တန်ဆောင်မုန်းလပြည့်ညသည် ဆေးပေါင်းခလေ့ရှိသည့် ညဖြစ်သော်လည်းယခုနှစ်တွင်မူ နတ်တော်လပြည့်နေ့ညရောက်မှသာ ဆေးပေါင်းခမှု ပြုလုပ်နိုင်မည်ဖြစ်ကြောင်း နက္ခတ်ပညာရှင်အသိုင်းအ၀ိုင်းမှ သတင်းရရှိ ပါသည်။''ဒီနှစ်တန်ဆောင်မုန်းလပြည့်နေ့ညရဲ့ နက္ခတ်လပြည့်ချိန်က နက္ခတ် သိပ္ပံပညာရပ်အရ နိုဝင်ဘာလ ၁၀ ရက်နေ့ညမှာ မဖြစ်ဘဲ ၁၁ ရက်နေ့ အကူး မြန်မာစံတော်ချိန်နံနက်၂နာရီ ၄၆ မိနစ်ရောက်မှပြည့်မှာပါ။
အဲဒါအပြင် ကြတ္တိကာနက္ခတ်နဲ့ လမင်းတို့ စန်းယှဉ်မှုကလည်း ပုံမှန်ဆိုရင်တန် ဆောင်မုန်းလပြည့်နေ့ညမှာ ဖြစ်ပေါ်လေ့ရှိတဲ့အတွက် အဲဒီလိုညဆိုရင် ဆေးဖက်ဝင် မဲဇလီဖူးသုပ်စားတာတို့၊ သိဒ္ဓိ၀င် အစွမ်းထက်နိုင်တဲ့ဆေးဝါးတွေ ဖော်စပ်တာကို ရိုးရာဓလေ့တစ်ခုအရ ပြုလုပ်ကြတယ်။
ဒါပေမဲ့ ဒီနှစ်မှာတော့ တန်ဆောင်မုန်းလပြည့်ချိန် အတိအကျကလည်း နောက်နေ့နံနက်ကိုကူးတဲ့အပြင် သိဒ္ဓိ၀င်ဆေးဝါးကောင်းတွေ ဖော်စပ်နိုင်တဲ့ကြတ္တိကာနက္ခတ်နဲ့ လမင်းတို့ စန်းယှဉ်မှုကလည်း နတ်တော်လပြည့်နေ့ညမှသာ ဖြစ်မှာဖြစ်တဲ့အတွက် ဒီနှစ်တန်ဆောင်မုန်းလပြည့်နေ့ညကို ဆေးပေါင်းခတဲ့ညလို့ သတ်မှတ်လို့မရပါဘူး။ ကြတ္တိကာနက္ခတ်နဲ့ လမင်းတို့ စန်းယှဉ်မယ့် နတ်တော် လပြည့်နေ့ညရောက်မှသာ ဆေးဝါးကောင်းတွေ ဖော်စပ်လို့ရနိုင်တဲ့အတွက် ဒီနှစ်ရဲ့ဆေးပေါင်းခမယ့်ညကို နတ်တော်လပြည့်နေ့ညမှာ သတ်မှတ်ရမှာပါ''ဟု နိုင်ငံတကာရေးရာနက္ခတ် သိပ္ပံသင်တန်းကျောင်းမှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ရှင်းပြပါသည်။
ကြတ္တိကာနက္ခတ်၏ သဘောသဘာဝသည် မြေပေါ်မြေအောက် သယံဇာတများတူးဖော်ရရှိနိုင်ခြင်း၊ ကြတ္တိကာနက္ခတ်နှင့် လမင်းတို့ စန်းယှဉ်သည့်အချိန်တွင် လူတို့၏စိတ်ထဲတွင် မကောင်းသည့်အတွေးများ ဖြစ်ပေါ်တတ်ခြင်း စသည့်အကြောင်းရင်းတို့ကြောင့် ယင်းသို့မဖြစ်စေရန် ရှေး အစဉ်အဆက် ကျီးမနိုးပွဲကို ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။
ယခုနှစ်တွင် နက္ခတ်ပူးယှဉ်မှုအနေအထားအရ နတ်တော်လပြည့်နေ့ညကို ဆေးပေါင်းခသည့်ညသတ်မှတ်ရမည်
Posted by မင်းချစ်သူ at Friday, October 28, 2011 0 comments
Labels: အတွေးအမြင်
မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ အမြင်
Posted by မင်းချစ်သူ at Tuesday, September 15, 2009 0 comments
Labels: အတွေးအမြင်
လူငယ်တိုင်းဖတ်သင့်တဲ့စာတန်းတခု
ကိုမိုးသီး ဘလောက် မှ ကူးယူဖော်ပြပါသည်။
Posted by မင်းချစ်သူ at Wednesday, October 22, 2008 0 comments
Labels: အတွေးအမြင်
