Mr Ban Ki-moon မြန်မာနိုင်ငံ သို့ တစ်ပတ် အတွင်း လာမည်

နိုင်ငံတကာပေးတဲ့ အကူအညီတွေကို စစ်အစိုးရက ဟန့်တားချက်တွေ လုပ်နေသမျှ ကာလပတ်လုံး သေဆုံးသူဦးရေ ပိုများလာမယ်၊အကူအညီပေးတာကို နိုင်ငံရေးနဲ့ မရောယှက်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Mr BanKi Moon က နအဖ စစ်အစိုးရ ကို သတိပေးလိုက်ပါတယ်။


မြန်မာစစ်အစိုးရက ထုတ်ပြန်တဲ့ နောက်ဆုံး တရားဝင်စာရင်းအရ လူ ၇ သောင်း ၈ ထောင် သေဆုံးပြီး ပျောက်ဆုံးသူဦးရေကို ရေတွက်လို့မရတဲ့အကြောင်း အင်မတန့်ကို ထိတ်လန့်ရတဲ့အခြေအနေနဲ့ လူ ၂ သန်းခွဲလောက် အသက်အန္တန်ရာယ်ရှိနေတယ်လို့ ခန့်မှန်းရကြောင်း ပြောပါတယ်။


Mr Ban Ki Moon ကဆက်ပြောရာမှာ မုန်တိုင်းတိုက်ပြီး နှစ်ပတ်ကျော်အကြာမှာ မြန်မာနိုင်ငံထဲကို နောက်ထပ်အကူအညီ တွေရောက်မလာရင် အခုရင်ဆိုင်နေရတဲ့ပြဿနာထက် ပိုမိုထိုးရွားတဲ့ ကူးစက်ရောဂါ ဖြစ်ပွားမဲ့အန္တရာယ်နဲ့ ရင်ဆိုင်ရပါတော့မယ်။ဒီအချိန်မှာ နိုင်ငံရေးကိစ္စ ပြောရမယ့် အချိန်မဟုတ်ဘူးဆိုတာ အလေးအနက်ထားလိုပါတယ်။


ကုလသမဂ္ဂ လူသာချင်းဆိုင်ရာစာနာမှု ညှိနှိုင်းရေးရုံး အကြီးအကဲ Mr John Holmes ကိုလဲ မြန်မာနိုင်ငံကိုစေလွှတ်ကြောင်း

"Mr Ban Ki-moon ကသူကိုယ်တိုင်လဲ မြန်မာပြည်ကို တစ်ပတ်အတွင်း လာရောက်မည့် အကြောင်း "
ပြောကြားသွားပါတယ်

0 Comments: