MALAYSIA NLD (LA) မှမေတ္တာရပ်ခံချက်


ဆက်ဖတ်ရန်...

အာဇာနည်နေ့ တို့မမေ့


ဆက်ဖတ်ရန်...

61st Anniversary of Burma's Martyr day




ဆက်ဖတ်ရန်...

ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးဝါသနာ



နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပေမဲ့ မြန်မာပြည်သားတိုင်းရဲ့ ရင်ထဲ မှာ မမေ့နိုင်တဲ့ ၁၉ ဇူလှိုင် ကတော့ အခုဆိုရင် ၆၁ ကြိမ်မြောက် ကျင်းပရန်နီးကပ် ၍လာခဲ့ပြန်ပြီ ။ဒီလိုနဲ့ ကျွန်တော့်ရင်ထဲမှာ လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ ဖခင်ကျေးဇူးရှင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းများကိုပြန်ပြောင်းတွေးတော နေမိပါတော့သည်။


ကွယ်လွန်သူ ဗိုလ်ချုပ်အောင်ဆန်းကို အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေး ဗိသုကာနှင့် မြန်မာတပ်မ တော်၏ဖခင်ကြီးအဖြစ် အားလုံးသိရှိပြီးဖြစ်သည် ။သို့သော်လည်း ဗိုလ်ချုပ်အောင်ဆန်း စာရေးဝါသနာပါပုံကို သိသူနည်းပါးသည် ။ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသညစလုံးတွင် အရေးရော အပြောပါ ကျွမ်းကျင်နိုင်နင်းသည်။ စာရေးစာဖတ်လည်း ၀ါသနာအတော်ပါသည်။ ဗိုလ်ချုပ်၏ ကိုယ်ရေးအရာရှိ လုပ်ဖူးသော သခင်ဗအေးက -
ဗိုလ်ချုပ်အောင်ဆန်းကား စာအလွန်ဖတ်သူဖြစ်၏။ တခါတရံ နောက်ဖေးသွားရင်း စာဖတ်နေရာ နာရီဝက် ကျော်ကြာနေသဖြင့် ခေါ်ယူရ၏...ဟု ဗိုလ်ချုပ်အောင်ဆန်း စာဖတ်ဝါသနာပါပုံကို ရေးသားဖူးသည် ။

ဒုတိယကမ္ဘာစစ်အပြီး ဂျပန်များထွက်သွားပြီးနောက် ရန်ကုန်မြို့ကို ဗြိတိသျှတပ်များပြန်လည်သိမ်းပိုက်ပြီး ၂ လ အကြာမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း တည်းဖြတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကိုရေးဖြစ်ခဲ့ ပါသည်။ ထိုစာအုပ်ကို အမျိုးသားပုံနှိပ်တိုက်က ၁၉၅၁ ခုနှစ်ကျမှ ရိုက်နှိပ်ထုတ်ဝေနိုင်ခဲ့ပါသည်။

ဆရာကြီးဦးရာဇတ်နှင့် လူထုဦးလှတို့ကို ရန်ကုန်ဆင်းလာရန်ခေါ်သည်။ ဆရာကြီးဦးရာဇတ်တို့ ရန်ကုန် ရောက်သောအခါ ဖဆပလအဖွဲ့၊ အစည်းအဝေးသို့တက်ကြရသည်။ အစည်းအဝေးပြီးသောအခါ ဗိုလ်ချုပ်အောင်ဆန်းက ဆရာကြီးဦးရာဇတ်တို့ကို တာဝါလိမ်းလမ်းရှိ သူ့အိမ်သို့ ဖိတ်၍ ထမင်းကျွေးသည်။ ထမင်းစားရင်း နိုင်ငံရေးနှင့် စာပေအကြောင်းများ ပြောကြသည်။ ထိုစကားဝိုင်းနှင့် ပက်သက်၍ ..
” ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရပြီးလို့ တိုင်းပြည်မှာစိတ်ချရယင် သူစာရေးဆရာ လုပ်မယ်လို့ ကျွန်တော်နဲ့ဆရာကြီးဦးရာဇတ်ကို ပြောပြပါတယ်။ ...ဗိုလ်ချုပ်အောင်ဆန်းက သူကိုယ်တိုင်အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့အတ္ထုပ္ပတ္တိကိုပြလို့ ဖတ်ကြည့်ရပါသေးတယ်။ ရေးစပဲရှိပါသေးတယ် ” ဟု လူထုဦးလှက မှတ်တမ်းတင်ဖော်ပြထားသည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ကလည်း...
” လွတ်လပ်ရေးရပြီးရင် ငါတော့နိုင်ငံရေးကထွက်ပြီး စာတွေရေးမယ်၊ နိုင်ငံရေးတွေ၊ ရာဇ၀င်တွေအပြင် အိမ်ထောင်ရေးနဲ့ သားသမီးစောင့်ရှောက်ပြုပြင်ရေးတွေနဲ့ ပက်သက်လို့ ငါ့အယူအဆ သဘောထားတွေကိုပါ စာအုပ်ရေးမှာဘဲ ” ဟု ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း) ကို ၁၉၄၇ ခုနှစ် ဧပြီလအတွင်း မေမြို့တွင်ပြောပြဖူး သည်ဟု ဆိုသည်။ ထို့အပြင် ၁၉၄၇ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ကိုယ့်မင်းကိုယ်ချင်းလမ်းရှိ ဖဆပလဌာနချုပ် ၌ ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေးတွင်...

” လွတ်လပ်ရေးရတဲ့အချိန်အထိတော့ ကျုပ်နိုင်ငံရေး လုပ်အုံးမှာဘဲ။ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေဖြစ်တဲ့ အချိန်မှာကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ် ”ဟု ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တစ်ကြိမ်ပြောဖူးသေးသည်။

” ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံမခံရမီ ငါးရက်အလို ၁၉၄၇ ခုနှစ် တနင်္လာနေ့တွင် ဦးခင်ဇော်၊ ဦးသိန်းဟန်(ဆရာဇော်ဂျီ) ၊ ဦးထင်ဖတ် (မောင်ထင် )နှင့် ဦးဝန် (ဆရာမင်းသုဝဏ်) တို့ အတွင်းဝန်ရုံးသို့ရောက်သွားကြ သည်။ တိုင်ပြုပြည်ပြုလွှတ်တော်အဆောက်အဦးရှေ့ရောက်သောအခါ လွှတ်တော်အဆောက်အအုံဝရန်တာတွင် ဒီးဒုတ်ဦးဘချိုနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ စကာြးော့နေကြသည်ကိုတွေ့သည်။ ဦးထင်ဖတ်တို့က ဗိုလ်ချုပ်အောင်ဆန်းတို့ကိုတွေ့၍ ၀င်နှုတ်ဆက်ရင်း စကားပြောဖြစ်ကြသည်။ ထိုစကားဝိုင်းတွင် ဆရာကြီး ဒီးဒုတ်ဦးဘချိုက လွတ်လပ်ရေးရလျှင် နိုင်ငံရေးကထွက်ပြီး ပညာရေးနှင့်ယဉ်ကျေးမှုတွေ လေ့လာမည်ဟုပြော သည်။ ဆရာဦးထင်ဖတ်တို့ကို လက်ညှိုးထိုး၍ ” သူတို့တတွေနဲ့ အာရှ အရှေ့တောင်ပိုင်းမှာလှည့်ပြီးယဉ်ကျေးမှု လေ့လာချင်ပါတယ် ” ဟု ဆရာကြီး ဒီးဒုတ်ဦးဘချိုက ဆက်ပြောသောအခါ ထိုစဉ်က


ဘန်ကောင်လုံချည် နံ့သာရောင်နှင့် ပိုးသားအင်္ကျီရင်စေ့ ၀တ်ထားသော ဗိုလ်ချုပ်အောင်ဆန်းကလည်း သူ့နှုတ်ခမ်းကလေးကို ထော်ပြီး ” ကျွန်တော်ကလည်း နိုင်ငံရေးကထွက်မှာပါဘဲဆရာ၊ ထွက်ပြီးတော့ စာရေးမယ်ကြံတယ်၊ ကျွန်တော်ကျောင်းမှာနေတာန်းက ပါဠိရော၊ မြန်မာစာကိုပါယူခဲ့တယ်။ မြန်မာစာမှာကျွန်တော်အမှတ်ကောင်းကောင်းရတယ်၊ ကျွန်တော်ကြီုးစားလျှင် ဒစ်စတင်းရှင်းတောင်ရမှာဘဲ ဟု လွတ်လပ်ရေးရပြီးလျှင် နိုင်ငံရေးမလုပ်ဘဲ စာရေးမည့်အကြောင်းပြောသေးသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းက....


” ကျွန်တော်တို့ဆီမှာ ဘာသာပြန်တွေ အများကြီးလိုတယ်။ ဘိုင်အိုဂရက်ဖီ (အတ္ထုပ္ပတ္တိ) တွေလဲ လိုတယ်။ ဘာကြောင့်မရေးကြသလဲ မသိဘူး။ ဟုဆက်ပြောရာ မြန်မာ့ယဉ်ကျေးမှု အနုပညာများကို ဖော်ထုတ်ရန်အချိန်တန်ပြီဖြစ်ကြောင်း ဆွေးနွေးမိကြသောအခါ ဗမာ့အက၊ ဗမာ့ဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေ ရှိတယ်။ ဒါတွေကိုစုံစမ်းရမယ်၊ အာရှတိုက်သားတွေ တစ်ဦးနဲ့တစ်ဦးဘယ်လို ဆက်စပ်မှုရှိတယ်ဆိုတာ လေ့လာ ရမယ်။ ကျွန်တော်လဲ အနုပညာသမားဗျာ ” ဟုပင် ဗိုလ်ချုပ်အောင်ဆန်းက သူ့ကိုယ်သူ အနုပညာသမားဖြစ် ကြောင်းထည့်၍ ပြောလိုက်သေးသည်။။။။။


ဆက်ဖတ်ရန်...

အနောက်နိုင်ငံများက မြန်မာစစ်အစိုးရ စစ်သံမှူးများကို လက်မခံနိုင်ငံခြားရေးဝန်ကြီးဌာန အရပ်ဘက်ဝန်ထမ်းများ ရာထူးတက်ရန် လမ်းပိတ်

မြန်မာစစ်သံမှူးများနှင့် တွဲဖက်စစ်သံမှူးများကို နိုင်ငံအသီးသီးက လက်မခံတော့သည့်အတွက် အဆိုပါ စစ်သံမှူးဟောင်း စစ်အရာရှိများ နိုင်ငံခြားရေးဝန်ကြီးဌာန ရောက်လာမည်ကို အရပ်ဘက် ၀န်ထမ်းများ စိုးရိမ်နေသည်ဟု နေပြည်တော်သတင်းရပ်ကွက်က ပြောသည်။

စစ်တပ်မှ ပြောင်းလာသည့် စစ်အရာရှိများကို တဆင့်မြင့်ရာထူးဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ခန့်အပ်နေသည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန အရပ်ဘက်ဝန်ထမ်းများအား သတ်မှတ်သည့် ၀န်ထမ်းသက်အလိုက် ရာထူးပေးသည့်စနစ်ကို ရပ်ဆိုင်းထားသည်ဟု အရာရှိတဦးက ပြောသည်။

အရပ်ဘက်ဝန်ထမ်းများ ရာထူးတက်ပေးရာတွင် ဘာသာရပ်ဆိုင်ရာ အထူးကျွမ်းကျင်သူများ၊ လက်မှတ်ရပြီးသူများနှင့် မဟာဘွဲ့ ရပြီးသူများမှအပ ကျန်အရပ်ဘက် ၀န်ထမ်းများကို ရာထူးတိုး ပေးတော့မှာ မဟုတ်သည့်အတွက် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန အရပ်ဘက်ဝန်ထမ်း များ ပိုပြီး မကျေမနပ် ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

မြန်မာစစ်အစိုးရ လုပ်ရပ်အပေါ် မကျေနပ်သည့်အတွက် နိုင်ငံခြား မြန်မာသံရုံးများတွင် စစ်သံမှူး များအား လက်မခံသည့် နိုင်ငံအရေအတွက်မှာ လက်ရှိ စစ်အစိုးရလက်ထက်တွင် အများဆုံး ဖြစ်သည်။ အထူးသဖြင့် လက်ရှိ စစ်အစိုးရလက်ထက်တွင် မြန်မာစစ်သံမှူးများ လက်မခံသည့် အနောက်နိုင်ငံများ၊ ဥရောပနိုင်ငံများ အများအပြားရှိသည်ဟု အမည်မဖော်လိုသည့် သံတမန် တဦးက ပြောသည်။

မြန်မာစစ်အစိုးရ စေလွှတ်သည့် စစ်သံမှူးများကို လုံးဝ လက်မခံသည့် နိုင်ငံများ ရှိလာသည့် အတွက် အချို့နိုင်ငံများရှိ မြန်မာ သံရုံးများတွင် အနည်းဆုံး ဒု-အရာခံဗိုလ်အဆင့်များကို တွဲဖက်ထားနိုင်အောင် စစ်အစိုးရက မလိမ့်တပတ် ကြိုးပမ်းခဲ့သည်ဟု နေပြည်တော်သတင်း ရပ်ကွက်က ပြောသည်။

အဆိုပါ ဒု-အရာခံဗိုလ်အဆင့် တွဲဖက်စစ်သံမှူးများကို သက်ဆိုင်ရာ မြန်မာသံရုံး သံမှူးကြီးဖြစ်စေ၊ သံမှူးကဖြစ်စေ ပူးတွဲတာဝန်ယူ အုပ်ချုပ်ခဲ့သော်လည်း အဆိုပါ တွဲဖက်စစ်သံမှူးများမှာ တာဝန် သီးခြားမရှိဘဲ နိုင်ငံတော်ငွေ လာရောက်ဖြုန်းနေသူများဟု အရပ်ဘက် သံတမန်များက မြင်လေ့ ရှိသည်။

နိုင်ငံခြား မြန်မာသံရုံးများတွင် စစ်သံမှူးများကိုယ်စား ရောက်လာသည့် အဆိုပါ တွဲဖက်စစ်သံမှူး များတွင် အတိုက်အခံဘက်မှ ထောက်ပံ့ကြေး ရယူထားသူအချို့လည်း ပါဝင်သည်ဟု အမည် မဖော်လိုသည့် သံတမန်တဦးက ပြောသည်။

ယခုအခါ မြန်မာစစ်အစိုးရသည် နိုင်ငံခြား မြန်မာသံရုံးများရှိ စစ်သံမှူးများနေရာတွင် ခန့်ထားသည့် ဒု-အရာခံဗိုလ်အဆင့် တွဲဖက်စစ်သံမှူးများကိုပါ နိုင်ငံခြား စေလွှတ်တော့မှာ မဟုတ်သည့်အတွက် အဆိုပါ အရာရှိများ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ရောက်လာမည်ကို အရပ်ဘက် ၀န်ထမ်းများ စိုးရိမ်နေခြင်း ဖြစ်သည်ဟု စုံစမ်းသိရသည်။

ဆက်ဖတ်ရန်...

မရရင် ချကြပါစို့

မြန်မာလူထု အမျိုးသားရေး စိတ်ဒဏ်သင့်တဲ့ အနာဖြစ်တာ သုံးခါရှိခဲ့ပါပြီ။ ဆရာကြီး ရွှေဥဒေါင်းစကားနဲ့ ပြော ရင်တော့ အသည်းနှလုံးမှာ ဆူးကြီးပေါက်ခဲ့သလို ခံစားခဲ့ရတာ၊ ဒေါ်မာမာအေးစကားနဲ့ ပြောရင်တော့ အသည်း နာ ကမ္ဘာမကြေနာ၊ မဟာနာကြည်းမှုကြီး။ ဒါတွေကတော့ …

၁. ၈၈ လှုပ်ရှားမှုကြီး အနိမ်နင်းခံရပြီးနောက်၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ် အကောင်အထည် မပေါ်လာတာ။

၂. ၂၀၀၇ခုနစ် စက်တင်ဘာ တော်လှန်ရေးက တောင်းဆိုချက် ဘာတခုမှမရဘဲ ရက်ရက်စက်စက် နှိမ်နင်း ခံခဲ့ရတာ။

၃. နာဂစ်မုန်းတိုင်းခံရတဲ့ ပြည်သူတွေအတွက် နိင်ငံတကာ အကူညီတွေကို စစ်အစိုးရက ငြင်းဆန်ပြီး ထောက်ပံမှုတွေ အလုံအလောက် မလုပ်ဆောင်ပေးခဲ့တာ။ ဒီအပေါ်မှာ လူထုက စိတ်ဒဏ်သင့်ခဲ့တယ်။

ဒီစိတ်ဒဏ်သင့်မှုက အလွန်အန္တရာယ် ရှိတယ်။ လူထုကို တော်လှန်ရေးအပေါ်မှာ ယုံကြည်မှု ကျဆင်းသွားစေ တတ်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ကျဆင်းသွားစေတတ်တယ်။ ဒီအနာကြီးကို ဖြေဖျောက်ဖို့ အတွက် လူထုကို မျှော်လင့်ချက်တွေပေးဖို့ လိုတယ်။ ဒါကတော့ လူထုတိုက်ပွဲတွေ ပြန်လည်ဖေါ်ထုတ်ရမယ်။ နအဖရဲ့ စီးပွားရေး ပစ်မှတ်တွေကို တိုက်ခိုက်ဖို့လိုတယ်။

ဒီလိုဖြစ်ရပ်မျိုးက ၁၉၈၈ ခုနစ် မတ်လ ၁၆ ရက် တံတားနီ အရေးအခင်းမှာ ကျနော်တို့ မဆလ စစ်အစိုးရရဲ့ နိမ်နင်းတာကိုခံခဲ့ရတဲ့ အခြေအနေနဲ့တူတယ်။ တံတားနီကျောင်းသားလှုပ်ရှားမှုမှာ ကျောင်းသားတစ်ရာကျော် အသတ်ခံရတယ်။ သုံးထောင်နီးပါး အဖမ်းခံရတယ်။ ငါးရာကျော် ကျောင်းထုတ်ခံရတယ်။ ကျောင်းသားတွေ အနေနဲ့ လုံထိန်းတွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်တာကို ခံရမှုကြောင့် ကျောင်းသားထုအတွင်းမှာ စိတ်ပိုင်းဆိုင်ရာ ဒဏ်သင့်သွားနိုင်တယ်။ အကြောက်လွန်သွားနိုင်တယ်။ စိတ်အားငယ်မှုတွေ ဖြစ်လာနိုင်တယ်။ ခေါင်းဆောင်လုပ်သူတွေက ဒီအခြေအနေကို အရောက်မခံဖို့ လိုတယ်လို့ စဉ်းစားပြီး ကျနော်တို့ သိမ်ကြီးဈေး စီရုံကို မီးတင်ရှို့ခဲ့တယ်။

ဒီတော့ ကျောင်းသားထုနဲ့ လူထုက စိတ်အားပြန်လည် တက်ကြွလာတယ်။ ငါတို့ကို မတရားလုပ်ချင်တိုင်း လုပ်လို့မရဘူး။ ငါတို့ထဲမှာ မတရားမှုကို ရဲရဲရင့်ရင့် ဆန်ကျင်မယ့် အင်အားစုတွေ ရှိသေးတယ် ဆိုတာကို သိသွားလို့ပဲ။ အခုအခြေအနေကြီးကို ကျနော်တို့ မကြိုက်ဘူး။ လူထုထဲမှာ ကျဆင်းနေတဲ့ စိတ်ဓာတ်ကို ပြန် လည် တက်ကြွလာစေဖို့အတွက် တချို့ပစ်မှတ်တွေကို ကျနော်တို့ ရှာဖွေတိုက်ခိုက် သင့်တယ်လို့ တိုက်တွန်း လိုပါတယ်။ မြန်မာပြည် ထောင့်တစ်နေရာမှာ မတရားမှုတွေကို လက်တုန်ပြန်မယ့် အင်အားစုတွေ ရှိတယ် ဆိုတာကို ရဲရဲဝံ့ဝံ့ ပြသကြပါစို့ …။

အောင်ပွဲသို့ …
မိုးသီးဇွန်
(Golden Colour Revolution ဘလော့မှ ကူးယူဖော်ပြသည်)

ဆက်ဖတ်ရန်...

ဖက်ဆစ်လက်သစ်များအတွက်။

သန်း (၅၀)ကျော်လူထုဟာ
ရွှေ ရောင်အနာဂတ်အတွက် မျှော်လင့်နေတာ
မောင် မောင်ခေါ်တုန်း ဗျာထူးဖို့
အေး ချမ်းစွာ မျှော်လင့်နေတာ
ရွှေ ရောင်လွှမ်းတဲ့ တိုင်းပြည်ဖြစ်ဖို့
မန်း မှုတ်လို့ရရင် မှုတ်ချင်ပါရဲ့`
မြင့် မားခဲ့တဲ့ မြန်မာပြည်
ဆွေ စဉ်မျိုးဆက် ဒို့တစ်သက်
ခွေး ဖက်ဆစ်လက်တဆုတ်စာ တစ်စုကြောင့်
စိတ် ရင်းစေတနာ အရိုးခံနဲ့ဒို့ပြည်သူနဲ့ဒို့နောင်တော်တွေ
ဓါတ် စာကျွေးသလို စတေးပေးခဲ့ရတာ
ခြင်း အတူတူပဲ မို့  ။

တစ်ခွန်းထဲသော စကားပြောလိုက်မယ်
မင်းတို့ စစ်အာဏာရှင်လက်တဆုတ်စာ တစု
အလှည့်ကျရင် မနွဲ့ကြနဲ့။

ဒို့ပြည်သူတွေ ဒဏ်ခတ်မယ်
သန်းရွှေအပါအ၀င် နောက်လိုက်တစ်သိုက်
သတိသာထားနေကြပေတော့။

လူထုတရပ်လုံးအတွက် စတေးခံ အ ကောင်း ဆုံး မြေ သြ ဇာ (BM-1)။

ဆက်ဖတ်ရန်...

၁၉ ဇူလှိုင်အတွက် ရွတ်ဆိုမှု။

အခန်းဆက်နေ့ရက်




မြေသြဇာ ရဲဘော်များမှ ရောက်လေရာအရပ်တိုင်း နေရာတိုင်း အချိန်တိုင်းမှာအာဏာရှင်ကို တိုက်ထုတ်နေပါတယ် ၀ိုင်းဝန်းကူညီ ပံ့ပိုးပေးကြပါရသည့်နည်း ရသည့်လက်နက်ဖြင့် တိုက်ပွဲဝင်သွားမည်ဆိုတာ ကို ယခု ၁၉ ဇူလိုင်ကဗျာဖြင့် အာဇာနည် အပေါင်းအား တိုင်တည်ရင်းဖြင့် တဆင့်ဖြန့်ဝေပေးကြပါခင်ဗျာ


လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံးမြေသြဇာ
B M 1

ဆက်ဖတ်ရန်...

7 ဇူလိုင် ဓါတ်ပုံမှတ်တမ်းသက်သေများ။































ကိုမင်းကြီးညို နှင့် နစ်နေမန်း အားအထူးကျေးဇူးတင်ရှိပါသည်။

သမိုင်းတခေတ်က ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား နောင်တော်ကြီးများ
ရဲ့ လှုပ်ရှားမှု ကိုလေးစားဂုဏ်ပြုရင်း ( ၇ ဇူလိုင် ) အစဉ်အမြဲ အောက်မေ့ သတိရ စေပါသည်။

ဆက်ဖတ်ရန်...

အာဏာရှင်ကို ဆန့် ကျင်တိုက်ပွဲဝင်ခဲ့တဲ့ နောင်တော်ကျောင်းသားကြီးများရဲ့  မမေ့နိုင်တဲ့ 7 ဇူလိုင်။


ဇူလိုင် (၇) အဖြစ်အပျက်၏ ရှားပါးဓါတ်ပုံများ

http://niknayman.blogspot.com/2007/07/blog-post_9991.html

အာဏာရှင် များကို တုန်လှုပ်ခြောက်ခြား စေတဲ့ ဇူလိုင် (၇) လျှို့ ဝှက်မျက်နှာဖုံး ဒီဇိုင်း။

http://niknayman.blogspot.com/2007/07/blog-post_06.html

၇ ဂျူလိုင်၏ နိဒါန်း

http://niknayman.blogspot.com/2007/07/blog-post.html

ဇူလိုင် (၇) ရက် ၁၉၆၂ အရေးတော်ပုံ

http://niknayman.blogspot.com/2007/06/blog-post_6797.html



ဖျက်ဆီးခံခဲ့ရသောကျောင်းသားသမဂ္ဂအဆောက်အဦးနှင့်ကျဆုံးခဲ့ရသောကျောင်းသူကျောင်းသားများရဲ့သွေးစွန်းသည့် နေ့ တစ်ရက် (သို့ ) ဇူလိုင် (ရ)ရက်။

7 ဇူလိုင် နှင့် ပတ်သက်သည့် အကြောင်းအရာများအား ပြန်လည်တင်ပြရင်း နောင်တော်ကျောင်းသားအပေါင်းအား ဦးညွတ်ဂုဏ်ပြုပါသည်။

ဆက်ဖတ်ရန်...

ငါးလောင်းပြိုင် လူသတ်မှု နောက်ကွယ်မှ ကြိုးကိုင်သူ

လွန်ခဲ့တဲ့ မတ်လ ၂ ရက်နေ့တွင် ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ စိမ်းလဲ့ကန်သာလမ်းသွယ်က နာမည်ကြီး မိုးကုတ်အဆက် အိမ်တစ်အိမ်၌ ဖြစ်ပွားခဲ့တဲ့ ငါးလောင်းပြိုင် လူသတ်မှုမှာ နအဖ စစ်ဘီလူး ခေါင်းဆောင် သန်းရွှေရဲ့ မိန်းမဒေါ်ကြိုင်ကြိုင် ပါဝင်ပတ်သက်နေတယ်လို့ မကြာခင်ကမှ မှုးယစ်ဆေးဝါးကိစ္စ နဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အောင်ဇော်ရဲမြင့် ရဲ့ အသိုင်းအ၀ိုင်းကနေ ထွက်ပေါ်လာခဲ့ပါတယ်။

မိုးကုတ်သူဋ္ဌေး ဦးမြမောင် နဲ့ ဒေါ်အုန်းကြည်တို့ရဲ့ တစ်ဦးတည်းသောသမီး၊ ဒေါ်စန်းစန်းမြ နဲ့ ခင်ပွန်း ဦးစောကြည်ဖေတို့ရဲ့ မွေးစားသမီးဖြစ်တဲ့ မမြစန္ဒာရဲ့ ခင်ပွန်းဦးသုဇော်ဟာ အလောင်းအစား ခုံမင်တယ်။ ဗိုလ်ချူပ်သာအေး သားအစရှိတဲ့ နအဖ စစ်ဗိုလ်ချုပ် သားသမီးတွေ အပါအ၀င် ဦးသုဇော်တို့ လေးကောင်ဂျင် ကစားကြရာ ဦးသုဇော် အကြီးအကျယ် ရှုံးပြီး အကြွေးပါတင်သွားတယ်။

အဲ့ဒီအကြွေးတွေ ချေဖို့အတွက် ဒေါ်ကြိုင်ကြိုင်က ဦးသုဇော်ကို သူ့ယောက္ခမပိုင်တဲ့ ပတ္တမြားကြီးကို ယူပေးဖို့ စီမံညွှန်ကြားခဲ့ရာက ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်တယ်။

ယခု မှုးယစ်ဆေးဝါးကိစ္စနဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အောင်ဇော်ရဲမြင့်က သူ့ရဲ့ ကိစ္စကို အရေးယူ ဆောင်ရွက်မယ်ဆိုရင် ဒေါ်ကြိုင်ကြိုင် ပါဝင်ပတ်သက်ခဲ့တဲ့ ဒီငါးလောင်းပြိုင် လူသတ်မှုကို ဖေါ်ထုတ်မယ်လို့ ပြန်လည် ခြိမ်းခြောက်တယ်လို့ အောင်ဇော်ရဲမြင့် နဲ့ပတ်သက်ဆက်နွယ်နေတဲ့ အသိုင်းအ၀ိုင်းကနေ သတင်းတွေ ပြန်ထွက်လာပါတယ်။

ယခုလက်ရှိဖြစ်ပေါ်နေတဲ့ စစ်ဗိုလ်ချူပ်တွေအတွင်း ရာထူးအပြောင်းအလဲ အခြေအနေတွေ၊ လူသတ်မှု ကျူးလွန်စဉ်က သုံးစွဲခဲ့တဲ့ လက်နက်အမျိုးအစားတွေ နဲ့ တစ်ဦးတည်း ရှင်ကျန်ခဲ့တဲ့ ဦးသုဇော် အစရှိတာတွေကို ထောက်ချင့်ရင် ဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါကြောင်း

ဒီလွန်

ဆက်ဖတ်ရန်...

လူမျက်နှာပျောက်တဲ့ လူသားတွေ (ဇေယျာသော်ရဲ့ ကဗျာ)


ဇေယျာသော်ကို ရုံးထုတ်ရန် ခေါ်ဆောင်လာစဉ်နှင့် သူ၏ ကဗျာလက်ရေးမူ
လူမျက်နှာပျောက်တဲ့ လူသားတွေ
ဇေယျာသော်

လူအချင်းချင်း … မီးထက်ပြင်းတဲ့ ထိုးနှက်မှုတွေ

အချစ်ကို ၀ယ်စားကြသူတွေနဲ့ အချစ်ကို ရောင်းစားကြသူတွေ

ဈေးခေါ်နေတဲ့ စာရိတ္တတွေနဲ့ မေတ္တာမဲ့တဲ့ နှလုံးသားတွေ

ဘယ်သူသေသေ ငတေမာရင်ပြီးရောပေါ့။

ငါတို့ခေတ်မှာ လူသားတွေဟာ

တယောက်ရဲ့ အတ္တအတွက် တယောက်က

အခြားတယောက်ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုး

အသွေးအသားတွေကို ၀ါးမျို

အရိုးတွေနဲ့ မီးလှုံ

ယုံကြည်ချက်တွေ တိုးတိုက်မိကြပေါ့ …။

ငါတို့ခေတ်မှာ … ကမ္ဘာရဲ့သစ္စာ

ပျောက်ဆုံးနေတဲ့ လောကပါလဟာ

ဘယ်မှာမှ ရှာမရသလို

အတ္တမျက်မှန်ပြာတွေတပ်

မောဟအမှောင်တိုက်ထဲဝင် …

ဟင် …

လူသားတွေဟာ လူမျက်နှာတွေ ပျောက်နေကြပြီ။ ။

ဇေယျာသော်

၂၇.၆.၀၈

ဆက်ဖတ်ရန်...

နိမိတ်ကောက် တော်လိုက်ပုံက

ကိုခင်ဇော်တယောက် ကြက်ဝိုင်းတွင် ရောက်နေပြန်သည်။
ဘယ်ကြက်လောင်းရမည်ကို စဉ်းစားနေခိုက် တိုက်ကြက်ပိုင်ရှင်တဦးက-

“ ‘သေချင်းဆိုး’ တဲ့ကွ အသေဆိုးနဲ့ သေချင်တဲ့ကြက်တွေ စိမ်ခေါ်တယ်ကွ၊ သူဌေးဖြစ်ချင် ‘သေချင်း ဆိုး’ဘက်နေ။” ဟု စိမ်ခေါ်လိုက်သည်။

တခြားသူတွေကတော့ နာမည်ကိုက နိမိတ်မရှိ နမာမရှိနဲ့ ဆိုပြီး တခြားကြက်ကို ၀ိုင်းလောင်းကြသည်။
ကိုခင်ဇော်တယောက်သာ ပါတဲ့ ပိုက်ဆံအားလုံးကို သေချင်းဆိုးဖက်မှ လောင်းလိုက်သည်။
ပွဲစပြီး နှစ်ချီမြောက်တွင် သေချင်းဆိုးက တဖက်တိုက်ကြက်ကြီးကို လည်ငိုက်ကျသွားအောင် အနိုင်ပိုင်းသွား သဖြင့် ကိုခင်ဇော်တစ်ယောက် လောင်းကြေး အမြောက်အများရသွားသည်။

“ဒီ ‘သေချင်းဆိုး’ ကြက်အနိုင်ရမယ်ဆိုတာ ခင်ဗျား ဘယ်လိုလုပ်သိလဲဗျ။” ဟု အနားက လူတစ်ယောက် က မေးလိုက်သည်။

“ကျွန်တော့်မိန်းမပေါ့ဗျာ၊ သူပေးလိုက်တဲ့ နိမိတ်ပေါ့၊ ကြက်ဝိုင်းသွားမယ်လဲသိရော၊ ကျွန်တော်အိမ်က အထွက် သတိလှမ်းပေးလိုက်တယ်လေ၊”

“ဘယ်လိုသတိပေးတာလဲဗျ။”

“ ‘သေချင်းဆိုး’ တဲ့ဗျ။”

ဆက်ဖတ်ရန်...

တခါထဲ စွမ်းတာများ

အဝေးပြေးကားတစ်စီးပေါ်တွင် သူရဲကောင်း ဂုဏ်ထူးဆောင်တံဆိပ် တပ်ထားသော လူတစ်ဦးကို မျက်နှာချင်း ဆိုင် ထိုင်ခုံတွင် ထိုင်နေသော အမျိုးသမီးတစ်ဦးက ............

“တကယ်လို့ ရှင်သာ ကျမယောကျာ်း ဖြစ်ခဲ့ရင် သူရဲကောင်းတံဆိပ်ကို ရှင့်ရင်ဘတ်မှာ တပ်ခွင့်ပြုမှာ မဟုတ်ဘူး”

“ဘာဖြစ်လို့လဲ”

“တစ်သက်မှာ တစ်ခါပဲ အစွမ်းပြခဲ့တာကို လူရှေ့ သူရှေ့ ရောက်တိုင်း ထုတ်ပြသလို ဖြစ်နေတော့ ရှက်စရာကောင်းတယ်လို့ ကျမထင်တယ်”

“ဒါဆို ခင်ဗျားရဲ့ယောကျာ်းကို ဘာလို့ လက်ထပ်လက်စွပ် ၀တ်ခိုင်းထားသလဲ”

ဆက်ဖတ်ရန်...

ပင်လယ်ငိုတဲ့ည


ဆက်ဖတ်ရန်...

အင်တာနက် စိစစ်ဖြတ်တောက်မှုများ ကျော်လွှားနိုင်ရေး လူထုလက်စွဲ။

Read this document on Scribd: guide-burmese

ဆက်ဖတ်ရန်...

အင်တာနက်သုံးစွဲသူများအတွက် အသိပေးချက် (၈) ချက်နှင့် အင်တာနက်ကျော်နည်း လူထုလက်စွဲ။

ဖိုင်ဒေါင်းလုပ်လုပ်ရန် - http://www.mediafire.com/?ynf5mepdnyx နှင့်  http://www.mediafire.com/?ykmzxnewonx


Read this document on Scribd: Do and Don't Internet Users

ဆက်ဖတ်ရန်...

ပြန်လာပါ ပြီ...

ကျွန်တော် blog ပြန်ရေးပါတော့မည် ။ကျွန်တော့် အလုပ်တွေ နဲ့

မအားလပ်တာရယ်၊ computer


ပျက်သွားတာရယ်ကြောင့် အချိန်တော်တော်ကြာကြာ Internet နဲ့

အဆက်အသွယ်ပျက် သွားခဲ့ရပါသည်။

ဆက်ဖတ်ရန်...