နိုင်ငံခြားအိမ်ဖော်များ စကာင်္ပူတွင် အသိအမှတ်ပြုမခံရ




ပညာရေးပိုမိုအားကောင်းပြီး ဘ၀အတွက် မျှော်လင့်ချက် မြင့်မားသည့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများမှ အိမ်ဖော်မျိုးဆက်သစ်များက နိုင်ငံတွင် အခွန်ပေးဆောင်ရမှုမြင့်မားသည့်အတွက် ဟောင်ကောင်နှင့် ထိုင်ဝမ်နိုင်ငံများတွင် အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိနေကြသည်။

အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့မှ ဈေးပေါသည့် အိမ်ဖော်များ စင်္ကာပူတွင် အလုပ်ရှာဖွေသည့် ခေတ်လည်း ကုန်ဆုံးတော့မည်ဖြစ် သည်။အရှေ့တောင်အာရှ လူနေထိုင်မှုပိုမိုကောင်းမွန်လာသည်နှင့်အညီ အမ္ဘာ့အကြီးဆုံး အလုပ်ရှင်များတွင် ပါဝင်နေသည့် စကာင်္ပူနိုင်ငံသားများအတွက် အိမ်ဖော်များ ပိုမိုရှားပါးကာ ဈေးကြီးမှုနှင့် ကြုံတွေရတော့မည် ဖြစ်သည်။

ပညာရေးပိုမိုအားကောင်းသည့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများမှ အိမ်ဖော်မျိုးဆက်သစ်များက ဘ၀အတွက် မျှော်လင့် ချက် ပိုမိုမြင့်မြင့်ထားရှိကြသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်က အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့သည် တဖြည်းဖြည်း နေရာဝင်ရောက်ယူလာခဲ့ကြသည်။

ကမ္ဘာတလွှား အလုပ်အကိုင်များပြားလာမှုနှင့် ငွေကြေးအရ ခရီးသွားလာမှုများပြားလာသည်နှင့်အတူ နိုင်ငံတွင်းနှင့် ပြင်ပတွင် ၎င်းတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုများပြားလာသည်။

အိမ်ဖော်အများစုက ဈေးရောင်းသူ၊ ဆံပင်ညှပ်သူ၊ ရုံးအကူစသည့် အလယ်အလတ်အတန်းစားအလုပ်အကိုင်များအထိ ချဲ့ထွင်လာခဲ့ကြသည်။

ကျန်းမာရေးကုသမှု၊ ကွန်ပြူတာ၊ ခရီးသွားလုပ်ငန်းများတွင် သင်တန်းများတက်ရောက်၍ အများက ပိုမိုကောင်းမွန်သည့် အလုပ်ရရှိရန် ကြိုးစားလာကြသည်။

မကြာသေးမီက အသုဘတွင် ဗုဒ္ဓဘာသာ ဘုရားဝတ်ပြုသည့် ပွဲတခုတွင် ဂျာဗားကျွန်း အမျိုးသမီး တဦးဖြင့် ဆုံတွေခဲ့သည်။

တရုတ်ဘာသာဖြင့် ဆုတောင်းစာများ ရေရွတ်ပြောဆိုခြင်းဖြင့် သူမသည် ယင်းအဖွဲ့နှင့် အတူ နှစ်ပေါင်း ၁၀ နီးပါးကျင့်လည် လာခဲ့သည်။

နောက်ဆုံးရက်တွင် သူကို ဖိလစ်ပိုင်အမျိုးသမီးတဦးက ကူညီခဲ့သည်။ သူတို့၏ လစာများသည် အိမ်ဖော်များရသည့် လစာ ထက် အဆများစွာမြင့်မားနေသည်။ ဂလိုဘယ်လိုင်ဇေးရှင်းက အံသြမှုတွေကို ရပ်တန်စေမည်မဟုတ်ချေ။

စကာင်္ပူအလုပ်ရှင်များက ဒေသတွင်းယင်းပြောင်းလဲမှုကို သဘောပေါက်နားလည်ခြင်းမရှိသေးချေ။ တိုးတက်မှုများနောက်တွင် ကျန်နေရစ်သည့် မပြောင်းလဲသူများအဖြစ် သက်ကြီးရွယ်အိုများက အိမ်ဖော်များကို ရှုမြင်နေကြောင်း အလုပ်ရှာဖွေရေး ကိုယ်စားလှယ်က ပြောသည်။

“ဒီနေ့ ကျနော်တို့ဆီရောက်လာတဲ့ ငယ်ရွယ်တဲ့ အိမ်ဖော်တွေနဲ့ အသက်ကြီးတဲ့ အိမ်ဖော်တွေကြားမှာ ကြီမားတဲ့ ကွာဟချက် ကို သူတို့ နားမလည်ကြဘူး၊ စကာင်္ပူမျိုးဆက်တွေကြားမှာရှိနေတဲ့ ကွဲလိုမှုတွေလို့ပေါ့” ဟု သူမက ပြောသည်။

ယနေ့ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား အိမ်ဖော်များသည် ၁၉၇၀၊ ၁၉၈၀ နောက်ပိုင်းက လာရောက်သည့် အိမ်ဖော်များနှင့် တူညီခြင်းမရှိတော့ချေ။

ပညာပိုမိုတက်လာသကဲ့သို့ ရည်မှန်းချက်ပိုမိုမြင့်မားလာကာ ရိုင်းပြသည့် အမိန့်များပေးစေမှုအတွက် သက်ညှာမှု အားနည်လာသည်ဟု ဆိုသည်။

“သူတို့ အမေအနေနဲ့ အလုပ်လုပ်လို့တော့မရဘူး” ဟု ယင်း ကိုယ်စားလှယ်က ဆက်ပြောသည်။

အမြဲတမ်း ထောက်ပံ့မှုက စိုးရိမ်စရာ တခုတည်းမဟုတ်ချေ။

အိမ်ဖော်ဌားရမ်းမှုအတွက် လစဉ်အခွန် ဒေါ်လာ ၃၄၅ ပေးဆောင်နေရသည့်အတွက် ဟောင်ကောင်နှင့် ထိုင်ဝမ် အလုပ်ရှင်များ၏ ပြိုင်ဆိုင်ဌားရမ်းမှုကို နှစ်စဉ် ဆုံးရှုံးခံနေရသည်။

လစဉ်ကုန်ငွေက တိုင်းပြည် ၃ ခုလုံးတွင် အတူတူ ဖြစ်နေသည့်အတွက် စင်ကာင်္ပူရှိ အိမ်ဖော်များက တခြားနေရာများ တွင်ရသည့် ၀င်ငွေထက် တ၀က်ကိုသာ အိမ်ပြန်ပို့နိုင်မည်ဖြစ်သည်။

ဟောင်ကောင်တွင် အလုပ်လုပ်နေသည့် အိမ်ဖော်များက အနိမ့်ဆုံးသတ်မှတ်ချက်ကြောင့် နိုင်ငံရပ်ခြားအခွန်ကို ပိုမိုပေးဆောင် ရသည်ဟု ဆိုသည်။

ဥပမာအားဖြင့်- အင်ဒိုနီးရှား အိမ်ဖော်တဦးသည် လက်ရှိ ဒေါ်လာ ၃၈၀-၄၀၀ကြား ၀င်ငွေရမည်ဖြစ်ပြီး အစိုးရက တလလျှင် ဒေါ်လာ ၂၈၀-၃၂၀ သတ်မှတ်ချက်ထက်ပိုမိုမြင့်မားနေမည်ဖြစ်သည်။

အရှေ့အလယ်ပိုင်းအထိ သွားရောက်လုပ်ကိုင်လေ့ရှိသည့် အင်္ဂလိပ်စကားပြောသည့် ဖိလစ်ပိုင်မှ အိမ်ဖော်များ ရရှိရန်အတွက် အကုန်အကျများပြားခြင်းနှင့် ခက်ခဲလာခြင်းသည် ပထမထိုးနှက်ချက် ဖြစ်သည်။

ဖိလစ်ပိုင် သံရုံးက အနိမ့်ဆုံးလစာ ဒေါ်လာ ၅၂၀ ပေးရန် တောင်းဆိုသည့်အခါ အလုပ်ရှင်များက အင်ဒိုနီးရှားသို့ ပြောင်းရွှေ့ခဲ့ သည်။ သို့သော်လည်း ယင်းစက်ဝိုင်းမှာ တပတ်ပြန်လည်လာပြီဖြစ်သည်။

၂ နှစ်စာချုပ်ပြည့်မြောက်ပြီးသည့် အင်ဒိုနီးရှား အိမ်ဖော်များသည် လုပ်အားခ ၂ ဆနီးပါးရသည့် ဟောင်ကောင်နှင့် ထိုင်ဝမ်နိုင်ငံများသို့ ပြောင်းရွှေ့ခဲ့သည်။

အင်္ဂလပ်စကားပြောတတ်သည့် ဂျာဗားကျွန်းသူ တဦးက “၀မ်းနည်းပါတယ်၊ စကာင်္ပူမှာ ၂ နှစ်လောက်လုပ်လို့ရတဲ့ငွေကို ဟောင်ကောင်မှာ ၁ နှစ်ထဲနဲ့ ရတယ်” ဟု သူငယ်ချင်းဖြစ်သူကို ထွက်ခွာနီးဆိုသည်။

သူမက စမတ်ဖုန်းကို အသုံးပြုနေပြီး တဲဗလက်တလုံးဝယ်ရန်လည်း အားသန်လျက်ရှိသည်။

“စကာင်္ပူမှာ အဲသလို မတတ်နိုင်ပါဘူး”ဟု သူမက ပြောသည်။ သူမ၏ ညီမ ဖြစ်သူသည် ဘာရိန်းတွင် အလုပ်လုပ်၍ ယခုအခါ အိမ်ပြန်၍ စားသောက်ဆိုင်ဖွင့်မည်ဖြစ်သည်။

မဖိတ်ခေါ်သည့် တိမ်းညွတ်မှု ရောက်လာချေပြီ။

၁၉၈၀ အစောပိုင်းကလည်း ယခင်ဝန်ကြီးချုပ် လီကွမ်ယုက အိမ်နီးချင်းတိုင်းပြည်များ ကြွယ်ဝလာပါက အိမ်ဖော် ရရှိရန် ခက်ခဲလာမည်ဟု သတိပေးခဲ့သည်။ စကာင်္ပူ စီးပွားရေး တိုးတက်လာမှုနှင့် ယခုဖြစ်ပေါ်နေသည့် အခြေအနေက အချိန်ကိုက် ဖြစ်လာခဲ့သည်။

၁၉၈၈ ခုနှစ်တွင် အိမ်ဖော် ၄ သောင်းခန့်ရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ၁ သိန်း ၆ သောင်းအထိ မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့်နှစ်က ၂ သိန်းအထိရှိခဲ့သည်။ အင်ဒိုနီးရှားအိမ်ဖော် ၉ သောင်းခဲ့ရှိသည်။

၁၀ ဦးလျှင် ၇ ဦးသည် ယင်းဒေသများမှဖြစ်သည်။ ပြီးခဲ့နှစ်များက စတင်၍ စကာင်္ပူနိုင်ငံသားများသည် မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်နိုင်ငံများမှ အိမ်ဖော်များကို ရှာဖွေ့ခဲ့ကြသည်။

“ကျနော်တို့ လိုအပ်ချက်နဲ့ အညီ ဒီတိုင်းပြည်တွေက လေ့ကျင့်ပေးနိုင်မလားဆိုတာကို သံသယ ဖြစ်မိတယ်” ဟု ကိုယ်စားလှယ်က ပြောသည်။

မြင့်မားသည့် ကုန်ကျစရိတ်က ပိုများသထက် များလာသည်။ ဖိလစ်ပိုင်အစိုးရကလည်း အနိမ့်ဆုံး လစာငွေ ဒေါ်လာ ၅၀၀ သတ်မှတ်ချက်ကြောင့် အင်ဒိုနီးရှား အိမ်ဖော်များကို ဌားရမ်းရန် ကြိုးစားခဲ့ကြသည်။ အင်ဒိုနီးရှားကလည်း အနိမ့်ဆုံးလစာ ဒေါ်လာ ၄၅၀ ပေးရန် သတ်မှတ်ခဲ့သော်လည်း အလုပ်ရှင်နှင့် အစိုးရက လိုက်လျောလိုခြင်းမရှိသည်။

မကြာသေးမီကလည်း အင်ဒိုနီးရှား အိမ်ဖော်များကို ပုံသေ လစာ ဒေါ်လာ ၃၈၀-၄၅၀ ကြား အသေ သတ်မှတ်မှုကြောင့် အစိုးရက အလုပ်ရှာဖွေရေး ကိုယ်စားလှယ် ၁၆ ခုကို ဒေါ်လာ ၁ သိန်းခွဲကျော် ဒဏ်ငွေရိုက်ခဲ့သည်။ ၎င်းတို့သည့် မြို့တော်၏ ဈေးနှုန်း ပုံသေ သတ်မှတ်ချက်ဖြင့် စွဲဆိုခံခဲ့ရသည်။

နိုင်ငံရပ်ခြား အလုပ်သမားများ၏ အကျိုးကျေးဇူးကို ကာကွယ်ရန်အတွက် ဖိအားသည် မိုမို မြင့်မားလားသည်။

တလလျှင် အနိမ့်ဆုံးလစာ ဒေါ်လာ ၄၅၀ မရပါက စကာင်္ပူသို့ အိမ်ဖော်များ သွားရောက်လုပ်ကိုင်ခွင့် ဖြတ်တောက်ရန် စဉ်းစားနေသည်ဟု အင်ဒိုနီးရှား အာဏာပိုင်များက ဆိုသည်။

ယင်းသို့ဆိုလျှင် အိမ်ဖော်တဦးအတွက် စကာင်္ပူဒေါ်လာ ၉၀၀-၁၀၀၀ကြားကုန်ကျနိုင်ဖွယ်ရှိပြီး စကာင်္ပူနိုင်ငံသားများက ဈေးကွက်မှ နှုတ်ထွက်ကြလိမ့်မည်ဖြစ်သည်။

ကမ္ဘာ၏ တိမ်းညွတ်မှု အလျင်အမြန်ပြောင်းလဲရသည့်နှင့်အတူ ရေရှည်တွင် အရှေတောင်အာရှနိုင်ငံ အိမ်ဖော် သမိုင်းသည်လည်း အဆုံးသတ်နိုင်ဖွယ်ဖြစ်နေသည်။ (အာရှဝမ်)

0 Comments: