မြန်မာ့ရေးရာ သတင်းပဒေသာ (၃၀-၁-၀၉)

- ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အန်အယ်လ်ဒီ၏ လူထုပန်ကြားချက်ကိစ္စနှင့် ပတ်သက်ပြီး အန် အယ်လ်ဒီ ဦးဝင်းတင်နှင့် ခေတ်ပြိုင်အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် ဆက်သွယ်မေးမြန်းချက် click

- ရွေးကောက်ပွဲကို မွန်နိုင်ငံရေးပါတီကြီးများ မထောက်ခံ၊ မွန်ပြည်သစ်ကို လက်နက်မချခိုင်းရန် တိုင်းမှူး အာမခံ click

- ရှမ်းခေါင်းဆောင် ဦးရွှေအုံး ရွေးကောက်ပွဲဝင်ရေး ပြင်ဆင်နေပြီ click

- ငွေဆောင်ကမ်းခြေ ဆိုင်ကယ်မစီးရ၊ ဧရာဝတီ ဒု-တိုင်းမှူး အမိန့်ထုတ် click

- ကြွက်နှိပ်စက်သည့် ချင်းပြည်နယ် ၂၀၀၉ ထိ ရိက္ခာစိုးရိမ်ရ click

- နေပြည်တော်မှာ ဘာဖြစ်လို့ နာဂစ်လိုလုပ်ချင်ကြပါလိမ့် (သတင်းဆောင်းပါး) click

- ရိုဟင်ဂျာ ပြဿနာအစ မြန်မာပြည်က click

- မီးပျက်၍ အိမ် ၂ လုံး မီးလောင် click

- ချင်းတောင်ပိုင်း မြို့နယ်များတွင် ရောဂါထူပြောလာဟု အန်ဂျီအိုပြော click

- မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဆိုတာ မရှိဟု စစ်အစိုးရပြော click

- ချိုတကူးနှင့် ဂုဏ်ရည်တူသူများ (ဆောင်းပါး) click

- အေရှားဝေါလ်ဆိပ်ကမ်းမှ ဘိန်းဖြူဖမ်းမိ click

- ဂါဇာနယ်ခြားဖွင့်ပေးဖို့ အစ္စရေးလ်ကို အမေရိကန်သံတမန် တောင်းဆို click

- အပိုဆုကြေး သန်းထောင်ချီယူခဲ့သည့် ဝေါလ်စတြိကုမ္ပဏီတွေ အိုဘားမား ရှုတ်ချ click

- အီလီနွိုင်းအုပ်ချုပ်ရေးမှူးကို ရာထူးကဖယ်ရှားရေး ပြည်နယ်အထက်လွှတ်တော် ဆုံးဖြတ် click

- မြန်မာပြည် စားနပ်ရိက္ခာလိုအပ်၊ ကုလသမဂ္ဂ သတိပေး (ဗွီဒီယိုသတင်း) click

- ကျသွားတဲ့ ငွေလဲနှုန်းနဲ့ ပိုအထိနာရတဲ့ မြန်မာ့စီးပွားရေး click

ဆက်ဖတ်ရန်...

ဒီချုပ်အတွင်း နှစ်ခြမ်းကွဲနိုင်ဟု စစ်အစိုးရပြော

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် နှစ်ခြမ်းကွဲထွက်ဖွယ်ရှိပြီး အုပ်စုတစုသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိမ့်မည်ဟူ၍ နအဖ တပ်မှူးများ အစည်းအဝေးမှတ်တမ်းတရပ်က ဆိုသည်။
ဒီချုပ်အတွင်း အကွဲအပြဲ ဖြစ်ပေါ်လာပြီး ဂိုဏ်းကွဲတခုသည် နောက်ထပ် နိုင်ငံရေးပါတီတရပ်အဖြစ် အမည်ပြောင်း၍ ရွေးကောက်ပွဲဝင်ဖွယ်ရှိသည်ဟု မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက အစည်းအဝေးတရပ်တွင် တက်ရောက်လာသော စစ်တပ်အရာရှိကြီးများကို ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်စိုးဝင်းက စစ်အစိုးရ၏ ဒီမိုကရေစီစနစ်သို့သွားရာ လမ်းပြမြေပုံနှင့် စပ်လျဉ်း၍မူ ရှေ့သို့ဤလမ်းကြောင်းအတိုင်း ဆက်သွားမည်ဖြစ်ကြောင်း အကောင်းပြောသွားသည်။သို့သော်လည်း ဒီချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကမူ ဒီချုပ်ကွဲမည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ ဖြစ်နိုင်ခြေမရှိကြောင်း ငြင်းဆိုသလို၊ စစ်အစိုးရက သူ့စိတ်ထဲဖြစ်ချင်သည်များကို ပြောနေခြင်းသာဖြစ်သည်ဟု ပြောဆိုလိုက်သည်။
"သူတို့က ဒီချုပ်ကို ကွဲစေချင်နေတာ" ဟု ဦးဉာဏ်ဝင်းက ပြောပြီး၊ ဒီချုပ်ကွဲမည်ဆိုသည့်သတင်းမှာ လုံးဝဖြစ်နိုင်ခြေ မရှိကြောင်းဖြင့်လည်း ငြင်းဆိုသည်။ ထို့ပြင် ဒီချုပ်အနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲကိစ္စကို သူတို့၏ အစည်းအဝေး အစီအစဉ်များတွင် ထည့်သွင်း၍ပင် မထားကြောင်းနှင့် စဉ်းစားရန်လည်း မလိုသေးကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။
"ရွေးကောက်ပွဲကိစ္စ ထည့်သွင်းဆွေးနွေးဖို့လိုတယ်လို့ ကျနော်တို့ မမြင်ပါဘူး" ဟု သူက ထပ်ပြောသည်။ မည်သို့ပင်ဆိုစေ လာမည့်ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ အဖွဲ့ချုပ်၏ ရပ်တည်ချက်ကို ဆွေးနွေးနိုင်ရန် ပြည်လုံးကျွတ် အစည်းအဝေးတရပ် ခေါ်ယူပေးရန် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များထံ မကွေးတိုင်း ဒီချုပ်အဖွဲ့ဝင်များက ယခုလ ၂ ရက်နေ့တွင် စာတစောင်ပေးပို့၍ တောင်းဆိုထားသည်ဟု ရေနံချောင်းမြို့နယ် ဒီချုပ် ဒု-ဥက္ကဋ္ဌ ဒေါ်ခင်စောဌေးက ပြောသည်။
"တပြည်လုံးက အဖွဲ့ချုပ်အဖွဲ့ဝင်တွေ တက်ရောက်နိုင်တဲ့ အစည်းအဝေးတရပ် ခေါ်ယူပေးဖို့၊ အဲဒီအစည်းအဝေးမှာ ၂ဝ၁ဝ ကို ဘယ်လို ရင်ဆိုင်ကျော်လွှားကြမလဲဆိုတာ ဆွေးနွေးဖို့ ကျမတို့ ပါတီဗဟိုကို စာရေးတိုက်တွန်းထားပါတယ်" ဟု ဒေါ်ခင်စောဌေးက မဇ္ဈိမကို ပြောသည်။
ပါတီဝင်များအနေဖြင့် ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် အဖွဲ့ချုပ်၏ ရပ်တည်ချက်သဘောထားကို ရှင်းလင်းစွာ သိလိုသည်ဟုလည်း သူမက ပြောသည်။ ပါတီခေါင်းဆောင်များဖြစ်ကြသော ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကျဉ်းချခံနေရစဉ်တွင် ယခင်ကလည်း အဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးရပ်တည်ချက် သဘောထားကို ရုတ်တရက် ပြောင်းပစ်ခဲ့သည့် မှတ်တမ်းရှိခဲ့ဖူးကြောင်း ဒေါ်ခင်စောဌေးက ပြောသည်။
"အရင်တုန်းကလည်း ဒီလိုပဲ။ ၁၉၉ဝ ရွေးကောက်ပွဲကို မဝင်ဘူးပြောတယ်၊ နောက်တော့ ဝင်ပြိုင်တယ်။ နောက်တခါ အမျိုးသားညီလာခံကို မတက်ဘူးပြောတယ်၊ နောက်တော့ သွားတက်တယ်" ဟု သူက ပြောသည်။ မည်သို့ပင်ဖြစ်စေ၊ ဤသို့ ပြည်လုံးကျွတ်အစည်းအဝေးတရပ် ခေါ်ယူပေးရန် တောင်းဆိုခြင်းသည် ပါတီတွင်း အကွဲအပြဲ ဖြစ်နေသည့် သဘောမဟုတ်ကြောင်းနှင့် ပါတီဝင်များသည် တခုတည်းသော မူဝါဒပေါ်တွင်သာ စွဲမြဲစွာ ရပ်တည်လုပ်ကိုင်နေကြကြောင်း ဒေါ်ခင်စောဌေးက ဆိုသည်။
ကမ္ဘာ့နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ဒီချုပ်ပါတီသည် ၁၉၉ဝ ခုနှစ်က ကျင်းပခဲ့သော မြန်မာနိုင်ငံ၏ နောက်ဆုံးရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ သို့သော် စစ်အစိုးရက အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်နေသလို၊ ပါတီခေါင်းဆောင် အများအပြားကိုလည်း ထိန်းသိမ်းခဲ့သည်။

ဆက်ဖတ်ရန်...

ချင်းတောင်ပိုင်း မြို့နယ်များတွင် ရောဂါထူပြောလာဟု အန်ဂျီအိုပြော

ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များမှ အိန္ဒိယ-မြန်မာနယ်စပ် အခမဲ့ဆေးခန်းသို့ လာရောက် ဆေးကုသသူ ၁၅ ဆကျော် မြင့်တက်လာကြောင်း အန်ဂျီအိုအဖွဲ့ တခုက ပြောဆိုလိုက်သည်။ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလအတွင်း မတူပီ၊ ထန်တလန်နှင့် ပလက်ဝမြို့များမှ လူနာ တထောင်ကျော်သည် မြန်မာနယ်ခြားနှင့် နီးကပ်စွာ တည်ရှိသော အိန္ဒိယပိုင် မီဇိုရမ်ပြည်နယ် မောလရဲ ကျေးရွာရှိ အခမဲ့ဆေးခန်းသို့ လာရောက်ကုသခဲ့ရာ ယခင်နှစ်အတွင်းက ပျှမ်းမျှအားဖြင့် တလလျှင် ၆၆ ဦးမှ မြင့်တက်လာခြင်း ဖြစ်သည်။

ဆေးခန်းကို Community-based Health Care Programme – CBHCP အဖွဲ့က ၂ဝဝ၆ ခုနှစ်ကတည်းက ဖွင့်လှစ်ထားခြင်း ဖြစ်ကာ ကနေဒါနိုင်ငံမှ ဒေါက်တာဆူး၊ အာမေးနီးယား ဆေးတက္ကသိုလ်တွင် ဆေးပညာသင်ယူနေသူ ချင်းအမျိုးသား ဒေါက်တာဆာဆာတိုလည်း လှည့်လည် ဆေးကုသပေးနေခဲ့သည်။

"စားသောက်စရာ မရှိတော့ လူတွေဟာ အာဟာရ ချို့တဲ့လာပြီး၊ ရောဂါဖြစ်ပွားမှု ပိုများလာတယ်။ ကျနော်တို့ ပြီးခဲ့တဲ့ လလယ်ပိုင်းက အခမဲ့ ဆေးကုပေးတဲ့အခါ ပြည်တွင်းကနေ လူပေါင်း တထောင်ကျော် လာကြတယ်။ အဲဒီမှာ ထူးထူးဆန်းဆန်း တွေ့ရတာက အဖျားလက္ခဏာမတွေ့ရပေမယ့် သွေးစစ်ကြည့်တော့ ငှက်ဖျားပိုး ပီအက်ဖ်ကို တွေ့ရတယ်" ဟု ကျန်းမာရေးမှူး ဆလိုင်းယူနီတီက မဇ္ဈိမကို ပြောသည်။

ရောဂါသည်အများစုမှာ အသက် ၄၅ နှစ်အောက်နှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်များ ဖြစ်သည်။သွေးအားနည်းရောဂါသည် ၂၁၉ ဦး၊ အကြောရောဂါတမျိုးဖြစ်သည့် ၻနမမပ ၻနမမပ ရောဂါသည် ၁၄၅ ဦး၊ သံကောင်ပိုးတွေ့ရှိသူ ၁၂၉ ဦး၊ ငှက်ဖျား ၁၉၅ ဦး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖြစ်ပွားသည့်ရောဂါသည် ၉၆ ဦးနှင့် ဖျားနာသူများပါဝင်သည်ဟုဆိုသည်။

လူကြီးများတွင် အစာအိမ်ရောဂါ၊ ကလေးသူငယ်များတွင် အာဟာရချို့တဲ့မှု ရောဂါ၊ ကိုယ်ဝန်ဆောင်များတွင် ကလေးပျက်ကျသည်များ တွေ့ရကြောင်း သူက ဆက်ပြောသည်။ မတူပီမြို့နယ်မှ ရွာသားတဦးက "ကျနော်တို့ရွာက ဆေးရုံနဲ့ အလှမ်းဝေးတယ်။ ကျန်းမာရေးလုပ်သားတွေလည်း မရှိဘူး။ အခုလို နယ်စပ်ဆေးခန်းမှာပဲ လာပြရတာ။ အခုလည်း သား မျက်စိလာပြတာ" ဟု ပြောသည်။ ၂ဝဝ၆ ခုနှစ်မှစ၍ ချင်းပြည်နယ်တွင် အစာရှာပါးမှုပြသာနာကြောင့် နောက်ဆက်တွဲဖြစ်လာရသည်ဟု ကျန်းမာရေးလုပ်သားအဖွဲ့က ဆိုသည်။

မောလရဲဆေးခန်း၏ မှတ်တမ်းအရ ချင်းပြည်နယ် အစာရေစာခေါင်းပါးမှု အကျိုးဆက်ကြောင့် ၂ဝဝ၈ ခုနှစ်အတွင်း မတူပီမြို့နယ်မှ လုံန်မာ၊ စဘောင်းသဲ၊ ဒါလင်း၊ တောလာလုံကျွဲ၊ ထန်တလန်မြို့နယ်မှ ခေါ်ပီးလူ၊ ဖာတလန်း၊ သေဆုံးသူ ၂ဝ ကျော်ရှိခဲ့ပြီး၊ အိန္ဒိယနယ်စပ်ကျေးရွာများဖြစ်သည့် ကျန်ပွီး၊ ကျီးလူး၊ မောလရဲများတွင် သေဆုံးသူပေါင်း ၃ဝ ကျော် ရှိခဲ့ကြောင်း သိရသည်။

ဆက်ဖတ်ရန်...

စုလွတ်မြောက်ရေး လူထုအားနဲ့ထောက်ခံဖို့ အန်အယ်လ်ဒီ တိုက်တွန်း

လက်ဖက်ရည်ဝိုင်းမှ လူစုလူဝေးနည်း ပုံစံမျိုးစုံနဲ့ ထောက်ခံကြ (ဦးဝင်းတင်)

(ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အန်အယ်ဒီ၏ လူထုပန်ကြားချက်ကိစ္စနှင့် ပတ်သက်ပြီး အန်အယ်ဒီ ဦးဝင်းတင်နှင့် ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် ဆက်သွယ်မေးမြန်းချက်)

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုတရပ်လုံးက အင်တိုက်အားတိုက် ထောက်ခံကြရန် အန်အယ်လ်ဒီက ပန်ကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကိစ္စကို လူထုအားနှင့် ထောက်ခံကြရန် အန်အယ်လ်ဒီက တိုက်တွန်းသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။အထူးသဖြင် ကုလအထူးကိုယ်စားလှယ် ဂမ်ဘာရီ မလာခင် ရက်ပိုင်းအလိုတွင် လူထုကြီးအား ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး ထောက်ခံရန် တိုက်တွန်းသည့်အတွက် စိတ်လှုပ်ရှားဖွယ်ဖြစ်သည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။

လူထုက ထောက်ခံရာတွင် လက်ဖက်ရည်ဝိုင်းမှာ ထောက်ခံစကားပြောသည့် အနိမ့်ဆုံးအဆင့်မှသည် လူစုလူဝေးဖြင့် ထောက်ခံသည့်နည်း စသဖြင့် နည်းမျိုးစုံ အဆင်ပြေသကဲ့သို့ ထောက်ခံနိုင်သော်လည်း မည်သို့ထောက်ခံရမည်ဟု တိတိကျကျ လမ်းညွှန်ရန် အန်အယ်လ်ဒီအတွက် အခြေအနေမပေးသေးဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ခေတ်ပြိုင်သို့ပြောသည်။

လူထုဘက်က မည်သို့ ထောက်ခံသင့်ကြောင်း ဗကပ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းအား ခေတ်ပြိုင်ကမေးရာ “ဒါဟာလူထုကြီးရဲ့ဆန္ဒနဲ့လည်းအညီဖြစ်ပါတယ်။ ဒါကြောင့် လူထုအနေနဲ့ အခါအခွင့်သင့်တော်တိုင်း ဒါကို ထောက်ခံကြောင်း ဖော်ပြသင့်တယ်လို့ထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တခုကို အတည်ပြုတော့မယ်ဆိုရင် အစိုးရတွေဟာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်တဲ့ဓလေ့၊ အစဉ်အလာရှိပါတယ်။

နအဖက သူတို့ တကယ်တမ်း သဘောထားကြီးကြောင်း၊ ဒီမိုကရေစီကို လိုလားကြောင်း ဖော်ပြချင်ရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရပါမယ်။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုတာဟာ ကျိုးကြောင်းဆီလျော်ရုံမက အချိန်အခါနဲ့လည်း ကိုက်ညီပါတယ်။ နအဖဟာ ဒီတောင်းဆိုချက်ကို မသိကျိုးနွံမပြုဘဲ လျင်မြန်တိကျစွာ အဖြေပေးသင့်ပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုသာမက ပြည်ပအတိုက်အခံအဖွဲ့အစည်း အသီးသီးကလည်း တပြိုင်တည်း ၀ိုင်းဝန်းထောက်ခံကြမည် ဆိုလျှင် ၀မ်းသာပါကြောင်း ဦးဝင်းတင်က ပြောသည်။

၂၀၀၄ ခုနှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး လူထုထောက်ခံလက်မှတ်စုဆောင်းရေး အန်အယ်လ်ဒီက နှိုးဆော်ခဲ့သော်လည်း မြန်မာစစ်အစိုးရ အာဏာပိုင်များက အမျိုးမျိုးနှောင့်ယှက်ခဲ့သည်။

ဆက်ဖတ်ရန်...