မိုးသီးဇွန်၏ အရေးပေါ်တပ်လှန့်ချက်

လေးစားအပ်တဲ့ တိုက်ပွဲဝင် ညီအကိုမောင်နှမအပေါင်းတို့ ခင်ဗျား …

နာဂစ်မုန်တိုင်းကြောင့် ကျနော်တို့ မိဘပြည်သူတွေဟာ အတိဒုက္ခရောက်နေကြပါပြီ။ စိတ်ဓာတ်မကျနဲ့ ဆက်တိုက်ရမယ်။ လူထုတိုက်ပွဲ ဖြစ်ပေါ်အောင် ဆက်လက် လုပ်ဆောင်ရမယ်။ မဟုတ်ရင် နောက်ထပ် ၁၀နှစ်တောင်မှ ပြန်လည် နာလန်ထူနိုင်ဖို့ ခဲယဉ်းတော့မယ်လို့ ကျနော်ယူဆပါတယ်။

• ရေ၊ မီးနဲ့  စားရေရိက္ခာတွေ ပြတ်တောက်နေပါတယ်။

• ရေကြီးမှုကြောင့် ရောဝတီတိုင်းနဲ့  တခြားပြည်နယ်တွေမှာ သောက်ရေတွေ ပြတ်တောက်သွားပါတယ်။

• ကူးစက်ရောဂါ ပိုးမွှားတွေ ပျံ့နှံ့လာနိင်ပါတယ်။ ကယ်ဆယ်ရေး အကူညီတွေ အရေးပေါ် လိုအပ်နေပါတယ်။

ကုလသမဂ္ဂက ပေးအပ်မယ့် အကူညီတွေကို သန်းရွှေက ငြင်းပယ်ပါတယ်။ ဒါဟာ အလွန်ယုတ်မာ ကောက်ကျစ်တဲ့ အောက်တန်းကျတဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ ဆူနာမီမုန်တိုင်းကြောင့် အင်ဒိုနီးရှားမှာ ဘေးဒုက္ခတွေ ရင်ဆိုင်ရတော့ အင်ဒိုနီးရှားအစိုးရဟာ အမေရိကန်က အကူအညီတွေ တောင်းခံခဲ့တယ်။ အမေရိကန် ရေတပ်က အင်ဒိုနီးရှားကမ်းကို ကပ်ပြီး အကူညီတွေ ပေးခဲ့တယ်။ တရုတ်ပြည်ကလည်း အင်ဒိုနီးရှားကို ကူညီပေးခဲ့တာပဲ။ တချိန်က ရန်သူဖြစ်ခဲ့ဘူးပေမယ့် တရုတ် အကူအညီကို အင်ဒိုနီးရှားက လက်ခံခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်မှာလည်း သဘာဝဘေးအန္တရယ်ကို ရင်ဆိုင်ရတော့ နိင်ငံတကာ အကူညီတွေ ရယူပေးခဲ့တယ်။ အမေရိကန်က အကူညီတွေကိုပါ လက်ခံခဲ့ပါတယ်။

ဘာဖြစ်လို့ သူတို့က အကူညီတွေကို လက်ခံခဲ့ကြတာလဲ။

ဘာဖြစ်လို့ သူတို့က အကူညီတွေကို တောင်းခဲ့ကြတာလဲ။

သန်းရွှေက ဘာဖြစ်လို့ ကုလသမဂ္ဂက ကူညီမယ်ဆိုတာကို မလိုဘူးကွလို့ ငြင်းဆန်လိုက်ရတာလဲ။

အပြည့်အစုံသိချင်ရင် အောက်ကလင့်တွင်ဆက်ဖတ်ပါ။



ဆက်ဖတ်ရန်

0 Comments: