အကြင်နာတွေနဲ့ ဖေးမကူညီပါ။

တေးသီဆိုသူများမှာ လေးဖြူ၊ ဟယ်ရီလင်း၊ မျိုးကြီး၊ ဆုန်သင်းပါ။

သီချင်းဒေါင်းလုပ်လုပ်ပြီး နားထောင်ရန် http://www.mediafire.com/?fhxm1ymzj4m

ပြဇာတ်တစ်ပုဒ်လို ခဏအချိန်လေးအတွင်းမှာ ငါတို့ရဲ့ဘဝတွေ အဆုံးတိုင် ပျောက်ကွယ်ပြီလားကြိုးစားပြီး အိုဆောက်တည်ခဲ့သမျှဟာ အခုတော့ နံဘေးမှာ ဖိတ်စဉ်ကြွေကျရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာ အသစ်က စရမလားပိုင်ဆိုင်ခဲ့သမျှ ငါတို့ ဘဝဟာ မမြဲခြင်းတရားတဲ့လား

ဆုံးရှုံးခဲ့ပြီ လူ့အသက်ပေါင်းများစွာ မိသားစုများစွာ ကြိတ်ခါရှိုက်ငိုသံများနှလုံးသားထဲမှာ ပွင့်ဝေဆဲမေတ္တာ ပေးအပ်ဖို့ရာ လက်ခံမယ့်သူရှိမလားအကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလားအန္တရာယ်ရေပြင်ကျယ်ကြီးထဲမှာ အချစ်နဲ့ဘဝတွေ အဆုံးတိုင်ပျက်စီးသွား

(ဆုန်သင်းပါရ်) ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ(ဟယ်ရီလင်း) ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား(R ဇာနည်) စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါလက်တွဲအခုအချိန်မှာ လက်ကမ်းလို့ ကူပါအကြင်နာတွေနဲ့ ဖေးကူပါ

အမေပျောက်လို့လိုက်ရှာ ကလေးငယ်ပေါင်းများစွာ ငိုကြွေးလို့ဟစ်အော် မိခင်ကြားနိုင်ပါ့မလားအပြေးအလွှားလိုက်ရှာ အဖေ့ကိုလဲ မတွေ့ပါ ထွေးပိုက်ဖို့ရာ ဖခင်ကော ပြန်လာမလားအကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလားမာယာအပြည့်နဲ့ မုန်တိုင်းအောက်မှာ တွဲလက်ဖြုတ်ကာ အဝေးဆုံးဝေးခဲ့ရ

ငါ့ရဲ့နှုတ်ခမ်းတွေ ရမ်းရောင်ခြောက်ကပ်လာ အသက်ဆက်ခွင့်ကို ရနိုင်ပါ့မလားအသက်ပျောက်ခဲ့ပြီ ငှက်ငယ်လေးများပမာ ရုပ်ဝတ္ထုတွေ မျောပါမြစ်ပြင်အနှံ့အပြားရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာအသစ်က စနိုင်မလား..သန်းခေါင်ယံညရဲ့ ဆုတောင်းများစွာ ပြည့်ဝခွင့်ဟာ အားလုံးရဲ့ အဖြေလား (အူး.. အားလုံးရဲ့အဖြေလား)

ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလားစာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါလက်တွဲအခုအချိန်မှာ လက်ကမ်းလို့ ကူပါအကြင်နာတွေနဲ့ ဖေးကူပါ

(လေးဖြူ) ဆုံးရှုံးခဲ့တဲ့ တို့ဘဝတွေ အတူပြန်လည်တည်ဆောက်ကြမယ် အနွေးထွေးဆုံးဒီအချစ်များနဲ့ အူး..(မျိုးကြီး) ရင်ဆိုင်ကြဖို့ လက်တွေ အတူ.. တွဲထား အိုး ဘဝတွေ တစ်ခေါက်ပြန်လှစေဖို့ အတူတူဖြစ်စေရမယ် တို့ရဲ့လက်များနဲ့ (လက်များနဲ့)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘဝများစွာ ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စားအချစ်.. ကမ်းမယ့်လက်များ ဝမ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ (အူး အချစ်နဲ့ဘဝတွေ နာကြင်ခြင်း)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘဝများစွာ ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စားအချစ်.. ကမ်းမယ့် (တို့လက်များ) လက်များ ဝမ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ နာကြင်အဖေါ်မဲ့ ဘဝတွေ

ဆက်ဖတ်ရန်...

မြန်မာ့ရေးရာ သတင်းများ(၂၉-၅-၀၈)

- ဖွဲ့စည်းပုံအခြေခံဥပဒေကို တရွာလုံးအတွက် (၂) ယောက်က မဲပေး click

- နာဂစ်အလွန် နိုင်ငံရေး (ဆောင်းပါး) click

- ဗီဇာတောင်းဆိုမှုများကို မြန်မာစစ်အစိုးရခွင့်ပြု click

- နယ်စပ်နေ ဒုက္ခသည်များ ရိက္ခာပြတ်လပ်မှုနှင့် ကြုံရဖွယ်ရှိ click

- မဟာချိုင်ဒေသ၌ အလုပ်သမား (၄၀၀) ကျော် အလုပ်ထုတ်ခံရ click

- လေဘေးကယ်ဆယ်ရေး တနိုင်ငံတည်းဖြင့် မနိုင်၊ ကမ္ဘာ့အကူအညီ လိုအပ် click

- ရွေ့ပြောင်းအလုပ်သမားများရပိုင်ခွင့် အယူခံ ဗဟိုတရားရုံးသို့ တင်သွင်း click

- မြန်မာအစိုးရကို နိုင်ငံတကာတရားရုံးတင်ရန် ကုလအား ရှေ့နေအဖွဲ့ တောင်းဆို click

- Burma OKs visas for dozens of U.N. workers click

- U.S. ships to head out if Burma shuns aid click

- Japanese medical team leaves for Myanmar click

ဆက်ဖတ်ရန်...

မြန်မာ့ရေးရာ သတင်းများ(၂၈-၅-၀၈)

- စစ်အစိုးရကို အရေးယူရန်အတွက် လုံခြုံရေးကောင်စီမှ နိုင်ငံတကာတရားရုံးသို့ လွှဲပြောင်းပေးရန် တောင်းဆို click

- စစ်အစိုးရ ၀င်ခွင့်မပေးရင် အမေရိကန် စစ်သင်္ဘောများ ရက်ပိုင်းအတွင်း ပြန်လည် ဆုတ်ခွါဖို့ရှိ click

- ဒေါ်စုကို အကျယ်ချုပ် သက်တမ်း တိုးခြင်းအပေါ် ကမ္ဘာ့ ခေါင်းဆောင်များ ပြစ်တင် ရှုတ်ချ click

- လေဘေးအလှူ့ရှင်များ အပေါ် စစ်အစိုးရ လေသံပျော့ click

- ကုလအတွင်းရေးမှူးချုပ် မြန်မာပြည်သို့ မကြာမီ ပြန်သွားဦးမည် click

- ဒေါ်အောင်ဆန်းစုကြည်ကို ပံ့ပိုးပေးဖို့ ချက်သမ္မတဟောင်း တိုက်တွန်းနှိုးဆော် click

- မြန်မာ့နိုင်ငံရေးကိစ္စကို လုံခြုံရေးကောင်စီ ပြန်လည်ကိုင်တွယ်မည် click






မြန်မာစစ် အစိုးရကို ဆန့်ကျင် ကန့်ကွက်သည့်အနေဖြင့်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပုံကို အမျိုးသမီး အတွင်းခံဘောင်းဘီ
သဏ္ဍာန် Un Happy Bad Day ကိတ်မုန့်ပေါ်တွင် ဖော်ပြထားပုံ
ဖြစ်ပါသည်။(Photo:Lanna Action for Burma
)

- အမျိုးသမီး အတွင်းခံများကို မြန်မာသံရုံးများသို့ ပေးပို့ဆန္ဒပြ click

- ဒုက္ခသည် ကယ်ဆယ်ရေး ကာလအတွင်း နိုင်ငံရေး အကျဉ်းသားများ ပိုမိုနှိပ်စက်ခံရ click

- ဒေါ်အောင်ဆန်းစုကြည်ကို ပံ့ပိုးပေးဖို့ ချက်သမ္မတဟောင်း တိုက်တွန်းနှိုးဆော် click

- နာဂစ်မုန်တိုင်း အခွေငှားသည့် ဆိုင်ပိုင်ရှင်ကို ဖမ်းဆီး click

ဆက်ဖတ်ရန်...

ခွေးသူတောင်းစားကာလနာသန်းရွှေ


ဆက်ဖတ်ရန်...

မြန်မာ့ရေးရာ သတင်းများ(၂၈-၅-၂၀၀၈)

- လယ်လုပ်ငန်းအတွက် ခိုင်းကျွဲဖိုး ငွေကောက်ခံ click

- ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ဖမ်းဆီးမှု ကမ္ဘာ့ခေါင်းဆောင်များ စိတ်ပျက် click

- အင်းစိန်ထောင်၌ နိုင်ငံရေး အကျဉ်းသားများ ညှဉ်းပန်းခံနေရ - အေအေပီပီဘီ click

- သံဃာတော်များ မြွေရေခွံအိတ် သင်္ကန်းစီးထား၊ ပီနံအိတ်ကို ထမီလုပ်ဝတ်နေရသည့် အမျိုးသမီးများလည်းရှိ click

- အကူအညီ လိုအပ်နေသည့် လေဘေးဒုက္ခသည်များ အများအပြား ရှိနေဆဲ click

- ခန္တီးထောင်၌ တိုက်ပိတ်ခံနေရသည့် ဦးအုန်းသန်း ဦးနှောက်ထဲ ငှက်ဖျားပိုးဝင် click

- မျှော်လင့်ချက် မှောင်အတိဖြင့် (ဆောင်းပါး) click

- လေဘေးဒုက္ခသည်များကို စခန်းများမှ နှင်လွှတ်နေ click

- မြန်မာအလုပ်သမားများ၏ လူ့အခွင့်အရေးဆိုင်ရာ လျှောက်ထားချက် ထိုင်းတရားရုံးပယ်ချ click

ဆက်ဖတ်ရန်...

ဘန်ကောက်မြန်မာသံရုံး မီးလောင်မှု အဂတိလိုက်စားမှုနှင့် ဆက်စပ်

ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံရုံး မီးလောင်မှုတွင် ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးဌာန (၂) ခုရှိ စာရွက်စာတမ်းများသာ ကွက်ပြီး လောင်သွားသည့်အတွက် သံရုံးတွင်း အဂတိလိုက်စားမှုများနှင့် ပတ်သက်နိုင်သည်ဟု နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။

ဘန်ကောက်မြန်မာသံရုံး မီးလောင်မှုကို ၀ါယာလျှော့ဖြစ်၍ လောင်သည်ဟု သံရုံးအရာရှိတဦးက ပြောသော်လည်း ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးဌာန (၂) ခုရှိ စာရွက်စာတမ်းများသာ ကွက်ပြီး မီးလောင်ခြင်းကြောင့် သံရုံးတွင်း အဂတိလိုက်စားမှုများကို ဖျောက်ဖျက်ပစ်ရန် ရှို့မီးဖြစ်နိုင်သည် ဟု ဘန်ကောက်သံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်ကလည်း ခေတ်ပြိုင်ကို ပြောသည်။

ဘန်ကောက်မြန်မာသံရုံး မီးလောင်မှုနှင့် ပတ်သက်ပြီး မကြာခင် စသုံးလုံးနှင့် သီးခြား ထောက်လှမ်းရေးအဖွဲ့များ၊ စာရင်းစစ်ချုပ်ရုံးတို့မှ လာရောက် စစ်ဆေးတော့မည်ဖြစ်ဖြစ်သည်။ မုန်တိုင်းကယ်ဆယ်ရေးအဖွဲ့များကို ဗီဇာထုတ်ပေးမှု နှောင့်နှေးသည့်အတွက် ဘန်ကောက် မြန်မာသံရုံးကို နိုင်ငံတကာက အာရုံစိုက်နေချိန်တွင် ယခုကဲ့သို့ မီးလောင်မှုဖြစ်သည့်အတွက် အမှုကို ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကိုယ်တိုင် ကိုင်တွယ်ရန်များသည်ဟု စုံစမ်းသိရသည်။

နိုင်ငံခြား မြန်မာသံရုံး အတော်များများတွင် အဂတိလိုက်စားမှုများနှင့် ရှုပ်ထွေးနေသည့်အတွက် ၂၀၀၆ ခုနှစ် မလေးရှား မြန်မာသံရုံး မီးလောင်မှုနောက်ပိုင်း မြန်မာသံရုံးမီးလောင်မှုများ ခေတ်စား လာခြင်းဖြစ်သည်ဟုပါ အဆိုပါ သတင်းရပ်ကွက်က ပြောသည်။ မလေးရှားသံရုံး မီးလောင်မှု၌ ကွယ်လွန်သူ ၀န်ကြီးချုပ် ဒု-ဗိုလ်ချုပ်ကြီးစိုးဝင်းကိုယ်တိုင် စစ်ဆေးရန် အမိန့်ပေးခဲ့သည်။

ဂျပန်ရှိ မြန်မာသံရုံးဆိုလျှင် မြန်မာသံတမန်တဦး၏ လက်မှတ်တခါ ထိုးရန်အတွက်ပင် ဂျပန် ယန်းငွေ (၈) ထောင်ထိ သံရုံးက တောင်းသည့်အတွက် လက်မှတ်တကြိမ်ထက်မက ထိုးရမည့် ဥပမာ-မင်္ဂလာဆောင်ကဲ့သို့ ကိစ္စမျိုးအတွက် ပြည်ပရောက် မြန်မာများ ယန်းသောင်းနှင့် ချီပေး နေရသည်။

မလေးရှားနိုင်ငံ မြန်မာသံရုံးမှ သံအမတ်ကတော်ဆိုလျှင် သံရုံးတွင်း ငွေကြေးကိစ္စများ၌ ၀င်ရောက်စွက်ဖက်သူအဖြစ် နာမည်ထွက်နေသလို ဂျာမနီ မြန်မာသံအမတ် ဗိုလ်မှူးကြီး တင်ဝင်းမှာလည်း အဂတိလိုက်စားမှု များသည်ဟု မြန်မာသံရုံးလောကတွင် လူသိများသူ တဦးဖြစ်သည်။ ဂျာမနီ မြန်မာသံအမတ် ဗိုလ်မှူးကြီးတင်ဝင်း၏ သမီးဆိုလျှင် ဂျာမန်မြန်မာ အတိုက်အခံဘက်မှ ပုဂ္ဂိုလ်တချို့နှင့်ပင် အပြင်မှာ သွားသွားလာလာ ရှိနေသည်ဟု မျက်မြင် သက်သေများက ပြောသည်။

ယခုအချိန်သည် နိုင်ငံခြား မြန်မာသံအမတ်များကို အပြောင်းအရွှေ့လုပ်လေ့ရှိသည့် အချိန်ဖြစ် သော်လည်း နာဂစ်မုန်တိုင်းကြောင့် အပြောင်းအရွှေ့များကို စစ်အစိုးရဘက်က မကိုင်နိုင်ဖြစ် နေသည်။ စစ်အစိုးရ၏ ထိုဟာကွက်သည် အဂတိလိုက်စားသည့် မြန်မာသံအမတ်များအတွက် အခွင့်ကောင်း ဖြစ်နေပုံရသည်ဟု နေပြည်တော်အရာရှိတဦးကလည်း ပြောသည်။

၂၀၀၆ ခုနှစ် မလေးရှားမြန်မာသံရုံးမီးလောင်မှုဖြစ်ပြီး မကြာခင် မြန်မာသံတမန် (၄) ဦးကို နေပြည်တော်ပြန်ခေါ်ခဲ့သလို သံအမတ်ကြီး ဗိုလ်မှူးချုပ်မြင့်အောင်ကို ရာထူးမှ ဖြုတ်ပစ်ခဲ့သည်။

ဆက်ဖတ်ရန်...

တော်လှန်တိုက်ပွဲ တက်ညီလက်ညီ ဆင်နွဲကြစို့ ။

Read this doc on Scribd: FreeFromJunta


နစ်နေမန်း မှ ကူးယူဖော်ပြပါသည်။

ဆက်ဖတ်ရန်...

လွတ်လပ်ရေးကို အရင်တိုက်ယူရသည်။

ကျွန်တော်တို့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုနေရုံနဲ့ မရ၊ ပြည်သူလူထုတစ်ရပ်လုံးက နအဖကို တော်လှန်တိုက်ပွဲဝင်မှ ဒေါ်အောင်ဆန်းစုကြည်နဲ့  နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် လက်တွေ့  ကြိုးစားရာရောက်မယ်။

ပြည်သူတစ်ဦးချင်းစီတိုင်းဟာ တိုင်းပြည်ရဲ့ ခေါင်းဆောင်တစ်ဦးချင်းစီဖြစ်တယ်လို့  မိမိကိုယ်မိမိ ခံယူရပါမယ်။ တိုင်းပြည်နဲ့ လူမျိုးလွတ်လပ်ဖို့ အတွက် မိမိကိုယ်ကို အရင်ဆုံးဦးဆောင်ပြီး စတင်အကောင်အထည်ဖေါ်လှုပ်ရှားကြဖို့ လိုပါတယ်။

ပြည်သူလူထုတစ်ရပ်လုံးက နအဖကို တော်လှန်တိုက်ပွဲဝင်မှ ကျွန်တော်တို့  ပြည်သူလူထုတစ်ရပ်လုံး လွတ်မြောက်ရေးအတွက် လက်တွေ့  ကြိုးစားရာရောက်မယ်။

ဒေါ်စုအပြင်ထွက်ပြီး မဦးဆောင်နိုင် ရင်ဘာလုပ်မလဲ ၊ဒေါ်စုမရှိရင်ဘာလုပ်မလဲဆိုတာစဉ်းစားရမယ်

လောလောဆယ် ပြည်သူလူထုလှုပ်ရှားမှုကို တတ်နိုင်တဲ့ဘက်ကနေ တစ်ဦးချင်းဆီတိုင်း လက်တွေ့  အမြန်အကောင်အထည်ဖေါ်ကြရမည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ဗမာနိုင်ငံသားတိုင်းလွတ်မြောက်ဘို့က ပြည်ထောင်စုတပ်မတော် အမြန်ဖွဲ့ ရန်လိုအပ်ပြီး လက်နက်ကိုင်တော်လှန်ရေးကို ဖော်နိုင်မှဖြစ် မယ့်အပြင် လူမျိုးရေး ဆိုတဲ့အသိ စိတ်ဓါတ်နဲ့ တိုင်းရင်းသားတိုင်းကလည့်း ပြည်ထောင်စု စိတ်ထား ထားနိုင်ကြရင် ပြည်ထောင်စုတပ်မတော် ကို အမြန်ဖွဲ့ ခြင်းဖြင့် လူစိတ်မရှိတဲ့စစ်ဝါဒီနှင့် အရိုးကိုက်ကြံ့ဖွတ်--စွမ်းအားရှင်တွေကို အမြန်ဆုံး တော်လှန်နိုင်မယ် လို့ထင်ပါသည်။

ဆက်ဖတ်ရန်...

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ထပ်တိုး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာစစ်အစိုးရက နေအိမ်အကျယ်ချုပ် ထပ်မံတိုးလိုက်ကြောင်း အစိုးရအရာရှိတဦးကို ကိုးကား၍ အေပီသတင်းတွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယင်းသို့ အကျယ်ချုပ် သက်တမ်းတိုးခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် အစိုးရက တရားဝင် ထုတ်ပြန်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ အစိုးရအရာရှိတဦးက ပြော ကြောင်း ဖော်ပြသည်။

သို့သော် သက်တမ်းတိုးမှုမှာ (၆) လ သို့မဟုတ် (၁) နှစ် ဖြစ်မည်ဆိုသည်မှာ မသေချာသေးပေ။

ဆက်ဖတ်ရန်...

ရန်ကုန်ရှိ အန်အယ်ဒီပါတီ ရုံးချုပ်အနီးတွင် လုံခြုံရေးတင်းကျပ်

ရန်ကုန်ရှိ အန်အယ်ဒီပါတီ ရုံးချုပ်အနီးတွင် အာဏာပိုင်များက လုံခြုံရေးကို ယနေ့ ထူထပ်စွာ ချထားသည်။

၁၈ နှစ်မြောက် ရွေးကောက်ပွဲနှစ်ပတ်လည် အခမ်းအနားကျင်းပမည့် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ရုံးချုပ်အနီးတွင် ရဲကား ၂ဝ နှင့် စစ်ကားများ ချထားကာ ယူနီဖောင်းများ ဝတ်ဆင်ထားသည်။

အန်အယ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက "တပ်ကားအစီး ၂ဝ ၊ တပ်ကားတွေလည်း ပါတယ်။ ကျနော်တို့ ဝန်းကျင်မှာတော့ ထူးထူးခြားခြား လုံခြုံရေး ချထားပါတယ်" ဟု ပြောသည်။

အလားတူပင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တည်ရှိရာ တက္ကသိုလ်ရိပ်သားလမ်းသို့အဝင် ကုက္ကိုင်းမီးပွိုင့်ဘက်တွင် လုံထိန်းများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး၊ စွမ်းအားရှင်များအား ၂ ယောက်၊ ၃ ယောက်တတွဲစီ ချထားကြောင်း မျက်မြင်များက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်း ကုန်ဆုံးမည့်နေ့နှင့် ထူးခြားစွာ တိုက်ဆိုင်နေသော ယနေ့ အခမ်းအနားတွင် အဖွဲ့ချုပ်က အထူးကြေညာချက်တစောင် ထုတ်ပြန်မည်ဟု သိရသည်။ ကြေညာချက်တွင် စစ်အစိုးရက ကျင်းပခဲ့သောဆန္ဒခံယူပွဲအပေါ် အဖွဲ့ချုပ်၏ သုံးသပ် ချက် ပါဝင်မည်ဟု မျှော်လင့်ရသည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရသော အထိမ်းအမှတ် အခမ်းအနားကို ရွှေဂုံတိုင်ရုံးချုပ်တွင် မြန်မာစံတော်ချိန် ၂ နာရီတွင် ကျင်းပမည်။ အခမ်း အနားသို့ အဖွဲ့ချုပ်ဝင်များအပြင် တိုင်းရင်းသားခေါင်းဆောင်များလည်း တက်ရောက်မည်ဖြစ်သည်။

အခမ်းအနားမကျင်းပခင် ယနေ့နံနက်စောစောက အဖွဲ့ချုပ်ရုံးတွင် လေဘေးကြောင့် သေဆုံးသွားသူများအတွက် ဆွမ်းကပ်လှူဒါန်းခဲ့သေးသည်။

အဖွဲ့ချုပ် လူငယ်ပြန်ကြားရေးတာဝန်ခံ ကိုနေခြည်ဝင်းက "ဒီအခမ်းအနားကို လုပ်ကိုလုပ်ရမယ်။ ဘာလို့လဲဆိုတော့ ၁၉၉ဝ ရွေးကောက်ပွဲမှာက အမျိုးသားသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူက ရွေးကောက်တင်မြှောက်ထားတာလေ။ ဒီဟာက ဒီမိုကရေစီကို လိုလားတဲ့ ပြည်သူတရပ်လုံး အတွက် နိုင်ငံရေးအနှစ်သာရ အပြည့်အဝရှိတဲ့ ပွဲဖြစ်တယ်" ဟု ပြောသည်။

အန်အယ်ဒီ သည် ၁၉၉ဝ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် တိုင်းပြည်တဝှမ်း ၈ဝ ရာခိုင်နှုန်းကျော် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက ယခုထိ အာဏာအပ်နှင်းခြင်း မရှိသေးပါ။

ဆက်ဖတ်ရန်...

ဒေါ်စုနေအိမ် ချီတက်ကြသော လူငယ်များကို ဖမ်းဆီး




အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များ ဌာနချုပ်မှ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာသို့ ချီတက်သွားနေစဉ်။လမ်းခရီးတွင်ပင် လူငယ်များကို ရဲများက ဖမ်းဆီးသွားခဲ့သည်။ဓာတ်ပုံ - citizen journalist



လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ချီတက်ကြသော NLD လူငယ် ၁၅ ဦးကို အာဏာပိုင်များက ၁ နာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အဖွဲ့ချုပ်က ပြောသည်။

"၁၅ ယောက် ဖမ်းသွားတယ်လို့ သတင်းရပါတယ်။ နာမည်တွေက မသိရသေးပါဘူး။ ဘယ်ကို ခေါ်သွားတယ်ဆိုတာလည်း မသိရသေးပါဘူး" ဟု အဖွဲ့ချုပ်ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောသည်။

လူငယ်များကို ကမ္ဘာအေးဘုရားနားက ဘိုးဘွားရိပ်သာနားအရောက် အာဏာပိုင်များက ဒိုင်နာကားပေါ်သို့ အတင်းတက်စေပြီး ဖမ်းဆီးခေါ် ဆောင်သွား ခြင်း ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးအကြိမ် အကျယ်ချုပ်သက်တမ်း ၅ နှစ်ပြည့်ပြီဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်ကြသည့် NLD လူငယ်နှင့် အရပ်သားပြည်သူများမှာ ၁ဝဝ ကျော် ရှိခဲ့သည်ဟု အဖွဲ့ချုပ်လူငယ်တဦးက ပြောသည်။

ဆက်ဖတ်ရန်...

ဒုက္ခသည်များရဲ့ ရင်ဖွင့်သံ (DVB)

ဆက်ဖတ်ရန်...

ကရုဏာရှုထောင့်က ကြည့်ပါ

Read this doc on Scribd: Ashin Nyanate Thara - BBC

ဆက်ဖတ်ရန်...

ကျွန်တော့် အမြင်

သမိုင်းတွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက်တွင် အနှစ် ၁၀၀ ၊ ဖက်ဆစ်ဂျပန်လက်အောင်တွင် ၃ နှစ် ကျွန်အဖြစ်ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ကြရသည်။ သို့သော်လည်း မြန်မာနိုင်ငံသားများသည် ကျွန်ဘ၀မှ လွတ်မြောက်နိုင်ရန် တစ်မျိုးသားလုံး ညီညီညွတ်ညွတ်နှင့် တော်လှန်ခဲ့ကြခြင်းကြောင့် ၁၉၄၈ တွင်မြန်မာတစ်နိုင်ငံလုံး ကျွန်ဘ၀မှ လွတ်မြောက်ခဲ့ရသည်။လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၆၀ ခုနှစ်အထိ မြန်မာနိုင်ငံသည် စီးပွားရေးဖွံဖြိုးပြီး သာယာဝပြော၍ နိုင်ငံတကာမှပင် မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်ရှာဖွေကြရသည်အထိ စည်ပင်တိုးတက်ခဲ့သည်။

၁၉၆၂ ခုနှစ်တွင် ဦးနေ၀င်းဦးဆောင်သော စစ်အစိုးရတက်လာပြီးနောက် နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းများ ကို ပြည်သူပိုင်သိမ်းခြင်းကြောင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံမှ ထွက်ခွာပေးရသည်။ ၁၉၈၀ ခုနှစ်မှစ၍ စီးပွားရေးကျဆင်းလာပြီး မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများသို့ထွက်၍ အလုပ်အကိုင် ရှာဖွေစားသောက်ကြရသည်။

ယနေ့အချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးကျပ်တည်မှုများကြောင့် အလုပ်အကိုင်ရှာဖွေစားသောက်ရန် အလွန်ခက်ခဲလှသဖြင့် အလုပ်လုပ်နိုင်သော နိုင်ငံသားများသည် နိုင်ငံအသီးသီးသို့ တရားဝင်သောနည်းဖြင့်လည်းကောင်း၊ တရားမ၀င်သောနည်းဖြင့်လည်းကောင်း ပြည်တွင်းမှ မိသားစုအခက် အခဲများကို ဖြေရှင်းရန်ထွက်ခွာ လာကြရသည်။သို့ဖြင့် မြန်မာနိုင်ငံသားများသည် မိမိလုပ်အားကို ရောင်းစား သော ခေတ်သစ်ကျွန်များဖြစ်လာကြရသည်။

ဤတွင် မြန်မာနိုင်ငံသားများသည် ပြည်ပနိုင်ငံများမှ အလုပ်ရှင်များ၊ အေးဂျင့်ပွဲစားများ၏ အနိုင်ကျင့်စီးပိုး မှုများကို ခေါင်းငုံ့ခံကြရလေသည်။ကျေးကျွန်သဖွယ် ခိုင်းစေခြင်းများ၊ ကိုယ်ထိလက်ရောက် ကျူးလွန်စော် ကားမှုများ၊ တရားဥပဒေမဲ့လုပ်ကိုင်မှုများနှင့် ခေါင်းပုံဖြတ်မှုများ စသည်တို့ကိုတွေကြုံခံစားကြရလေသည်။ ထိုကဲ့သို့ ပြည်ပတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကျွန်သက်မရှည်စေရန်နှင့် ပြည်တွင်းရှိအခက် အခဲများ ပြေလည်နိုင်စေရန် ပြည်သူလူထုကို ကိုယ်စားပြုသော မှန်ကန်သော အစိုးရတစ်ရပ် ပေါ်ပေါက်လာ ရန်လိုအပ်လှပေသည်။

မြန်မာနိုင်ငံသားများသည် အကောင်းမြင်တက်ခြင်း၊ ရိုးသားခြင်း၊ ဘာသာတရားကိုင်းရှိုင်းခြင်း၊ ယဉ်ကျေး မှုကိုချစ်မြတ်နိုးခြင်း၊ ရောင့်ရဲတင်းတိမ်တက်ခြင်း၊ ခွင့်လွှတ်နားလည်မှုပေးခြင်း၊ စိတ်ကောင်းနှလုံးကောင်းရှိ ခြင်း၊ ဥာဏ်ပညာကြီးခြင်း တို့နှင့် ပြည့်စုံသူများဖြစ်သည်။ ထိုသို့သော စိတ်ထားရှိသူ မြန်မာနိုင်ငံသားများ နေထိုင်ရာ မြန်မာနိုင်ငံတွင် ကောင်မွန်စွာ ဦးဆောင်မှုပေးနိုင်မည့် အစိုးရသစ်တစ်ရပ်သာ ပေါ်ပေါက်လာပါ က မြန်မာနိုင်ငံသည် တိုတောင်းသောကာလ အတွင်း ကမ္ဘာကပင် အံ့သြလောက်အောင် တိုးတက်ကြီးပွား လာမည်မှာ အသေအချာပင်ဖြစ်ပေသည်။ ။


ဆက်ဖတ်ရန်...

Mr Ban Ki-moon မြန်မာနိုင်ငံ သို့ တစ်ပတ် အတွင်း လာမည်

နိုင်ငံတကာပေးတဲ့ အကူအညီတွေကို စစ်အစိုးရက ဟန့်တားချက်တွေ လုပ်နေသမျှ ကာလပတ်လုံး သေဆုံးသူဦးရေ ပိုများလာမယ်၊အကူအညီပေးတာကို နိုင်ငံရေးနဲ့ မရောယှက်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Mr BanKi Moon က နအဖ စစ်အစိုးရ ကို သတိပေးလိုက်ပါတယ်။


မြန်မာစစ်အစိုးရက ထုတ်ပြန်တဲ့ နောက်ဆုံး တရားဝင်စာရင်းအရ လူ ၇ သောင်း ၈ ထောင် သေဆုံးပြီး ပျောက်ဆုံးသူဦးရေကို ရေတွက်လို့မရတဲ့အကြောင်း အင်မတန့်ကို ထိတ်လန့်ရတဲ့အခြေအနေနဲ့ လူ ၂ သန်းခွဲလောက် အသက်အန္တန်ရာယ်ရှိနေတယ်လို့ ခန့်မှန်းရကြောင်း ပြောပါတယ်။


Mr Ban Ki Moon ကဆက်ပြောရာမှာ မုန်တိုင်းတိုက်ပြီး နှစ်ပတ်ကျော်အကြာမှာ မြန်မာနိုင်ငံထဲကို နောက်ထပ်အကူအညီ တွေရောက်မလာရင် အခုရင်ဆိုင်နေရတဲ့ပြဿနာထက် ပိုမိုထိုးရွားတဲ့ ကူးစက်ရောဂါ ဖြစ်ပွားမဲ့အန္တရာယ်နဲ့ ရင်ဆိုင်ရပါတော့မယ်။ဒီအချိန်မှာ နိုင်ငံရေးကိစ္စ ပြောရမယ့် အချိန်မဟုတ်ဘူးဆိုတာ အလေးအနက်ထားလိုပါတယ်။


ကုလသမဂ္ဂ လူသာချင်းဆိုင်ရာစာနာမှု ညှိနှိုင်းရေးရုံး အကြီးအကဲ Mr John Holmes ကိုလဲ မြန်မာနိုင်ငံကိုစေလွှတ်ကြောင်း

"Mr Ban Ki-moon ကသူကိုယ်တိုင်လဲ မြန်မာပြည်ကို တစ်ပတ်အတွင်း လာရောက်မည့် အကြောင်း "
ပြောကြားသွားပါတယ်

ဆက်ဖတ်ရန်...

သတင်းထူး


မြန်မာရေပိုင်နက် ၁၀ ကီလိုအကွာကိုပြင်သစ်ရေတပ်ရောက်ရှိလာပြီ။ သူတို့ နောက်ကီလို ၃၀ မှာ အမေရိကန်ရေတပ်လိုက်ပါလျက်ရှိတယ် ။ တန်ချိန်တသောင်းကျော် အစားသောက်တွေပါလာတယ်။ လပွတ်တာနဲ့ နီးတဲ့နေရာကိုရောက်နေပြီလို့ သတင်းရတယ်။
တနင်္ဂနွေနေ့ မှာ မြန်မာရေပိုင်နက်ထဲအရောက်ဝင်ဖို့  အမိန့် ရထားကြောင်းသတင်းရရှိပါတယ်။

ဆက်ဖတ်ရန်...

The understanding between two a$$holes!


ဆက်ဖတ်ရန်...

Generation Wave ၏ ထုတ်ပြန်ကြေညာချက် (မေ ၁၈ | ၂၀၀၈)


ဆက်ဖတ်ရန်...

ကွာခြားချက်

"ငလျင် ဒဏ်ခံပြည်သူများအတွက် တမိနစ်တောင်

အလဟသ ဖြစ်ခံလို့မရဘူး တစ်မိနစ် တစက္ကန့်ဟာ

ကလေးတစ်ယောက်ရဲ့ အသက် နဲ့ ညီမျှ

အရေးကြီးတယ်” (တရုပ်ဝန်ကြီးချုပ် ဝ

မ်ကြားပေါင်)


"ကျုပ်အခုလာတာဘာမှမပါသေးဘူး ခင်ဗျားတို့

ဘာလိုအပ်လည်းလို့ လာကြည့်တာ ထမင်းစားစရာ

ပန်ကန်ပြား ၊မတ်ခွက်ကစလိုတယ်

ကျုပ်အခုသိသွားပြီ

ပြန်လိုက်အုံးမယ်" (မြန်မာဝန်ကြီးချုပ်

သိန်းစိန်)

sorry ကျန်သွားလို့.. "ကျုပ်အမိုးပေါ် အဲမှားလို့ အထက်ကိုတင်ပြလိုက်အုံးမယ်" အဲဒါပါသေးတယ်။

ဆက်ဖတ်ရန်...

US NAVY ၏ လတ်တလောလှုပ်ရှားမှုဗီဒီယိုများ

ဆက်ဖတ်ရန်...

နအဖ လူမိုက်ငှားနေပြီ (စက်ရပ်သတင်း)

သီလ၀ါဆိပ်ကမ်းတွင် ရုရှား စစ်သင်္ဘောများ ဆိုက်ရောက်နေကြောင်း ရန်ကုန်မြို့ခံတဦးမှ ပြောဆိုသည်။ ရုရှား စစ်သင်္ဘောပေါ်တွင် ရဟတ်ယာဉ် သုံးစီးခန့်များ တွေ့ရှိခဲ့ပြီး အဆိုပါ သင်္ဘောနားတွင် လုံခြုံအစောင့်များ ထူထပ်စွာချထားကြောင်း ၄င်းမှ ပြောဆိုသည်။ နိုင်ငံခြားအကူအညီများမယူဘူးဟု နအဖမှ ပြောဆိုခဲ့သော်လည်း ယခုကဲ့သို့ ရုရှား စစ်သင်္ဘောများ ဆိုက်နေခဲ့ခြင်းမှာ အမေရိကန်နှင့် ကုလ သမဂ္ဂမှ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ၀င်ရောက်လာနိုင်ခြင်းအပေါ် ကြိုတင်ကာကွယ်ပြင်ဆင်နေသည်ဟု ရန်ကုန်မြို့ရှိလူများ ခန့်မှန်းပြောဆိုနေကြသည်။ ရုရှားတွင် ပညာသင်ယူနေသော နအဖ စစ်ဗိုလ်များကိုလည်း ပြန်လည်ခေါ်ယူလိုက်ကြောင်း ခိုင်လုံသော နအဖ စစ်တပ် အသိုင်းအ၀ိုင်းမှ ကြားသိရသည်။

ဆက်ဖတ်ရန်...

မြန်မာ့ရေးရာ သတင်းများ

  1. မြန်မာစစ်အစိုးရနှင့်ပြည်သူဆက်ဆံရေး မြေရှင်ပဒေသရာဇ်စနစ်ခေတ်လို အကြင်နာမဲ့နေclick
  2. လိမ်လည်ထားသည့် မဲစာရင်းများနှင့် လူထုဆန္ဒခံယူပွဲ ရလဒ် ကြေညာclick
  3. မုန်တိုင်းကြောင့် သေဆုံးသူ (၉၀) ရာနှုန်းကျော်တွင် ကလေး၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများ ဖြစ်နေclick
  4. နာဂစ်မုန်တိုင်း မှတ်တမ်းစီဒီခွေ ရောင်းချclick
  5. လမ်းပေါ်ထွက်ဆန္ဒပြရန် တိုက်တွန်းမှုကို အတိုက်အခံများ ထောက်ခံclick

ဆက်ဖတ်ရန်...

Global Action Day for Burma's Cyclone Victims (17-5-2008)

ကုလသမဂ္ဂ၏ စစ်ရေးအရ ၀င်ရောက်စွက်ဖက်ပိုင်ခွင့်

(Responsibility to Protect)

“အစိုးရတရပ်အနေဖြင့် မိမိပြည်သူများအပေါ်

ကာကွယ်နိုင်စွမ်း မရှိတော့လျှင်

လူမှုရေးကိစ္စ အခြေခံပြီး နိုင်ငံတကာ

အသိုင်းအ ၀ိုင်းက စစ်ရေးနည်းဖြင့် ဝ

င်ရောက်စွက်ဖက်ခွင့် ရှိသည်။”

“ အစိုးရတရပ်အနေဖြင့် မိမိပြည်သူများအပေါ် ကာကွယ်နိုင်စွမ်း မရှိတော့လျှင် လူမှုရေးကိစ္စ အခြေခံပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းက စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်ခွင့် ရှိသည်ဆိုသည့် ကုလသမဂ္ဂလုပ်ပိုင်ခွင့် (Responsibility to Protect) သည် အစိုးရတရပ်က မိမိပြည်သူများအတွက် ကယ်ဆယ်ရေး အကူအညီများ လက်မခံဘဲ ငြင်းဆန်နေလျှင်လည်း အကျုံးဝင်သည်”
(သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Gareth Evans ၏ ပြောကြားချက် - မေလ ၁၃၊ ၂၀၀၈)

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Gareth Evans သည် အစိုးရတရပ်အနေဖြင့် မိမိ ပြည်သူများအပေါ် ကာကွယ်နိုင်စွမ်း မရှိတော့လျှင် လူမှုရေးကိစ္စ အခြေခံပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းက စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်နိုင်ခွင့်ရှိသည်ဆိုသည့် ကုလသမဂ္ဂလုပ်ပိုင်ခွင့် (Responsibility to Protect) ကို ၂၀၀၅ နှစ်တွင် ချမှတ်နိုင်အောင် ဦးဆောင်စည်းရုံးခဲ့သူဖြစ်သည်။

“သဘာဝဘေးအန္တရာယ် ကျရောက်သည့် ကိစ္စမျိုးတွင် ထိုကုလသမဂ္ဂ လုပ်ပိုင်ခွင့်ကို အသုံးချနိုင်သလား ဆိုသည့် BBC Channel 4 ၏ အမေးကို စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်ရန် ဖြစ်နိုင်သည်ဟု ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး David Miliband က အင်္ဂါနေ့တွင် ဖြေကြားခဲ့သည်။”
(ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး David Miliband - မေ ၁၃၊ ၂၀၀၈)

Save Our People by Forced Humanitarian Intervention Immediately

ကျွန်ုပ်တို့၏ နာဂစ်မုန်တိုင်းဘေးဒုက္ခသည် မြန်မာနိုင်ငံသားများကို အင်အားသုံး ၀င်ရောက်ကယ်တင်ရန် နိုင်ငံတကာ ကယ်ဆယ်ရေးတပ်များ အဆင်သင့် ဖြစ်နေပါပြီ။

အင်အားသုံး ၀င်ရောက်ကယ်တင်ပေးရေးအတွက်

နိုင်ငံတကာရောက်

မျိုးချစ်မြန်မာများအားလုံး မနက်ဖြန် Global

Action Day for Burma's Cyclone Victims (17-5-2008) တွင်

အင်တိုက်အားတိုက် တက်ညီလက်ညီ

တောင်းဆိုဆန္ဒပြကြပါစို့။

ဆက်ဖတ်ရန်...

မြန်မာ့ရေးရာ သတင်းများ

  1. မုန်တိုင်းဘေးဒုက္ခသည်ကို နအဖ စစ်ဗိုလ်က မစာမနာပြောဆိုclick
  2. မုန်တိုင်းဘေးဒုက္ခသည်များကို အာဏာပိုင်က နှင်ထုတ်click
  3. "နိုင်ငံတကာကယ်ဆယ်ရေး ကျွမ်းကျင်သူတွေမလိုပါဘူး၊ကိုယ်ဘာသာ ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်ပါတယ်"...ဗိုလ်ချုပ်ကြီးသိန်းစိန်click
  4. ကုလသမဂ္ဂစစ်တပ် မြန်မာနိုင်ငံတွင်းဝင်ပြီး ဒုက္ခသည်များကို ကူညီခွင့်ရှိဟုဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးပြောclick
  5. မြန်မာစစ်တပ်ကိုယ်တိုင် နိုင်ငံတကာ ကယ်ဆယ်ရေးပစ္စည်းများ ခိုးဝှက်နေclick
  6. မုန်တိုင်းဒုက္ခသည်များထံ အကူအညီများ ရောက်ရှိရေး နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများ လိုအပ်ဟု ကုလသမဂ္ဂပြောclick
  7. အနုပညာသည်များ ကူညီထောက်ပံ့မှု အရှိန်အဟုန်ကောင်း၊ အချို့နေရာတွင် နှောင့်ယှက်ခံရclick
  8. ခိုကိုးရာမဲ့လေဘေးဒုက္ခသည်များ နှင်ထုတ်ခံနေရclick
  9. ဆန္ဒခံယူပွဲမပြီးဆုံးသေးခင် မဲရလဒ် စစ်အစိုးရကြေညာclick
  10. အလုပ်ရှင်နှင့် အလုပ်သမား ပထမဆုံး သဘောတူညီချက်ရclick
  11. ကုလလူသားချင်းစာနာမှုဆိုင်ရာအကြီးအကဲကို မြန်မာနိုင်ငံသို့စေလွှတ်ဖို့ရှိclick

ဆက်ဖတ်ရန်...

မြန်မာနာဂစ်ဒုက္ခသည်များအား ကယ်ဆယ်ရေးအတွက် အင်အားသုံး ၀င်ရောက်ရန် အမေရိကန်တပ်ဖွဲ့ဝင်များ မဲဆောက်မြို့သို့ ရောက်ရှိ






ဓာတ်ပုံ - မြင့်မိုရ်မီဒီယာ

မြန်မာနိုင်ငံအတွင်း အတိဒုက္ခရောက်နေကြသည့် နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို အင်အားသုံး ၀င်ရောက် ကယ်တင်ရန်အတွက် အင်အား (၆၀)ခန့်ပါသည့် အမေရိကန်တပ်ဖွဲ့ဝင် ရှေ့ပြေးအုပ်စုသည် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ မေလ(၁၀)ရက်နေ့တွင် ရောက်ရှိလာကြောင်း သတင်းရရှိသည်။



ဆက်ဖတ်ရန်...

စိုးရိမ်ဖွယ် မုန်တိုင်း သတင်း

မြန်မာနိုင်ငံရှိ သူငယ်ချင်းများ ပြည်သူပြည်သားများအားလုံးကိုသတိပေးချင်ပါတယ်

နောက်ထပ် ဆိုင်ကလုန်း တစ်ခု ဗမာပြည်ထဲမှာ စတင်ဖြစ်ပေါ်နေပြီလို့ ကုလသမဂ္ဂက အခုဘဲ သတိပေးလိုက်ပါတယ်။ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက်မှာ စတင်ပြီး ဖြစ်ပေါ်နေပြီလို့ သိရတယ်။ အဲဒီ အပူပိုင်း ဆိုင်ကလုန်းဟာ နောက်ထပ် ၂၄ နာရီအတွင်းမှာ ကြီးထွားလာနိုင်တယ်လို့ သတင်းရရှိပါတယ်။

ဒါပေမယ့် အဲဒီမုန်တိုင်းဟာ အင်အားအသင့်အတင့်လား၊ အင်အားပြင်မလားဆိုတာကိုတော့ ကြိုတင်ခန့်မှန်းလို့မရသေး ဘူးလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးအတွက်ရဲက ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သူမက “ဒီသတင်းက ကုလသမဂ္ဂရဲ့ ကမ္ဘာ့ မိုးလေ၀သဋ္ဌာနရဲ့ ဋ္ဌာနခွဲတစ်ခုဖြစ်တဲ့ တိုင်ဖုန်းသတိပေးရေးစင်တာ (JTWC) က လာတာလို့” ပြောပါတယ်။ ပြီးတော့ ထိုထုတ်ပြန်ချက်ထဲမှာ “ယခုအချိန်မှာ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက်ရဲ့ အနောက်ပိုင်းကနေ မိုင် ၃၀ အကွာရေပြင်မှာ မုန်တိုင်းစတင်နေပါပြီ” လို့ဖော်ပြထားပါတယ်။

တစ်ခြားဝက်ဘ်ဆိုဒ်တစ်ခုမှာ ဖော်ပြထားတာကတော့ မုန်တိုင်းက သေချာသလောက်ရှိနေပါပြီတဲ့ မိုးသည်းထန်စွာရွာသွန်းမယ်တဲ့  ည 1 နာရီ 40 မှာ ဖြစ်ပွားဖွယ်ရှိနေပါတယ်အားလုံးပဲ သတိရှိကြပါ .. နီးစပ်ရာကို သတိပေးကြပါ.ွGoogle earth ကနေ ကြည့်ရသလောက်ကတော့ Cyclone Nargis နီးနီးလောက်ကိုရှိပါတယ်

နောက်ထပ်ဆိုင်ကလုန်းမုန်တိုင်းတစ်ခု မြန်မာနိုင်ငံအနီးမှာ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတယ်လို. ကုလသမဂ္ဂမှ သတိပေး ပြောကြားလိုက်ပါတယ်။ ဘယ်အချိန်မှာ ကုန်တွင်းပိုင်းကိုဝင်ရောက်တိုက်ခတ်မယ်၊ ဘယ်အချိန်မှာ အားအလွန်ကောင်းတဲ. မုန်တိုင်းတစ်ခုဖြစ်လာမယ်ဆိုတာ မပြောနိုင်သေးပါဘူးလို. ကုလသမဂ္ဂပြောခွင်.ရအမျိုးသမီးဖြစ်သူ အမမ်ဒါပစ်(Amanda Pitts)က ဆိုပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ဖို. အလားအလာများနေကြောင်း သတင်းထောက်တွေကို သူမက ပြောကြားပါတယ်။ မြန်မာနိုင်ငံအနီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ဖွယ်ရှိတယ်ဆိုတဲ. သတင်းအချက်အလက်ကို Joint Typhoon Warning centre မှ ရရှိတယ်လို. ဆိုပါတယ်။ အဆိုပါအဖွဲ.အစည်းဟာ ကုလသမဂ္ဂမိုးလေ၀သဌာနရဲ. လက်အောက်ခံအဖွဲ. တစ်ခုဖြစ်တယ်လို. သိရပါတယ်။မုန်တိုင်းဖြစ်လာနိုင်ဖွယ်ရှိတဲ. လေဖိအားနည်းရပ်ဝန်းဟာ ရန်ကုန်မြို.ရဲ. အနောက်တောင်ဘက်မှာတည်ရှိနေပြီး နောက်ထပ်(၂၄)နာရီအတွင်းမှာ ဆိုင်ကလုန်းမုန်တိုင်းတစ်ခု အဖြစ်ရောက်ရှိလာနိုင်ဖွယ်ရှိတယ်လို. JTWC ၀က်ဘ်ဆိုက်မှာ ဖေါ်ပြထားတယ်လို. သိရပါတယ်။ (Ref: JTWC, SBS, UN, AP)

ဆက်ဖတ်ရန်...

ရှောင်ရှားရန်




ဆက်ဖတ်ရန်...

မြန်မာပြည်သူပြည်သားများသို့အရေးပေါ်သတိပေးတားမြစ်ချက်

လေးစားချစ်ခင်ရပါသောမြန်မာနိုင်ငံသားအပေါင်းတို့ခင်ဗျား

ပြည်သူအများသိပြီးကြတဲ့အတိုင်းစစ်အစိုးရဟာ မုန်တိုင်းဘေးသင့်သူတွေကယ်ဆယ်ရေးကို ညံ့ဖျင်းမှားယွင်းစွာကိုင်တွယ်နေပါတယ်ဒါကိုပြည်ပနိုင်ငံတွေကသိလို့ကူညီမယ်ဆိုတော့လဲ ဝင်ခွင့်ချက်ချင်းမပေးခဲ့တဲ့အတွက် ခုဆိုရင်သေဆုံးသူအရေအတွက်ဟာ သိန်းကျော်ခဲ့ပါပြီမုန်တိုင်းပြီးခဲ့ပေမယ့်လဲ ရေ နဲ့ စားနပ်ရိက္ခာပြတ်လတ်မှု၊ ဆေးဝါးမပြည့်စုံမှု၊ ရေညစ်ညမ်းမှုတွေကြောင့် ပြည်သူအများအပြားဆက်လက်သေဆုံးနေကြရှာပါတယ် ဒီအတိုင်းရှေ့ဆက်မယ်ဆိုရင်နောက်ထပ်သေဆုံးသူများဦးရေဟာ ၆သိန်းနီးပါးရှိနှိုင်တယ်လို့ နိုင်ငံတကာမှလေ့လာသူများ၊ ဆေးပညာရှင်များကခန့်မှန်းထားပါတယ်

အခုဆိုရင် ဝမ်းရောဝါနဲ့ အခြားကူးစက်ရောဂါများဟာမုန်တိုင်းဒါဏ်ခံခဲ့ရတဲ့နေရာတွေတိုင်းမှာ ကြောက်မက်ဖွယ်ပျံ့နှံ့နေပါပြီဒါကိုလဲမှန်မှန်ကန်ကန်ဝန်ခံခြင်းမရှိခဲ့တဲ့အပြင် UN နှင့် USA တို့မှ လတ်တလောပေးပို့ခဲ့တဲ့လေဘေးကူညီမှုလှုဒါန်းထားတဲ့ပစ္စည်းတွေကိုပါစစ်ဂိုဒေါင်တွေထဲထည့်သွင်းသိမ်းဆည်းထားခဲ့ပါတယ်ပြီးတော့ဒီပစ္စည်းတွေကို သူတို့ကိုယ်ကျိုးအတွက်အလွဲသုံးစား အသုံးပြုနေပါတယ်သူတို့မိသားစုများတွေဆီဘဲပေးပို့ ခြင်း၊ ငွေဖြင့်ပြန်လည်ရောင်းချစီးပွားရှာခြင်းများပြုလုပ်နေပါတယ်ဒါကို အခု USA နဲ့ UN ကသက်သေအတိအကျရထားပြီးပါပြီဒီတော့ UN ရဲ့ မူလပဋိဥာဉ်စာချုပ်ထဲကအချက်တစ်ချက်ဖြစ်တဲ့ အရေးပေါ်ဝင်ရောက်ကယ်ဆယ်ခွင့်ကို အသုံးပြုတော့မှာဖြစ်ပါတယ်

ဒီတော့မကြာခင်ရက်ပိုင်းအတွင်းမှာ မြန်မာပြည်တွင်းကို USA နဲ့ UN စစ်တပ်က ကိုယ်တိုင်ဝင်ကူညီတော့မယ်လို့သိရပါတယ်ဒီလိုဝင်လာမယ့်စစ်သားတွေမှာလဲ အသင့်အနေအထားနဲ့အထူးသတိထားပြီးဝင်ရောက်ရမှာဖြစ်ပါတယ်သူတို့ဘဝမှာ တစ်သက်မမေ့အောင်သွေးပျက်ခဲ့ရတဲ့ Vietnam စစ်တွင်းအတွေ့အကြုံတွေကြောင့် ဒီတစ်ခါအဲဒိလိုလုံးဝအဖြစ်ခံမှာ မဟုတ်ပါဘူး၊ သူတို့ကို ပြောက်ကျားစနစ်နဲ့အတိုက်မခံရအောင် သတိကြီးစွာထားပြီးလှုပ်ရှားမှာဖြစ်တယ် လို့သိရပါတယ်နောက်ပြီးသူတို့ကို တိုက်ခိုက်လာနှိုင်တဲ့သူတွေထဲမှာ အရပ်ဝတ်စွမ်းအားရှင်တွေ အရပ်ဝတ်ထားတဲ့စစ်သားတွေလဲပါမယ်လို့သိထားပါတယ်ဒါကလဲ ပြည်သူတွေနဲ့နိုင်ငံတကာရဲ့အမြင်မှာ မြန်မာတွေကိုအမေရိကန်တွေသတ်နေပါပြီလို့ထင်ရအောင် ကြိုတင်အကွက်ဆင်ခြင်းဘဲဖြစ်ပါတယ်အပြစ်မဲ့ပြည်သူတွေကိုလုံးဝမထိစေဖို့လဲ အမေရိကန်စစ်သားများကို အထက်မှတင်းကြပ်စွာသတိပေးထားပါတယ် ဒါပေမယ့်သူတို့အသက်အန္တရာယ်ကိုထိခိုက်လာနှိုင်တယ်ဆိုရင်တော့ စစ်ရေးအရလိုအပ်သလိုတုံ့ပြန်သွားမှာဖြစ်တယ်လို့လဲသိရပါတယ်

ဒါကြောင့် ကျွန်တော် အခု မြန်မာတွေကို UN နဲ့ USA ကသတိပေးချင်တဲ့အရမ်းအရေးကြီးတဲ့အချက်တွေကိုပြောပြပါမယ်ပြည်တွင်းကိုလက်လှန်းမှီသလောက်ပို့ပေးကြပါ

အမေရိကန် နဲ့ UN စစ်သားတွေကို မြေပြင်ပေါ်မှာတွေ့ခဲ့လို့ရှိရင်

ရဟတ်ယာဉ်ဖြင့်ဆင်းလာခြင်းတွေ့လျင်သော်လည်းကောင်း

သင်္ဘော ပေါ်မှဆင်းလာခြင်းတွေ့လျင်သော်လည်းကောင်း

စစ်သုံးယာဉ်များ သံချပ်ကာကား (Tank) ဖြင့်တွေ့လျင်သော်လည်းကောင်း

မလိုအပ်ဘဲ အနားကပ်ပြီး ကြည့်ရှုစပ်စုခြင်း၊နှုတ်ဆက်ရန်ကြိုးစားခြင်း (သို့မဟုတ်) စကားမေးမြန်းပြောဆိုခြင်း၊လူစုလူဝေးနှင့် ဝိုင်းရံခြင်းဖြင့် ၄င်းတို့၏လုံခြုံရေးအတွက်စိုးရိမ်မှုကိုတိုးမြင့်စေခြင်း၊၄င်းတို့သွားရာလမ်းမများအားပိတ်ဆို့ ဝိုင်းရံပြီးရပ်ကြည့်ခြင်း၊သံသယဖြစ်စရာ လျှပ်တပြက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း ( ဥပမာ - ကျယ်လောင်စွာအော်ဟစ်အားပေးရင်း ပန်းကုံးများဖြင့်ပေါက်ခြင်း ) ၊

အစရှိတဲ့ အပြုအမူတွေကိုလုံးဝမလုပ်ကြဖို့ US စစ်တပ်က မျိုးချစ်မြန်မာရဲ့ မိတ်ဆွေတစ်ဦးက တင်းကြပ်စွာသတိပေးထားပါတယ်

အဓိကသူတို့မှာချင်တာကတော့ တတ်နိုင်သမျှဝေးဝေးမှာနေကြပါ အနားလုံးဝမကပ်ပါနဲ့ အရမ်းအန္တရာယ်ကြီးပါတယ်လိုအပ်ရင်သူတို့ကအရင်ချဉ်းကပ်လာပါ့မယ် ပြည်သူတွေရှေ့အရမ်းစွတ်မတိုးကြပါနဲ့
ဆိုတာပါဘဲ


မျိုးချစ်မြန်မာ

မှ ကူးယူ ဖေါ်ပြပါသည် ။ အပြည့်အစုံ ကို အထက်ပါ လင့်တွင်သွားရောက်ကြည့်ရှုပါ။

ဆက်ဖတ်ရန်...

ကြေညာချက်

နအဖစစ်အာဏာရှင်များအနေဖြင့် -

၁။ အမေရိကန်အပါအ၀င် နိုင်ငံကြီးတို့ မှ ကယ်ဆယ်ရေးဝန်ထမ်းများကို မြန်မာနိုင်ငံအတွင်း အမြန်ဆုံးဝင်ရောက်ကူညီ လုပ်ကိုင်ခွင့်ပြုရန်။

၂။ ပြည်တွင်းပြည်ပမှ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများအားလုံးကို အမြန်ဆုံးလက်ခံခွင့်ပြုရန်။

၃။ ပြည်တွင်းပြည်ပမှ စေတနာရှင်အဖွဲ့ အစည်းများအားလုံးကို လွတ်လပ်စွာ ကူညီပြုစု ကုသခွင့်ပေးရန်။

၎။ ပြည်တွင်းပြည်ပမှ ထောက်ပံပေးနေသည့် ပစ္စည်းများအားလုံးကို ဒုက္ခသည်များထံသို့  တိုက်ရိုက်ပေးပို့ လှူဒါန်းခွင့်ပြုရန်။

ယခုတောင်းဆိုချက် (၄) ခုကို လိုက်လျောမှု မရှိပါက (၂၃-၅-၂၀၀၈) ရက်နေ့ မှစပြီး နအဖ စစ်အာဏာရှင်များအား ပြည်တွင်းပြည်ပရှိ သံဃာတော်များနှင့် ပြည်သူလူထုတစ်ရပ်လုံး လမ်းပေါ်ထွက်ကာ ပြင်းပြင်းထန်ထန် ကန့် ကွက်ဆန္ဒပြကြရန် အလေးအနက်တိုက်တွန်းပါကြောင်း။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ ချူပ်ကြီး။

ဆက်ဖတ်ရန်...

မန်မာပြည် မိုးလေ၀သ လက်ရှိ အခြေအနေဖေါ်ပြခြင်း။

မြန်မာနိုင်ငံ မိုးလေ၀သ အခြေအနေအား စက္ကန့် ပိုင်းနှင့် အမျှ ပြနေစဉ်။

https://metocph.nmci.navy.mil/myanmar_animator.php

Security Certificate မေးပါက အမြဲတမ်းအတွက် လုပ်နိုင်သလို ယာယီအတွက်လည်း ok လုပ်နိုင်ပါသည်။ ဒါမှသာ မိုးလေ၀သ လက်ရှိအခြေအနေအား ကြည့်နိုင်မည်ဖြစ်ပါသည်။ ပြီးလျှင် Start ကို နှိပ်ပါ။

ဆက်ဖတ်ရန်...

ဒီနေ့ မြန်မာ့ မိုးလေ၀သ

  • ရန်ကုန်က 5-Movie တီဗွီလိုင်းအားလုံးထဲမှာ MRTV4 & MRTV4 ကလွဲရင် ကျန်တာအားလုံးပိတ်သွားပြီ ဗျို့

  • City FM Radio မှာကတော့ ပိုမိုအားကောင်းလာခြင်း မရှိဘဲ ရခိုင်ပြည်နယ်ဖက်ကို ဖြည်းဖြည်းချင်းရွေ့လျားနေသတဲ့ ရန်ကုန် ဧရာဝတီဖက်မှာ မိုးဘဲရွာမတဲ့ လေတိုက်နှုန်း 45 မိုင်ခန့်တဲ့(ရွှေတိဂုံနားမှာ မိုးတွေရွာနေပါပြီ ညနေ ၅း၅၈)
  • တကယ့်နောက်ဆုံးရ GoogleEarth ဓါတ်ပုံမှာတော့ အနောက်မြောက်ဖက်ကနေ ဧရာဝတီဖက်ကို ဦးတည်နေတာပါ ရခိုင်ဖက်ကရှင်းနေပါတယ်။

  • ရန်ကုန်အပိုင်းမှာ မိုးသည်းထန်စွာ ရွာပါမယ်။ တစ်ပါတ်ခန့်  ဖြစ်ပါတယ်။ လေတိုက်နှုန်းက အလွန်ဆုံးမှ တစ်နာရီကို ၂၄ မိုင်နှုန်းခန့် မျှသာရှိပါမယ်။ ဒီအတွက် မုန်တိုင်းလုံးဝ မဟုတ်ပါ။ ထူးခြားလျှင် ထပ်ပြောပြပါမယ်။ အခြားသော ပြည်တွင်းရေးရာသတင်းများကိုသာ ဆက်လက်ဖေါ်ပြကြပါ။

ဆက်ဖတ်ရန်...

ကြေကွဲ ၀မ်းနည်းနေသူ

မြန်မာမုန်တိုင်း သတင်း များကို ဒီနေ့

ကျွန်တော် ဖတ်ရင်း၊ကြည့်ရင်းနဲ့

ကျွန်တော့်ဘလောက်မှာ တင်ချင်စိတ်

မရှိတော့တဲ့အတွက် post မရေးဖြစ်တော့ပါ။

ကျွန်တော့်ရဲ့ စိတ်တွေ အရမ်းကို

ထိခိုက်ကြေကွဲဝမ်းနည်းနေရပါသည်။

ကျွန်တော်တို့မြန်မာပြည်သူ

မုန်တိုင်းဒဏ်ခံရသော ဒုက္ခသယ်များကို

အမြန်ဆုံးကူညီကယ်

ဆယ်ရေးအဖွဲ့များ ရောက်ရှိ

ကယ်ဆယ်နိုင်ပါစေ။အားလုံးစည်းစည်လုံးလုံးနဲ့

ဝိုင်းဝန်းကူညီပေး

ကြဖို့ ကို လဲ တိုက် တွန်းပါတယ်

။နိုင်ငံအသီးသီးမှာ ရှိ ကြသော အဖွဲ့အစည်း

များကိုလည်း

တက်နိုင်သမျှ အကူအညီများ ပေးကြပါရန်

အထူးမေတ္တာရပ်ခံ အပ်ပါသည်။

ဆက်ဖတ်ရန်...

မြန်မာ့ရေးရာ သတင်းများ

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံသား ၄၀၀၀နီးပါး သေဆုံးပြီး ၃၀၀၀နီးပါး ပျောက်ဆုံးနေကြောင်း စစ်အစိုးရပိုင် ရုပ်မြင်သံကြားမှ ကြေညာ

  1. အင်းစိန်ထောင် အဆောင် (၁) မီးလောင်၊ ၁၅ ဦးထက်မနည်း သေဆုံး click
  2. အင်းစိန်ထောင် မီးလောင် ၃၆ ဦးသေ၊ ၇၀ ဒါဏ်ရာရ click
  3. ဒေးဒရဲလမ်းဘေးတွင် လူသေအလောင်းများ တွေ့ခဲ့ရဟု မျက်မြင်သက်သေပြော click
  4. ပဲခူးတွင်လည်း လေဘေးဒဏ်ခံရ၊ အိုးမဲ့အိမ်မဲ့ အများအပြားရှိ click
  5. ယုံကြည်စိတ်ချရသည့် ဆန္ဒမဲပေးပွဲ ဖြစ်စေရန် လုံခြုံရေးကောင်စီ တိုက်တွန်း click
  6. အာရှငွေကြေးရန်ပုံငွေအဖွဲ့ ထူထောင်ရန် အာရှနိုင်ငံများအကြား သဘောတူ click
  7. မုန်တိုင်းဒဏ်ခံရသည့် မြန်မာပြည်သူများကို နိုင်ငံတကာက မည်သို့ကူညီမည်နည်း၊ ကုလသမဂ္ဂဆိုင်ရာ အ မျိုးသားညွန့်ပေါင်းအစိုးရ ကိုယ်စားလှယ်နှင့် မေးမြန်းချက် click
  8. မုန်တိုင်းအလွန် ရန်ကုန် - မီးပြတ် ရေပြတ် ကားလိုင်းပြတ် စားကုန်ဈေးတက်၊ လမ်းတိုင်း၌ လဲပြိုပျက်စီးနေ ဆဲ ကယ်ဆယ်ထူထောင်ရေး မမြင်ရသေး click
  9. နာဂစ်မုန်းတိုင်းဒဏ်အတွက် နိုင်ငံတကာက ကူညီရန်အသင့်ရှိနေ click
  10. မုန်တိုင်းဒဏ်ကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာပြီး အချို့နေရာများတွင် လုယက်မှု ဖြစ်ပွား click
  11. မုန်တိုင်းဘေး ဒုက္ခသည်များအတွက် ပြည်ပရောက်မြန်မာများ စိုးရိမ် click

ဆက်ဖတ်ရန်...

Tropical Cyclone Hit Yangon, Myanmar May 4, 2008 (src:DVB)

ဆက်ဖတ်ရန်...

မိုးသီးဇွန်၏ အရေးပေါ်တပ်လှန့်ချက်

လေးစားအပ်တဲ့ တိုက်ပွဲဝင် ညီအကိုမောင်နှမအပေါင်းတို့ ခင်ဗျား …

နာဂစ်မုန်တိုင်းကြောင့် ကျနော်တို့ မိဘပြည်သူတွေဟာ အတိဒုက္ခရောက်နေကြပါပြီ။ စိတ်ဓာတ်မကျနဲ့ ဆက်တိုက်ရမယ်။ လူထုတိုက်ပွဲ ဖြစ်ပေါ်အောင် ဆက်လက် လုပ်ဆောင်ရမယ်။ မဟုတ်ရင် နောက်ထပ် ၁၀နှစ်တောင်မှ ပြန်လည် နာလန်ထူနိုင်ဖို့ ခဲယဉ်းတော့မယ်လို့ ကျနော်ယူဆပါတယ်။

• ရေ၊ မီးနဲ့  စားရေရိက္ခာတွေ ပြတ်တောက်နေပါတယ်။

• ရေကြီးမှုကြောင့် ရောဝတီတိုင်းနဲ့  တခြားပြည်နယ်တွေမှာ သောက်ရေတွေ ပြတ်တောက်သွားပါတယ်။

• ကူးစက်ရောဂါ ပိုးမွှားတွေ ပျံ့နှံ့လာနိင်ပါတယ်။ ကယ်ဆယ်ရေး အကူညီတွေ အရေးပေါ် လိုအပ်နေပါတယ်။

ကုလသမဂ္ဂက ပေးအပ်မယ့် အကူညီတွေကို သန်းရွှေက ငြင်းပယ်ပါတယ်။ ဒါဟာ အလွန်ယုတ်မာ ကောက်ကျစ်တဲ့ အောက်တန်းကျတဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ ဆူနာမီမုန်တိုင်းကြောင့် အင်ဒိုနီးရှားမှာ ဘေးဒုက္ခတွေ ရင်ဆိုင်ရတော့ အင်ဒိုနီးရှားအစိုးရဟာ အမေရိကန်က အကူအညီတွေ တောင်းခံခဲ့တယ်။ အမေရိကန် ရေတပ်က အင်ဒိုနီးရှားကမ်းကို ကပ်ပြီး အကူညီတွေ ပေးခဲ့တယ်။ တရုတ်ပြည်ကလည်း အင်ဒိုနီးရှားကို ကူညီပေးခဲ့တာပဲ။ တချိန်က ရန်သူဖြစ်ခဲ့ဘူးပေမယ့် တရုတ် အကူအညီကို အင်ဒိုနီးရှားက လက်ခံခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်မှာလည်း သဘာဝဘေးအန္တရယ်ကို ရင်ဆိုင်ရတော့ နိင်ငံတကာ အကူညီတွေ ရယူပေးခဲ့တယ်။ အမေရိကန်က အကူညီတွေကိုပါ လက်ခံခဲ့ပါတယ်။

ဘာဖြစ်လို့ သူတို့က အကူညီတွေကို လက်ခံခဲ့ကြတာလဲ။

ဘာဖြစ်လို့ သူတို့က အကူညီတွေကို တောင်းခဲ့ကြတာလဲ။

သန်းရွှေက ဘာဖြစ်လို့ ကုလသမဂ္ဂက ကူညီမယ်ဆိုတာကို မလိုဘူးကွလို့ ငြင်းဆန်လိုက်ရတာလဲ။

အပြည့်အစုံသိချင်ရင် အောက်ကလင့်တွင်ဆက်ဖတ်ပါ။



ဆက်ဖတ်ရန်

ဆက်ဖတ်ရန်...

မြန်မာပြည် ဆိုင်ကလုန်း ဗီဒီယို သတင်း

မြန်မာ နာဂျစ် ဆိုင်ကလုန်း မုန်တိုင်း သတင်း ဗီဒီယိုကို
အောက်ပါလင့်တွင် သွားရောက်ကြည့်ရျှွှိုင်ပါသည်။


http://www.youtube.com/results?search_query=Myanmar+Yangon+Cyclone&search_type=

ဆက်ဖတ်ရန်...

ရန်ကုန် နာဂစ် ဆိုင်ကလုန်းမုန်တိုင်း သတင်း

ဆက်ဖတ်ရန်...



နအဖ အလိုကိုလိုက် အကြိုက်ကိုဆောင်တာ ပြည်သူချစ်တဲ့ အနုပညာရှင်တဲ့လား

ဆက်ဖတ်ရန်...

ထောက်ခံမဲထည့်ရေး ပေါ်လစီဇာတ်ကား ဂုဏ်ပြု


(ဓာတ်ပုံ - ကြေးမုံ၊ မြန်မာ့အလင်း)

လူသတ်ကောင် ကျော်ဆန်းရဲ့ သွေးစွန်းလက်နဲ့ ပေးတဲ့လက်ဆောင်ကို
ပြုံးရွှင်စွာ လက်ခံယူနေတဲ့ နန္ဒလှိုင်နဲ့ ကိုင်ဇာ

ဆက်ဖတ်ရန်...

ရန်ကုန်နောက်ဆုံးအခြေအနေပါ

ရန်ကုန်တမြို့လုံးဗြောင်းစံနေ
မုန်တိုင်း တော်တော်ဆိုးတယမလွတ်ဘူး၊
နံနက် ၅ နာရီခွဲတွင် အပြင်းထန်ဆုံး အရှိန်အဟုန်ဖြင့် ရန်ကုန်မြို့သို့ တိုက်ခတ်
မနေ့ည ၁၁ နာရီက စတိုကအပြင်းဆုံးအချိန်ကတော့ မနက် ၅ နာရီ၊ ၆ နာရီ
စလောင်းတွေ အားလုံး လွင့်သွပ်ပြားတွေ အချပ် လိုက် လမ်းတွေပေါ်ပြေးနေ
ကမာရွတ်၊ လှိုင်၊ မြေနီကုန်း ၊ ရွှေုဂုန်တိုင် ဝေဠုဝန်တိုက်ခန်း ဟံသာဝတီ ကားပွဲစားတန်း ကျွန်းတောလမ်း
တက္ကသိုလ်ရိပ်သာလမ်း စမ်းချောင်းမြို့နယ တော်တော်ဆိုးတယစမ်းချောင်းကဆက်သွယ်ရေးဝန်ကြီးရုံးတောရွဲသွားပီ
သမိုင်း ခဝဲခြံ အင်းစိန် ပုဇွန်ထောင် နဲ့ မြိုသစ်ဖြစ်တဲ့ ဒဂုံ ရွေပြည်သာ လိုင်သာယာာ တော်တော်အခြေအနဆိုးတယ် ရေအသကုန်ကြီနေပီ
ခဝဲခြံမှာလူနေလို့မရအောင်ရေကြီနေတယ်
လိုင်သာယာကတဲအသေးလေးတွေဘာမှာမရှိတော့ဘူး ကလေးတွေသနားစရာပါ…
လူတွေအလုပ်တွေရူပ်နေကြတယ်
GSM တွေရော လိုင်းဖုန်းတွေလုံးဝ မရ
ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရေဒီယိုတို့ကို ကြည့်ရှု နားဆင် မရ
မိုးစဲသွားပြီ် မြို့တွင်းရှင်းလင်းရေးကို ကိုယ်ထူကိုယ်ထရပ်ကွက်အလိုက် လုပ်
“မနက် ၁၀ နာရီထိ အရှိန်ပြင်းပြင်းနဲ့ တိုက်နေ
အိမ်တချို့ ပြိုလဲမှုများ ရှိ
အပျက်အစီးများ လမ်းများ ပိတ်နေ
လိုင်းကား ပြေးဆွဲခြင်းလဲ မရှိ
လေလည်း ငြိမ်သွားပြီ
ရန်ကုန်မြို့တွင် ပျက်စီးမှု အကြီးအကျယ် ဖြစ်ပေါ်စေခဲ့
ယနေ့ညဘက် တမြို့လုံး အမှောင်ကျ
သေဆုံးပျေက်ခန့်မှန်းမရ များနိုင်
စားသောက်ကုန်များ ဈေးတကအလုအယက် ၀ယ်ယူနေကြ
ကား၊ ရထားအားလုံး ရပ်ဆိုင်း
အင်တာနက် လုံးဝမရ ကျော်ခွဇယား တောင်စဉ်းစားမရ..
ရန်ကုန်မြို့တွင် ရယန္ဒရား ရပ်
လျှပ်စစ် ဓာတ်အားပေး စက်ရုံ အားလုံး ရပ်မိုးခြံတ်လမ်းတွေပိတ်နေတယ်အိမ်မီးပြောနဲလမ်းမီးတောင်မလာဘူး..
အပင်များမရှိတော့ဘူး
လမ်းဘေးရပ် ကားအပျက်စီများ
ရန်ကုန်မြို့ပျက်စီးမှု အကြီးအကျယ် ဖြစ
အမှတ် (၁)၊စမ်းချောင်းမြို့နယ မူးယစ်ဆေးဝါးပြတိုကလေဘေးဒုက္ခသည် ကယ်ဆယ်ရေးစခန်း ဖွင့်
ဆက်လက် စုံစမ်းနေ
ရန်ကုန်မိုးတိပ်တွားပီ မုန်တိုင်းထပ်လာမယ်ဆိုတဲ့အသံတွေထွက်နေ…

ဆက်ဖတ်ရန်...

အားပြင်းလှသည့် ဆိုင်ကလုန်မုန်တိုင်း ရန်ကုန်မြို့ အနောက်တောင်ဘက်ကို ဗဟိုပြု၍ ရွေ့လျားနေ

မြန်မာနိုင်ငံအနောက်တောင်ဘက်မှ ၀င်ရောက်တိုက်ခိုက်လာသည့် ဆိုင်ကလုန်မုန်တိုင်းသည် ရန်ကုန်မြို့ အနောက်တောင်ဘက် ၄၃၀ ကီလိုမီတာအကွာကို ဗဟိုပြု၍ ရွှေ့လျားလာခဲ့သည်။

၎င်းမုန်တိုင်းသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ကို ယမန်နေ့ နံနက်ပိုင်းတွင် စတင်ဝင်ရောက်လာပြီး နောက် ရန်ကုန်တိုင်းကိုဖြတ်၍ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ဘက်ကို ဦးတည်နေ လျှက်ရှိပြီး ဘားအံတွင် မိုးများသည်းထန်စွာ ရွာသွန်းနေခြင်းကြောင့် ပြည်သူများ အပြင်ထွက်မ ရအောင်ရှိနေသည်။

အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပင်လယ်ရေပြင် အမြင့်ပေ (၁၀)ပေမှ (၁၂)ပေအထိ မြင့် တက်လာနိုင်ကြောင်း မိုးလေ၀သဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ မုန်တိုင်းတိုက်ခတ် ပြီးနောက် ယခုအချိန်ထိ ဟိုင်းကြီးကျွန်း၊ ပျဉ်ခရိုင်ဘက်တွင် ဆက်သွယ်ရေးများ ပြတ်တောက် နေသည်။

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များကို အားပြင်းလှ သည့် မုန်တိုင်းတိုက်ခတ်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဒုတိယ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးအမိန့်ဖြင့် အရေးပေါ်ကြေညာချက်ကို မကြာခင် နာရီ ပိုင်းအတွင်းက ရေဒီယိုတွင် ကြေညာထားသည်။

ရန်ကုန်တိုင်းအတွင်း ည (၁၂)နာရီခန့်မှ စတင်တိုက်ခိုက်ခဲ့သော မုန်တိုင်းသည် ယခုအချိန်ထိ အားကောင်းနေဆဲဖြစ်ပြီး အဆောက်အဦများ၊ အမိုးများပြုတ်ထွက်ပြီး ဓါတ်တိုင်များ၊ ဖုန်းလိုင်း များ၊ သစ်ပင်များလမ်းပေါ်သို့ ပြိုလဲနေလျှက်ရှိကာ အပျက်အစီးစာရင်းကို အတိအကျကောက်ယူ ၍ မရသေးကြောင်းသိရသည်။

မုန်တိုင်းသည် ကုန်းတွင်းပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ကို ၀င်ရောက်လာစဉ် မြေပြင်တွင် တစ်နာရီ မိုင် ၁၃၀ မှ ၁၅၀ အထိတိုက်ခိုက်လျှက်ရှိပြီး ရန်ကုန်တိုင်းအတွင်းဝင်ရောက်လာစဉ် အနည်းငယ်အားပျော့သွား၍ တစ်နာရီ မိုင် ၁၂၀ မှ ၁၃၀ အထိတိုက်ခတ်နေလျှက်ရှိသည်။

ဧရာဝတီတိုင်းတွင် အပျက်အစီးအများဆုံးဖြစ်ပြီး လူအသေအပျောက်များရှိကြောင်း မိုးလေ၀သ ဦးစီးဌာနက ခန့်မှန်းပြောဆိုသော်လည်း တရားဝင်စာရင်းကောက်ယူနိုင်ခြင်း မရှိနိုင်သေး ကြောင်း ပြောဆိုသည်။

ဆက်ဖတ်ရန်...

မြန်မာပြည် ဆိုင်ကလုန်း တိုက်



DVB မှ ကူးယူဖော်ပြပါဥည်။

ဆက်ဖတ်ရန်...

သံေ၀ဂအလကာၤ

ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့

မြတ်သောသံယာ မရှောင်ပါဘူး

မေတ္တာချည်းနှည်း မိုက်လုံးကြီး

ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့

ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး

သန်းရွှေခွေးကြီး သောက်ပြောကြီး

ဒီခွေးမသား ကံအားကောင်းစဉ်

ချိန်လေးတွင်မ

သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့

မြင်ရာသတ်ဟ ထိုဒေါသနှင့်

နအဖတွင် ခွေးစိတ်ဝင်သည်

ငရဲပင်မေ့နေလေပြီလား

ဒီကေ လူစိမ်း မှ ကူးယူဖော်ပြပါသည်။

ဆက်ဖတ်ရန်...