မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း

မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း

ဆက်ဖတ်ရန်...

နယူးယောက် ဆန္ဒပြသူများကို ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက ဝေဖန်

091011 Bty Bur Voice

ဆက်ဖတ်ရန်...

အီးမေလ်းအား ကြားဝင်ဖောက်ဖတ်နိုင်သော နေရာများ


ယနေ့ခေတ်အတွက် အင်တာနက်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်မှု့အပိုင်းမှာ အဓိကကျသော အပိုင်း၊ အခန်းကဏ္ဍက နေ ပါဝင်နေပါတယ်။ ဒါပေမဲ့ တိုးတက်လာတဲ့ နည်းပညာအလျှောက် အင်တာနက် နဲ့ အီးမေးလ်အသုံးပြုသူတိုင်း မိမိတို့အသုံးပြုသော နည်းပညာ အားသာချက် အားနည်းချက်တွေကို သိထားသင့်ပေသည်။ အီးမေလ်း လိပ်စာလေးတစ်ခုရိုက်ထည့်ပြီးပို့လိုက်တယ်.. ဒါပေမဲ့ အဲ့လိုပို့လိုက်တဲ့ မေးလ်ဟာ လူသန်းပေါင်းများစွာ သုံးနေသော အင်တာနက်ပေါ်မှာဖြတ်သန်းသွားလာနေကြတယ်။ ဒီလိုနေရာမှာ ကြားခံ Gateway, Server, Backbone, Segment တွေကိုဖြတ်သွားရတယ်။ ဒီအတွက် မိမိတို့သုံးနေတဲ့ မေးလ်တွေကို ကြားခံနေရာကနေ ၀င်ရောက် ဖောက်ကြည့်လို့ရတယ်ဆိုတာကို သိထားသင့်တယ်။


Internet Service Provider (ISP)
ISP ဆိုတာ မိမိတို့သုံးနေတဲ့ Network Traffic တွေအားလုံးကို အလွယ်တကွယ်စောင့် ဖမ်းနိုင်တဲ့နေရာပါ။ ကျွန်တော်တို့သုံးနေ network packet တွေဟာ ISP မှာတော့ Feed တစ်ခုထားခဲ့ရတာပဲ။ ဒီအတွက် မိမိတို့ရဲ့ မေးလ်အားလုံးကို ISP ဟာ လိုအပ်ရင်လိုအပ်သလို ၀င်ရောက် ကြည့်လို့ရတယ်။

Email Provider
မိမိအသုံးပြုနေသော မေးတွေအားလုံးကို အသုံးပြုနေသော မေးလ် provider တွေကနေ ၀င်ကြည့်လို့ရတယ်။ ဥပမာ - Gmail သုံးတယ် ဆိုရင်.. Gmail ရဲ့ Authorized person တွေက ကြည့်လို့ရတယ်။

Corporate Environment
တစ်ချို့လုပ်ငန်းကုမ္ပဏီ တွေက မိမိတို့ရဲ့ လုပ်ငန်းအတွင်း Data Document တွေ အမှားအယွင်းနဲ့ ၀န်းထမ်းတွေကိုစောင့်ကြည့်ရန် packet sniffer တွေကို Internal Network တစ်ခုလုံအတွက် ထားထားကြတယ်။

Hotel/Conference Center/Internet Café
Hotel/Conference Center တွေကနေ user တွေရဲ့ မေးလ်တွေကို intercept လုပ်လို့ရတယ်။ ဟော်တယ် တွေနဲ့ Conference Center တွေမှာ ၄င်းတို့ရဲ့ User တွေကို သတ်မှတ်ချက်အတိုင်း အသုံးပြုရအောင် Net ကိုထိန်းချူပ်ထားတယ်၊ ထို့အတူ Cyber Cafe တွေလည်းအဲ့အတိုင်းပဲ... ဒီနေရာမှာ တစ်ခုရှိတာက မြန်မာပြည်က Cyber Cafe တွေ တော်တော်များများက ၄င်းတို့ရဲ့ Server / Gateway Router တွေကို တိတိကျကျ လုံခြုံမှု့မပေးထားရင် အပြင်လူက ၄င်း server / Router ကိုဝင်ဖောက်ပြီး Network တစ်ခုလုံးရဲ့ Packet တွေကို Sniffing လုပ်ကာ အီးလ်မေးဖောက်နိုင်တယ်။

Housing Provided Connectivity
condominium and apartment complexes အချို့တွေမှာ ၄င်းတို့၏ အိမ်ရှင်၊ အိမ်ငှားတွေအတွက် Built-in High Speed Internet တွေကို ပေးသုံးကြတယ်။ ဒါက Hotel/Conference Center/Internet Café တွေတူပါတယ်။ အကယ်၍ ၄င်း Network မှာ Admin တစ်ယောက်က ညံ့ဖျင်းတာပဲဖြစ်စေ၊ Admin က ကြားဝင်ဖောက်တာပဲဖြစ်စေ ၀င်ရောက်နိုင်တယ်။

College Environment
College တွေမှာသုံးတာကို cable modems and other broadband technologies ‘shared local loop’ network model လို့ခေါ်ပြီးတော့ ၄င်းနေရာတွေမှာလည်း ကြားဝင်ဖောက်လို့ရတယ်။ ဒါကလည်း corporate networks interception နဲ့တူတယ်/

Local Loop Interception
အကယ်၍ မိမိရဲ့ အိမ်နားဝန်းကျင်မှာ သုံးနေတဲ့ လူတစ်ယောက်ရဲ့ Network နဲ့ Mail ကို interception လုပ်မယ်ဆိုရင် ပုံမှန်အားဖြင့်မလွယ်နိုင်ပေမဲ့ ၄င်း system ကိုဝင်ရောက်ဖို့ special hardware အနည်းငယ်တော့လိုတယ်။ ဒီလိုနေရာတွေမှာလည်း ၀င်ရောက်နိုင်တယ်။

MAN environment
ယခုအချိန်မှာတော့ MAN တွေကို ပြည်တွင်းအစိုးရအဖွဲ့အစည်းနဲ့ တွေလောက်ပဲ ကျယ်ကျယ်ပြန့်ပြန့်သုံးတာများတယ်။ ဒီလိုနေရာမှာလည်း မိတ်ဆွေတို့သုံးနေတဲ့ network ကို sniffing လုပ်လို့ရတယ်။

Wireless Network Access Point
Wireless Network ဆိုရင် များသောအား Wi-Fi ကိုပဲပြေးမြင်လိမ့်မယ်.. ဟုတ်ပါတယ်. ဒီလို Wi-Fi Wireless AP တွေကလည်း Interception လုပ်လို့ရတယ်။ ၄င်း Wireless တွင်၊ Wi-Fi, WiMAX, Bluetooth, GPRS, HSDPA စည်တို့လည်းပါဝယ်တယ်။

တကယ်တမ်းပြောရမယ်ဆိုရင် ဒါတွေတင်မကဘူး အများကြီးရှိသေးတယ်။ ဒါတွေက အဓိက နေရာတွေပဲ။

ဒီတော့ မိမိတို့ရဲ့ မေးလ်တွေကို ဘယ်သူမှ မ၀င်ဖတ်နိုင်အောင် လုပ်ဆောင်တဲ့ နည်းမရှိဘူး။ ဒါပေမဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ မိမိပို့လိုက်သော messages တွေကို Encrypt လုပ်ပြီးပို့ကာ ကြာဝင်ဖောက်ကြည့်လို့မရအောင် လုပ်ဆောင်ခြင်းသာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်။

မှတ်ချက်။ ။ဝဘ်ဆိုက်ဖိုရမ်တစ်ခုမှတွေ့ရှိရသည်ကိုပြန်လည်ဖြန့်ဝေပေးခြင်းဖြစ်ပါသည်။
ကိုတေ ပေးပို့သညိ။

ဆက်ဖတ်ရန်...

အမေရိကန်သမ္မတ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်အဖြစ် ရွေးချယ်ခံရ



နယူးဒေလီ ။ ။ အမေရိကန် သမ္မတ ဘားရက် ဟူစိန် အိုဘားမားကို နိုင်ငံတကာ သံတမန်ရေးနှင့် ပြည်သူချင်း ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုကြောင့် ၂၀၀၉ ခု ကမ္ဘာ့နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်အဖြစ် နော်ဝေအခြေစိုက် နိုဘယ်လ်ဆုချီးမြှင့်ရေး ကော်မတီက ယနေ့ ရွေးချယ်လိုက်သည်။

နျူကလီးယားကင်းမဲ့ရာ ကမ္ဘာကြီးအတွက် သူ၏ အမြင်နှင့် လုပ်ရပ်၊ နိုင်ငံတကာ ပဋိပက္ခများအပေါ် ဖြေရှင်းရာ၌ တွေ့ဆုံဆွေးနွေးရေးနှင့် ညှိနှိုင်းဆောင်ရွက်ရေးဖြင့် အလေးထားမှုကြောင့် ရွေးချယ်ရခြင်းဖြစ်ကြောင်း နိုဘယ်လ် ကော်မတီက ပြောသည်။


''ကမ္ဘာ့စိန်ခေါ်မှုများကို တုံ့ပြန်ရန်အတွက် ကျွန်ုပ်တို့အားလုံး ကျရာတာဝန် ထမ်းဆောင်ဖို့ အချိန်ကျရောက်နေပြီ''
ဟု မစ္စတာ အိုဘားမား၏ ပြောဆိုချက် မှန်ကန်ကြောင်း ကော်မတီက ယနေ့ထုတ် ကြေညာချက်တွင် ဖော်ပြထားသည်။

စစ်အစိုးရအပေါ် ချမှတ်လိုက်သည့် မူဝါဒအသစ်နှင့်ပတ်သက်၍ ၄၄ ကြိမ်မြောက် အမေရိကန်သမ္မတ အိုဘားမားကို မြန်မာ့အရေး စောင့်ကြည့်လေ့လာသူနှင့် စိတ်ဝင်စားသူ အများအပြားက ချီးကျူးကြသည်။

ယခင် အမေရိကန် သမ္မတ ဂျော့ဘွတ်ရှ်နှင့် မတူသော အိုဘားမားသည် စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများ ဆက်ထားပြီး အဆက်အဆံ ပြုလုပ်သွားမည်။

လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတွင် စစ်အစိုးရမှ တိုးတက်မှု ပြသနိုင်ပါက လိုက်လျောညီထွေရှိမည့် ပိတ်ဆို့မှုလျှော့ချရေးကို ပြုလုပ်သွားမည်ဖြစ်သည်။

သူသည် သမ္မတသက်တမ်း ထမ်းဆောင်ရင်း ကမ္ဘာ့နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိသည့် တတိယမြောက် အမေရိကန် သမ္မတ ဖြစ်လာသည်။ ယခင်က သမ္မတ ရုစဘဲ့ (၁၉၀၆ ခုနှစ်) နှင့် သမ္မတ သောမတ်စ် ဝူဒရို ဝဲလ်ဆွန် (၁၉၁၉ ခုနှစ်) တို့ ရရှိခဲ့သည်။

ထို့အပြင် သမ္မတဟောင်း ဂျင်မီကာတာ (၂၀၀၂ ခုနှစ်) နှင့် ဒုသမ္မတဟောင်း အယ်လ်ဂိုး (၂၀၀၇ ခုနှစ်) တို့လည်း ၎င်းဆု ရရှိခဲ့သေးသည်။

ဆက်ဖတ်ရန်...

ဆရာကြီး မင်းသုဝဏ်၏ မောင်ခွေးဖို့ ကဗျာကို အားကျ၍ စပ်ဆိုထားသည်လား မသိသော ကလေး သံပေါက် ကဗျာများ

> နိုင်ငံတကာသတင်းဆိုသည်မှ China Central Television (CCTV) ကိုဆိုလိုခြင်းဖြစ်သည်။

> အခြားနိုင်ငံမှ မိမိထံလာပါက "ဂါဝရပြုတွေ့ဆုံ"ရန်လာခြင်းဖြစ်
ပြီး ၊မိမိကသွားရသူဖြစ်ပါက "သွားရောက်တွေ့ဆုံ" ဟုသုံးစွဲရသည်။

> သတင်းကြော်ငြာနေစဉ် နောက်မှလူတစ်ယောက်စ နှစ်ယောက်စ မှအလုပ်ရှုပ်ဟန်ဆောင်ပြရသည်။ (ဥပမာ ကျောပေး၍တောင်ခြစ်မြောက်ခြစ်လုပ်နေရန်)

> နိုင်ငံခြားဇာတ်လမ်းဆိုသည်မှာ "တရုတ်" သို့မဟုတ် "ကိုရီးယား" ဇာတ်လမ်းများကို ကိုဆိုလိုခြင်းဖြစ်သည်။

> နိုင်ငံတော်အကြီးအကဲများသည် "လိုအပ်သည်များကိုဖြည့်စွက်မှာကြား၍ပြန်လည်ထွက်ခွာ" သွားသူများသာဖြစ်ကြသည်။

> ပြည်သူလူထုဆိုသည်မှာ "အဖြူနှင့်အစိမ်း" သို့မဟုတ် "အဝါရောင်ဝမ်းဆက်" သို့မဟုတ် "အပြာရောင်ဝမ်းဆက်" များသာ ဝတ်ဆင်ကြသည်။

> မြန်မာနိုင်ငံတော်သည် ကြီးမားလွန်းသဖြင့် နေ့မအားညမနား အနှစ်နှစ်ဆယ်နီးပါး တည်ဆောက်သော်လည်း "လမ်း၊တံတားများ ဆောက်၍မကုန်နိုင်။

> နိုင်ငံတော်၏အသုံးစရိတ် နှင့်ရသုံးမှန်းခြေငွေစာရင်း သည်ပြည်သူများအားထုတ်ပြန်ရန်မလိုအပ်ချေ။ (ဝါ) အသိပေးရန်မလိုအပ်။

> ယင်းသို့မထုတ်ပြန်သော်လည်း လမ်း၊တံတား၊ဆည်မြောင်း များဆောက်လုပ်ရာတွင်နိုင်ငံတော်မှစေတနာဖြင့်အကုန်အကျခံပေးနေရသည်။

> စစ်သားများပင်ဖြစ်လင့်ကစား နိုင်ငံတော်အကြီးအကဲများ သည် လယ်ယာလုပ်ငန်းမှအစ ပိဋိကတ်သုံးပုံး အဆုံး ကျွမ်းကျင်နှံ့စပ်ကြရာ ဝိနည်းတော်နှင့်အညီ နေထိုင်နိုင်ရန် ရဟန်းများအားညွှန်ကြားနိုင်သည်။

> မည်သည့်အခါမှ အစိုးရနှင့်ပြည်သူ သဘောထားကွဲလွဲမှုများမရှိသော်လည်း "ပြည်ပအားကိုးပုဆိန်ရိုး"ဆိုသည့်လူနည်းစု အတွက် မြန်မာ့အသံမှ "စစ်မှန်သောမျိုးချစ်စိတ်ဓာတ်" ဆိုသည့်ဖွင့်ဆိုချက်ကို လွှင့်ထုတ်ပေးနေရသည်။

> နိုင်ငံတော်အကြီးအကဲများ ဘုရားကျောင်းကန်တက်ခြင်း သည် သတင်းထူးဖြစ်သည်။

> ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမ များသည် ပညာရေး၏အရးပါပုံကို မသိကြချေ။ နိုင်ငံတော်အကြီးအကဲများက ရံခါမလပ် ပညာရေးသည်အရေးကြီးသည်ဟုမှာကြားရသည် ဟူ၏။

> အမြဲကြားရလေ့ရှိသည့်စကားလုံးများ"ဖွံ့ဖြိုးတိုးတက်လာခြင်း နှင့် အချိန်နှင့်တပြေးညီဆောင်ရွက်ခြင်း"

> အမြဲ မကြားရ သောစကားလုံးများ" စီးပွားရေးကျဆင်းခြင်း ၊ နှောင့်နှေးကြန့်ကြာ သွားခြင်း"

> မေးခွန်းနှင့်အဖြေ မှန်အောင်မဖြေ နိုင်ပါက ပြန်ကြားရေး ဝန်ကြီး ဖြစ်နိုင်သည်။
(မှတ်ချက်။ ဥပဓိ ရုပ်ကောင်းရန်မလို။)

ဆရာကြီး မင်းသုဝဏ်၏ မောင်ခွေးဖို့ ကဗျာကို အားကျ၍ စပ်ဆိုထားသည်လား မသိသော ကလေး သံပေါက် ကဗျာများ

> တစ်၊ နှစ် ကိုနာဂစ်၊
> သုံး၊ လေး လွတ်အောင်ပြေး
> ငါး၊ ခြောက် ရေထဲရောက်
> ခုနှစ်၊ ရှစ် မသာဖြစ်
> ကိုး၊ တစ်ဆယ် ဝဋ်ကျွတ်တယ်။
> ...........................................

> ဘယ်ကလာသလဲ။
> ဘယ်နယ်ကလဲ။
> အလယ်ကလူ
> အသားဖြူ၏။
> ခင်ဗျား အလှူ
> တပြား မရှုရ။
> ................................................

> အစားအစာ ဝါးစားပါ။
> အသား ပါသလား၊
> ငါး ပါသလား၊
> ဘီစကတ် ပါသလား၊
> ဘာပဲ ပါပါ ထားခဲ့ပါ။
> ...............................................

> ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန်
> ဒီဘက်ကမ်းက ဗိုက်ပိန်ပိန်
> အမိုး အကာမဲ့နေတဲ့
> မနှင်းတို့ အိမ်။
> .............................................

> ဖိုးရွှေကြီး ဖိုးရွှေကြီး
> အလွန်ယုတ်တဲ့ ဖိုးရွှေကြီး
> ဖိုးရွှေကြီးက မိုက်တိုင်ထူ
> ခွေးအကြီးနဲ့တူ
> တူပါသကွဲ့ မယုံငြား
> ဒီမှာကြည့်ပါလား။
> ............................................

> တနင်္ဂနွေ တနင်းလာ
> ဗိုက်မှောက် မျှော်နေတာ
> အင်္ဂါ၊ ဗုဒ္ဓဟူး
> ရောက်လု တဦးဦး။
> ကြာသာပတေး သောကြာ
> တစ်ယောက်မှ ပေါ်မလာ။
> စနေမှာ သေချာသွား
> ဘယ်သူမှမလာအား။
> ..........................................

> မုန်တိုင်းကို စက္ကူကပ်
> အကြံပက်စက် တို့အပေါ်တင်
> ပုလ္လင်ပေါ်က မျောက်မူး
> ဆင်းမလာတော့ဘူး . အာဏာရူး။
> အာဏာရူးကို ခွေးတွေယက်
> မှောင်မိုက်မှာ အူ
> အူသူတွေ အစာလုကြ
> ငါတို့ကိုဆွဲ . တွဲလဲ။
> တွဲလဲရယ် ငိုတိုင်း
> မိုးတောင်ကမှိုင်း . မုန်တိုင်း။
> ......................................................

> အလောင်းကလေးများ ဖွေးလို့စီ
> မြစ်ညှာရိုး တလျှောက်ဆီ။
> ရေပေါ်မှာ ဗိုက်ကြီးဖောင်း
> ငါတို့ ပူဆီဖောင်း။
> .....................................................

> ဘဘဝဝ ထလို့ က
> ဘဘနိုင်ပြီဗျ
> ကပါ ကပါ ဘဘရာ
> ဘဘခေတ်လေဗျာ
> မဲလိမ်တွေကို အမှန်ပြ
> ဘဘ အကြံပိုင်ပါ့။
> သူများတွေ မသာဖြစ်တာ
> ဘဘနဲ့ မဆိုင်ပါ
> မုန်တိုင်းတွေ ဘယ်လိုသည်းသည်း
> ဘဘနိုင်ဖို့ပဲ။
>
> ဘဘ ဝဝ စိတ်ဓါတ်ကျ
> အနောက်က Pressure ရ
> သူများအကူ မယူခဲ့တာ
> ဘဘ စေတနာ
> မလုပ်ပေးတာ တစ်ခုကလွဲ
> ဘဘ သတ္တိခဲ
> နိုင်ငံခြားငွေ မြင်သောအခါ
> ဘဘ စိတ်ပြောင်းလာ
> အားရ ပါးရ လာလှူကွဲ့
> ဘဘ အိပ်ထဲထည့်။
>
> ဘဘ ဝဝ ထပ်လို့က
> ဘဘခိုင်ပြီဗျ
> လုပါယက်ပါ ဘဘရာ
> ဘဘ ခေတ်လေဗျာ
> မြစ်ပြင်မှာတော့ အညှီတွေထ
> ပုပ်ပုပ်ပွပွ အနံ့အသက်ရ
>
> ဘဘကတော့ ဆက်လို့က
> ဘဘ ဘယ်တော့မှ ကလို့ မဝ။

ဆက်ဖတ်ရန်...

မြန်မာ့ရေးရာသတင်း များ( ၇- ၁၀-၀၉ )

- ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ယနေ့ ထပ်မံတွေ့ဆုံ click

- ဒီအယူခံကို ပယ်လိုက်တယ်ဆိုတာရဲ့ အဓိပ္ပာယ် (ဆောင်းပါး)
click

- အသစ်ထုတ်သည့် (၅,၀၀၀) ကျပ်တန် ငွေစက္ကူ ပြည်သူများအကြား မပျံ့နှံ့သေး click

- ဂျပန်သံရုံးအတွင်းဝန်နှင့် ဦးဝင်းတင် တွေ့ဆုံ
click

- မဲပေးဖို့ နီးလာလို့ မြန်မာနယ်စပ်မှာ တိုက်ခိုက်မှုတွေ ပိုများလာဖို့ရှိ click

- အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း စစ်ရေးပြင်ဆင်မှုများ ပြုလုပ် click

- ထိုင်း-မြန်မာနယ်စပ် အထူးစီးပွားရေးဒေသ တည်ဆောက်ရေး ကက်ဘိနက် အတည်ပြု click

- မြန်မာမှ အမေရိကန်ကုမ္ပဏီကို သတိပေး click

- အဆိုတော် တက္ကသိုလ်ထွန်းနောင် ကွယ်လွန် click

- တောင့်တသော ရင်ထဲက ညီညွတ်ရေး (ဆောင်းပါး) click

- မြန်မာ-ဘင်္ဂလာဒေခ်ျ့နယ်စပ် အခြေအနေ တဖြည်းဖြည်း ပိုမိုတင်းမာလာ click

- ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဧရာဝတီခရီးစဉ် ရွှေ့ဆိုင်း
click

ဆက်ဖတ်ရန်...

ရဲချုပ် ခင်ရီ သတင်း ဖိအားပေး ဖော်ပြခိုင်း



စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ သတင်းနှင့် ပတ်သက်ပြီး ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် စာပေစိစစ်ရေးက ဖိအားပေး ဖော်ပြခိုင်း ထားကြောင်း သိရှိရသည်။

လွန်ခဲ့သည့် အပတ် စက်တင်ဘာလ ၁ ရက်နေ့ထုတ် စစ်အစိုးရသတင်းစာများတွင် ရဲချုပ် ခင်ရီက ရန်ကုန်တိုင်း အတွင်းရှိ ရဲတပ်ဖွဲ့ စခန်းများကို ကြည့်ရူစစ်ဆေးနေသည့် သတင်း အချက်အလက်နှင့် ဓာတ်ပုံကိုပါ ဂျာနယ် များ တွင်ဖော်ပြရမည်ဟု ပြည်တွင်း သတင်းထောက်တဦးက ဧရာဝတီသို့ပြောသည်။

“သတင်းစာထဲမှာ ပါပြီးသား သတင်းကို ပုံနဲ့ စာနဲ့ မထည့်မနေရ ဂျာနယ်တိုင်း ဒီတပတ်ထွက် နောက်ဆုံးထွက်တဲ့ အထဲမှာ အကုန်လုံး ထည့်ပေးရတယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်းကဲ့သို့ ပုံနှိပ်ဖော်ပြခိုင်းသော သတင်းမှာ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ ခရိုင်ရဲတပ်ဖွဲ့များ၏ စိုက်ပျိုးရေးခြံ၌ စပါးစိုက်ပျိုးရေးနှင့် ၀က်၊ဘဲ၊ငါးမွေးမြူရေးလုပ်ငန်းများ၊ရဲတပ်ဖွဲ့များ ဆောက်လုပ်လျက်ရှိသော အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးမှုဖြစ်ကြောင်း သိရသည်။

ယင်း သတင်းနှင့် ဓာတ်ပုံကို ဂျာနယ်တိုင်းကိုထည့်ရန်အတွက် ဖိအားပေးခြင်းသည် ရဲချုပ် ခင်ရီ အထိန်းသိမ်းခံ ရသည်ဟူသော သတင်းကြောင့်ဖြစ်နိုင်သည်ဟု ရန်ကုန် စာနယ်ဇင်း အသိုင်းအ၀ိုင်းက သုံးသပ်နေကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလလယ်တွင် ရဲမှူးကြီး ၀င်းနိုင် လာဘ်စားမှုကြောင့် ရန်ကုန်တိုင်း အထူး စစ်ဆင်ရေး ကွပ် ကဲရေးအဖွဲ့(ကစထ) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက စစ်ဆေးခဲ့ပြီး နေပြည်တော်သို့ လွှဲပြောင်းစဉ် ရဲမှူးကြီး ဝင်းနိုင် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ယင်းအမှုနှင့် ပတ်သက်၍ ရဲချုပ် ခင်ရီကိုလည်း ဖမ်းဆီး စစ်ဆေးနေသည် ဟူသော ကောလာဟလများလည်း ထွက်ပေါ်နေသည်။

ရဲမှူးကြီးဝင်းနိုင်နှင့်အဖွဲ့ ဖမ်းဆီးထိန်းသိမ်းခံရသည့် ဖြစ်ရပ်သည် ၎င်း၏ဇနီး ဒေါ်မွှေးမွှေး ပိုင်ဆိုင်သော ကာရာ အို ကေဆိုင်တဆိုင်ကို ရန်ကုန်တိုင်း ရဲအထူးသတင်းတပ်ဖွဲ့(SB)က ဝင်ရောက်စစ်ဆေးစဉ် ရဲမှူးကြီး ဝင်းနိုင်က မကျေ နပ်သဖြင့် အချင်းများကြပြီး ၎င်း၏ လာဘ်စားမှုများ ပေါ်ပေါက်ခဲ့ရာမှ စတင်သည်ဟုသိရသည်။

ရန်ကုန် အဝေးပြေးကားဂိတ်အတွင်းရှိ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များ အပါအဝင် ရန်ကုန် တမြို့လုံးရှိ အနှိပ်ခန်း၊ ကာရာအိုကေ၊ နိုက်ကလပ်များအားလုံးမှာ ရဲမှူးကြီးထံသို့ တလလျှင် ဆက်ကြေး သဘော ကျပ် ၆ သိန်း ဝန်းကျင်စီ ပေးရလေ့ရှိကြောင်း ထို ဆိုင်ပိုင်ရှင်များနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ရဲမှူးကြီးဝင်းနိုင်အနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများနှင့် ပတ်သက်နိုင်သည်ဟု ရဲတပ်ဖွဲ့ အာဏာပိုင်များနှင့် နီးစပ်သူတဦးက ပြောသည်။ ရဲမှူးကြီး ဝင်းနိုင်သည် ရန်ကုန်တိုင်းရဲမှူးအဖြစ် တာဝန်မထမ်း ဆောင်မီက ရှမ်းပြည်နှင့် တရုတ်ပြည် နယ်စပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူတဦးဖြစ်ကြောင်း သိရသည်။

ဧရာဝတီသတင်း

ဆက်ဖတ်ရန်...

သူငယ်ချင်းတို့ရေ .... တွေ့ရင် အကြောင်းကြားပေးလိုက်ကြပါဗျာ






.ရှမ်းပြည်နယ်က ကျောင်းသူလေး
********************************


ဆက်သွယ်ရန်လိပ်စာ
ဦးစံဖူး+ဒေါ်အေးခမ်း
အမှတ် (၁၉/365 )၊ အဝေရာလမ်း
ဖုန်း-082-23367

လားရှိုးမြို့။ ။


တောင်ကြီးမြို့ မှ နန်းယမင်းဆိုတဲ့ကောင်မလေး ပျောက်နေလို့ ပါခင်ဗျာ..
ပျောက်သွားတာ ၄ ရက်မြောက်ရှိသွားပြီလို့ သိရပါတယ်
အဆောင်မှာ ဖျားလို့ တယောက်တည်း ကျန်နေရင်းကပျောက်သွားတယ်လို့ လဲသိရပါတယ် ..။
သူငယ်ချင်းတို့အနေနဲ့ ကိုယ်တိုင်မတွေ့ခဲ့ရင်တောင်
နီးစပ်ရာသူငယ်ချင်းတွေကို မျှဝေပေးဖို့ မေတ္တာရပ်ခံပါတယ် ။


**တစ်ယောက်အားဖြင့် မစွမ်းသော်လည်း ၊ စုပေါင်းအားဖြင့်
အောင်မြင်နိုင်မည်**ဟုမျှော်လင့်မိပါတယ် ။။



-- ကိုငယ်--

ဆက်ဖတ်ရန်...

စီးပွါးရေးပညာရှင်ဦးစိန်ဌေးနှင့်စကားပြောခြင်း

090930_u_sein_htay

ဆက်ဖတ်ရန်...

လှုပ်ရှားတက်ကြွသူ အမျိုးသမီး ၄ ဦး ဖမ်းဆီးခံရ


နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ အမျိုးသမီး ၄ ဦးအား ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်၌ ရဲများက ယခုလ ၃ ရက်နေ့တွင် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

ဒဂုံမြို့သစ် တောင်ပိုင်း မကွေး ပရိယတ္တိစာသင်တိုက်သို့ သီတင်းကျွတ် လပြည့်နေ့တွင် အတူတူဆွမ်းကပ် ပြန်လာသည့် ဒေါ်နော်အုန်းလှ (မှော်ဘီ)၊ မမြင့်မြင့်စန်း (ဒလ)၊ မချိုချိုလွင်က (သင်္ဃန်းကျွန်း)နှင့် မချို (တောင်ဒဂုံ) တို့ကို အထူးရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးကြောင်း မိသားစုဝင်များ အဆိုအရ သိရခြင်း ဖြစ်သည်။

“မနက်ပိုင်း ဈေးထွက်ပြီးတော့ မကွေး ပရိယတ္ထိ စာသင်တိုက်မှာ ဆွမ်းသွားကပ်တယ်။ နောက် ဈေးထဲမှာ ဈေးရောင်းနေရင်း အဖမ်းခံရတာ ဖြစ်တယ်” ဟု မချိုချိုလွင်၏ မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။


မချိုချိုလွင်၏ ဈေးဆိုင်သို့ ခေတ္တဝင်ရောက်ပြီး ပြန်ထွက်လာသည့် ကျန် ၃ ဦးကို စတင် ဖမ်းဆီးပြီးနောက် သူမကိုပါ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“မနော်နဲ့ မချို ၃ ယောက် ပြန်သွားတဲ့အချိန် ကားဂိတ်မှာ အဖမ်းခံရတာ။ နောက် မချိုချိုလွင်ကို ဈေးထဲမှာ ဈေးရောင်းနေတဲ့ အချိန်မှာ ပစ္စည်းတွေ လာသိမ်းခိုင်းပြီးတော့ SB (အထူးရဲသတင်းတပ်ဖွဲ့) နဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ခေါ်သွားတယ်။ သင်္ဃန်းကျွန်း ရယက (ရပ်ကွက်ကောင်စီ) ရုံးမှာ ၄ ယောက်လုံး ထားပြီး၊ SP နဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကားတွေ အဲဒီရုံးထဲမှာ အပြည့်ရှိတယ်” ဟု မချိုချိုလွင်၏ မိသားစုဝင်က ဆိုသည်။

အားလုံးကို သင်္ဃန်းကျွန်း ရယက ရုံးမှတဆင့် မည်သည့်နေရာသို့ ခေါ်ဆောင်သွားကြောင်း မသိရသေးသလို၊ မိသားစုဝင်များထံသို့လည်း အာဏာပိုင်များက ယခုအချိန်ထိ အကြောင်းမကြားသေးပါ။

ယခုလ ၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း တရားရုံး၌ ဒေါ်နော်အုန်းလှ ဦးဆောင်သည့် အင်္ဂါဆုတောင်း အဖွဲ့ဝင်များသည် အမှုကို ကြားနာရန် လာရောက်သူများကို အဝါရောင် နှင်းဆီပန်းများ လိုက်လံဝေငှပြီး နောက်တရက်တွင် အဖမ်းခံရခြင်း ဖြစ်သည်။

“ဆွမ်းကပ်သွားတယ်။ အပြန်မှာ အဖမ်းခံရတယ်။ အဲဒီကျောင်းကို ခရိုင်အာဏာပိုင်တွေ ဆွမ်းလာကပ်တာလည်း ရှိတယ်။ အာလုံး ဆွမ်းကပ်ပြီးအပြန် လမ်းမှာ အဖမ်းခံရတယ်” ဟု အင်္ဂါဆုတောင်းအဖွဲ့ဝင် တဦးက ပြောသည်။

အင်္ဂါဆုတောင်း အဖွဲ့သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဘုရားများသို့ အပတ်စဉ် အင်္ဂါနေ့တိုင်း သွားရောက်ကာ ဆုတောင်းဝတ်ပြုလေ့ရှိသည်။

အင်္ဂါဆုတောင်းအဖွဲ့ဝင်က ဆက်ပြီး “ဆွမ်းကပ်ရုံလေးနဲ့ ဖမ်းတာတော့ မဖြစ်နိုင်ဘူး။ အန်တီစု အယူခံကိစ္စနဲ့ ဖမ်းတာ ဖြစ်နိုင်တယ်။ ကျနော်တို့နဲ့ ချိန်းထားတဲ့ နေရာက တနေရာမှာ။ ဘုရားမှာ ဆုတောင်းပွဲလုပ်ဖို့ ချိန်းထားတာတော့ ရှိတယ်။ သူတို့ကို ဖမ်းသွားပြီဆိုတော့မှ သိရတာ ဖြစ်တယ်” ဟု ပြောသည်။

အားလုံးကို မည်သည့်နေရာတွင် ထားရှိသည်ကို မသိရသဖြင့် စိုးရိမ်နေကြောင်း မိသားစုဝင်များက ပြောသည်။

တက်ကြွ လှုပ်ရှားသူ အမျိုးသမီး ၄ ဦး ဖမ်းဆီးခံရသည့်နေ့သည့် သီတင်းကျွတ် လပြည့်နေ့ ဖြစ်သကဲ့သို့၊ မြန်မာသံဃာတော်များက စစ်အစိုးရ အာဏာပိုင်များအား ဘာသာရေးအရ အဆက်အဆံ မပြုလုပ်ရန် စတင်လိုက်သည် ဆိုသော တတိယအကြိမ်မြောက် ပတ္တနိကုဇ္ဇနကံဆောင်သည့် နေ့လည်း ဖြစ်သည်။
မဇ္ဈိမ သတင်း

ဆက်ဖတ်ရန်...

ရဲစခန်း အထွေထွေ ဗဟုသုတ(ကဲ … ယုံချင်ယုံ၊ မယုံချင်နေ) အပိုင်း - ၁




မြန်မာနိုင်ငံအတွင်းရှိ တရားစွဲ အဖွဲ့အစည်းများ အနက် ထင်ရှားသည့် အဖွဲ့အစည်းမှာ ဖမ်းဆီးမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထူးသတင်းတပ်ဖွဲ့နှင့် သာမန်မြို့နယ် ရဲတပ်ဖွဲ့ စခန်းများဟူ၍ တွေ့ရှိ နိုင်သည်။


တရားစွဲ အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် နိုင်ငံတော် ပြည်ထဲရေး ဝန်ကြီးဌာန၏ လက်အောက်ခံ အဖွဲ့အစည်း ဖြစ်ပြီး၊ နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် တပ်မတော်၏ ဒုတိယ အရံအင်အားဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အခွင့်သင့်တိုင်း မြှောက်ပင့် ပြောဆိုနေသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။


နိုင်ငံတော်၏ ပြည်တွင်း လုံခြုံရေးကို ဆောင်ရွက်နေရသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် နိုင်ငံတော်၏ ပံပိုးကူညီမှုကို အပြည့်အဝ ရရှိပါသလား၊ လိုအပ်သည့် ဘဏ္ဍာငွေကြေးကို စဉ်ဆက်မပြတ် ထောက်ပံ့ ကူညီပေးမှုများ ရှိသလား? ဆိုသည်မှာ စဉ်းစားရမည့် အချက်များ ဖြစ်လာသည်။မိမိတို့နှင့် လက်လှမ်းမှီသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လူတဦးတယောက် ဖမ်းဆီး ချုပ်နှောင်ပြီးပါက မည်ကဲ့သို့များ နိုင်ငံတော် ဘဏ္ဍာကို ခွဲဝေ သုံးစွဲပါသလဲ၊ အမှန်တကယ် ကျခံသုံးစွဲမှုများကော ရှိပါသလား ……။


သာမန် လူတဦးတယောက်ကို ရဲက ဖမ်းဆီးပြီးသည်နှင့် တပြိုင်နက်တည်း ဖမ်းဆီးခံရသူမှာ ဦးခေါင်းကို ဆင်နင်းသည်နှင့်မခြား ရှောင်လွှဲမရနိုင် သည့် အောက်ပါ ဒုက္ခများကို ရင်ဆိုင် ရပေတော့သည်။ပထမဦးစွာ ရဲစခန်းတွင်းသို့ ဝင်ရောက်ပြီ ဆိုသည်နှင့် အများပြည်သူ မြင်သာအောင် ရေးဆွဲထားသည့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ နောက်ဆက် တွဲစာတိုင် ၂ ပါ ရဲက အာမခံ ပေးနိုင်သည့်အမှုများ ဇယားတွင် မည်သို့ပင် ပါရှိစေကာမူ ရဲစခန်း အာမခံရဖို့အတွက် သက်ဆိုင်သည့် ရဲဝန်ထမ်းများ ကို အာမခံပေးရန်နှင့် မနှေးလျင်မြန်စွာ ဆောင်ရွက်ပေးရန် အတွက် လာဘ်ငွေပေးရသည်က ပထမဆုံး ရင်ဆိုင်ရမည်ဖြစ်သည်။


ထောင်ဒဏ် ၃ နှစ် အထက် ကျနိုင်သည့်အမှု ဖြစ်ပြီး ရဲက အာမခံ မပေးနိုင်သည့် အမှုဖြစ်သည်ဆိုပါက ဖမ်းဆီးခံရသူမှာ မလွဲမရှောင်သာ ရဲစခန်းရှိ အချုပ်ခန်းသို့ မြန်းရတော့မည် ဖြစ်သည်။ ရဲအချုပ်သို့ ရောက်ပြီ ဆိုသည်နှင့် ပထမဦးဆုံး ထိုသူ ရင်ဆိုင်ရမည့် ပြဿနာမှာ အချုပ်ခန်းအတွင်း မည်ကဲ့သို့ နေထိုင်ရမည်၊ မည်သည့် နေရာတွင် လှဲလျောင်းရမည် ဆိုသည့် အချက်ပင် ဖြစ်သည်။


အချုပ်ခန်းအတွင်း မိမိနေလိုသည့် နေရာတွင် မိမိရွေးချယ်၍ စိတ်ညစ်ပိုင်ခွင့် မရှိသည်မှာလည်း မြန်မာနိုင်ငံ အတွင်းရှိ ရဲစခန်းများ၏ ဓလေ့ ထုံးတမ်းတခု ဖြစ်သည်။မြန်မာနိုင်ငံ အတွင်းရှိ ရဲအချုပ်ခန်းများတွင် နှစ်ရှည် အမှုရင်ဆိုင်နေရသည့် သူများ၊ သို့မဟုတ် ရဲစခန်းကို မိမိအိမ်ကဲ့သို့ သဘောထားပြီး ပြစ်မှုကျူးလွန်တတ်သည့် သူများကို ရဲများက စည်းရုံးပြီး အချုပ်ခန်း လူကြီးအဖြစ် ခန့်ထားကာ အချုပ်ခန်းကို စီမံခန့်ခွဲစေသည်။


အချုပ်ခန်း လူကြီး၏ တာဝန်မှာ တနည်းအားဖြင့် ပြောရမည်ဆိုပါက ရဲစခန်းအတွက် နေ့စဉ် ကုန်ကျစရိတ်ကို ရှာဖွေပေး၊ စီမံဆောင်ရွက် ပေးရသည်။ ထိုကြောင့်လည်း ရံဖန်ရံခါ အခန်းလူကြီးများ၏ အနိုင်ကျင့်မှုကို ခံရသည့်သူများက တာဝန်ကျ ရဲအရာရှိကို တိုင်တန်းသည့်အခါ အရေးမယူဘဲ လျစ်လျူရှု ထားသည်ကို လည်း တွေ့ရမည်ဖြစ်သည်။ အခန်းလူကြီးအဖြစ် ခန့်ထားတာဝန်ပေးခြင်း ခံရသူအနေဖြင့် လူသစ်များ ဝင်လာပါက အခန်းဝင်ကြေးအဖြစ် ဖမ်းဆီးခြင်းခံရသည့် လူအပေါ် မူတည်ကာ ကောက်ခံသည်ကို တွေ့ရသည်။


ငွေများများ ပေးနိုင်ပါက အချုပ်ခန်း အတွင်း လဲလှောင်းရန် နေရာကောင်းကောင်းရမည် ဖြစ်သည်။ ငွေမပေးနိုင်ပါက အချုပ်ခန်း သန့်ရှင်းရေးနှင့် လူအများသုံးနေသည့် အိမ်သာသန့်ရှင်းရေးတို့ကို လုပ်ဆောင်ရမည် ဖြစ်သည်။ အခန်းဝင်ကြေး အဖြစ် ပေးရသည့် ငွေများအနက်မှ နေ့စဉ် အချုပ်ခန်းအတွင်းရှိ လူများ မျက်နှာသစ်ရန်နှင့် အိမ်သာသန့်ရှင်းရေး ပြုလုပ်ရန်အတွက် လိုအပ်သည့် ရေ ပုံမှန်ရရှိစေရန် အခန်းလူကြီးက စီမံဆောင်ရွက်ရသည်။


ရဲစခန်းအများစုသည် အချုပ်ခန်းအတွင်း သုံးစွဲရန် ရေပိုက်များရှိသော်လည်း ရေမလာပါ။ ထို့ကြောင့် ရဲစခန်းမှ ရေသယ်ပေးသည့် ရဲတပ်သားကို အကျဉ်းသားများက ငွေပေးရသည့် သဘောပင် ဖြစ်သည်။ ထိုကဲ့သို့ ပေးရသည့် အခန်းဝင်ကြေးထဲမှ မီးမလာသည့်အခါ ရဲစခန်းတာဝန်ကျသူများ အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ဖယောင်းတိုင်နှင့် ခြင်ဆေးခွေတို့ ဝယ်ယူရန် အကျဉ်းသားများထံမှ ရရှိသည့်ငွေများအနက်မှ အကုန်အကျခံရ သည်၊ စုပေါင်းထုတ်ပေးရသေးသည်။


ရဲအချုပ်နှင့် ရှိနေစဉ်အတွင်း နေစရာအတွက် အဆင်ပြေသွားပြီဆိုက နေ့စဉ်စားသုံးရန်အတွက် ပြဿနာကို ထပ်မံဖြေရှင်းရမည် ဖြစ်သည်။ ရဲက ဖမ်းဆီးထားသဖြင့် ရဲစခန်းက အချိန်တန်လျှင် ထမင်းကျွေးလိမ့်မည်ဟု ယူဆလျှင် မှားပေလိမ့်မည်။ အမေကမွေး၊ ထောင်ကကျွေးဟူသည့် ဆိုရိုး စကားမှာ ကိုလိုနီခေတ်က လက်သုံးစကားသာ ဖြစ်သည်။


ယနေ့ မျက်မှောက်ခေတ်နှင့် အံဝင်ဂွင်ကျမဖြစ်တော့။ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံနေရစဉ်အတွင်း နေ့စဉ် အသက်ရှင်နေထိုင်ရန် စားသောက်မှုအတွက် မိမိ အစီအစဉ်ဖြင့်သာ ဖန်တီးဆောင်ရွက် ရသည်။ ရဲစခန်းတွင် ချုပ်နှောင်ခံရသူများအတွက် စားသောက်စရိတ်ကို နိုင်ငံတော်က ကျခံသည့်ငွေမှာ မြို့နယ်မှူး၊ စခန်းမှူး၊ အရာရှိ၊ အရာခံနှင့် အချုပ်ခန်း ထမင်းချက်ကျွေးရန် ကန်ထရိုက်ရထားသည့်သူများက ဝေခွဲရယူပြီးဖြစ်သည့်အတွက် နေ့စဉ်ရရှိသည့် ထမင်းနှင့် ဟင်းလျာများက အချုပ်ခန်းအတွင်းရှိ သူများ၏ အရေအတွက်နှင့်အညီ လောက်ငပြည့်စုံမှု မရှိ။


ထို့ကြောင့် ဖမ်းဆီးခံရသူများ၏ နေအိမ်များမှ နေ့စဉ် ထမင်းပို့ခြင်း ဖြင့် ဖြေရှင်းရသည်။ ရဲစခန်း၏ လိုအပ်သည့် ဆောင်ရွက်ချက်ကို ကူညီဖြည့်ဆည်းပေးသဖြင့် ထမင်းပို့သည့်အခါ အလွယ်တကူ ဆောင်ရွက်၍ ရမည်ဟုထင်ပါက မှားပေလိမ့်မည်။ အချုပ်ခန်းစောင့် တာဝန်ကျရဲကို သဒ္ဒါကြေး သို့မဟုတ် စေတနာကြေး ပေးမှသာ မိမိပို့ပေးသည့် စားစရာထမင်းနှင့် သောက်စရာ ရေတို့ အဟန့်အတားမရှိ ရှောရှောရှူရှူ ရောက်မည် ဖြစ်သည်။


ထိုသို့ ပေးကမ်းခြင်းမပြုပါက မိမိပေးပို့သည့် စားစရာထမင်းကို စားလိုစိတ်မရှိသည့် အခြေအနေထိရောက်အောင် မွှေနှောက်ရှာဖွေခြင်း၊ အချိန်မတော်သည့် အချိန်မှ အချုပ်ခန်းအတွင်းသို့ ရောက်ခြင်း စသည့် ပြဿနာများကို ရင်ဆိုင်ရမည် ဖြစ်သည်။


ရဲစခန်းအုပ်ချုပ်သည့် နယ်မြေအတွင်း နေထိုင်သူဖြစ်ပါက အနည်းဆုံး တခေါက်လျှင် ငွေကျပ် ၅၀၀ စေတနာကြေးပေး ရမည်ဖြစ်ပြီး ရပ်ဝေးမှ တခါတရံ လာတွေ့သူများ ဖြစ်ပါက ငွေကျပ် ၁၀၀၀ အနည်းဆုံးပေးမှသာ အဆိုပါ စားသောက်သည့်ကိစ္စ ပြီးမြောက်မည် ဖြစ်သည်။


ထို့ကြောင့် တနေ့လျှင် အနည်းဆုံး ထမင်း ၂ ကြိမ် ပို့ရမည် ဖြစ်သည့်အတွက် အချုပ်သား တဦး တကြိမ်လျှင် ၅၀၀၊ တရက်လျှင် ၁၀၀၀ အနည်း ဆုံး ကုန်ကျခံမှသာ စားသောက်သည့်ကိစ္စ ပြီးမြောက်မည် ဖြစ်သည်။ အချုပ်ခန်းအတွင်း လူ ၁၀ ယောက်ရှိပါက တရက်လျှင် အနည်းဆုံး ၁၀၀၀၀ ကျပ်ကို အချုပ်ခန်းစောင့်သည့် ရဲက ရရှိမည် ဖြစ်သည်။


ထိုရရှိသည့်ငွေကို တဦးတည်းရသည်မဟုတ် ရာထူးကြီးစဉ်ငယ်လိုက် ခွဲဝေပေးရ ပြန်သည်။ ရဲတပ်သားများအနေဖြင့် ရရှိသည့် လစာငွေ မလောက်ငသည့်အတွက် လစဉ်စားဝတ်နေရေးကို လာဘ်စားမှုဖြင့် ဖြေရှင်းရန် မှတပါး အခြား နည်းလမ်းမရှိ၊ တနည်းအားဖြင့် ရွေးချယ်စရာမရှိပေ။


အမှုအခင်းဖြစ်လာပြီဆိုပါက အလွယ်တကူနှင့် ပြီးသည်မဟုတ် အနည်းဆုံး ၂ ပတ်မှ မခန့်မှန်းနိုင်သည့် ကာလအထိ ကြာမြင့်တတ်သည်။ အကျဉ်းထောင်ရှိသည့် မြို့နယ်များဖြစ်သည်ဆိုပါက အနည်းငယ် သက်သာသည်မှာ ရဲစခန်းတွင် ၂၄ နာရီ ချုပ်နှောင်ခံရပြီးပါက တရားရုံးသို့ တင်ပို့၊ တရားရုံးက အာမခံ မပေးနိုင်သည့် အမှုဖြစ်က ဆက်လက် ချုပ်နှောင်ထားရန် အကျဉ်းထောင်သို့ပို့၍ ချုပ်နှောင်စေသည့် အတွက် ရဲစခန်းတွင် ကုန်ရမည့် ငွေ သက်သာသည်ဟု ဆိုရမည်။


အကျဉ်းထောင်နှင့် မနီးသည့် အရပ်ဒေသများဖြစ်ပါက အမှုပြီးဆုံးသည်အထိ အထက်ဖော်ပြပါ ရဲစခန်းနှင့်သာ နှစ်ပါးသွား စခန်းသိမ်းရတော့မည် ဖြစ်သည့်အတွက် အထက်ဖော်ပြပါ ငွေကြေးများကို မရမက ရှာဖွေ အကုန်အကျ ခံရတော့မည် ဖြစ်သည်။စားသောက်မှုကိစ္စ ပြီးသွားသည်နှင့် စိတ်အေးရပြီဟု စိတ်နှလုံး ဒုံးဒုံးမချနိုင်သေးပါ။


အချုပ်ခန်းအတွင်း မိမိ တယောက်တည်း နေထိုင်ရသည် မဟုတ် အများနှင့် နေထိုင်ရသည်ဖြစ်၍ တကိုယ်ရေသန့်ရှင်းရေးသည် အရေးကြီးသည့် နေရာမှ ပါဝင်လာသည်။ တကိုယ်ရည် သန့်ရှင်းမှု မရှိက အမှုပြီးပြတ်၍ ရဲစခန်းမှ ပြန်ထွက်လာသည့် အချိန်တွင် ယားနာ၊ ဝဲနာတို့ဖြင့် ပြန်လည်ထွက်လာရမည် ဖြစ်သည်။ အနည်းဆုံး တပတ် ၇ ရက် တခါ ရေချိုး သန့်ရှင်းရေး လုပ်ရမည် ဖြစ်သည်။


အချုပ်ခန်းအတွင်း အချုပ်သားများ၏ ကျန်းမာရေးအတွက် နိုင်ငံတော်က ဆောင်ရွက်မပေးဟုဆိုပါက မှားပေလိမ့်မည်။ အချုပ်ခန်းအတွင်းရှိသူ များ ရေချိုးသန့်စင်ရန်အတွက် နိုင်ငံတော် ဝန်ထမ်း ရဲတပ်ကြပ်၊ တပ်သားများက ငွေပေးပါက စွမ်းစွမ်းတမံ ချိုးရေအတွက် ရေထမ်းပေးမည် ဖြစ်သည်။ ရေတပုံးကို မည်မျှပေးရမည် ဆိုသည်က ရေရရှိနိုင်သည့် နေရာနှင့် ရဲစခန်းရှိ အချုပ်ခန်း၏ အကွာအဝေးပေါ် မူတည် ပါသည်။


ရေထမ်းပေးသည့် ရဲဝန်ထမ်းများကလည်း လူသားများဖြစ်သည့်အတွက် လိုအပ်သည့် ခွန်အားရရှိရန်အတွက် အခကြေးငွေ တွက်ချက် ဆောင်ရွက် ပေးရခြင်း ဖြစ်သည်ဟု မေတ္တာပွားရုံမှတပါး အခြား ရွေးစရာ လမ်းမရှိပေ၊ ငွေကြေး မတတ်နိုင်သည့် သူများဖြစ်ပါက ရေမချိုးရုံသာ ရှိပေတော့သည်။ သို့မဟုတ်ပါက အချုပ်ခန်းအတွင်းရှိ လူအများ နေ့စဉ်သုံးစွဲနေသည့် အိမ်သာ သန့်ရှင်းရေးနှင့် အခန်း သန့်ရှင်းရေးတို့အတွက် လုပ်ကိုင် ဆောင်ရွက်ပေးမှသာ တကိုယ်ရည် သန့်ရှင်းရေး အတွက် ရေချိုးခွင့်ရမည် ဖြစ်သည်။


အချုပ်ခန်းအတွင်း အထက်ပါကိစ္စများအတွက် ငွေကြေး ကုန်ကျခံပြီးပါက အေးအေးဆေးဆေး အနားယူ၍ မိမိအမှုအားခုခံချေပရန် စဉ်းစားနိုင်ပြီဟု ထင်လျှင် မှားပေလိမ့်မည်။ ထူးဆန်းသည်ဟုပဲထင်ထင် လူအမျိုးမျိုး၊ အမှု အထွေထွေ ကျူးလွန်လာသည့် သူများဖြစ်သည့် အတွက် အချုပ်ခန်းအတွင်း လုံခြုံရေးအတွက် အလှည့်ကျ ကင်းစောင့်ရန်ကိစ္စကိုလည်း ရင်ဆိုင်ရဦးမည် ဖြစ်သည်။


ဖောက်ထွင်းမှုကို ကျွမ်းကျင်သူများက အချုပ်ခန်းဖောက် ထွက်ပြေးပါက မခက်ပါလား၊ ညအိပ်ရေးပျက်မခံနိုင်၊ ကင်းမစောင့်နိုင်သူဖြစ်ပါက အငှားကင်းစောင့်မည့် သူကို ထပ်မံငှားရမ်းဖို့ ငွေလိုပါသေးသည်။ ကင်းသမား၏ တာဝန်မှာ သိပ်ခက်ခဲလှသည်တော့ မဟုတ်၊ ၁၅ မိနစ် တကြိမ်၊ အချို့ရဲစခန်းများတွင် မိနစ် ၃၀ တကြိမ်၊ အချက်ပေး သံချောင်းခေါက်ပါက အခန်းတွင်း အခြေအနေကိုကြည့်ပြီး အချုပ်သား ဘယ်နှဦး၊ အခြေအနေအားလုံး ကောင်းပါသည်ခင်ဗျား ဟု အော်ဟစ်သတင်းပို့ရခြင်းသာ ဖြစ်သည်။


ကင်းစောင့်တာဝန်မှာ ၂ နာရီ ဖြစ်သည်။ အချုပ်ခန်း အတွင်းရှိ လူများပေါ် မူတည်၍ ကင်းတာဝန်ချထားသည့်အတွက် ရဲစခန်း တခုနှင့်တခု စီမံဆောင်ရွက်ပုံ မတူညီ၊ သို့သော် ကင်းတာဝန် ၂ နာရီမှာ တူညီသည်ကိုလည်း တွေ့ရမည် ဖြစ်သည်။ညတာဝန်ကျ ရဲများ တာဝန်ထမ်းဆောင်နိုင်စေရန်အတွက် မီးမလာပါက ဖယောင်းတိုင်၊ ညအချိန် ဖြစ်သည့်အတွက် အလုပ်လုပ်ရာတွင် အနှောင့်အယှက် မဖြစ်စေရန် အတွက်လည်း လိုအပ်သည့် ခြင်ဆေးခွေ စသည်တို့ကိုလည်း အချုပ်သားများ၏ ထောက်ပံ့မှုများဖြင့် ရဲဝန်ထမ်းများ က တာဝန်ထမ်းဆောင် နေရသည်ကို တွေ့ရမည် ဖြစ်သည်။


နေ့စဉ် စားသောက်ရန်ကိစ္စ၊ တကိုယ်ရည် သန့်ရှင်းရေးကိစ္စနှင့် ကုန်ကျစရိတ် အဝဝအတွက် ရဲစခန်းတွင် အချုပ်ခံ နေရစဉ်အတွင်း ငွေကြေး မတတ်နိုင်သူဖြစ်ပါက အနည်းဆုံး တဦးအတွက် တလလျှင် ငွေ ၅၀၀၀၀ ကျပ် ကုန်ကျမည် ဖြစ်ပါသည်။ ငွေကြေး အသင့်အတင့် တတ်နိုင်သူ ဖြစ်ပါက ထို့ထက်ပို ကုန်မည်ဖြစ်ပြီး၊ မြို့ပေါ် ရဲစခန်းများဖြစ်ပါက အထက်ပါ ငွေထက် ၂ ဆခန့် ကုန်ကျရမည် ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။


(အမှုအတွက် ကုန်ကျရမည့် ငွေများကို ဆက်လက်ဖော်ပြပါဦးမည်။)


ဆက်ဖတ်ရန်...

ဦးသန်းရွှေအား မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်ခြင်း

ABMA 5.10.09

ဆက်ဖတ်ရန်...

ကျပ် ၅၀၀၀ တန် ထုတ်ဝေမှုအပေါ် ပြည်သူများ စိုးရိမ်မကင်းဖြစ် (ရုပ်သံသတင်း)

မဇ္ဈိမသတင်းဌာန

ဆက်ဖတ်ရန်...

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချူပ် (ဗကသ) မှ ပြည်သူလူထုသို့  ပန်ကြားချက်။

bakatha 5

ဆက်ဖတ်ရန်...

တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်အား ပြည်တွင်းတွင် သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံမှ အောင်မြင်စွာ ကံဆောင်ဖြစ်။


မြန်မာပြည်တွင်းရှိ မြို့ကြီး ၉ မြို့ရှိ သိမ်များတွင် သံဃာအဖွဲ့ချုပ်- မြန်မာနိုင်ငံ အဖွဲ့ဝင် သံဃာ ၉၉ ပါးမှ ယနေ့ မွန်းလွဲ (၃) နာရီတွင် ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဖတ်ကာ သပိတ်မှောက်ကံဆောင် လိုက်ကြကြောင်း သတင်း ရရှိသည်။

ထို ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် နှင့် ပတ်သက်ပြီး သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ ၏ နိုင်ငံခြား ရေးရာ တာဝန်ခံ အရှင် ပါရမီခန္တီက ယနေလုပ်ဆောင်ခဲ့ တာကို ယခုလို ပြောပြပါတယ်။ ယနေ့ မွန်းလွဲ (၃) နာရီတိတိမှာ ဦးဇင်းတို့ သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ အဖွဲ့ဝင်တွေဟာ မန္တလေး ၊ ပြင်ဦးလွင် ၊ တောင်ကြီး ၊ပုဂံ ၊လားရှိုး ၊ကျောက်ဆည်၊စဉ်ကိုင်၊စစ်ကိုင်းနှင့်မုံရွာ မြို့တွေမှာ ရှိတဲ့ သိမ်တွေမှာ သံဃာ (၁၁) ပါးစီနဲ့ ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဖတ်ကာ ကံဆောင် လိုက်ပါတယ်။ထိုသပိတ်မှောက် ကံဆောင်တာကို ပြင်ပမှာ ရှိတဲ့ ၊ သိမ်ထဲကို မလာနိုင်တဲ့ သံဃာတွေကလည်း စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ လက်ခံလိုက်တဲ့ အတွက် ကံမြောက်သွားပြီ ဖြစ်ကြောင်း မိန့်ကြားပါသည်။

ထိုပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ပြုလုပ်ဖို့ သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ အဖွဲ့ဝင်တွေဟာ အာဏာပိုင်များ စောင့်ကြည့်နေတဲ့ ကြားထဲက လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း ၊ ယနေ့လှုပ်ရှားမှုတွင် သံဃာ တစ်ပါးမှ အဖမ်းအဆီး မခံရကြောင်း နှင့် နောက်ရက်တွေ ကစလို့ စစ်အစိုးရက သံဃာတော်တွေကို ၀န်ချတောင်းပန်သည်အထိ နောက်ဆုံး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး ဖြစ်လာရေးအထိ ဦးဇင်းတို့ လုပ်ဆောင်သွားကြမှာ ဖြစ်သည့် အတွက် လူတိုင်းလူတိုင်း အမှန်တရားဘက်က ရပ်တည်ပြီး ၀န်းရံပေးကြရန်” ဆက်လက်မိန့်ဆိုပါသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှု အရေးတော်ပုံ၌ ကျဆုံးသွားသော အာဇာနည်များကို ရည်စူး၍ ၁၉၉၀ ခုနှစ်တွင် မန္တလေးမြို့၌ လှူဒါန်းသော သံဃာ့ဒါန ဆွမ်းလောင်းပွဲကို စစ်အစိုးရ တပ်ဖွဲ့များက ပစ်ခတ်ဖြိုခွင်းရာတွင် သံဃာတော်များ ပျံလွန်တော်မူခဲ့သဖြင့် ပထမအကြိမ် သပိတ်ဆင်နွှဲ ခဲ့သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ (၅) ရက်နေ့တွင် ပခုက္ကူမှ သံဃာ (၅၀၀) ကျော်က ကုန်ဈေးနှုန်း ကျဆင်းရေး၊ တိုင်းပြည်အေးချမ်းရေး တို့အတွက် မေတ္တာပို့လမ်းလျှောက်ဆန္ဒပြခဲ့ရာ နအဖစစ်အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး သံဃာ (၃) ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက်နှက်ခဲ့သောကြောင့် သံဃာတော်များက စစ်အစိုးရကို ဒုတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ခဲ့ကြသည်။

ယခုတတိယအကြိမ် ကံဆောင် သပိတ်သည် အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသော သံဃာတော်များကို အမြန်လွှတ်ပေးရန်၊ ၂၀၀၇ ခုနှစ် စက်တင်ဘာ မေတ္တာပို့ ဆုတောင်းပွဲ၌ သံဃာတော်များ အား ဖမ်းဆီးသတ်ဖြတ်ထားမှုအတွက် ယခုလ ၂ ရက်နေ့ နောက်ဆုံးထား တောင်းပန်ရန် နအဖ စစ်အစိုးရအား သတိပေးထားသော်လည်း စစ်အစိုးရမှ ၀န်ချတောင်းပန်ခြင်းမရှိသည့် အတွက် တတိယ အကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင် ကြခြင်း ဖြစ်သည်။

ထို တတိယ အကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို မြန်မာပြည်တွင်းတွင် တပြည်လုံး အတိုင်းအတာ နှင့် စစ်အစိုးရမှ သံဃာတော်တွေကို ၀န်ချတောင်းပန်သည်အထိ နောက်ဆုံး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး ဖြစ်လာရေး အထိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ဟံသာဝတီ မှ သတင်း

ဆက်ဖတ်ရန်...

သတိသာထားကြပေတော့ ကျွန်ပွဲစားတို့ လာချေပြီ


သတိသာထားကြပေတော့ ကျွန်ပွဲစားတို့ လာချေပြီ
ရဲဘော် ကျော်သန်း


တချိန်တုန်းက ကျုပ်တို့အညာမှာ အလှူလုပ်ရင် ဖိတ်စာရယ်လို့ ဝေလေ့ ကမ်းလေ့ မရှိဘူး။ ရပ်ဝေးက ဆွေမျိုး မိတ်သင်္ဂဟတွေကို လက်ဖက်ထုပ်တန်သည်၊ ဆေးပေါ့လိပ်တန်သည် ကမ်းတယ်။ အနီးချုပ်စပ်က လေးငါး ဆယ်ရွာကိုတော့ သက်ဆိုင်ရာ ရွာဆော်တွေကပဲ ဗျိုးဟစ်ပြီး ရွာလုံးကျွတ် ဖိတ်လိုက်တယ်။ အားလုံးမီးခိုးတိတ် ထမင်းရေချောင်းစီးဆိုတော့ ကလေးရော ခွေးရော အကုန်ပါတာပေါ့။ ဒီတော့ ဗျိုးဟစ်သံကြားရင် ကလေးတွေ မြူးကြတယ်။ ကလေးတွေကို ကြည့်ပြီး၊ ခွေးတွေအူကြတယ်။ အလှူရက်ကို လက်ချိုးပြီး စောင့်မျှော်ကြတယ်။

ခွေးဆိုတာကလည်း သိတဲ့အတိုင်း သူ့နယ်ကိုယ့်နယ် သတ်မှတ်ပြီးနေတယ်။ တနယ်နဲ့ တနယ် ကူးလေ့မရှိကြ ဘူး။ နယ်ကူးရင် ကျူးရင် နယ်ခံခွေးတွေက ၀ိုင်းကိုက်ကြ၊ အမဲဖျက်ကြတာပဲ။ အဲ ... အလှူချိန်ရောက်ပြီဆိုရင် တော့ နယ်စည်းတွေပျက်ပြီ၊ သူ့နယ်ကိုယ့်နယ် ကူးကြပေမယ့် မကိုက်ကြတော့ဘူး၊ အမဲဖျက်တာတေ၊ွ ကိုက်ခဲ တာတွေ ရပ်စဲထားကြတယ်။ ခွေးငြိမ်းချမ်းရေး ပြောလည်းရတယ်။ ခွေးလွတ်ငြိမ်းချမ်းသာခွင့် ပြောလည်းရ တယ်။ အဲဒီအချိန်မှာ အစာလုကြရင်း “ဟီးကနဲ ဟန်းကနဲ” မာန်ဖီပြကြတာလောက်ပဲရှိတယ်။ အလှူနေ့ဆိုရင် တော့ အလှူအိမ်မှာ ရွာပေါင်းစုံက ခွေးအပျို၊ ခွေးထီးပျို၊ ခွေးအမေ၊ ခွေးသမီး၊ ခွေးအဖွား၊ ခွေးသား၊ ခွေးအဖိုး၊ ခွေးသူခိုး၊ ခွေးဂျပိုး၊ ခွေးကျိုး၊ ခွေးဖင်လိမ်နဲ့ ခွေးမြီးကောက်ပါမကျန် ခွေးပေါင်းစုံတို့ ညီလာခံကြတာပေါ့။ ရ တတ်သမျှ အရိုးအရင်းလေးတွေ လုကြယက်ကြနဲ့ ထမင်းကျွေးရုံမှာ တညံညံ တစီစီနဲ့ပေါ့။


အဲဒီမှာ အခွင့်သာတာက ရွာခံခွေးတွေပဲ။ သူတို့က စားလို့ဝလည်း ဆက်လုကြတယ်။ ရတာကို မြေထဲမြုပ်ထား ၀ှက်ထားတတ်တယ်။ ရွာခံမဟုတ်တဲ့ ခွေးများကတော့ အ၀စားပြီး ချီနိုင်သလောက်ချီပြီး ပြန်ကြတယ်။ အလှူ ပြီးလို့ လေးငါးဆယ်ရက်အထိတော့ ခွေးတွေက မြေထဲဝှက်ထားတာလေးတွေ ပြန်ဖော်ပြန်မြုံ့နဲ့ တကယ့်စည်း စိမ်ပေါ့၊ ဒါကြောင့် ပြောကြတယ်မဟုတ်လား မတော်မတတ်သူများ (တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ) တသက်တခါ လာဘ်လာဘရွှင်ကြရင် ‘ခွေး ဘုရားပွဲ တွေ့သလို’ ပဲလို့ ပြောကြတာ။

အခုလည်း ကျူပ်တို့ပတ်ဝန်းကျင်က အခြေအနေတွေက အဲဒီအညာက အလှူလာတဲ့ ခွေးတွေကို ပြန်ပြီးမြင် ယောင် သတိရစရာတွေဖြစ်လာတယ်။ ခွေးဆိုတာကတော့ အိပ်စားကာမလောက်သာသိတဲ့ အဟိတ်တိရိစ္ဆာန် ဆိုတော့ လှူရင် ကျွေးရင် စားမှာပဲ။ ဘယ်သူက လှူတယ်၊ ဘာကြောင့်လှူတယ်၊ ဘယ်လိုလှူတယ် ဆန်းစစ်မ နေဘူး။ ပြီးတော့ သူတို့က အလှူမှာ အဓိကအလှူခံပုဂ္ဂိုလ် ဖိတ်ကြားခံရသူမဟုတ်လို့ ရှက်နေစရာ၊ ဂုဏ်သိက္ခာ ငဲ့နေစရာ မလိုပါဘူး၊ စားကြွင်းစားကျန် အရိုးအရင်းလောက်နဲ့ကိုပဲ ကျေနပ်လှပြီ။

အခု ကျုပ်တို့ဝန်းကျင်ကတော့ လူတွေ ...။ လူတွေမှ ကိုယ့်ကိုကိုယ် ခေါင်းဆောင်လို့ ပညာတတ်လို့ ကြော်ငြာ နေတဲ့ လူတွေလေ ...။

တကယ်တော့ ဒီဇာတ်လမ်းတွေက ၂၀၀၃ ထဲက စတယ်လို့ ဆိုရမှာပါ။ ဒီပဲယင်း ယုတ်မာပတ်စက်မှုကြီးနဲ့ တံ တွေးခွက် ပတ်လက်မျောနေတဲ့ စစ်အုပ်စုက ထောက်လှမ်းရေးမှူး ဗိုလ်ခင်ညွန့်ကို ၀န်ကြီးချုပ်ခန့်၊ ဘုံခုနစ်ဆင့် လမ်းပြမြေပုံပြပြီး ထွက်ပေါက်ရှာတယ်။ ဒီဘုံခုနစ်ဆင့်ကို ကြည့်ပြီး ကျုပ်တို့ ပေါချောင်ကောင်း ခေါင်းဆောင် တွေဇောင်းလွှတ်တဲ့မြင်းလို ခြေတကြွကြွနဲ့ အတော်အူးမြူးတက်ကြွခဲ့ကြသေးတာပဲ။ (BSG) ခေါင်းဆောင် ဒေါက်တာဇာနည် နှာခေါင်းကျည်ပွေ့တွေ့သွားမှ ခြေငြိမ်သွားကြတာ။

အခုတော့ (၂၀၁၀) ရွေးကောက်ပွဲသံ ပိုပြီးတော့ကျယ်လာ နီးလာပြီးဆိုတော့ တချို့ ဣနြေ္ဒမဆည်နိုင်ကြတော့ ဘူး။ ရတတ်သမျှ မှိုတက်အတွေးအခေါ်တွေ ဖုံခါ၊ မီးကျိုးမောင်းပျက် သဘောတရားတွေထုတ်ပြီး ရွေးကောက် ပွဲဝင်ရေး စိုင်းပြင်းလာကြပြန်ပြီ။ အခွင့်အရေးဆို မစွန့်ပဲစားချင်ကြတာ ဓမ္မတာမို့ ကိုယ့်စားရိတ်နဲ့ ကိုယ့်လမ်းကို ရွေးကြတာကို ဘာမှမပြောလိုပါ။ ဆိုးချက်နာတာက ကိုယ့်လမ်းကို ဖြောင့်ဖြောင့်မသွားဘဲ ဟိုဆွဲဒီဖဲ့နဲ့ လူတ ကာကို ခေါင်းစပ်တူဝယ်ဖို့ ဆွယ်နေကြတာပဲ။ ဒေ၀ဒတ်က အဇာတသတ်ကလေးကို တတ်သမျှ မှတ်သမျှနဲ့ ဖျားယောင်းသလိုပေါ့။ တချို့ဆို ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ရပ်နေသူတွေကိုတောင် ခေါင်းမာသလေး၊ လက် တွေ့မကျသလေး ပုတ်ခတ်လိုက်သေးတယ်။

သူတို့ဟာက ရေနှောက်ငါးရှာ (Fishing in trouble water) သလို ပတ်ဝန်းကျင်ကို အဆိပ်မှိုင်းတိုက်ပြီး ကိုယ် ကျိုးရှာတာပါပဲ။ တော်လှန်ရေးစိတ်ဓာတ်၊ အတွေးအခေါ်တွေ မျိုးကန်းသွားအောင်၊ ကျိုးပျက်သွားအောင် အ ဆိပ်အတောက် အယူအဆတွေကို တွင်တွင်ဖြန့်တယ်။ အတော်ကို ယုတ်ကန်းပါတယ်။ စကားတခု ကြားဖူးကြ မှာပါ။ ပါးစပ်ထဲဝင်တဲ့ အဆိပ်က လူနဲနဲကိုပဲသတ်နိုင်တယ်။ နားထဲဝင်တဲ့ အဆိပ်ကတော့ တမျိုးလုံးကိုသတ်နိုင် တယ်။

အပြောတော့ အလွန်ကောင်း၊ တကယ့် ပါးပါးလေး။
‘ဖြစ်နိုင်တာ လုပ်တာနိုင်ငံရေးတဲ့’
‘မရှိရာကနေ တခုခုရှိလာတာ ကောင်းတယ်’
‘န၀တ/နအဖရဲ့ ( ဘုံခုနှစ်ဆင့် ) လမ်းကြောင်းအတိုင်းဝင်ပြီး တဖြည်းဖြည်းချင်း ပြောင်းယူမယ်’
စတဲ့ အဆင်ခြေတွေ စုံလို့ပဲ။

အမှန်တရားအတွက် တိုက်ပွဲဝင်ရာမှာ ဖြစ်နိုင်ခြေတွေ၊ အောင်နိုင်ခြေတွေ တွက်တာမရှိပါဘူး။ မြတ်စွာဘုရား ရှင်ကိုယ်တိုင်က အဓမ္မတရားနှင့် အသက်ရှင်ခြင်းထက် ဓမ္မတရားအတွက် အသက်စွန့်တန်စွန့်ရမယ်။ ဓမ္မနဲ့ အ သက်ရှင်တာမြတ်တယ်လို့ ဟောထားခဲ့တာပဲ။ အမှန်တရားဘက်က ရပ်တည်ရာ တိုက်ပွဲဝင်ရာမှာ ဖြစ်နိုင် ခြေကိုပဲတွက်ပြီးလုပ်တာ၊ အရူံးအမြတ်တွက်တာဟာ ဖဲသမားဉာဉ်နဲ့ အချောင်နှိုက်ချင်တဲ့ စိတ်ဓာတ် ပါ။ ဖြစ်နိုင်တာလုပ်မှ နိုင်ငံရေးဆိုတော့ နိုင်ငံရေးမှာ မှားမှား၊ မှန်မှန် ဖြစ်နိုင်မှလုပ်ကြ၊ မဖြစ်နိုင်ရင် မလုပ်နဲ့ ဒူး ထောက် အရှုံးပေးလိုက်ကြလို့ ကိုယ်နဲ့တူအောင် အမြီးဖြတ်တာပါပဲ။

ဒါကြောင့် ဒီစကားဟာ လူ့အဖွဲ့အစည်းတခုလုံးအတွက် မျိုးတုံး၊ မျိုးသုဉ်းသွားစေလောက်အောင် အ ဆိပ်သင့်တဲ့ ဖောက်ပြန်ရေး အတွေးအခေါ်ဖြစ်တယ်။ အမျိုးသားတရပ် ရှင်သန်ရပ်တည်ရေးအတွက် မရှိ မဖြစ်လိုအပ်တဲ့ တော်လှန်ဖောက်ထွက်ရဲတဲ့ အမျိုးသားဇာတိမာန်ကို ရိုက်ချိုးဖျက်ဆီးလိုက်တဲ့ အတွေးအခေါ် ဖြစ်တယ်။ ဖြစ်နိုင်ခြေတွေလောက်ကိုသာ တွက်ချက်လုပ်ခဲ့ကြမယ်ဆိုရင် ဒီနေ့ကျုပ်တို့လူအဖွဲ့အစည်းကြီးဟာ ကျောက်ခေတ်မှာပဲ ရှိနေဦးမှာပဲ။ နိုင်ငံရေးဘက်က ကြည့်ရင်လည်း ကျုပ်တို့ဗမာတွေဟာ ကမ္ဘာသုဉ်းတဲ့အထိ အင်္ဂလိပ်ကျွန်ဖြစ်နေဖို့ပဲ ရှိတော့တယ်။ လက်နက်ခြင်းမမျှဘဲ အင်္ဂလိပ်ကို တော်လှန်ခဲ့ကြတဲ့ ကျုပ်တို့ရဲ့ဘိုးဘွား ရှေးဦးတော်လှန်ရေးသမားကြီးတွေ၊ ဆရာစံနဲ့ လယ်သမားကြီးတွေကို ဘယ်လိုသမိုင်းတင်ကြမလဲ။ အချောင် သမားလမ်းစဉ်ကို မလိုက်ခဲ့ကြလို့ လူမိုက်ကြီးတွေလို့များ သမိုင်းတင်ကြဦးမလား။

တကယ်တော့
အမျိုးသားရှင်သန်ရပ်တည်ရေးတို့ ကြီးပွားရေးတို့ လွတ်မြောက်ရေးတို့ဆိုတာဟာ ရည်မှန်းချက်တခုကို ဓိဋ္ဌာန်ပြီး မျိုးဆက်တွေ တခုပြီးတခု လက်ဆင့်ကမ်းသွားရတဲ့ အမျိုးသားရေး တိုက်ပွဲပဲ။ ဖြစ်စဉ်တခုပဲ။


ဒီတော့ ရှင်းပါတယ်။ သူတို့ပြောနေတဲ့ ဖြစ်နိုင်တာလုပ်တာ နိုင်ငံရေးဆိုတာ စစ်အုပ်စုလိုချင်တဲ့ ပုံစံအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံပြီး ဗမာတွေ ကမ္ဘာသုဉ်းတဲ့အထိ စစ်ဓားပြကျွန်ခံကြလို့ သွေးဆောင်ဖြားယောင်းတဲ့ ကျွန်ပွဲစားလုပ်ရပ်ပဲ ဖြစ်တယ်။

သူတို့ပြောနေတဲ့ ခိုးကြောင်ခိုးဝှက် တမျိုး၊ ခြိမ်းခြောက်ဓားပြတိုက်လို့ တဖုံ ညစ်နည်းမျိုးစုံနဲ့ နာဂစ်မုန်တိုင်း ကြောင့် သေကြေခဲ့ကြရတဲ့ ပြည်သူတွေရဲ့ အရိုးပုံပေါ်မှာ အတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ကြည့်ပါဦး။ အဆင့်ဆင့် အုပ်ချုပ်ရေးဌာနတွေအပြင် လွှတ်တော်ထဲမှာ အမတ်လေးပုံတစ်ပုံကို ဓားပြတိုက် အပိုင်စီးထား တယ်။ သမ္မတက စစ်သား၊ ဒါမှမဟုတ် စစ်သားဟောင်းဖြစ်ရမယ်။ အရေးကြီးတဲ့ဝန်ကြီးဌာနတွေကို စစ်တပ်က ယူမယ်။ ဒါတောင် ဖင်မလုံနိုင်သေးတာနဲ့ လိုအပ်ရင် ဖွဲ့စည်းပုံတကျ စစ်တပ်က အာဏာသိမ်းနိုင်တယ်။ ပြီး တော့ အဲဒီဖွဲ့စည်းပုံကြီးကို စစ်ဓားပြအမတ်တွေ အပါအ၀င် လေးပုံသုံးပုံက သဘောတူမှ ပြင်ရမယ်တဲ့။

ကဲ .. ဘယ်မှာလဲ ပြည်သူတွေရဲ့ အခန်းကဏ္ဍ၊ ဘယ်မှာလဲ ဒီမိုကရေစီရဲ့အနှစ်သာရ။ လူထုဆန္ဒဆို တာဖွဲ၊ စစ် အာဏာရှင်စနစ်က တရွေးသားတောင် ပွန်းမနေဘူး။
ဒီလောက်ဖောက်ပြန်တဲ့ ဖွဲ့စည်းပုံကိုပဲ ဘာမှမရှိတာထက်စာရင် ကောင်းတာပေါ့ ဆိုပါလား။ ဘူးသီးကို ၀က်သားလို့ စာရေးပြီး ချက်စားလည်း ဘူးသီး က ဘူးသီးအရသာပဲ ထွက်မှာပဲ။ ၀က်သားအရသာ ဖြစ်မလာဘူး။ သားစဉ်မြေဆက် စစ်ကျွန်ခံကြဖို့ ဗြောင် ဆွယ်တာပါပဲ။ ဒီ့ ထက်ဖောက်ပြန်တဲ့ အတွေးအခေါ်တောင် ဒီလောက်ယုတ်ညံ့မှာမဟုတ်ဘူး။
လောကကြီး မှာ ရှိနေပေမယ့် မကောင်းတာတွေ ပြည့်လို့၊ အများကြီး။ ရှိသာရှိပြီး ဘာမှသုံးမရတဲ့အပြင် လော ကကြီးကို အနှောင့်အယှက်တွေ၊ ဆိုးကြိုးဒုက္ခတွေသာပေးတဲ့ စစ်အာဏာရှင်တွေအပြင် ဒီလောက် ဖောက်ပြန်တဲ့ သဘောတရားထုတ်ပေးသူတွေလည်း ပါတာပဲ။


ဒီသဘောတရားအတိုင်းဆိုရင် ကိုယ့်အသက်ကို ငွေနဲ့ရွေးပြီး ပြန်ရလာလို့ ပြန်ပေးသမားကို ကျေးဇူးရှင်အမှတ် နဲ့ ကိုးကွယ်ရမယ့်ကိန်း၊ ဒီကျွန်ပွဲစားသဘောတရား ဆရာကြီးတွေ အသုံးမကျတာက ကမ်းကုန်ရော၊ အရှိကို မရှိ အောင် ဖျက်ဆီးပြီးကာမှ ဘာမဟုတ်တဲ့ အတုအယောင်ကိုပေးလာတဲ့ အဖျက်သမားကို ကျေးဇူးတင်နေတဲ့ ဟန်၊ အညံ့ဖျင်းဆုံး ကျွန်ပွဲစားများပေတကား။

တကယ်ဆို ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲစနစ်နဲ့ ရွေးကောက်ခံအစိုးရဆိုတာ ဗမာပြည်မှာ ရှိပြီးသား။ ဒါကိုဖျက်ဆီး ပစ်ခဲ့တာ ဘယ်သူတွေလဲဆိုတာ ကလေးအစ ခွေးအဆုံး တလောကလုံး သိတယ်။ မသိတာက ကိုယ့်နေရာရဖို့ အရေး၊ လူရာဝင်ဖို့အရေးအတွက် အတ္တလောဘတွေ ပိတ်ဖုံးနေတဲ့ အချောင်သမား ကျွန်ပွဲစားတွေပဲဖြစ်တယ်။ စစ်တပ်စစ်ဦးစီးချုပ်အပါအ၀င် အချုပ်အချာအာဏာပိုင်တဲ့ တာဝန်ဝတ္တရားတွေကို ထမ်းရသူတိုင်း ပြည် ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံကို အသက်နဲ့လဲကာကွယ်စောင့်ရှောက်ပါမယ်လို့ ကျမ်းကျိန်သစ္စာပြုထား ကြရတာပဲ။ ဒီကြားကပဲ
“ငယ်ခါဆိုးသွမ်း ကြီးခါယုတ်မာ သေသော်တိုင်းပြည်ကို စစ်အာဏာရှင်ငရဲ ခန်းမှာထားခဲ့တဲ့ ၀ဲစားကြီး ဗိုလ်နေ၀င်း” ကစလို့ ဒီနေ့ခေတ်ထိ စစ်ခေါင်းဆောင် အဆက်ဆက်တို့ ပဲ၊ ဒီကျမ်းဒီသစ္စာတွေကို ဖောက်ဖျက်ခဲ့ကြတယ်၊ ဖောက်ဖျက်နေကြတယ်။


ဒီမဟာဗာလာနံ လူမိုက်အပေါင်းရဲ့ ကျေးဇူးနဲ့ပဲ မဟုတ်တာ၊ မတရားတာမှန်သမျှ ဗမာပြည်ထဲမှာ အကုန်ဖြစ် တယ်။ ဘုရားဗိုက်ဖောက်ခံရတယ်။ ကျောင်းသား၊ သံဃာတွေ လမ်းမပေါ်မှာ ရက်ရက်စက်စက် အသတ်ခံနေ ရတယ်၊ ယုတ်စွအဆုံး ဘုန်းကြီးရုပ်အလောင်းတောင် မီးဖုတ်စားခံနေရတယ်။ ဒီဗိုလ်ချုပ်တွေ၊ သူတို့အပေါင်း အပါတွေ တိုင်းပြည်ဘဏ္ဍာအရင်းအမြစ်ဟူသမျှကို ဓားပြတိုက်လုယက် ချမ်းသာနေသလောက် လူထုဘ၀က တော့ တကယ့်ကို နင်းပြား၊ ဖွတ်ကျောပြာစု ခရုဆံကျွတ်ဘ၀။ အဖြစ်ဆိုးလိုက်ပုံက သမီးမွေးတော့ ပြည့်တန် ဆာ သားမွေးတော့ သူခိုးပြာတာ၊ ကမ္ဘာ့အနှံ့မှာ ဗမာကူလီတွေရှိတယ်။ ဒါနဲ့များတောင် သူတို့ပါးစပ်က အမျိုး ဂုဏ် ဇာတိဂုဏ်မြင့်မားရေးလို့ မျက်နှာပြောင်တိုက် အော်နေတာပဲ။ ဒီလိုကျေးဇူးပြုခဲ့ကြတဲ့ လူမိုက်တသင်းကို တိုင်းပြည်နဲ့လူမျိုးအပေါ် ဆက်ပြီးအုပ်ချုပ်ခွင့်၊ အဓမ္မကျင့်ခွင့်ပြုထားတဲ့ ဖွဲ့စည်းပုံကို အချောင်သမားတွေကလွဲ လို့ ဘယ်သူမှလက်မခံဘူး။ ဥပဒေနည်းလမ်းတကျ စစ်ကျွန်ခံရတာကောင်းတယ်လို့ယူဆတဲ့ ကျွန်ပွဲစားတွေပဲ လက်ခံတယ်။

နောက်ကျွန်ပွဲစားတွေရဲ့ ဘနဖူး သိုက်တူးမယ်ဆိုတဲ့ မတော်လောဘ အပေါ်လွင်ဆုံးက သူတို့နဲ့ပေါင်းလုပ်ပြီး တဖြည်းဖြည်းချင်း ပြောင်းယူမယ့်ဆိုတဲ့ အယူအဆ၀ါဒမှိုင်းပဲ။ ပူးသတ်မယ် ပြောလိုပြော၊ ပေါင်းပြီးပြောင်း မယ် ပြောလိုပြော၊ တကယ့်ကို အမြီးအမောက် မတည့်လှပါဘူး။ လက်တွေ့ကတော့ နွားသိုးဂျိုမှာ နို့ညှစ်ကြ စို့လို့ ပြောသလိုပါပဲ။

ဗမာပြည်နိုင်ငံရေးမှာ ကိုလိုနီခေတ်၊ ဖဆပလခေတ်၊ စစ်အာဏာရှစ်များခေတ်၊ ခေတ်အဆက်ဆက်က လက် နက်ချ ဒူးထောက်အညံ့ခံသွားသူတိုင်း ဖန်တရာတေအောင် သုံးခဲ့ကြ၊ ပြောခဲ့ကြတဲ့စကားတွေ၊ ဆင်ခြေတွေပါ။ တကယ်ယုံ တကယ်ပြောပြီး တကယ်လုပ်ခဲ့ကြသူတွေလည်း ရှိကောင်းရှိမှာပါ။ ဒါပေမယ့် သူတို့ပြောသလို ဖြစ် ခဲ့တာတခုမှ မရှိခဲ့ဘူး၊ တယောက်မှပေါ်မလာဘူး။ အဲသလိုဆင်ခြေပေး အကြောင်းပြခဲ့ကြသူအားလုံး အုပ်စိုးသူ ဖောက်ပြန်ရေးသမားတွေနဲ့ ပူးပြီးပေါင်းမိခါမှ မထွေးနိုင် မမြိုနိုင်နဲ့ အဆုံးမှာ မိုးခါးရေ၀ိုင်းသောက်ကြရင်း သစ္စာ ဖောက် ကိုယ်ကျိုးရှာသမားတွေအဖြစ်နဲ့ နိဂုံးချုပ်သွားကြရတာချည်းပဲ။ လျှမ်းလျှမ်းတောက် ခေါင်းဆောင်ကြီး တွေဖြစ်ကြတဲ့ ဘကြီးဘဖေတို့ သခင်စိုးကြီးတို့တောင် ဒီလိုပဲဇာတ်သိမ်းသွားရတာ။

ဒီစစ်ဒီလူညစ်တွေရဲ့ ခေတ်နဲ့စနစ်က ဟိုအရင်အာဏာရ ဖောက်ပြန်ရေးသမားတွေထက်ပိုဆိုး၊ ပိုပြီးဗြောင်ကျ ကျ ဖောက်ပြန်တယ်။ မရှိတာထက် ရှိလာတာကောင်းပါတယ်လို့ ကျွန်ပွဲစားကြီးတွေ မွှန်းနေတဲ့ ၂၀၀၈ ဖွဲ့စည်း ပုံက စစ်အာဏာရှင်စနစ်ကို အတိအကျ ပြဌာန်းထားတဲ့အပြင် ပြင်ဆင်လို့မရအောင် ယိုပေါက်မရှိပိတ်ဆို့ထား တယ်။ ဒါကြောင့် ပူးသတ်မယ် ပေါင်းပြီးပြောင်းမယ်ဆိုတဲ့ ကျွန်ပွဲစားတွေကလည်း ဟိုးအရင်ခေတ် ဖောက်ပြန် ရေးသမားတွေထက် ပိုပြီးဗြောင်ကျတယ်၊ အရှက်သိဏ္ခာမဲ့တယ်။ မတော်ရာမှာ သတ္တိထူးပါပေတယ်လို့ ချီးကျူး ရမယ်။

အဲဒီအထဲမှာ တော်လှန်ရေးနဲ့ သူဌေးဖြစ်နေကြတဲ့ ကျုပ်တို့ရဲ့ အဝေးရောက် ခေါင်းဆာင်ကြီးတွေလည်းပါတာ ပဲ။ အမြီးပြတ်ချင်း လက်တို့ဝိုင်းထိုင်ပြီး အပေါစား မိန်းမပျက်လို ဟိုဟာလှန်ပြ ဒီဟာလှန်ပြနဲ့ ရန်သူစစ်အုပ်စုကို မျက်စပစ်တယ်၊ မြှူတယ်။ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမိန့်တွေချ၊ ထောင်တွေချနေချိန် မှာပဲ စစ်အုပ်စုကို ရင်ကြားစေ့ရအောင်ဆိုပါလား။ သြချလောက်တဲ့ စိတ်ကူး။ ဒေါ်အောင်ဆန်းစုကြည်ထမီခြုံ လို့ကောင်းစားနေသူတွေက ဒေါ်အောင်ဆန်းစုကြည်အရေး တရွေးသားတောင် ထည့်မစဉ်းဘူးဆိုတာ ဒီမှာပေါ် တာပါပဲ။ ဒီအမြင် ဒီစိတ်ဓာတ်လောက်နဲ့ ကျွန်စုပ်တဲ့ သရက်စေ့လိုဖြစ်နေတဲ့ ပြည်သူတွေကို ကယ်တင်မယ်၊ အလုပ်အကျွေးပြုမယ်ဆိုပါလား အရပ်ကတို့ ...။

စကားရွေးပုံ ဆင်ခြေပေးပုံလေးကတော့ တိုးတက်လာသလိုပဲ။ ဘာတဲ့ မုန်လာဥပြတုတ်ပြ စည်းရုံးရေးတဲ့။ ကောင်းပါတယ်၊ ပြစရာနှစ်ခုလုံး ရှိရင်ပေါ့။ ဒါပေမယ့် ဘယ်မှာလဲ ပြစရာတုတ်၊ တုတ်နဲ့တူတာလည်း တခုမှ မ တွေ့။ ဒီတော့ ပြစရာ မုန်လာဥပဲ ရှိတော့မပေါ့။ မုန်လာဥပြရတာနဲ့တင် မလုံလောက်လို့၊ အားမရကြလို့ မတော် လုံချည်လှန် နောက်ခိုင်းပြကြရင်ဖြင့် အတွေးနဲ့တင် မမြင်ဝံ့စရာ။ တွေးပြီးသာ ရှက်နေရတာပါ၊ ပြတောင်ပြပြီးပြီ လား မသိနိုင်ဘူး။

တကယ်တော့ ဒီခေါင်းဆောင်ကြီးတွေပဲ တော်လှန်ရေးကို အင်ဂျီအို ( NGO) တွေရဲ့ ငွေဝယ်ကျွန်ဖြစ်အောင် လုပ်ခဲ့ကြတာ။ သူတို့ဆောင်ပှဒ်က ရှင်းရှင်းလေး။ တိုင်းပြည်အတွက် တော်လှန်ရေးအတွက် အကျိုးရှိရှိ၊ မရှိရှိ အင်ဂျီအို ကြိုက်တာအကုန်လုပ်၊ အင်ဂျီအို မကြိုက်တာ အကုန်ဖြုတ် ဒါပဲ။ အင်ဂျီအိုတွေကြားက မှတ် ချက်တခု ကြားမိတယ်။ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်က အဖွဲ့တွေက သူတို့နဲ့ကိုက်တဲ့ ပရောဂျက်မှ လုပ် တာ၊ ဗမာအဖွဲ့တွေက ပိုက်ဆံပေးရင် ဘာပရောဂျက်ခိုင်းခိုင်း အကုန်လုပ်တယ်တဲ့။ ပြောလည်း ပြောလေစရာ။ ဗမာအဖွဲ့တခုကဆို ပိုက်ဆံပေးလို့ ဗွီဒေး (V Day - Virgina Day ) ဆိုလား လုပ်ဆိုပဲ။ ကျုပ်တို့လည်း ခပ်ရွတ် ရွတ် ကိုရင်ကြီးတပါးလို “ဣတ္ထိဗီဇံ အဟံ ၀န္ဒာမိ” ဆိုပြီး ၀င်ရောရမလားပဲ။

ဒါကြောင့် သူတို့အနှစ် (၂၀) လုပ်ခဲ့သမျှ ပြစရာ နတ္တိ။ ဇကာကုံးနဲ့ ရေခပ်တာမှ ရနိုင်စရာရှိသေးတယ်။ သတ်ပုံ တောင်မမှန်တဲ့သူက ပညာရေး မူဝါဒတွေချ၊ သင်ရိုးတွေဆွဲ၊ ပုဒ်ထီးပုဒ်မ မကွဲတဲ့သူက ဖွဲ့စည်းပုံရေးလိုရေး။ အ ခုလည်း ရွေးကောက်ပွဲဝင်ရေး၊ စစ်ကျွန်ခံဖို့အရေး ကျွန်ပွဲစားလုပ်နေကြပြန်ပြီ။ စေတနာကမမှန်၊ တွေးခေါ်ပုံက မဟန်၊ ဟန်ကိုက မဟန်၊ လက်လန်လောက်ပါပေရဲ့။

ကျွန်ပွဲစားတွေပြောနေတဲ့ ပေါင်းပြီးပြောင်းမယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် အိန္ဒိယကို နမူနာထားကြည့်ပါ။ အိန္ဒိယ ပါလီမန်လွှတ်တော်မှာ အမတ်ဦးရေ (၅၄၇) ယောက်ရှိတယ်။ လူနည်းစုတွေအတွက် အထူးရာထားတဲ့ (၄) ယောက်ကို သမ္မတက တိုက်ရိုက်ခန့်တာကလွဲရင် ကျန်တာအားလုံး လူထုမဲနဲ့ ရွေးကောက်တယ်။ အစိုးရဖွဲ့နိုင် ဖို့ဆိုရင် အနည်းဆုံး အမတ် (၂၇၂) ယောက်ရှိဖို့လိုတယ်။ ၁၉၉၀ ခုနှစ် နောက်ပိုင်းရွေးကောက်ပွဲတွေမှာ အ မတ်အများဆုံးရတဲ့ ပါတီက အမတ် (၂၀၀) တောင် မပြည့်ဘူး။ ဒီတော့ အတွေးအခေါ် ရပ်တည်ချက်တူတာ မတူတာ ဘေးချိတ်ပြီး ညွန့်ပေါင်းဖွဲ့ကြရတယ်။ တချို့ညွန့်ပေါင်းဝင် ပါတီအချင်းချင်းရဲ့ အတွေးအခေါ်တွေက ဆန့်ကျင်ဘက်တွေ။ ဒီတော့ ညွန့်ပေါင်းအစိုးရတွေဟာ တိုင်းပြည်တည်ငြိမ်ရေး၊ ဖွံဖြိုးရေးအတွက် စီမံဆောင် ရွက်ရတာထက် အစိုးရတည်ငြိမ် တည်မြဲဖို့ လုံးပမ်းနေရတာနဲ့ပဲ အချိန်ကုန်ရတယ်။ အရေးပါတဲ့ ပြုပြင်ပြောင်း လဲရေးတွေလုပ်ဖို့၊ ဥပဒေပြုဖို့ဆိုတာ ဝေးလာဝေးပဲ။

သိကြတဲ့တိုင်း ပါလီမန်ဒီမိုကရေစီဆိုတာက (Number Game) ကိန်းဂဏန်းတွေ ကစားကြတာပဲ၊ အမတ်ဖြစ် ဖို့ လူထုမဲကိန်းဂဏန်းတွေကို အခြေခံလုကြတယ်။ အစိုးရဖွဲ့ဖို့ ကိန်းဂဏန်းတွေ (အမတ်) လုကြရတယ်။ ဆုံး ဖြတ်ချက်တွေ၊ ဥပဒေတွေပြုဖို့ ကိန်းဂဏာန်းတွေကို လုကြ၊ ကစားကြရတယ်။ ကိန်းဂဏန်းများများကို ကိုင် ထားတဲ့သူက ကြိုက်သလိုကစားတာပဲ။ ကိန်းဂဏန်းများများကို ကစားနိုင်တဲ့သူက ကြိုက်ရာလုပ်တာပဲ။ ဒီ တော့ အာဏာရအုပ်စုနဲ့ အတိုက်အခံအုပ်စုတွေက သူ့ဘက် ကိုယ့်ဘက်က အမတ်တွေ၊ ပါတီငယ်လေးတွေကို ငွေ၊ ရာထူး၊ အခွင့်အရေးတွေနဲ့ အပြိုင်အဆိုင် ဖဲ့ထုတ်စည်းရုံးကြတာပဲ။ ထုံးစံအတိုင်း အာဏာရထားတဲ့ အုပ်စု ကတော့ တပန်းသာတာပေါ့။ သို့သော် သူမှာလည်း အစိုးရတည်ငြိမ်အောင် လုံးပမ်းနေရတာနဲ့ပဲ တခြားလုပ် ငန်းတွေကို လှည့်မကြည့်အားနိုင်တော့ဘူး၊ တိုင်းပြည်ဆုတ်ယုတ်တယ်၊ မတည်ငြိမ်ဘူး။

ကျုပ်တို့ဗမာကျောင်းသားတွေကို အိမ်ပေါ်ခေါ်တင် စောင့်ရှောင်ထားတဲ့ မစ္စတာဂျော့ဖာနန်ဒက် Mr.George Ferrandes ဆိုတာ ဆမာတာ (Samata သာတူညီမျှ ) ပါတီရဲ့ခေါင်းဆောင်။ သူ့ရပ်တည်ချက်က ပါတီနာမည် အတိုင်း ဆိုရှယ်လစ်။ သူပါတဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ အဓိကဦးဆောင်ပါတီ ဟိန္ဒူအမျိုးသားရေးဝါဒီ (BJP) နဲ့က ၀ါဒ အရ ပြဒါးတလမ်း သံတလမ်းပဲ။ ဒါပေမယ့် အစိုးရဖွဲ့နိုင်ဖို့ သူတို့ပေါင်းကြတယ်။ သူ့ပါတီက (၅၄၇) နေရာရှိတဲ့ ပါလီမန်ထဲမှာ (၁၄) နေရာပဲရှိတာပဲ။ ဒါပေမယ့် အစိုးရကက်ဘိနတ်ထဲမှာ နံပါတ် (၄) နေရာဖြစ်တဲ့ ကာကွယ် ရေးဝန်ကြီး နေရာကိုရတယ်။ ဆိုခဲ့တဲ့အတိုင်း ပါလီမန်ဒီမိုကရေစီဆိုတာက (Number Game) ဆိုတော့ လူ ပြည့်ဖို့အတွက် (၁၄) နေရာမျက်နှာနဲ့ လိုက်လျောရတာပဲ။ ညွန့်ပေါင်းအဖွဲ့ရဲ့ အဓိကပါတီကလည်း သူ့လူ နံ ပါတ် (၁) ၀န်ကြီးချုပ် ရာထူးရဖို့၊ အစိုးရဖွဲ့နိုင်ဖို့ဆိုတော့ အစွမ်းကုန်လိုက်လျောရတာပဲ။

ဒီမှာနှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ လူ (၅၄၇) ရှိတဲ့ ပါတီပါလီမန်မှာတောင် လူ (၁၄) ယောက်ပဲရှိတဲ့ လူတစု၊ ပါတီ တခုက ဒီလောက် ချယ်လှယ်ကစားနိုင်ရင် လူ (၄၄၀) သာရှိတဲ့ လွှတ်တော်မှာ စစ်မိန့်အာဏာအောက်က စစ် ဓားပြအမတ် (၁၁၀) က ဘယ်လောက်ဗိုလ်ကျ လွှမ်းမိုးနေမလဲ။ တွေးတောင် မတွေးဝံ့စရာပါ။ ဒီတော့ ကျွန်ပွဲ စားတွေပြောသလို ပေါင်းပြီးပြောင်းမယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးဆိုတာ အရှင်းကြီးပါ။ တွေးကြည့်စရာတောင် မလိုပါဘူး။ ကျွန်ပွဲစားတွေရဲ့ အသားလိုလို့ အရိုးတောင်း လူထုကို ရောင်းစားဖို့ ကြံတယ်ဆိုတာ ရှင်းပါတယ်။

နိဂုံးချုပ်အနေနဲ့ အားလုံးအတွက် လက်ဆောင် ဟိတောပဒေသ ထဲက ပုံပြင်လေးတခု ပြောချင်တယ်။ တခါမှာ တော့ ဖားတကောင်ဟာ ရေအိုင်စပ်မှာ မလှုပ်မယှက်နေနေတဲ့ မြွေကြီးတကောင်ကို သွားတွေ့တယ်။ ထုံးစံအ တိုင်း မြင်မြင်ချင်းတော့ ကြောက်တာပေါ့။ မြွေကြီးက မလှုပ်မယှက်ငြိမ်နေတော့ အဝေးကနေ တဖြည်းဖြည်း ကပ်လာပြီး စပ်စုတယ်။ အသင်မြွေကြီး ဘာဖြစ်နေသလဲ။ ဒီတော့ မြွေကြီးက သူ့သားကို ကိုက်သတ်လိုက်လို့ ပုဏ္ဏားကြီးက ငါ့ကို ကျိန်စာတိုက်လိုက်တယ်။ ဆိုးလိုက်တဲ့ ငါကံနှယ် ဖားတွေရဲ့ စီးတာကို ခံရပါစေလို ကျိန် လိုက်တယ်။ ဒါနဲ့ အဲဒီဖားက သူတို့ရဲခေါင်းဆောင် ဖားဘုရင်ကြီးဆီကို ပြေးပြီးသတင်းပို့တယ်။ ဒီခေတ်နဲ့ ဆိုရင် တော့ ဖားဥက္ကဌ၊ ဖားသမ္မတ၊ ဖားဝန်ကြီးချုပ်လို့ ဆိုရမှာပေါ့။ ဒါနဲ့ အဲဒီဖားခေါင်းဆောင် ဘုရင်ပြောပြော ဥက္ကဋ္ဌ ပြောပြောပေါ့ မစူးမစမ်းဘဲ မြွေကြီးဆီကိုသွားပြီးတော့ စီးကြည့်စမ်းမယ်ဆိုပြီး စီးတာပေါ့။ ဖားဘုရင်ကြီးလည်း အတော်သဘောကျသွားတယ်။ နှစ်ရက်သုံးရက်လောက်နေတော့ မြွေကြီးက သိပ်မသွားနိုင်တော့ဘူး။ ဘာဖြစ် သလဲပေါ့။ မြွေကြီးက အစာမစားရလို့ပါလို့ ဖြေတယ်။ ဒါနဲ့ ဖားဘုရင်ကြီးကလည်း သူနောက်လိုက်ဖားတွေကို အလှည့်ကျ အစားခံစေလို့ အမိန့်ချလိုက်တယ်။ နောက်ဆုံးလည်းကျရော ဖားတွေကုန်သွားလို မြွေကြီးက ဖား ဘုရင်ကြီးကိုစားပြီး ရေအိုင်က ခွာသွားတယ်။ အဓိပ္ပါယ်ကတော့ မြွေဆိုတာမြွေပါပဲ၊ ဖားဆိုရင် စားမှာပဲ။ အဲဒီလို ပဲ စစ်အာဏာရှင်ဆိုတာက စစ်အာဏာရှင်ဘဲ။ စိတ်ကူးယဉ်ရင် ဖားဘုရင်လို ဖြစ်သွားမယ်။

သိကြတဲ့ အတိုင်းပါပဲ။ န၀တ/နအဖ စစ်အုပ်စုက ၂၀၁၀ ရွေးကောက်ပွဲ မျက်လှည့်ပွဲကြီးကိုလုပ်ဖို့ တာစူကာပဲ ရှိပါသေးတယ်။ သို့သော် ကျုပ်တို့အညာအလှူက ခွေးတွေ၊ ကလေးတွေလို ဘင်ကြီးကို ၀င်ထုသူက ထု၊ မီးရှူး မီးပန်း ဖောက်သူကဖောက်နဲ့ ကျုပ်တို့ဝန်းကျင်မှာတော့ အတော့်ကို ရွစိညံနေကြပါပြီ။ တချို့ကလည်း ငွေတ မတ်နဲ့ ငါးကြင်းခေါင်းကို အရခဲဖို့ ဟန်ပြင်နေကြရဲ့။ ပတ်ဝန်းကျင်ကိုလည်း မှိုတက်သဘောတရားတွေ၊ ဂျိုကျိုး နားရွက်ပဲ့ အတွေးအခေါ်တွေနဲ့ မှိုင်းတိုက်အဆိပ်လူးပြီး သူခိုးသေဖော်ညှိနေကြပြီ။ အတွေးမှားပြီး လမ်းရွေးမှား လို့ကတော့ ကျွန်ပွဲစားကြီးတွေနဲ့အတူ သမိုင်းအမှိုက်ပုံရဲ့ အောက်ဆုံးကိုရောက်ရမှာ မလွဲဧကန်ပဲ။

အချိန်ကား နေ၀င်ရီတရော၊ ညီအစ်ကို မသိတသိ၊ သူ့လူကိုယ့်လူ မကွဲပြား။ အခါကတော့ ပွဲလန့်နေပြီ။ အ ချောင်သမားတသိုက်ကလည်း သူ့အစု ကိုယ့်အစုကလေးတွေဖွဲ့၊ ဖျာလိပ်ကလေးတွေ ခေါင်းမှာရွက်လို့ အလစ် မှာ နေရာခင်းဖို့ ဟန်ပြင်နေကြပြီ။

ကဲ ... ရဲဘော်တို့ ...

သတိသာ ထားကြပေတော့၊ ကျွန်ပွဲစားတွေ လာချေပြီ။

ရဲဘော် ကျော်သန်း
၃၀၊ ၉၊ ၂၀၀၉



ဒေါက်တာလွဏ်းဆွေ blog မှ ကူးယူဖော်ပြပါသည်..

ဆက်ဖတ်ရန်...

မြန်မာ့သတင်း များ( ၂- ၁၀-၀၉ )

- ဒေါ်အောင်ဆန်းစုကြည်အယူခံမှု ပယ်ချခံရ click

- မနက်ဖြန် သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင်မည်
click

- ချီဗွေတွင် နအဖ အခြေချတပ်စခန်းအသစ် တည်ဆောက် click

- မြန်မာရဟန်းတော်များအဖွဲ့ချုပ်(ဘင်္ဂလာ)က တတိယအကြိမ်မြောက် ပတ္တနိကုဇ္ဇနကံဆောင်မှုပြုလုပ် click

- ဒေါ်အောင်ဆန်းစုကြည် အယူခံ ငြင်းပယ်ခံရ click

- ထူးကုမ္ပဏီ ကားအစီး (၉၀၀) ခန့် တင်သွင်းခွင့်ရ click

- ကိုးကန့် နှင့် ဝ တို့၏ လောင်းကစားရုံများ မော်လမြိုင်တွင် များပြားလာ click

၅ထောင်တန်၏ အရွယ်အစားမှာ ၁၀၀၀ တန်နှင့် အရွယ် အစား မဆိုစလောက် တိုပြီး ပေါ်လွင်သည့် အရောင်မှာ အနီနှင့် လိမ္မော်ရောင် ဖြစ်သည်။ (ဓာတ်ပုံများ - မိုးမခ)

- (၅၀၀၀) ကျပ်တန် ယနေ့စတင် ထုတ်ပေး click

ရှာမှရှားတဲ့ မြန်မာ့ငွေစက္ကူ (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)

- (၅) ထောင်တန်အသစ် (၂) ရက်နေ့မှာ ထွက်ရှိလာ၊ လူအများ လိုလားမှုနည်းပါး click

- မွန်ပြည်သစ်နှင့် စစ်အစိုးရအကြား စစ်ရေးတင်းမာမှုဖြစ်စေမည့် ဒုတိယမြောက် ဖြန့်ဝေစာ ထွက်ပေါ် click

- ဒေါ်အောင်ဆန်းစုကြည် အမှုအယူခံ တိုင်းရုံးက ပယ်ချ click

ဆက်ဖတ်ရန်...

မြန်မာ့သတင်း များ( ၁- ၁၀-၀၉ )

- မလေးရှားတွင် ယူအန်မှတ်ပုံတင် ပေးမည့်သတင်း ထိုင်းနယ်စပ်ဒုက္ခသည်အထိ ဂယက်ရိုက် click

- တွေ့ဆုံစကားပြောဆိုမှု စတင်သော်လည်း ပိတ်ဆို့အရေးယူမှု ရှိနေဆဲဟု အမေရိကန်အမတ် ပြော click

- မြန်မာကျပ်ငွေတန်ဖိုး တန့်နေသဖြင့် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှု ပုံမှန်ပြန်ဖြစ် click

- ဒီမိုကရေစီနိုင်ငံသစ်နှင့် စာပေကင်ပေတိုင်ရုံး (ဆောင်းပါး) click

- အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းမည်မဟုတ်ဟု အမေရိကန် ဆို click

- ကမ္ဘာ့ငွေကြေးအကျပ်အတည်း ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများကိုပါ ထိခိုက် (ရုပ်သံသတင်း) click

- ကုန်ဈေးနှုန်းထိန်းချုပ်ရေး စစ်အစိုးရကြိုးပမ်း click

- စစ်ဖြစ်ရာဒေသများတွင် မတရားပြုကျင့်မှုကို ကုလသမဂ္ဂ ရှုတ်ချ click


- ခိုးကူးခွေရောင်းသူ ၅ ဦး တရားစွဲခံနေရ click

- အမေရိကန်က စစ်အစိုးရကို စတင်ပိုးပန်း click

- ဗကသ က အဝါရောင် လှုပ်ရှားမှု စတင် click

- အာသံ ကုန်စည်ပြပွဲသို့ မြန်မာကုန်သည်များ သွားရောက်ဖွယ်ရှိ click

- ဗန်းမော်မြို့ သံဃာတော်များ စုပေါင်း ကန်တော့ပွဲ ပိတ်ပင်ခံရ click

ဆက်ဖတ်ရန်...

(၅,ဝဝဝ) တန်ငွေစက္ကူ သတင်းဆောင်းပါးများ ပိတ်ဆို့ခံရ


NEJ /(၅,ဝဝဝ) ကျပ်တန် ငွေစက္ကူ အသစ်ထုတ်ဝေမည့်အကြောင်း သတင်းဆောင်းပါးရေးသားချက်များကို ယခုတပတ်အတွင်း ထုတ်ဝေသောဂျာနယ်များတွင် စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုဘဲ တားမြစ်ပိတ်ပင်ခဲ့ကြောင်း ပြည်တွင်း သတင်းဂျာနယ်များထံမှ သိရှိရသည်။

ပြည်တွင်း ဂျာနယ်အယ်ဒီတာတဦးက

“အစိုးရက ကျပ် (၅,ဝဝဝ) တန် ငွေစက္ကူထုတ်ဝေမယ်ဆိုတော့ ဒါဟာ ဘယ်လိုသဘောရှိတယ်၊ ဈေးကွက်ကို ဘယ်လို သက်ရောက်မှုတွေ ရှိစေမယ် စသဖြင့် စီးပွားရေးပညာရှင်တွေ၊ စီမံခန့်ခွဲမှု ကျွမ်းကျင်သူတွေ၊ ပါမောက္ခတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကို မေးမြန်းပြီး ပြည့်ပြည့်စုံစုံ ရေးတင်လိုက်တယ်။ အားလုံးကို စာပေစိစစ်ရေးက ခွင့်မပြုဘူး။ သတင်းစာထဲမှာပါတဲ့ ငွေစက္ကူ (၅,ဝဝဝ) တန် ထုတ်မယ်ဆိုတာလောက်ကိုပဲ ဖော်ပြခွင့်ပေးတယ်။ ဒီလို ပိတ်ပင်တာဟာ ကျနော်တို့ ဂျာနယ်ပဲ မဟုတ်ဘူး။ ဂျာနယ်အားလုံးလိုလိုပဲ”
ဟု ပြောသည်။

အခြားဂျာနယ် အယ်ဒီတာတဦးကလည်း ဂျာနယ်အားလုံးကို ကျပ် (၅,ဝဝဝ) တန်နှင့် ပတ်သက်သည့် ဝေဖန်သုံးသပ်ချက်များကို ပိတ်ပင်ခဲ့သော်လည်း Weekly Eleven နှင့် 7Days ဂျာနယ်တို့တွင်မူ ငွေကြေးနှင့် ဘဏ်လုပ်ငန်းပညာရှင် ဦးဝင့်ကျော်နှင့် တွေ့ဆုံခန်းအတို ဖော်ပြခွင့်ရခဲ့သည်ဟု ပြောဆိုသည်။

ဝါရင့်သတင်းစာဆရာကြီးတဦးကမူ စာပေစိစစ်ရေးသည် ၂ဝ၁ဝ ရွေးကောက်ပွဲကို ထောက်ခံသည့် နိုင်ငံရေးစာပေများကို ရေးသားခွင့်ပြုခြင်း၊ ယခင် ပါလီမန်ခေတ်ကို အဆိုးထင်ဟပ်သည့် ခေတ်ဟောင်းသတင်းစာပါ ဆောင်းပါး၊ ကာတွန်းများကို ပြန်လည်ဖော်ပြခွင့်ပြုခြင်းများ ရှိသော်လည်း ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး တကယ့်အခြေအနေမှန်ကို ထင်ဟပ်စေသည့် သတင်းများဆောင်းပါးများကိုမူ ယခင်အတိုင်း ပိတ်ပင်မြဲဖြစ်သည့်အတွက် ထူးခြားတိုးတက်လာသည်ကို မမြင်တွေ့ရကြောင်း ဝေဖန်ပြောဆိုသည်။

ဆက်ဖတ်ရန်...

ငါးပိရည်၊ ဝက်အူချောင်း၊ အသားကင်၊ အသားချဉ်များ စားသုံးခြင်းဖြင့် အသည်းကင်ဆာရောဂါ ဖြစ်ပွားနိုင်



ငါးပိရည်၊ ဝက်အူချောင်း၊ အသားကင်၊ အသားချဉ်များ စားသုံးခြင်းဖြင့် အသည်းရောင်အသားဝါဖြစ်ပွားလွယ်ကာ အသည်းကင်ဆာဖြစ်ပွားနိုင်သည်ဟု ထိုင်းနိုင်ငံမှသမားတော်ကြီး နှစ်ဦးက ရန်ကုန်မြို့သို့ရောက်ရှိလာခိုက် မီဒီယာများနှင့်တွေ့ ဆုံရာတွင် ထိုသို့ပြောကြားခဲ့ကြသည်။ မြေပဲဆံ၊ ပြောင်းဖူး၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးခြောက်များ စားသုံးခြင်းနှင့် နေ့စဉ် အရက် သောက်သုံးပါကလည်း အသည်းရောဂါ၊ အသည်း ကင်ဆာ ဖြစ်ပွားလွယ်သည်ဟု ဆိုသည်။

ရောဂါ လက္ခဏာမှာ အစားအသောက် ပျက်ခြင်း၊ နွမ်းနယ် အားပြတ်ခြင်း၊ ညာဘက်နံရိုး ကိုက်ခြင်း၊ ကိုယ်အလေးချိန် ကျခြင်း၊ အဖျားရှိခြင်း၊ မျက်စိဝါခြင်း၊ ခန္ဓာကိုယ်ဝါခြင်း၊ ခြေထောက် ရောင်ခြင်း၊ ဗိုက်တင်းခြင်းတို့ ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ရောဂါဖြစ်ပွားပါက ခွဲစိတ်ခြင်း၊ ကီမိုဆေး ကင်ဆာ အကြိတ်ထဲသို့ ထိုးသွင်းခြင်း၊ ရောဂါ သက်သာရန် ကီမိုဆေး ထိုးပေးခြင်းတို့ကို ပြုလုပ်နိုင်သည်ဟု ဆိုသည်။ ရောဂါမဖြစ်ပွားစေရန် ကင်ဆာဖြစ်စေနိုင်သည့် အစားအစာများ ရှောင်ခြင်း၊ လတ်ဆတ်သော အစားအစာ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံများ စားသုံးခြင်း၊ အရက်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဘီပိုး ကာကွယ်ဆေးထိုးခြင်း၊ လေ့ကျင့်ခန်းမပြတ် ပြုလုပ်ခြင်း၊ လိင်ဆက်ဆံရာတွင် အန္တရာယ်ကင်းစွာ ဆက်ဆံခြင်း၊ တစ်နှစ်တစ်ကြိမ် ကျန်းမာရေးစစ်ဆေးခြင်းဖြင့် ကင်ဆာရောဂါကို ကြိုတင်ကာကွယ်ခြင်းတို့ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘီပိုး၊ စီပိုးကြောင့် အသည်းရောင်၊ အသည်းဝါ ဖြစ်ပွားနေသည့် နာတာရှည်၊ရောဂါသည်များ အနေနှင့် အနားယူရန်နှင့် လေ့ကျင့်ခန်းပုံမှန် လုပ်ရန် လိုအပ်ကြောင်း၊ အစားအသောက် ပုံမှန် စားသောက်နိုင်သော်လည်း အချိုရည်များများ မသောက်သင့်ကြောင်း၊ အရက်မသောက်သင့်ကြောင်း၊ အဆိပ်ဖြစ်စေတတ်သည့် တိုင်းရင်းဆေး တချို့သည်လည်း ကိုယ်ခံစွမ်းအား ရောဂါကို ပိုမို ဆိုးရွားလာစေကြောင်း၊ ဆရာဝန်ချိန်းဆိုသော နေ့များတွင် မပျက်မကွက် စစ်ဆေးမှု ခံယူသင့်ကြောင်းလည်း တိုက်တွန်း ပြောကြားခဲ့သည်။ နိုင်ငံတကာတွင် အသည်းကင်ဆာမှာ အများဆုံး ဖြစ်ပွားလျက်ရှိပြီး လူ(၁ဝ) ဦးလျှင် (၁)ဦးနှုန်း ဖြစ်ပွားနေကြောင်း၊ ယောက်ျားသားများ အဖြစ်များကြောင်း၊ အဆိုပါ ထိုင်းသမားတော်ကြီးမှ ပြောကြားခဲ့သည်။ အဆိုပါ ထိုင်းသမားတော်ကြီးသည် ပေါင်(ဝ်)လိုစယ်မိုရီရယ် ဆေးရုံမှ ဖြစ်သည်။ အဆိုပါ ထိုင်းသမားတော်ကြီးမှာ ရန်ကုန်ရှိ Biossom Syccess Services Co.Ltd မှ ဖိတ်ကြားချက်အရ ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ဆက်ဖတ်ရန်...

‘တ’ သုံးလုံးမူ - စိုးလွင် (ဆစ်ဒနီ)

Principle of Three Ta

ဆက်ဖတ်ရန်...

ဖိနပ်စာ မိသူများကို အစိုးရအဖွဲ့ တွင်းမထားတော့ ဟုသတင်းထွက်ပေါ်




ဖိနပ်စာမိ၍ နာမ်နှိမ်သွားသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း တို့ အား အစိုးရ အဖွဲ့ တွင်းမှ ထုတ် ပစ် မည် ဟု နေပြည်တော် အစိုးရ ၀န်ကြီးများ သတင်းရပ်
ကွက် တွင် သတင်းထွက် ပေါ်နေသည်။

ယမန်နေ့ က နယူးယောက်ရှိ ကုလ အထွေထွေ ညီလာခံ သို့ တက်ရောက်ရန် တည်းခိုရာ ဟိုတယ်
မှ အထွက် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားသူများ၏ ဆန့် ကျင်ကန့် ကွက် ခြင်းအပြင် ဖိနပ်ဖြစ်ပစ်ပေါက်
၍ ရှုံချခံရသည့် နအဖ စစ်အစိုးရ အဖွဲ့ မှ ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော် သို့ 
ပြန်ရောက်ပါ က ရာထူးမှ ဖယ်ရှားပစ် မည် ဟု သတင်းရရှိသည်။

စနေနံ ဖိနပ် ထိခြင်းသည် မြန်မာ မှု ဓလေ့ ထုံးစံအရ ကံ နှင့် နာမ် အလွန်ပင် နိမ့်ကျကြောင်း နေပြည်
တော် မှ ညွှန်ကြားရေးမှုး တစ်ဦးက Freedom News Group သို့ ပြောသည်။

ယခုကဲ့သို့ အင်္ဂ၀ိဇ္ဇာနည်းအရ နာမ်နှိမ် သွားသည့် သူများကို အစိုးရ အဖွဲ့ အတွင်းထားပါ က အစိုးရ
အဖွဲ့ အတွင်းအကွဲ အပြဲများဖြစ်ပြီး ပြုတ်ကျနိုင်သည် ဟု အင်္ဂ၀ဇ္ဇာ နှင့် ဗေဒင် တတ်ကြွမ်းသူများ ၏
သုံးသပ် ချက်များ လည်း ယနေ့ နေပြည်တော် တွင် ပေါ်ထွက် နေသည်။

အတည်မပြုနိုင်သေးသည့် စုံစမ်းရရှိသော သတင်းတစ်ရပ် အရ ၀န်ကြီးချုပ် ဦးသိန်းစိန် နှင့် နိုင်ငံခြား
ရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ အား အပြန်တွင် နေပြည်တော် သို့ တိုက်ရိုက်ဝင်ခွင့် မပြုပဲ ရန်ကုန် တွင်
တစ်ထောက်နားပြီး ဟူးရာ ဗေဒင် ဆရာများ ဖြင့် ကံပွင့် အောင် စီမံ ဆောင် ရွက်ပြီးမှ နေပြည်တော်
သို့ ဝင်ရောက် ခွင့် ပြုမည် ဟု သတင်းရရှိသည်။

ကမ္ဘာ့ သမိုင်းတွင် လည်း ဆူဟာတို ၊ ကျန်ဇီမင်း ၊ပီနိုရှေး စသည့် အာဏာရှင်များမှာ ဖိနပ်ဖြင့် ပစ်
ပေါက်ခံရပြီးနောက် အာဏာလက်လွှတ်ခဲ့ရသည်။

အမေရိကန် သမ္မတ ဟောင်း ဂျော့ရှ်ဘုရှ်သည် ဒုတိယ သမ္မတ သက်တမ်း ကုန်ဆုံးရန် လပိုင်း အလို
တွင် အီရတ် နိုင်ငံ၌ ဖိနပ် ဖြင့် အပေါက်ခံခဲ့ရသည်။ ၎င်း အားဖိနပ် ထိမှန်ပြီး ရက်ပိုင်း အတွင်းမှာပင်
အမေရိကန် စီးပွားရေးပျက်ကပ် စသည်။

Freedom News Group

ဆက်ဖတ်ရန်...

တတိယအကြိမ်ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်မည်

တတိယအကြိမ်ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်မည်

ဆက်ဖတ်ရန်...

အဓမ္မတရားများဖယ်ရှားပြီး ဓမ္မအစားထိုးရေးလမ်းစဉ် စတင်လှုပ်ရှားပြီ

အဓမ္မတရားများဖယ်ရှားပြီး ဓမ္မအစားထိုးရေးလမ်းစဉ်

ခမိခဆဲ မှမျှဝေသည်။

ဆက်ဖတ်ရန်...

ဘာမှလည်း မဆိုင်ဘူး...အာဆီယံ။


ဒေါ်စုလွှတ်ရေး အာဆီယံ ပန်ကြားမယ့် အစီအစဉ် ဖျက်သိမ်း
29 September 2009
(ဗွီအိုအေ မှတဆင့်ရယူတင်ပြပါသည်။)


အာဆီယံ အရှေ့တောင်အာရှ အသင်းကြီးက သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မြန်မာစစ်အစိုးရထံကို မေတ္တာရပ်ခံစာ ပေးပို့မယ်ဆိုပြီး အစီအစဉ် ရှိခဲ့ပေမဲ့ အမေရိကန် ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒကို ပြန်လည်သုံးသပ်နေတာကို အကြောင်းပြုပြီး အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

အခုလို ဖျက်သိမ်းလိုက်တာကို ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ကို ရောက်နေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်း (Kasit Piromya) က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ဒေသတွင်း လူ့အခွင့်အရေး အခြေအနေကို တိုးတက်အောင် လုပ်ဆောင်မယ်ဆိုတဲ့ အာဆီယံအသင်းကြီးရဲ့ ကြိုးပမ်းချက်ကို နောက်ပြန်ဆွဲစေတဲ့ လုပ်ရပ်တခု ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီရေး အားပေးတဲ့ အာဆီယံ လွှတ်တော်အမတ်တချို့က ရှုမြင်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သား ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်းက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မြန်မာစစ်အစိုးရအပေါ် အာဆီယံအနေနဲ့ မေတ္တာရပ်ခံမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီလို့ ပြောဆိုတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံအပေါ် ပိုပြီးပြင်းထန်တဲ့ ရပ်တည်ချက်တွေ ချဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က အာဆီယံနိုင်ငံတွေကို တိုက်တွန်းခဲ့တာမျိုးလည်း မရှိဘူးလို့ ပြောဆိုပါတယ်။

AIPMC မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ ရိုးရှန်း ဂျေဆင်ကတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးမူကို ကျင့်သုံးရေး စဉ်းစားလာတာနဲ့ မြန်မာနိုင်ငံအတွင်း မတရား ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးကို အာဆီယံက မတောင်းဆိုဘူးဆိုတာ သိပ်ကိုမှားယွင်းတယ်လို့ သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

“ထိုင်းနိုင်ငံခြားရေးဝန်ကြီး အနေနဲ့ရော အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံ၊ နောက် အာဆီယံ တခုလုံးအနေနဲ့ ဒီကိစ္စက ရေတိုကိုပဲကြည့်တဲ့ ချဉ်းကပ်မှုတခုလို့ ကျနော်တို့က မြင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအတွင်း ဘယ်လို ညီညီညွတ်ညွတ် လုပ်ကိုင် ချဉ်းကပ်မလဲဆိုတာ မရှိဘူးဆိုတာကို ပြသနေတယ်” လို့လည်း AIPMC အလုပ်အမှုဆောင် ဒါရိုက်တာ ရိုးရှန်း ဂျေဆင်က ပြောသွားတာပါ။

အာဆီယံဟာ နိုင်ငံတကာက မြန်မာ့အရေးကို အာရုံစိုက်ပြီး အလေးပေး ပြောလာတဲ့ အချိန်အခါမျိုး၊ အစည်းအဝေးတွေ အခမ်းအနားတွေမှာသာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြောဆိုတာမျိုးတွေ ရှိနေတာက စိုးရိမ်စရာတခုလို့ သူက မြင်ပါတယ်။

“နိုင်ငံတကာက ဖိအားပေးတဲ့အခါတွေမှာ အာဆီယံက သူတို့ကလည်း လိုက်ပြီးရွေ့တယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ သူတို့လည်း လုပ်နေပါတယ်ဆိုတာမျိုး ပြောဆိုချင်ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့က သူတို့ပြောတဲ့ စကားတွေကို ပြန်ရုပ်သိမ်းပြီးတော့ နောက်ဆုတ်သွားတာပါပဲ။ ဒါမျိုးကို ကစားကွက်တခုအဖြစ် သုံးနေတာ စိုးရိမ်စရာပါပဲ။” လို့ AIPMC အဖွဲ့ရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ ရိုးရှန်း ဂျေဆင် ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကတော့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဆက်လက်ဖမ်းဆီးထားတာက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသာ ဖြစ်တယ်ဆိုတဲ့ အမြင်ကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား လက်ခံထားမယ်ဆိုရင် နိုင်ငံတကာအလယ်မှာ သိက္ခာရှိရှိ ရပ်တည်နိုင်အောင် အားယူနေတဲ့ အာဆီယံရဲ့ ခြေလှမ်းတွေကို နောက်ပြန်ဆွဲသလို ဖြစ်သွားလိမ့်မယ်လို့ ဝေဖန်တဲ့သူတွေလည်း ရှိပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ NCGUB ပြည်ပရောက် အစိုးရအဖွဲ့ရဲ့ အဖွဲ့ဝင် ၀န်ကြီးတဦးဖြစ်တဲ့ ဦးခွန်မြင့်ထွန်းက အခုလိုမြင်ပါတယ်။

“အပြစ်မရှိတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင် ထောင်ချခံရခြင်းဟာ အာဆီယံရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို ချိုးဖောက်ခြင်းခံရတာ ဖြစ်ပါတယ်။ ထို့နည်းတူ အာဆီယံရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေပါတယ်။ အာဆီယံရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းတခုလုံး ချိုးဖောက်ခံရတဲ့အပေါ်မှာ ရပ်တည်ပြီးတော့၊ အာဆီယံရဲ့ ဂုဏ်သိက္ခာအပေါ်မှာ ရပ်တည်ပြီးတော့ ကိုယ်လုပ်ရမယ့်အလုပ်ကို ဆက်ပြီးလုပ်ရမှာ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့က နအဖနဲ့ အဆင်ပြေအောင် ဆက်ဆံရင်းနဲ့ ဗမာပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆုတ်ယုတ်စေတယ်ဆိုတာကို အာဆီယံအနေနဲ့ သတိထားပေးဖို့လည်း လိုအပ်ပါတယ်။”

ဦးခွန်မြင့်ထွန်း ပြောပြသွားတာ ဖြစ်ပါတယ်။

AIPMC ရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ ရိုးရှန်း ဂျေဆင်ကတော့ အာဆီယံအဖွဲ့ကြီးကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ထောက်ပြနေတာက ဒေါ်အောင်ဆန်းစုကြည်က ဥပမာတခုသာ ဖြစ်ပြီး တိုင်းရင်းသား လူမျိုးစုဒေသတွေ၊ မကြာသေးခင်က ကိုးကန့်ဒေသနဲ့ ကရင်ပြည်နယ်အတွင်းမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလို တခြား လူ့အခွင့်အရေး အခြေအနေတွေကိုလည်း အာဆီယံအနေနဲ့ ကြည့်ဖို့လိုမယ့်အကြောင်း ဝေဖန်ပြောဆိုပါတယ်။

ဆက်ဖတ်ရန်...

လက်ဆင့်ကမ်းဖြန့်ဝေပေးကြပါ။ နီးစပ်ရာ သံဃာ့မဟာနာယကအဖွဲ့များသို့ဆက်ကပ်ကြပါ။

Shaut+Htar+Chat

ဆက်ဖတ်ရန်...

ဆည်ဖောက်ချ သဖြင့် ရွာသား ၃၅၀ ခန့် အိုးအိမ်များ စွန့်ခွာရ


နယူးဒေလီ။ ။ ပဲခူးတိုင်း ပြည်မြို့နယ်ရှိ တောင်နဝင်းဆည် ရေဖောက်ချသဖြင့် အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာ ၅ ရွာမှ လူဦးရေ ၃၅၀ ခန့်၏ နေအိမ်များ ရေနစ်မြုပ်ကုန် သဖြင့် နေရပ်ကို စွန့်ခွာနေရသည်။

ဆည် အာဏာပိုင်များက ရေလွှတ်မြောင်းများမှ တဆင့် ရေဖောက်လွှတ် သဖြင့် ယမန်နေ့ နံနက် ၂ နာရီခန့်မှ စတင် ကာ ဇီးအုပ်ကျေးရွာ အုပ်စုဝင် ဇီးအုပ်နှင့် နတ်တလင်း အပါအဝင် ကျေးရွာ ၅ ရွာသို့ ရေများ ဝင်ရောက် လာသော ကြောင့် ရွာသား ၃၅၀ ခန့်သည် ဇီးအုပ်ကျေးရွာ ဘုန်းကြီးကျောင်းသို့ သွားရောက် ခိုလှုံနေရခြင်း ဖြစ်သည်။

“ဆည်ရေ ဖောက်ချတာလေ။ တောင်နဝင်းဆည်က။ အခုတလောက ဒီဘက်မှာ မိုးတအား ရွာတယ်။ တပတ်ကို ၅ ရက် လောက်ရွာတော့ ဆည်ရေ ပြည့်လာလို့ ဖောက်ချ လိုက်တာ ဖြစ်မယ်။ အနားက ရွာ ၅ ရွာလောက် ရေမြုပ်တယ်။ လူတွေက ဘုန်းကြီးကျောင်းမှာ” ဟု ပြည် ဒေသခံတဦးက ပြောသည်။

နေအိမ် ၂၀၀ ခန့်သာမက လယ်မြေ တချို့ပါ ရေမြုပ်ခံရပြီး၊ ပြည်မြို့အထွက် အောင်လံမြို့သို့ သွားရာကားလမ်းနှင့် ဝက်ထီးကန်မြို့သို့ သွားရောက်ရာ ကားလမ်းများ ရေလွှမ်း သွားသော်လည်း ပြည်-မန္တလေး၊ ပြည်-ဝက်ထီးကန် ခရီးစဉ်များ ရပ်နားခြင်း မရှိပါ။

ဧရာဝတီ မြစ်ရေတက် သဖြင့် နှစ်စဉ်ဆိုသလို ပြည်မြို့တောင်ဘက် နဝင်း ကွက်သစ်နှင့် ချောင်းနားတန်း ရွာများ ရေမြုပ်လေ့ ရှိသော်လည်း ယခုကဲ့သို့ မြို့အရှေ့တောင်ဘက်ရှိ မြစ်နှင့်ဝေးသော ကျေးရွာများ ရေလွှမ်းခံ ရခြင်းမှာ ပထမဆုံး ဖြစ်သည်။

ရေဘေး ဒုက္ခသည်များ အတွက် ဒေသ အာဏာပိုင်များက ပြည်မြို့ ရပ်ကွက် ၇ ခုမှ ထမင်းထုပ်များ လိုက်လံ၍ အလှူခံလျက် ရှိသည်။

“မယက (မြို့နယ်ကောင်စီ) တွေက လော်စပီကာနဲ့ လိုက်အော်တယ်။ ထမင်းထုပ်တွေ ကူညီကြပါ ပေါ့နော်။ အတင်းအကျပ်တော့ မဟုတ်ပါဘူး။ ကိုယ့်စေတနာ အလျောက်ပေါ့။ ကျမတို့လည်း ထည့်လိုက်ပါတယ်” ဟု နဝင်း ကွက်သစ် ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီး တဦးက ပြောသည်။

ပြည်မြို့ရှိ ခေတ္တရာ လူငယ် သာရေးနာရေး ကူညီမှု အသင်းနှင့် မြို့ခံ ဆွမ်းလောင်း အသင်းများကလည်း ဒုက္ခသည် များအတွက် အစားအသောက်များ ကူညီ နေသည်။

ခေတ္တရာအသင်းမှ တာဝန်ရှိသူတဦးက “ကျနော်တို့လည်း တတ်နိုင်သလောက် ပေါ့နော်။ ရွာဘဲ ရပ်ကွက်က ဗုဒ္ဓဟူး ဆွမ်းလောင်း အသင်းနဲ့ ပေါင်းပြီး ဒီနေ့မနက်ပဲ ငါးခြောက်နဲ့ ထမင်းကြော် သွားပြီး ကူညီခဲ့ပါတယ်။ အခုလည်း သူတို့က ကိုယ့်ဟာကိုယ် ချက်စားမယ် ဆိုလို့ ဆန်နဲ့ ဆီတွေ သွားလှူနေပါတယ်” ဟု ပြောသည်။

ပြည်မြို့သည် ပဲခူးတိုင်း အနောက်ပိုင်း တိုင်းခွဲတွင် စီးပွားရေး အချက်အခြာ ကျသည့်မြို့ ဖြစ်ပြီး အနီးနားတွင် ရွှေတောင်၊ အောင်လံ၊ ဆင်တဲ၊ ဥသျှစ်ပင်၊ ပေါင်းတည်နှင့် ဝက်ထီးကန်မြို့များ တည်ရှိသည်။

(ဆလိုင်း ဟံသာစန်း သတင်းပေးပို့သည်။)

ဆက်ဖတ်ရန်...

ဆိုင်ကယ်များကို လိမ္မော်ရောင် ပြောင်းခိုင်းသဖြင့် ရန်ကုန် ဒေသခံများ မကျေနပ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်ရှိ အစိုးရဝန်ထမ်းများ အသုံးပြုနေသည့် ဆိုင်ကယ်များကို လိမ္မော်ရောင် သတ်မှတ်လိုက်သဖြင့် သံဃာတော်များ အပေါ် နာမ်နှိမ်သည်ဟု ယူဆရာမှ သံဃာတော်များနှင့် မြို့ခံများအကြား မကျေမနပ် ဖြစ်နေကြသည်။

ပြီးခဲ့သည့်လမှ စတင်၍ ဆိုင်ကယ်များကို လိမ္မော်ရောင် ပြောင်းလဲ၍ စီးနင်းခွင့် ပြုလိုက်ရာ ရဲ၊ စစ်တပ်၊ ထောက်လှမ်း ရေးနှင့် ဌာနဆိုင်ရာ အစိုးရ ဝန်ထမ်းများက အသုံးပြု နေကြခြင်း ဖြစ်သည်။

“ဒီအစိုးရက တော်တော်လေးကို ရိုင်းပါတယ်။ ဘုန်းကြီးတွေကို ဖင်ခွထိုင်တဲ့ပုံစံမျိုး လုပ်တာ။ လူတွေက ဘယ်လိုလုပ် ကျေနပ်မလဲဗျာ။ သူတို့ အာဏာတည်မြဲရေးအတွက် ယတြာချေတာ။ တခြားနည်းတွေနဲ့ ချေလို့ရတာပဲ။ ဒါနဲ့ ပတ်သက် ပြီး ရက်ကွက်ထဲမှာ လူတွေက တော်တော်လေးကို စိတ်မချမ်းမသာ ဖြစ်နေကြတယ်”
ဟု ရန်ကုန်မြို့ တက္ကစီ ယာဉ်မောင်း တဦးက မဇ္ဈိမကို ပြောသည်။


အခြားရန်ကုန်မြို့ခံတဦးက
“ကြည့်ရတာ မျက်စိထဲမှာ ကိုးရိုးကားရားဗျာ။ ကိုယ့်ပိုက်ဆံနဲ့ ဝယ်စီးရင် ဒီလိုအရောင်ကို ရွေးဖို့က တော်တော်ခက် မှာဗျနော်။ သူတို့အနေနဲ့ ရိုးသားရင် ဒီအရောင်ကို ရွေးချယ်ဖို့ကို မလိုဘူး။ အကျိုးအကြောင်း လည်း မဆီလျော်ဘူး။ ဌာနဆိုင်ရာ အရောင် တွေလည်း မဟုတ်ဘူး။ ဒီအရပ်ထဲ၊ ဝန်းကျင်မှာ ပြောနေကြတာပေါ့။ ဒါတမင် လုပ်တယ်၊ ငရဲကြီးမယ်၊ ငရဲဂျိုးကပ်မယ် အစရှိသဖြင့် ပြောနေကြတာပေါ့ဗျာ”
ဟု ပြောသည်။

ဆိုင်ကယ်များမှာ ထိုင်းနှင့် တရုတ်ဘီးများဖြစ်ပြီး လိမ္မော်ရောင် ဆေးဆိုး၍လည်းကောင်း၊ ဆေးဝါ မှုတ်၍ လည်းကောင်း အဝါရောင်တိတ်များ ကပ်၍ လည်းကောင်း စီးနေကြသည်။

သင်္ဃန်းရောင်သို့ ပြောင်းလဲသုံးစွဲခြင်းသည် ဘာသာနှင့် သာသနာကို ပေါ်ပေါ်ထင်ထင် စော်ကားခြင်းဖြစ်ပြီး ဆက်လက်၍ သုံးစွဲပါက သံဃာ၊ လူထုနှင့် အာဏာပိုင်များအကြား မကျေနပ်မှု ပိုမိုကြီးထွားလာမည်ဟု သံဃာ့တပ် ပေါင်းစု အဖွဲ့ကြီးမှ ပြောခွင့်ရ ဦးပညာဝံသက မဇ္ဈိမကို မိန့်ကြားသည်။

“ဘုန်းကြီးတွေကို နာမ်နှိမ်တာတဲ့ ယတြာချေတာတဲ့။ ၂ ပါတ်ကျော်လောက်ရှိပြီ။ အခုစီးနေတာက ရဲ၊ ထောက်လှမ်းရေး၊ စစ်တပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေရယ်၊ ရယကလည်း စီးတယ်။ အရောင်က ရွှေဝါရောင်။ အဲဒါ သူတို့က ရွှေဝါရောင်တော်လှန်ရေးနဲ့ ဘုန်းကြီးတွေကို ဖင်ခွထိုင်တယ် ဆိုတဲ့ သဘောမျိုး နာမ်နှိမ်တဲ့ ပုံစံလုပ်တာ”
ဟု ဦးပညာဝံသက ဆိုသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် မေတ္တာသုတ်များ ရွတ်ဆိုကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ခဲ့သည့် သံဃာတော်များအား မြန်မာ့တပ်မတော်က ပစ်ခတ်၊ ရိုက်နှက်၍ ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းသို့ မေတ္တာပို့ ဆန္ဒဖော်ထုတ်သည့် သံဃာတော်များအား ဖမ်းဆီးထားသည်ကို ဖြေရှင်းပေးနိုင်ခြင်း မရှိသော နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကြီးအနေဖြင့် ယခုလို ဆိုင်ကယ်များအား သင်္ဃန်းရောင်ပြောင်းလဲ သုံးစွဲခြင်း ကိုလည်း ထပ်မံ၍ ခေါင်းရှောင်ဦးဖြစ်ကြောင်း ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သူ ဆရာတော်တပါးက မိန့်ကြား သည်။

“သံဃာ့မဟာနာယကလည်းပဲ။ ဒီစစ်အာဏာရှင်တွေရဲ့ လက်အောက်မှာပဲ နေတာများတယ်လေ။ သူတို့လို တာဝန်အရှိဆုံး အနေနဲ့ သာသနာတော် အတွက် အရေးအကြီးဆုံး ကိစ္စကိုတောင်မှ သူတို့အနေနဲ့ ယနေ့ထက်ထိ အသံတသံတောင် ထွက်ပေးတာမရှိတဲ့အတွက်ကြောင့် အခုလိုမျိုး ဆိုင်ကယ် သင်္ဃန်းရောင် လုပ်စီးနေကြတဲ့ကိစ္စမှာ လိုက်လုပ်ပေးလိမ့်မယ်လို့ ဦးဇင်းတို့အနေနဲ့ မထင်ပါဘူး”
ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေးတာဝန်ခံ ဆရာတော် ဦးဣဿရိယက မဇ္ဈိမကို မိန့်ကြားသည်။

ဆိုင်ကယ် အရောင်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ယာဉ်ထိန်းရဲဌာနသို့ မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ လူကိုယ်တိုင်လာမှ ဖြေကြားမည်ဟု တုံ့ပြန်ပြောဆိုသည်။

ဆက်ဖတ်ရန်...

ဥာဏ်ဝင်း ဖိနပ်နဲ့ အပေါက်ခံရခြင်း (VOA)



It is Just beginning
ကျနော်တို့ မှာ ဗွီဒီယိုမပါသွားတဲ့အတွက် လှုပ်ရှားမှု အားလုံးကို မဖေါ်ပြနိင်တာခွင့်လွတ်ပါ။ ဗွီအိုအေက တည်းဖြတ်ပြီးသလောက်ပဲ
တင်ပြနိင်ပါတယ်။ ဆန္ဒပြရဲဘော်တွေ က သိန်းစိန် နဲ့  ညဏ်ဝင်းကိုစောစောစီးစီး အမျှဝေသံ၊ ဖိနိပ်တွေ နဲ့ ဝိုင်းပေါက် ကြတဲ့ပုံတွေ တစိတ်တဒေသ်နဲ့  ကျေနပ်ပါဦး နော်။ ဆက်လာဦးမှာပါ။ ဒီထက်ကောင်းတာတွေနဲ့ ပေါက်ဖို့ လည်းအစီအစဉ်တွေရှိပါတယ်။
ဒါအစ ပဲရှိပါသေးတယ်။
ကိုမိုးသီးဇွန်



စစ်ရာဇ၀တ်ကောင်သိန်းစိန်-ဥာဏ်ဝင်း ဆန့်ကျင်ရှုံ့ချပွဲ(ညနေပိုင်း)

အပိုင်း ( ၁ )



အပိုင်း ( ၂ )



မှတ်တမ်းတင်သူ-Ko Aung Min Htun(New York)
တည်းဖြတ်တင်ပြသူ-Mr.Big Guy(Ph#917-951-2428)

ဆက်ဖတ်ရန်...