ဇေယျာသော်ကို ရုံးထုတ်ရန် ခေါ်ဆောင်လာစဉ်နှင့် သူ၏ ကဗျာလက်ရေးမူ
လူမျက်နှာပျောက်တဲ့ လူသားတွေ
ဇေယျာသော်
လူအချင်းချင်း … မီးထက်ပြင်းတဲ့ ထိုးနှက်မှုတွေ
အချစ်ကို ၀ယ်စားကြသူတွေနဲ့ အချစ်ကို ရောင်းစားကြသူတွေ
ဈေးခေါ်နေတဲ့ စာရိတ္တတွေနဲ့ မေတ္တာမဲ့တဲ့ နှလုံးသားတွေ
ဘယ်သူသေသေ ငတေမာရင်ပြီးရောပေါ့။
ငါတို့ခေတ်မှာ လူသားတွေဟာ
တယောက်ရဲ့ အတ္တအတွက် တယောက်က
အခြားတယောက်ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုး
အသွေးအသားတွေကို ၀ါးမျို
အရိုးတွေနဲ့ မီးလှုံ
ယုံကြည်ချက်တွေ တိုးတိုက်မိကြပေါ့ …။
ငါတို့ခေတ်မှာ … ကမ္ဘာရဲ့သစ္စာ
ပျောက်ဆုံးနေတဲ့ လောကပါလဟာ
ဘယ်မှာမှ ရှာမရသလို
အတ္တမျက်မှန်ပြာတွေတပ်
မောဟအမှောင်တိုက်ထဲဝင် …
ဟင် …
လူသားတွေဟာ လူမျက်နှာတွေ ပျောက်နေကြပြီ။ ။
ဇေယျာသော်
၂၇.၆.၀၈
0 Comments:
Post a Comment