G.T.C အကြောင်း

ဦးစိုးမြင့် ဒေါ်စံပယ်တို့ အိမ်သို့ သူတို့၏ မိတ်ဆွေ ဦးအေးတစ်ယောက် လာရောက်လည်ပတ်ပါသည်။ မတွေ့တာကြာသော မိတ်ဆွေ အခြင်းခြင်းဖြစ်သောကြောင့် ရှေးဟောင်းနှောင်းဖြစ်များပြော မဆုံးနိုင်ဖြစ်နေကြသည်။

ဦးအေး ။ ။ ကိုစိုးမြင့် ရေ ခင်ဗျားသား ဘယ်နှစ်တန်း ရောက်နေပြီလဲ ဗျ.......

ဒေါ်စံပယ် ။ ။ အစ်ကိုအေးရယ် သားကသိပ်တော်၊ သိပ်လိမ္မာတာ (၁၀) တန်းကို နှစ်ချင်းပေါက် ဒီနှစ်မှာအောင်ပါတယ်။ ဂုဏ်ထူး(၂) ခုတောင်ပါ ပါတယ်။

ဦးအေး ။ ။ ဟာဟုတ်လား ဒီကောင်ကြီး သိပ်တော်တာပဲ ။ ဒါဆို သူ့ကို ဆုချရအုံးမယ် ။ခုဒီကောင်ကြီး ဘယ်သွားလဲ ။မတွေ့ပါလား ။

ဦးစိုးမြင့် ။ ။ခု လား ဒီကောင် ( G.T.C ) သွားတက်တယ်လေ....

ဦးအေး ။ ။ အော် ဒါဆိုရင် ( G.T.C ) ကျောင်းပြီးရင် အင်ဂျင်နီယာကြီး ဖြစ်ပြီပေါ့ ဟုတ်လား ...

ဦးစိုးမြင့် ။ ။ဟား..ဟား... မဟုတ်ဘူး ကိုအေးရ အစိုးရက ခုဖွင့်ထားတဲ့ (G.T.C =GOVERMENT TECHNOLOGY COLLEGE )ကို ပြောတာ မဟုတ်ဘူး...။ ခု သူက ရပ်ကွက်ထဲမှာ ဂျလေဗီတွေနဲ့ ပေါင်းပြီး ဂျလေဗီ ထရိန်းနင်း စင်တာ (G.T.C = GALAYV: TRAINING CENTRE ) တက်နေတာကို ပြေတာ ဗျ .....

0 Comments: