မင်းကိုနိုင်၏ ဟာသ

အင်စိန်ထောင်အထူးတရားရုံးမှာ စက်တင်ဘာ ၁၃ ရက်နေ့ က မင်းကိုနိင်နဲ့ ကျောင်းသားခေါင်းဆောင်တွေကို ရုံးထုတ်ပါတယ်။ မင်းကိုနိုင်ကို အလွန်များပြားလှတဲ့အမှုတွေနဲ့ နအဖ က စွဲချက်တင်ထားပါတယ်။အမှုတွေက ၃ နှစ်၊ ၅ နှ စ် ၇ နစ် အသီးသီးနဲ့ အမှုတွေကိုပေါင်းလိုက်ရင် နှစ်ပေါင်း ၁၀၀ ကျော်နေပါတယ်။

အဲဒီအမှုတွေထဲမှာ တရုတ်နဲ့ ရုရှားကို အသရေဖျက်တဲ့အမှုတောင်ပါလိုက်သေးသတဲ့။ ၂၀၀၅ ခုနစ်မှာ တရုတ်နဲ့  ရုရှားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ နအဖကိုအရေးယူဖို့ ဗီတိုသုံးတာကို မင်းကိုနိုင်နဲ့  ၈၈ ကျောင်းသား ခေါင်းဆောင်တွေက ကန့် ကွက်တဲ့ကြေညာချက်ထုတ်ပြန်ခဲ့လို့ ပါ။

ဒါကြောင့်မင်းကိုနိင်က ဘင်လာဒင်ကိုအမေရိကန်မိရင်တောင် ငါလောက်အမှုများမှာ မဟုတ်ဘူးလို့  ဟာသ လုပ်လိုက်တဲ့အခါမှာတော့ တရားရုံးကိုလာတဲ့သူတွေအားလုံး အုံးအုံးကျွတ်ကျွတ် ရယ်ကြပါတယ်။တရားသူကြီးကတော့သောက်ရှက်မရှိ မျက်နှာခပ်တင်းတင်းနဲ့  အားလုံးငြိမ်ကြ တိတ်ကြ လို့ အော်ဟစ်နေပါတယ်။

ရန်ကုန်သား

ဆက်ဖတ်ရန်...

မြန်မာ့ရေးရာ သတင်းပဒေသာ


- မဲဆောက် မြန်မာပြည့်တန်ဆာ မိန်းကလေးများဘ၀ တစေ့တစောင်း (သတင်းဆောင်းပါး) click
- နအဖ၀န်ကြီးနှင့်မတွေ့ဘဲ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒဆက်ပြ click
- ရန်ကုန်တွင် ရခိုင်နယ်သားများကို လိုက်လံရှာဖွေ click
- ‘အားလုံး လွတ်မြောက်ပါစေ’ဆိုတဲ့ သူ့ဆုတောင်း - အရှင်ဂမ္ဘီရမိခင် ဒေါ်ရေးနှင့် ဆက်သွယ်မေးမြန်းချက် (အင်တာဗျူး) click
- သန်လျင်ဘုန်းကြီးကျောင်းကို ၀င်ရောက်စီးနင်း၊ ကျောင်းထိုင်ဆရာတော်ကို ဖမ်း click
- ဘိုကလေးနယ်မှာ နာဂစ်အကူအညီ ဖြတ်စား click
- ဂမ်ဘာရီကို ကုလထောက်ခံ၊ မြန်မာ့အရေး ဆက်လုပ်သွားမည်ဟု အထွေထွေညီလာခံဥက္ကဋ္ဌ ပြော click
- ကျောင်းသားခေါင်းဆောင်များအား ရုံးထုတ်၊ တောင်းဆိုချက်များ ခွင့်မပြုသေး click
- သန်လျင်ဘုန်းကြီးကျောင်းကို ၀င်ရောက်စီးနင်း၊ ကျောင်းထိုင်ဆရာတော်ကို ဖမ်း click
- ဒေါ်အောင်ဆန်းစုကြည်ကို စကော့တလန်က ဒန်ဒီလွတ်လပ်မှုဆု ချီးမြှင့် click
- ထိုင်းဝန်ကြီးချုပ်ရုံး သပိတ်စခန်းမှာ ဇိမ်ကျကျ အနှိပ်ခံရင်း ဆန္ဒပြ click

ဆက်ဖတ်ရန်...

သံဃာတော်များ အကြမ်းဖက်ခံရသည့် နှစ်ပတ်လည်နေ့ ရန်ကုန်တွင် ငလျင်လှုပ်

စစ်အစိုးရက သံဃာတော်များကို ရိုက်နှက်ဖြိုခွင်းခဲ့သည့် နှစ်ပတ်လည် ဖြစ်သောကြောင့် ယနေ့ ရန်ကုန်မြို့တွင် ငလျင် လှုပ်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောဆိုနေကြသည်။ မွန်းလွဲပိုင်း ၃ နာရီ ၁၅ မိနစ် ခန့်က လှုပ်ခတ်သွားသော ငလျင်လှိုင်းသည် ၃.၅ ရစ်ခ်ျတာ စကေးရှိပြီး ထိခိုက် ဒဏ်ရာရမှုမရှိ ကြောင်း မြန်မာနိုင်ငံ မိုးလေသနှင့် ဇလဗေဒ ဦးစီးဌာန၏ ပြောဆိုချက်အရ သိရသည်။ လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးဖြစ်ပွားစဉ် အတွင်း သံဃာတော်များအား အကြမ်းဖက် ဖြိုခွဲရန် စစ်သားများကို အမိန့်ပေးခဲ့သော နအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြစ်ဒဏ်ခတ်လို၍ ယခု ငလျင်လှုပ် ခြင်း ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့တွင်း ကောလာဟလများ ပျံ့နှံ့နေကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် မကွေးတိုင်း ပခုက္ကူမြို့ရှိ သံဃာတော်များ မေတ္တာပို့ လမ်း လျှောက်ခြင်းကို အင်အားသုံး၍ အကြမ်းဖက်ဖြိုခွဲခဲ့ပြီး စစ်အစိုးရက ယင်းလုပ်ရပ်အား မတောင်းပန်သောကြောင့် နိုင်ငံတ၀န်းရှိ သံဃာတော် များက ပတ္တနိက္ကုဇ္ဖန ကံဆောင်ခဲ့ကြသည်မှာ ယနေ့အထိ ဖြစ်သည်။ ပခုက္ကူမြို့ ဗောဓိမဏ္ဍိုင် ကျောင်းမှ သံဃာတော်တပါးက ယနေ့ နှစ်ပတ်လည်နေ့၌ ပခုက္ကူမြို့တွင် တုတ်၊ ဒိုင်းများ ကိုင်ဆောင်ထားသော ရဲ လုံခြုံရေးများစွာ ချထားကြောင်းနှင့် သံဃာတော်များ၏ စိတ်နှလုံးထဲတွင် ယမန်နှစ်က ဖြစ်စဉ်ကို မမေ့မလျော့ ရှိပြီး ဆက်လက်၍ ပတ္တနိက္ကုဇ္ဖန ကံဆောင်နေဆဲဖြစ်ကြောင်း မိန့်ဆိုသည်။

“သံဃာတွေရဲ့ စိတ်ထဲကတော့ ကံဆောင်ထားတဲ့ အတိုင်းပဲရှိကြတာပါပဲ၊ စစ်တာဆေးတာ စာရင်းတောင်းတာတော့ မရှိဘူး၊ ဆရာတော်တွေကို ထိန်းသိမ်းဖို့ ကြိုလျှောက်တာတော့ ရှိတယ်၊ ကျောင်းတိုက်ကြီးတွေနဲ့ ရပ်ကွက် သံဃနာယက ကို လျှောက်တာ၊ အစိုးရသဘောထားကတော့ တောင်းပန်မယ်ဆိုတဲ့ ရည်ရွယ်ချက် အစကတည်း က မရှိဘူးနဲ့ တူပါတယ်၊ ဒါ သူတို့ ထုံးစံပဲကိုး၊ သူတို့က သပိတ်မှောက်တာ မလှူရ မတန်းရဆိုတာကို လှူရင်ပြီး တာပဲလို့ အောက်မေ့နေတာ၊ တကယ် တော့ သပိတ်မှောက်တယ်ဆိုတာ လှူလိုက်တန်းလိုက်တာနဲ့ မပြီးပါဘူး”ဟု ဗောဓိမဏ္ဍိုင် သံဃာတော်က မိန့်သည်။ သံဃာတော်များအား အစိုးရက ယခုကဲ့သို့ ပြုမှုနေခြင်းများအတွက် ၎င်းအနေနှင့် စိတ်မချမ်းသာကြောင်း ပခုက္ကူ မြို့ခံ အမျိုးသမီး တဦးကလည်း ပြောသည်။

“မန္တလေးတိုက်(အနောက်တိုက်) အနားမှာတော့ လုံခြုံရေးချထားတယ်၊ အဲဒီ ကျောင်းတိုက် အနောက်ဘက် ရပ်ကွက်ရုံးမှာ လုံခြုံရေး ၅ ယောက်လောက်ရှိတယ်၊ ဟိုဘက် စောစောပိုင်းရက်က လွန်ခဲ့တဲ့ ၅ ရက်လောက် က ၀န်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်ဆိုလား ဆန်လာလှူတယ်တဲ့၊ အလယ်တိုက်နဲ့ အနောက်တိုက်က လက်မခံဘူးတဲ့၊ သံဃာတော်တွေ ဒီလိုဖြစ်နေ တာ၊ ကိုယ်က ဗုဒ္ဓဘာသာဆိုတဲ့အခါကျတော့ ကိုယ်ကိုးကွယ်တဲ့ ရတနာသုံးပါး ဆိုတော့ စိတ်မကောင်းဘူးပေါ့”ဟု ပြေပြသည်။ မန္တလေးမြို့မှ ထေကြီးဝါကြီး သံဃာတော်တပါးကလည်း လက်ရှိအခြေအနေအရ သံဃာတော်များ ကံဆောင် ထားခြင်းကို လှန်မည် မဟုတ်ကြောင်း ပြောဆိုသည်။ “သံဃာတွေကံဆောင်ထားတာကတော့ လှန်မှာမဟုတ်ပါဘူး၊ ဒီအတိုင်းပါပဲ၊

ဘုန်းကြီးတို့က ဘာသာ သာသနာ တိုးတက် အောင်ဆိုတဲ့ စိတ်ရှိတယ်၊ လုပ်လည်း လုပ်နေတယ်၊ ဘုန်းကြီး အယူအဆအတိုင်းဆိုရင် ဘာသာ သာသနာ လူမျိုးအတွက် မမှန်တာ မတရားတာ မလုပ်ဘူး၊ မမှန်တာ မတရားတာကိုလည်း လက်မခံပါဘူး”ဟု မိန့်ကြားသည်။ တခြားသော ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့များတွင် သံဃာတော်များကို အာဏာပိုင်များက စောင့်ကြည့် လေ့လာ လျက်ရှိပြီး လုံခြုံရေး တင်းကျပ်ထားကြောင်းလည်း သိရသည်။

“အခုက သံဃာတွေကို သိက္ခာမဲ့စေတဲ့အပြုအမူမျိုးတွေလုပ်နေတာ၊ အတုအယောင်တွေလို ဖြစ်အောင်၊ ဒါဟာ ဘာသာ သာသနာအတွက် ဆုတ်ယုတ်စေတဲ့ လက္ခဏာပဲ”ဟု ရန်ကုန်မြို့မှ ဓမ္မာစရိယ သံဃာတော် တပါးကမိန့် ဆိုသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ပခုက္ကူမြို့ရှိ မေတ္တာပို့ရွတ်ဆို လမ်းလျှောက်သည့် သံဃာတော်အပါး ၅၀၀ ခန့်ကို စစ်တပ်က အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသောကြောင့် သံဃာတော် ၁၀ ပါးခန့် ဖမ်းဆီးခံခဲ့ရပြီး သံဃာ တချို့ပြင်းထန်စွာ ဒဏ်ရာရကာ သံဃာတပါး ရိုက်နှက် ခံရသည့်ဒဏ်ရာဖြင့် ဆေးရုံတင်ခဲ့ရသည်။

ဆက်ဖတ်ရန်...

တောင်းဆိုချက်များမရရှိပါက ရုံးမထွက်ပဲ တိုက်ပွဲဝင်မည်ဟု အရှင်ဂမ္ဘီရမိန့်ဆို

သံဃာ့တပ်ပေါင်းစုခေါင်းဆောင်အရှင်ဂမ္ဘီရက တောင်းဆိုထားသည့်အချက်များကို လိုက်လျှော ခြင်း မရှိပါက ရုံးမထွက်ပဲ ပြည်သူလူထုနှင့် ရဟန်းသံဃာများအတွက် အသက်ပေးလှူပြီး တိုက်ပွဲဝင်သွားမည်ဟု မိသားစုဝင်များအား မိန့်ကြားလိုက်သည်။

ပုဒ်မ (၉) ခုဖြင့် တရားစွဲဆိုခံထားရသည့် အရှင်ဂမ္ဘီရအား စစ်အစိုးရတရားရုံးက ပြီးခဲ့သည့် တနင်္လာနေ့က ရုံးထုတ်စစ်ဆေးခဲ့ရာ လက်ထိပ်ခတ်ခံထားရသည်ကို မကျေမနပ်ဖြစ်ကာ ယခု ကဲ့သို့ မိန့်ခြင်းဖြစ်သည်။

“နောက်ရုံးထုတ်လို့ လက်ထိပ်ခတ်ထားမယ်၊ သင်္ဃန်းဝတ်ခွင့် မပေးဘူး၊ အများပြည်သူကြားနာ နိုင်မဲ့ နေရာမှာ တရားစီရင်မှု မရှိဘူးဆိုရင် လာမဲ့ရုံးချိန်းတွေမှာ ရုံးမထွက်တော့ဘူးလို့ မိန့်တယ်၊ အဲ့လိုရုံးမထွက်လို့ ညှင်းပမ်းနှိပ်စက်တာလုပ်ရင်လည်း ဦးဇင်းကြောက်သွားမှာ မဟုတ်ဘူး၊ လူ့အခွင့်အရေးချိုးဖောက်နေတာတွေကို ကာကွယ်သွားမယ်လို့ မိန့်သွားတယ်” ပြီးခဲ့သည့် တနင်္လာနေ့က ရုံးချိန်းသို့သွားရောက်ခဲ့သူ မိသားစုဝင်တဦးက ပြောဆိုသည်။

ထိုနေ့ကအမှုစစ်ဆေးသူမှာ ကမာရွတ်မြို့နယ် တရားသူကြီးဖြစ်ပြီး ရှေ့နေဦးအောင်သိန်းမှ သံဃာများ၏ ဆန္ဒလည်းမပါ၊ ပါရာဇိကကံလည်းမမြောက်၊ ဝိနည်းမပျက်သည့်သံဃာတပါး၏ သင်္ဃန်းကိုအတင်းချွတ်၍ အရပ်ဖက်တရားစီရင်ခွင့်ကို ယခုအချိန်အထိ တရားဥပဒေတွင် ပြဌာန်းထားခြင်းမရှိကြောင်း လျှောက်လဲခဲ့ရာ တရားရုံးမှပယ်ချခဲ့သည်။ ယနေ့တွင် အရှင်ဂမ္ဘီရအပါအဝင် (၁၁) ဦးအား အနောက်ပိုင်းခရိုင်တရားရုံးနှင့် အလုံတရားရုံးတို့ တွင် ရုံးထုတ်စစ်ဆေးခဲ့ရာ ရှေ့နေဦးခင်မောင်ရှိန်က ထိုသူများအားလုံး လက်ထိပ်ခတ်ထား ကြောင်း ပြောဆိုသည်။

ရှေ့နေဦးခင်မောင်ရှိန်က “ရဟန်းသံဃာတွေကိစ္စပေါ့ အရှင်ဂမ္ဘီရအတွက်က ပထမပိုင်းကလည်း လျှောက်ထားတာရှိတယ်၊ ရဟန်းသံဃာတော်များနှင့်ပတ်သက်ပြီး အရပ်ဖက်ဆိုင်ရာ တရားရုံး များက စီရင်ပိုင်ခွင့်အာဏာ မရှိသေး၍ အမှုဆိုင်းငံ့ထားပေးရန် လျှောက်ထားခြင်းဆိုပြီး လျှောက်ထားတယ်၊ အဲ့ဒါနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့်လျှောက်တယ်၊ အနောက်ပိုင်းခရိုင် တရားရုံးမှာကတော့ လျှောက်ထားချက်ကို လက်ခံထားတယ်၊ နောက်ရုံးချိန်းမှာ အမိန့်ချမယ်” ဟုပြောသည်။

နောက်ရုံးချိန်းတွင် လျှောက်ထားတင်ပြသည်ကို ရုံးမှ လက်ခံအမိန့်ချမှတ်ပါက အမှုအားဆိုင်းငံ့ ထားမည်ဖြစ်ပြီး ဝိနည်းနှင့်အညီ ဝိနိစ္စယခုံရုံးအဆုံးအဖြတ်ဖြင့် လူဝတ်လဲကာ ပြစ်မှုဆိုင်ရာ တရားရုံးမှ ဆက်လက်ဆောင်ရွက်သွားရမည်သာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ ယနေ့ရုံးထုတ်ခဲ့သည့်သံဃာများမှာ အရှင်အိန္ဒိယ၊ အရှင်သုမန၊ အရှင်အ္ဒိက၊ ဦးကေလာသ၊ ကိုအောင်ကျော်ကျော်တို့အပြင် ကုန်ဈေးနှုန်း ကျဆင်းရေးလှုပ်ရှားသူ ကိုထင်ကျော်၊ ကိုကျော်ဝင်း (မြစ်ချေ)၊ တောင်ဒဂုံမြို့နယ်တရားရုံးတွင် အရှင်ခေမာဝံသတို့ပါဝင်ပြီး သံဃာများ အားလုံးအတွက် အရပ်ဖက်ဆိုင်ရာ တရားရုံးများက စီရင်ပိုင်ခွင့်အာဏာမရှိသေး၍ အမှုဆိုင်းငံ့ ထားရန် လျှောက်ထားသည်ဟု ရှေ့နေဦးခင်မောင်ရှိန်ကပြောသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအား မနက်ဖြန်တွင်ရုံးထုတ်မည်ဖြစ်ပြီး အရှင်ဂမ္ဘီရ အမှုအား ယခုလ (၁၀) ရက်နေ့တွင် ရုံးချိန်းသတ်မှတ်လိုက်သည်။ အရှင်ဂမ္ဘီရ ယနေ့ရုံးထွက်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ရှေ့နေဦးအောင်သိန်းက “မိသားစုတွေ ပြောတာတော့ ကြားတယ်၊ ရုံးမထွက်တော့ဘူးဆိုတာ၊ ဒါပေမဲ့ အခြေတခုရဲ့ အမိန့်တစုံတရာကို လည်း စောင့်ဖို့ရှိပါတယ်၊ အဲ့ဒါကြောင့် ထွက်နေသေးတယ်လို့ ထင်တယ်၊ တချို့အမှုတွေမှာ လျှောက်ထားတင်ပြထားတာရှိတယ်” ဟု ပြောဆိုသွားခဲ့သည်။

ဆက်ဖတ်ရန်...

မြန်မာ့ရေးရာ သတင်းပဒေသာ

- နအဖဆက်ဆံရေးဝန်ကြီးနှင့် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို၊ တွေ့ရန်မလိုတော့ဟု ယူဆ၍ မတွေ့ခြင်းဟု အန်အယ်လ်ဒီက ပြော click

- ဒေါ်အောင်ဆန်းစုကြည်က ဆက်ဆံရေးဝန်ကြီးနှင့် မတွေ့ဆုံလိုသေးကြောင်း စစ်အစိုးရပြောဆို click

- ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနှင့်တွေ့ခွင့်ရသည်ကို မြန်မာ့အလင်းတွင် ဖော်ပြ click

- ကျော်ဟိန်းက မြို့နယ်တစ်ရာကျော်သို့ လှည့်လည်နှုတ်ဆက်မည် click

- စက်တင်ဘာနှစ်ပတ်လည် နီးလာချိန် တောင်ကုတ်၌ လုံခြုံရေးတင်းကျပ် click

- ထိုင်းမှာ အဓိကရုဏ်းဖြစ်ပြီး ဒဏ်ရာရလျှင် အာမခံကြေးမရ click

- အာရှဗဟိုဘဏ်များ ငွေကြေးဈေးကွက် ၀င်စွက် click

- မလေးရှား အတိုက်အခံ နာလန်ထူပြီ (ဆောင်းပါး) click

- မြန်မာဆန် ဘင်္ဂလာသို့ ဆက်လက် တင်ပို့ click

- သံဃာတော်ကို အရိုအသေတန်သည့် ဥပဒေနှင့် လုပ်ရပ်တို့ကို ပြုပြင်ရန် တောင်းဆို click

- ဒေါ်ဝင်းမြမြ အပါအ၀င် စက်တင်ဘာ၌ အဖမ်းခံရသူများကို တရားရုံးထုတ် click

- ပဲခူးဘုန်းကြီးကျောင်းများ၌ လက်နက်ကိုင်တပ်များ နေရာယူ click

- အမေရိကရောက် သံဃာတော်က ရွှေဝါရောင်တော်လှန်ရေးနှစ်လည်း ခရီးရှည်ကြွ click

- မိုးထဲရေထဲ အင်္ဂါဆုတောင်း မပျက်မကွက် click

ဆက်ဖတ်ရန်...