ယတြာချေသည့်အနေဖြင့်ကိုးဆယ်ဆသာလိမ့်မယ်ကိုဆုပေး




ရေးသူ..ခင်ဆွေဦးကို
ဆု၆ဆုသာပေးအပ်သည့်အကယ်ဒမီဆုပေးပွဲကမ္ဘာရုပ်ရှင်သမိုင်းတွင်ပထမဦးဆုံးအကြိမ်အဖြစ်
မင်းသမီးများကိုဆုမရွေးချယ်


“ဒီအကယ်ဒမီဆုပေးပွဲကယတြာချေတာသက်သက်ပါရှင်”
အကယ်ဒမီဆုရှင်အမျိုးသမီးသရုပ်ဆောင်တစ်ဦးပြောစကား


နေပြည်တော်လေဟာပြင်ဇာတ်ရုံတွင်ယနေ့ကျင်းပသည့် ၅၅ကြိမ်မြောက်ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲဉ်ကိုးဆယ်ဆသာလိမ့်မယ်ဇာတ်ကားကိုဆုပေါင်း ၅ ဆုအထိပေးခြင်းမှာကိုးဂဏန်းကိုခရေဇီဖြစ်နေသည်.ဗိုလ်ချုပ်မှုးကြီး၏အစီအမံပင်ဖြစ်ကြောင်းနေပြည်တော်သို့ရောက်ရှိနေသည့်ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀ိုင်းကမှတ်ချက်ပြုကြသည်။နိုင်ငံရေးသမားလူထွက်ဝါရင့်စာနယ်ဇင်းသမားတစ်ဦးဖြစ်သူကမူ၉၀ရွေးကောက်ပွဲထက်၁၀ဆသာလိမ့်မယ်ဆိုတဲ့သဘောအနေနဲ့ကိုးဆယ်ဆသာလိမ့်မယ်ဇာတ်ကားကိုဆုပေးရခြင်းဖြစ်ကြောင်းသုံးသပ်ပြောဆိုခဲ့သည်။
မြောက်ဥက္ကလာမှကျူရှင်ဆရာဦးရဲနွယ်ကမူ“ဒေါ်စုနာမည်ကပေါင်းရင်ကိုးရတယ်၊သန်းရွှေကတစ်ဆယ်ရတယ်”သဘောကတော့ကိုးကိုတစ်ဆယ်ကသာမယ်ဆိုတဲ့အနေနဲ့ပေးတာ၊ဇာတ်သဘောကတော့ဗီဒီယိုကားတွေလောက်တောင်မက်မောစရာမရှိဘူးဟုသုံးသပ်ပြောဆိုခဲ့သည်။ဧကံသဗျာကရဏဗေဒဂိုဏ်းဝင်ဗေဒင်ဆရာတစ်ဦးကလည်း“မိန်းမတွေကိုနာမ်နှိမ်လိုက်တာဗျစင်ပေါ်မှာဆုယူဖို့မတက်ရဘူးဆိုတဲ့သဘောပဲ”ဟုပြောသည်။
မူလကယခုနှစ်တွင်ဆုရွေးချယ်ချီးမြှင့်စရာဇာတ်ကားများနည်းသောကြောင့်နောက်နှစ်မှစုပေါင်းချီးမြှင့်မည်ဟုသတင်းထွက်ခဲ့သော်လည်းတပ်ချုပ်ကြီး၏အမိန်ံအရဖုတ်ပူမီးတိုက်စီစဉ်ရခြင်းဖြစ်သည်ဟုဆိုသည်။
အကယ်ဒမီထူးချွန်ဆုများကို


ဆုရရှိသူများမှာ…..

အကောင်းဆုံးဇာတ်ကားဆု……………………..ကိုးဆယ်ဆသာလိမ့်မယ်
အကောင်းဆုံးဒါရိုက်တာဆု……………………..မောင်ယဉ်အောင်(ကိုးဆယ်ဆသာလိမ့်မယ်)အကောင်းဆုံးတည်းဖြတ်ဆု…………………….မရွေးချယ်
အကောင်းဆုံးတေးဂီတဆု………………………စိန်မွတ္တား(ဒုတိယအကြိမ်)အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု……………..မိုးဒီ
အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု……….ကျော်ရဲအောင်(ဒုတိယအကြိမ်)အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု……………..မရွေးချယ်
အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု……….မရွေးချယ်
အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု…………………..ကျောက်ဖြု(ငါ့သွေး၊ငါ့ဓား၊ငါဧရာဝတီ)အကောင်းဆုံးဇာတ်ညွန်းဆု………………………မရွေးချယ်

0 Comments: