့။ သူတို့ ၀င်ငွေရှိတော့ တလ တခါ အိမ်ကို ငွေပြန်ပို့နိုင်တယ်လေ။

အကျဉ်းဦးစီးဌာနမှာ ၀င်ငွေအကောင်းဆုံးနေရာကတော့ ရဲဘက်အလုပ်စခန်းတွေပဲ။ ကျောက်ခွဲတဲ့ စခန်းဆို ၀င်ငွေအကောင်းဆုံး တာဝန်ခံ ထောင်ပိုင်ရဲ့ဝင်ငွေက တနေ့ကို ၂ သိန်းကနေ ၆ သိန်းအထိ ရှိတယ်။ အဲဒီလို ၀င်ငွေကောင်းတဲ့ ရဲဘက်စခန်းကို ပြောင်းချင်တဲ့ ထောင်ပိုင်တွေ အနည်းဆုံး သိန်း ၅၀ လောက် လူကြီးတွေ ကို ကန်တော့နိုင်မှ လိုချင်တဲ့နေရာ ရောက်တယ်။ အချို့စခန်းတွေဆို ကန်တော့ငွေ ဒီထက်ပိုသေး။ ရဲဘက်စ ခန်းတွေမှာ အဆိုးဆုံးကတော့ ဘ၀စခန်းတွေပဲ။ ဘ၀ ၉ က အဆိုးဆုံးတဲ့၊ ထမင်းဝအောင် မကျွေးဘူး။ တိုင် ရင်တော့ စားပိုးနင့်အောင်ကျွေးတယ်တဲ့။ ပုံစံမလို အ၀ကျွေးတယ်ဆိုတာ တိုင်လို့ရတဲ့နေရာတွေက ထောင် တွေ အလုပ်စခန်းတွေမှာပဲရှိတယ်။ ထောင်က ၀န်ထမ်းတွေကလည်း ၀င်ငွေနည်းတော့ အကျဉ်းသားကျွေးတဲ့ ထမင်းကိုပဲ အားကိုးပြီးစားကြတယ်။ တချို့ဝန်ထမ်းတွေက အကျဉ်းသားကျွေးတဲ့ ထမင်းကို ၀က်ကျွေးတယ်။ ဒါကြောင့် ICRC က ပြောတာ၊ အကျဉ်းသားတွေကို ကျွေးတဲ့ထမင်းက ခွေးစာ ၀က်စာတဲ့။

ထောင်ဆေးရုံတွေမှာ လူနာနဲ့ ကုသတဲ့ ဆရာဝန် အင်အားမမျှဘူး။ အပြင်က ဆေးဝယ်မစားနိုင်ရင် သေတာ များတယ်။ ထောင်က ထောင်ပိုင်ဆိုတာ လူနာသေရင် စာရွက်တရွက်ပဲ ကုန်တယ်။ အထက်ကို အခြေအနေ တင်ပြရတာပဲရှိတယ်။ အခု အင်းစိန်ထောင်မှာ အောက်တိုဘာ ၂၆ ရက်နေ့က နိုင်ငံရေးအကျဉ်းသား ၁၅ ဦး က အစာငတ်ခံ ဆန္ဒပြကြတယ်။ အကျဉ်းထောင်လက်စွဲပါ အကျဉ်းသားလျှော့ရက် ခံစားခွင့်မရတဲ့ကိစ္စနဲ့ ဆန္ဒ ပြကြတာလေ။ အခြားရာဇ၀တ်အကျဉ်းသားတွေ လျှော့ရက်ရကြတယ်။ နိုင်ငံရေးအကျဉ်းသားဆို လျှော့ရက်မ ရကြဘူး။ အစာငတ်ခံဆန္ဒပြတော့ ရေပါဖြတ်ထားတယ်။ ၂ ဦး ထောင်ဆေးရုံ ပို့လိုက်ရတယ်။

ထောင်ဆေးရုံဆိုတာ ရောဂါမရှိသူတွေအတွက် အနေချောင်ပေမယ့် ရောဂါရှိသူတွေအတွက်ကတော့ အသေ မချောင်ဘူး။ “ငွေကုန်ခံနိုင်ရင် ... အကောင်းဆုံးပဲ ... ပွဲကြိုက်တဲ့ ခင်နှမရယ်” ဆိုတဲ့ ပွဲကြိုက်ခင်သီချင်းလိုပဲ။ ထောင်ကျအကျဉ်းသားတွေ အပြင်ကလူတွေထက် ကျန်းမာအောင်နေဖို့ ပိုအရေးကြီးတယ်။ တကယ်ဖြစ်ရင် ထောင်ထဲက ကြိုးနီစနစ်တွေနဲ့ ဆေးရုံကို ချက်ချင်းမရောက်ဘူး။ ညထောင်ပိတ်ချိန်ဆို ပိုပြီးဆိုးတယ်။ အဆင့် ဆင့် သတင်းပို့ဖို့ ခွင့်တောင်းနေတာနဲ့ သေရတဲ့သူတွေရှိတယ်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင် အင်းစိန်ထောင်မှာ သေခဲ့တာ အဲဒါမျိုးပေါ့။ ဆေးရုံကို ၁ နာရီခွဲကြာမှ ရောက်တယ်။ အသက်မမီတော့ဘူး။ ထောင်ဆေးရုံ မပြောနဲ့၊ အပြင်ဆေးရုံတွေမှာရော အဆင်ပြေလို့လား။ ဒါကြောင့် အထူးကုဆေးရုံတွေ ခေတ် စားနေတာ။ တချို့ဆို ထိုင်းနဲ့ စင်ကာပူဆေးရုံတွေပဲ အားကိုးကြတယ်လေ။ ဒါကြောင့် နေမျိုးဇင်ကို စိုးရိမ်မိ တာပေါ့။ ။

ဆက်ဖတ်ရန်...

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ် နိ

အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာသည် နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်မှာ နိုဝင်ဘာလ ၂ရက်နေ့တွင် မြန်မာနိုင်ငံသို့ တတိယအကြိမ် ရောက်ရှိလာမည်ဟု သိရှိရပါသည်။

မိုက်ကယ်ပိုစနာနှင့် ဒဲရက်မစ်ချဲလ်တို့ လာရောက်သည့် သတင်းကို ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၊ ပြန်ကြားဌာနမှ အတည်ပြုပြောဆိုခဲ့ပါသည်။ မိုက်ကယ်ပိုစနာနှင့် ဒဲရက်မစ်ချဲလ်တို့သည် နေပြည်တော်သို့ သွားရောက်ပြီး အစိုးရအဖွဲ့ဝင် အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံမည်ဖြစ်ကာ ရန်ကုန်မြို့တွင်လည်း နိုင်ငံတကာအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ လူ့အခွင့်အရေးနှင့် ဆက်နွှယ်သော ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများအကြောင်းကို ဆွေးနွေးကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအရာရှိ နှစ်ဦးမှာ ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဖြစ်ကာ တွေ့ဆုံမည့်နေ့ရက်ကို မသိရှိရသေးကြောင်း ဦးခွန်သာမြင့်က ပြောဆိုခဲ့ပါသည်။ ထို့အပြင် အရာရှိနှစ်ဦးသည် အမျိုးသားဒီမိုကရေစီအင်အားစု (NDFနှင့်လည်း တွေ့ဆုံဖွယ်ရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။ ထိုသို့ တွေ့ဆုံဖြစ်ပါက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရေးနှောင့်နှေးနေမှုနှင့် ပတ်သက်ပြီး ဆွေးနွေးမှုပြုလုပ်သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု၏ ခေါင်းဆောင်တစ်ဦး ဖြစ်သော ဦးခင်မောင်ဆွေက ပြောဆိုခဲ့သည်ဟု သတင်းတွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်သည် စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်ထားပြီး အောက်တိုဘာလ ၂၅ရက်နေ့တွင် နှစ်လအတွင်း ဒုတိယအ ကြိမ် လာရောက်ခဲ့ပြီးနောက် ရက်သတ္တပတ်အတွင်း တတိယအကြိမ် ထပ်မံလာရောက်ခဲ့ခြင်းဖြစ်သည်။ ဒုတိယအကြိမ်လာရောက်စဉ်က အချိန်နှစ်ရက်ကြာမြင့်ခဲ့ပြီး အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ဆုံခဲ့ကာ ခရီးစဉ်နှင့် ပတ်သက်သော အကြောင်းအရာများကို သတင်းထုတ်ပြန်မှု မပြုလုပ်ခဲ့ပေ။

အမေရိကန် အရာရှိနှစ်ဦးသည် နိုဝင်ဘာလ ၄ရက်နေ့တွင် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်သို့ ပြန်လည်ထွက်ခွာမည် ဖြစ်ပါသည်။

အောက်တိုဘာလ ၃၁ရက်နေ့ နံနက်ပိုင်းကလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် မြန်မာနိုင်ငံသို့ ငါးရက်ကြာခရီးစဉ်အဖြစ် တတိယအကြိမ်လာရောက်ခဲ့ပြီး အဆိုပါနေ့မှာပင် နေပြည်တော်သို့ သွား ရောက်ခဲ့ကာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အလုပ်သမားရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့နှင့် တွေ့ဆုံ ခဲ့ပါသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Mr.Marty Natalegawa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အောက်တိုဘာလ နောက်ဆုံးပတ် အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် မြန်မာနိုင်ငံ တာဝန်ထမ်းဆောင်ရေးနှင့် ပတ်သက်၍ အချက်အလက် ရှာဖွေလေ့လာမှု ပြုလုပ်ရန် လာရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌအဖြစ် မြန်မာနိုင်ငံ တာဝန်ထမ်းဆောင်ရေးကိစ္စရပ်မှာ နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၉ရက် နေ့အထိ ကျင်းပမည့် (၁၉)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ အဖြေထွက်နိုင်ဖွယ် ရှိနေပါသည်။

လက်ရှိအချိန်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မကြာမီ ကျင်းပနိုင်ဖွယ်ရှိသည့် ကြားဖြတ် ရွေးကောက်ပွဲအမှီ ပါတီမှတ်ပုံတင်နိုင်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အဆိုပါကိစ္စရပ်ကို နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို အတည်ပြုပြီးနောက် ထွက်ရှိလာမှသာ အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားခဲ့ပါသည်။

မူလက ပြဌာန်းထားသော နိုင်ငံရေး ပါတီမှတ်ပုံတင်ဥပဒေကို အချက်သုံးချက် ပြင်ဆင်ထားပါသည်။ ထိုပြင်ဆင်ချက်များမှာ ပါတီဝင်များသည် ထောင်ဒဏ်ကျခံရသူများ မဟုတ်ရဟူသော ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ပြီး ပါတီတစ်ခုသည် ရွေးကောက်ပွဲများတွင် အနည်းဆုံး သုံးနေရာ ၀င်ပြိုင်ရမည် ဟူသော ကန့်သတ်ချက်ကို ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော ပါတီအသစ်များနှင့် သက်ဆိုင်မှုမရှိဟု ပြင်ဆင်လိုက်သည့် နည်းတူ ဖွဲ့စည်းပုံအခြေခံဥပဒေကို ''ထိန်းသိမ်း စောင့်ရှောက်ရမည်''ဟူသော စကားရပ်အား ''လေးစားလိုက်နာရမည်'' ဟု ပြင်ဆင်လိုက်ခြင်းဖြစ်ပါသည်။

ထိုသို့ ပြင်ဆင်မှုအား လွှတ်တော်နှစ်ရပ်တွင် ဆွေးနွေးအတည်ပြုခဲ့ပြီး ဥပဒေမူကြမ်းကို သမ္မတရုံးသို့ ပေးပို့ထားကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုးပြီးသည်နှင့် ဥပဒေအတည်ဖြစ်လာမည် ဖြစ်ပါသည်။

ဆက်ဖတ်ရန်...

ကိုဇာဂနာ အလိမ်ခံလိုက်ရခြင်း

စိန်သံလုံး

ကိုဇာဂနာက ပြောပါတယ်။ အောက်တိုဘာ ၂၄ ရက်ကပေါ့။ သာယာဝတီ၊ ပေါင်းတည်၊ ပြည်အကျဉ်းထောင် တွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့တဲ့ ထောင်ဝင်စာခရီးစဉ် အတွေ့အကြုံလေးတခုပါ။ အဲဒီမှာ ... “သာ ယာဝတီ ထောင်ပိုင်ကြီးနဲ့ တွေ့ပြီး ပိုက်ဆံနဲ့ ဂျာနယ်တွေ အပ်တာပါ။ အရမ်းအဆင်ပြေပြီး အရမ်းဖော်ရွေလို့ အထူးကျေးဇူးတင်ပါတယ်၊ နိုင်ငံရေးအကျဉ်းသား ၃၄ ယောက်အတွက် ပိုက်ဆံ ၃ သိန်း ၄ သောင်းနဲ့ ဂျာနယ် ၈၀၊ အထွေထွေစာအုပ် ၃၄ အုပ် လှူခဲ့ပါတယ်။ သာဓုခေါ်ကြပါခင်ဗျာ” တဲ့။ကိုဇာဂနာရဲ့လုပ်ရပ်ကိုတော့ ထောက်ခံပါတယ်၊ အကျဉ်းသားတွေကို သွားကူညီတဲ့ကိစ္စနဲ့ မင်းသားမင်းသမီး အနုပညာရှင်များက စုပေါင်းလှူဒါန်းမှုကို ဦးဆောင်စီစဉ်တဲ့ ကိုဇာဂနာရဲ့စာနာမှုကို လေးစားမိပါတယ်။

ဒါပေမယ့် ကိုဇာဂနာ သာယာဝတီထောင်မှာ အလိမ်ခံလိုက်ရတာပါ၊ အဲဒီ သာယာဝတီထောင်ပိုင်ကြီး ကျော် နိုင်ဆိုတာ ကိုဇာဂနာ ထင်သလို သဘောကောင်းသူ ဖော်ရွေသူမဟုတ်ပါဘူး။ ခဏလေး တွေ့ကြခိုက်မှာ ဟန် ဆောင်ပြီး ဆက်ဆံပြလိုက်တာပါ၊ အဲဒီထောင်ပိုင်ကြီးနဲ့ အကြာကြီး နေခဲ့သူတွေ သိကြပါတယ်။ နောက်ဆုံး သာယာဝတီထောင်က လွတ်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၂၉ ယောက်နဲ့ ကိုဇာဂနာ တွေ့ကြည့်လိုက်ပါ။ အဲဒီထောင်ပိုင်ကြီး ကျော်နိုင် ဘယ်လို ရက်စက်ယုတ်မာသလဲ၊ နိုင်ငံရေးအကျဉ်းသားတွေအပေါ် သူ့ရှေ့က တာဝန်ယူခဲ့တဲ့ ထောင်ပိုင်တွေလို ပြေပြေလည်လည် လေးလေးစားစား မဆက်ဆံဘူး ဆိုတာတွေ သိရမှာပါ။ ခဏတွေ့ရလို့ သဘောကောင်းဖော်ရွေတယ်၊ အဆင်ပြေတယ် ထင်ရတာပါ။ သူနဲ့ အကြာကြီး နေခဲ့သူတွေအ ပေါ် တော်တော်လေး အာဏာပြ အနိုင်ကျင့်ခဲ့တဲ့ အဖြစ်အပျက်တွေကတော့ ခံရသူများအဖို့ ဘယ်တော့မှ မေ့ လို့ရမှာမဟုတ်ပါဘူး။

“အဲဒီ ထောင်ပိုင် ကျော်နိုင်ရဲ့ အဆိုးဆုံးလုပ်ရပ်ကတော့ အကျဉ်းသားတွေ ကျန်းမာရေးအတွက် စေတနာရှင် ဦးအောင်မြတ်က ရေသန့်စက်ရုံတခု လှူထားတာကို အကျဉ်းသားတွေကို ရိုးရိုးရေပဲတိုက်ပြီး ရေသန့်ဘူးကြီးတွေကို အပြင်ထုတ် ရောင်းစားတဲ့ အလွဲသုံးစားမှုကို အရှက်မရှိ ကျူးလွန်နေတာပါပဲ။”

အဲဒီ သာယာဝတီထောင်ပိုင် ကျော်နိုင်၊ ဒု-ထောင်ပိုင် စောရစ်ချတ်၊ ရိက္ခာကိုင်တဲ့ ဒု-ထောင်မှူး ၀င်းလတ်၊ အ လုပ်ကြီးကိုင်တဲ့ ဒု-ထောင်မှူး ခင်မောင်မြင့်၊ တံခါးကြီးကိုင်တဲ့ ဒု-ထောင်မှူး မောင်မောင်ဌေးတို့ ပေါင်းပြီး မာ ဖီးယားဂိုဏ်းလို ဂိုဏ်းဖွဲ့ပြီး အနိုင်ကျင့်ကြလို့ သာယာဝတီထောင်ထဲက နိုင်ငံရေးအကျဉ်းသားအများစုနဲ့ ပြ ဿနာတွေ ဖြစ်ခဲ့ကြတယ်။

ထောင်ပိုင် ကျော်နိုင် သာယာဝတီထောင်ကို ရောက်ရောက်ချင်း နိုင်ငံရေးအကျဉ်းသားတဦးကို လမ်းမှာတွေ့ တာ သူ့ကို အရိုအသေ မပေးလို့၊ ထိုင်ပြီး ခေါင်းငုံမထားလို့ဆိုပြီး တိုက်ပိတ် ပြစ်ဒဏ်ချတယ်။ အဲဒီ နိုင်ငံရေးအ ကျဉ်းသားက သတင်းစာဆရာတဦးဖြစ်ပြီး သူ့အဖေအရွယ် ရှိပါတယ်။ ထောင်ထဲမှာ ရေးထားတဲ့ စာသား ဆောင်ပုဒ်တခုမှာတော့ (နယ်ချဲ့ကိုလိုနီစရိုက်ကိုဖျောက် - ပြည်သူ့အကျိုးကို စောင့်ရှောက်တဲ့) ကဲ ... အဲဒီ ထောင်ပိုင်ကြီးကတော့ ကိုလိုနီစရိုက်ကို မဖျောက်ချင်သေးဘူးလေ။ သူ့ကို အရိုအသေပေးမှတဲ့၊ မခက်ဘူး လား။



အဲဒီနောက် သာယာဝတီထောင်က နိုင်ငံရေးအကျဉ်းသားတွေထားတဲ့ (၁) တိုက်နဲ့ (၂) တိုက် အပေါ်ထပ်ကို ရွှေ့ဖို့ပြောတာကို မနာခံလို့ဆိုပြီး (၁) တိုက် (၂) တိုက်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်ကို တိုက်ပိတ် ပြစ်ဒဏ်ပေးပြန်ရော။ တစတိုက်လုံး လူအကုန်လုံးကို ပိတ်တာနော်။ အာဏာရှိတယ်ဆိုပြီး အနိုင်ကျင့်တာ မခံ နိုင်ကြလို့ ရဲသတင်းတပ်ဖွဲ့ကို တိုင်လို့ အဲဒီကိစ္စ ဖြေရှင်းပေးခဲ့တယ်။

အဲဒီ (၁) တိုက် (၂) တိုက်တွေက အပေါ်ထပ်တွေ ဆောက်ခဲ့တာ နှစ်တရာနီးပါး ကြာနေပြီဖြစ်လို့ အင်ဂျင်နီ ယာတွေက အန္တရာယ်ရှိနိုင်တယ်ဆိုပြီး သတ်မှတ်ထားလို့ နိုင်ငံရေးအကျဉ်းသားတွေက မနေရဲတာပါ။ ထောင် ပိုင်က ရောက်ရောက်ချင်းအာဏာပြတော့တာပဲ၊ တခြားထောင်ပိုင်တွေလို နိုင်ငံရေးအကျဉ်းသားတွေကို လေး လေးစားစား မဆက်ဆံဘူး။

နောက်တခါ ထောင်ပိုင်ကြီးတပည့် ဒု-ထောင်မှူး ၀င်းလတ်နဲ့ နိုင်ငံရေးအကျဉ်းသား စိုးညွန့်ဇော်(ပဲခူး) တို့ ပုံစံ ၀တ်စုံပြာ မ၀တ်တဲ့ကိစ္စနဲ့ စကားများကြတယ်။ ထောင်ပိုင်ကြီး အားကိုးနဲ့ သူ့တပည့် ၀င်းလတ်က နိုင်ငံရေး အ ကျဉ်းသား စိုးညွန့်ဇော်ကို လက်သီးနဲ့ ထိုးတယ်။ ပါးစပ်က ဆဲရေးတိုင်းထွာတယ်။ အဲဒီကိစ္စဖြစ်ပြီး နိုင်ငံရေးအ ကျဉ်းသား ဇော်လင်းဦး (ခ) မောင်ဇော် (ပဲခူး) နဲ့ ထောင်ပိုင် ကျော်နိုင်တို့ ပုံစံဝတ်စုံပြာ မ၀တ်တဲ့ကိစ္စ စကား များကြတယ်။ မောင်ဇော်ကို မချေမငံ ဆက်ဆံတယ်ဆိုပြီး တိုက်ပိတ်တယ်။ စိုးညွန့်ဇော်ကိုလည်း တိုက်ပိတ် တယ်။ တဆိတ်ရှိ တိုက်ပိတ်ဖို့ပဲ စဉ်းစားနေတဲ့ ထောင်ပိုင် ကျော်နိုင် ထောင်ထဲမှာ ပြဿနာ မဖြစ်တဲ့နေ့ မရှိ တော့ဘူး။

မောင်ဇော်နဲ့ စိုးညွန့်ဇော်အိမ်တွေက ထောင်ဝင်စာလာတော့ ထောင်ပိုင် ကျော်နိုင်နဲ့ ဒုထောင်မှူး ၀င်းလတ်တို့ မတရားလုပ်တဲ့ ကိစ္စတွေကို ပြည်ပအသံလွှင့်ဌာနတွေကို ပို့ခိုင်းတယ်။ အဲဒီကိစ္စတွေ ပါလာတော့ မောင်ဇော်နဲ့ စိုးညွန့်ဇော်ကို သီးခြားတိုက်ပို့ပြီး တိုက်ပိတ်လိုက်တာ တလကျော်တယ်။ အဲဒီလို အကျဉ်းသားတွေအပေါ် မ ကောင်းခဲ့ရုံမက အကျဉ်းသားတွေ မ၀တ၀ စားနေရတဲ့ ရိက္ခာတွေကိုလည်း ခိုးပြီးရောင်းသေးတယ်။ ရုံးချုပ်က ပေးတဲ့ ကုလားပဲအကောင်းတွေ ရောင်းပြီး ပိုးတိုးလောက်ကိုက် ကုလားပဲတွေ ချက်ကျွေးတယ်။ (ကုလားပဲ တွေ အပြင်မှာ ရောင်းတာ ၁၅ သိန်း ရတယ်လို့ သိရတယ်။)

အကျဉ်းသား ၁,၄၀၀ ကျော်အတွက် တနေ့စာ ချက်ပြုတ်ဖို့ ပေးထားတဲ့ ဆီ ၉ ပိဿာထဲက ၅ ပိဿာကို ခိုး ရောင်းပြီး ၄ ပိဿာပဲ ချက်ခိုင်းတယ်။ အသားစားနေ့တွေမှာတော့ တပိဿာ ကျပ်ငွေ နှစ်ထောင်နဲ့ ၀ယ်ရတဲ့ ငါးကို ကျွေးပြီး ရုံးချုပ်ကိုတော့ တပိသာ ကျပ်ငွေ ငါးထောင်နဲ့ ၀ယ်ရတဲ့ အမဲသား ကျွေးတယ်ဆိုပြီး စာရင်းပြ တယ်။

အလုပ်ကြီးမှာ ပရိဘောဂ လုပ်တတ်တဲ့ အကျဉ်းသားတွေရဲ့ လုပ်အားနဲ့ ပရိဘောဂတွေ လုပ်ခိုင်းပြီး အပြင်မှာ ထုတ်ရောင်းစားတယ်။ အကျဉ်းသားတွေကို မနားမနေ ပင်ပင်ပန်းပန်း ပူပူလောင်လောင်နဲ့ အုတ်ဖုတ်ခိုင်းပြီး တလုံး ၇၅ ကျပ်နဲ့ ရောင်းပြီး ရုံးချုပ်ကိုတော့ ၃၅ ကျပ် စာရင်းတင်တယ်။ အကျဉ်းသားတွေကို အဓမ္မလုပ်အား နဲ့ခိုင်းတဲ့ စပါးစိုက်ခင်းတွေက မျိုးကောင်းစပါးတွေကို ရောင်းပြီး အရည်အသွေးညံ့တဲ့ ဆန်နီတွေ ၀ယ်ပြီး အ ကျဉ်းသားတွေကို ကျွေးတယ်။ ရုံးချုပ်ကိုတော့ အကျဉ်းသားတွေ စပါးစိုက်ပြီး ကျွေးတယ်လို့ တင်ပြတယ်။

အဲဒီ ထောင်ပိုင် ကျော်နိုင်ရဲ့ အဆိုးဆုံးလုပ်ရပ်ကတော့ အကျဉ်းသားတွေ ကျန်းမာရေးအတွက် စေတနာရှင် ဦးအောင်မြတ်က ရေသန့်စက်ရုံတခု လှူထားတာကို အကျဉ်းသားတွေကို ရိုးရိုးရေပဲတိုက်ပြီး ရေသန့်ဘူးကြီး တွေကို အပြင်ထုတ် ရောင်းစားတဲ့ အလွဲသုံးစားမှုကို အရှက်မရှိ ကျူးလွန်နေတာပါပဲ။

ထောင်ပိုင်တပည့် ဒု-ထောင်မှူး မောင်မောင်ဌေးက ထောင်ဝင်စာလာတွေ့တဲ့ မိသားစုတွေကို နည်းပေါင်းစုံနဲ့ စိတ်ညစ်အောင်လုပ်ပြီး ငွေညှစ်တယ်။ ၀န်ထမ်းလေးတွေကို ပုံစံအမျိုးမျိုးနဲ့အနိုင်ကျင့်ပြီး ငွေတိုးချေးစားတယ်၊ ဒု-ထောင်ပိုင် စောရစ်ချတ်က အဆောင်တန်းစီး အခန်းလူကြီးတွေကို တစ်လနှစ်သိန်း ရှာခိုင်းတယ်။ ရဲဘက် စခန်းကို သွားချင်ရင် ပိုက်ဆံပေးရတယ်၊ မသွားချင်ရင်လည်း ပိုက်ဆံပေးရတယ်။ သွားချင်တဲ့လူက ပိုက်ဆံရှိ လို့ ငွေပေးပြီး မိသားစုနဲ့ နေလို့ရတယ်၊ အလုပ်လုပ်ချင်ရင်တာ မဟုတ်ဘူး။ မသွားချင်တဲ့ လူဆိုတာက ကျန်း မာရေး မကောင်းလို့၊ သာယာဝတီထောင်ဆိုတာ တချိန်တုန်းက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တာပါ။ ခုတော့ နာ မည်ဆိုးနဲ့တင်မကဘူး၊ ထောင်ပိုင် ကျော်နိုင်နဲ့ သူ့တပည့်တွေ ဆိုးကြလွန်းလို့ အရင်က အကျဉ်းသားအားလုံး အပေါ် စာနာစိတ်အပြည့်နဲ့ ကောင်းခဲ့ကြတဲ့ ထောင်ပိုင်ကြီး ဦးမင်းစိုး၊ ဦးသိန်းရွှေ၊ ဦးမင်းထူးကျော်နဲ့ ဦးကျော် စိုးတို့ကို တမ်းတသတိရနေကြတာ ကိုဇာဂနာတယောက် တဒင်္ဂအတွင်းမှာ အလိမ်ခံလိုက်ရတာကို ကျုပ်စိတ် မကောင်းဘူးဗျာ။

ဆက်ဖတ်ရန်...

လာမယ့် နိုဝင်ဘာလ၁၄ရက်နေ့မှာ ပြုလုပ်မယ့် ထူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ... (ဖိတ်ကြားစာ)

ဆက်ဖတ်ရန်...