ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးဝါသနာ



နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပေမဲ့ မြန်မာပြည်သားတိုင်းရဲ့ ရင်ထဲ မှာ မမေ့နိုင်တဲ့ ၁၉ ဇူလှိုင် ကတော့ အခုဆိုရင် ၆၁ ကြိမ်မြောက် ကျင်းပရန်နီးကပ် ၍လာခဲ့ပြန်ပြီ ။ဒီလိုနဲ့ ကျွန်တော့်ရင်ထဲမှာ လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ ဖခင်ကျေးဇူးရှင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းများကိုပြန်ပြောင်းတွေးတော နေမိပါတော့သည်။


ကွယ်လွန်သူ ဗိုလ်ချုပ်အောင်ဆန်းကို အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေး ဗိသုကာနှင့် မြန်မာတပ်မ တော်၏ဖခင်ကြီးအဖြစ် အားလုံးသိရှိပြီးဖြစ်သည် ။သို့သော်လည်း ဗိုလ်ချုပ်အောင်ဆန်း စာရေးဝါသနာပါပုံကို သိသူနည်းပါးသည် ။ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသညစလုံးတွင် အရေးရော အပြောပါ ကျွမ်းကျင်နိုင်နင်းသည်။ စာရေးစာဖတ်လည်း ၀ါသနာအတော်ပါသည်။ ဗိုလ်ချုပ်၏ ကိုယ်ရေးအရာရှိ လုပ်ဖူးသော သခင်ဗအေးက -
ဗိုလ်ချုပ်အောင်ဆန်းကား စာအလွန်ဖတ်သူဖြစ်၏။ တခါတရံ နောက်ဖေးသွားရင်း စာဖတ်နေရာ နာရီဝက် ကျော်ကြာနေသဖြင့် ခေါ်ယူရ၏...ဟု ဗိုလ်ချုပ်အောင်ဆန်း စာဖတ်ဝါသနာပါပုံကို ရေးသားဖူးသည် ။

ဒုတိယကမ္ဘာစစ်အပြီး ဂျပန်များထွက်သွားပြီးနောက် ရန်ကုန်မြို့ကို ဗြိတိသျှတပ်များပြန်လည်သိမ်းပိုက်ပြီး ၂ လ အကြာမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း တည်းဖြတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကိုရေးဖြစ်ခဲ့ ပါသည်။ ထိုစာအုပ်ကို အမျိုးသားပုံနှိပ်တိုက်က ၁၉၅၁ ခုနှစ်ကျမှ ရိုက်နှိပ်ထုတ်ဝေနိုင်ခဲ့ပါသည်။

ဆရာကြီးဦးရာဇတ်နှင့် လူထုဦးလှတို့ကို ရန်ကုန်ဆင်းလာရန်ခေါ်သည်။ ဆရာကြီးဦးရာဇတ်တို့ ရန်ကုန် ရောက်သောအခါ ဖဆပလအဖွဲ့၊ အစည်းအဝေးသို့တက်ကြရသည်။ အစည်းအဝေးပြီးသောအခါ ဗိုလ်ချုပ်အောင်ဆန်းက ဆရာကြီးဦးရာဇတ်တို့ကို တာဝါလိမ်းလမ်းရှိ သူ့အိမ်သို့ ဖိတ်၍ ထမင်းကျွေးသည်။ ထမင်းစားရင်း နိုင်ငံရေးနှင့် စာပေအကြောင်းများ ပြောကြသည်။ ထိုစကားဝိုင်းနှင့် ပက်သက်၍ ..
” ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရပြီးလို့ တိုင်းပြည်မှာစိတ်ချရယင် သူစာရေးဆရာ လုပ်မယ်လို့ ကျွန်တော်နဲ့ဆရာကြီးဦးရာဇတ်ကို ပြောပြပါတယ်။ ...ဗိုလ်ချုပ်အောင်ဆန်းက သူကိုယ်တိုင်အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့အတ္ထုပ္ပတ္တိကိုပြလို့ ဖတ်ကြည့်ရပါသေးတယ်။ ရေးစပဲရှိပါသေးတယ် ” ဟု လူထုဦးလှက မှတ်တမ်းတင်ဖော်ပြထားသည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ကလည်း...
” လွတ်လပ်ရေးရပြီးရင် ငါတော့နိုင်ငံရေးကထွက်ပြီး စာတွေရေးမယ်၊ နိုင်ငံရေးတွေ၊ ရာဇ၀င်တွေအပြင် အိမ်ထောင်ရေးနဲ့ သားသမီးစောင့်ရှောက်ပြုပြင်ရေးတွေနဲ့ ပက်သက်လို့ ငါ့အယူအဆ သဘောထားတွေကိုပါ စာအုပ်ရေးမှာဘဲ ” ဟု ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း) ကို ၁၉၄၇ ခုနှစ် ဧပြီလအတွင်း မေမြို့တွင်ပြောပြဖူး သည်ဟု ဆိုသည်။ ထို့အပြင် ၁၉၄၇ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ကိုယ့်မင်းကိုယ်ချင်းလမ်းရှိ ဖဆပလဌာနချုပ် ၌ ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေးတွင်...

” လွတ်လပ်ရေးရတဲ့အချိန်အထိတော့ ကျုပ်နိုင်ငံရေး လုပ်အုံးမှာဘဲ။ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေဖြစ်တဲ့ အချိန်မှာကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ် ”ဟု ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တစ်ကြိမ်ပြောဖူးသေးသည်။

” ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံမခံရမီ ငါးရက်အလို ၁၉၄၇ ခုနှစ် တနင်္လာနေ့တွင် ဦးခင်ဇော်၊ ဦးသိန်းဟန်(ဆရာဇော်ဂျီ) ၊ ဦးထင်ဖတ် (မောင်ထင် )နှင့် ဦးဝန် (ဆရာမင်းသုဝဏ်) တို့ အတွင်းဝန်ရုံးသို့ရောက်သွားကြ သည်။ တိုင်ပြုပြည်ပြုလွှတ်တော်အဆောက်အဦးရှေ့ရောက်သောအခါ လွှတ်တော်အဆောက်အအုံဝရန်တာတွင် ဒီးဒုတ်ဦးဘချိုနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ စကာြးော့နေကြသည်ကိုတွေ့သည်။ ဦးထင်ဖတ်တို့က ဗိုလ်ချုပ်အောင်ဆန်းတို့ကိုတွေ့၍ ၀င်နှုတ်ဆက်ရင်း စကားပြောဖြစ်ကြသည်။ ထိုစကားဝိုင်းတွင် ဆရာကြီး ဒီးဒုတ်ဦးဘချိုက လွတ်လပ်ရေးရလျှင် နိုင်ငံရေးကထွက်ပြီး ပညာရေးနှင့်ယဉ်ကျေးမှုတွေ လေ့လာမည်ဟုပြော သည်။ ဆရာဦးထင်ဖတ်တို့ကို လက်ညှိုးထိုး၍ ” သူတို့တတွေနဲ့ အာရှ အရှေ့တောင်ပိုင်းမှာလှည့်ပြီးယဉ်ကျေးမှု လေ့လာချင်ပါတယ် ” ဟု ဆရာကြီး ဒီးဒုတ်ဦးဘချိုက ဆက်ပြောသောအခါ ထိုစဉ်က


ဘန်ကောင်လုံချည် နံ့သာရောင်နှင့် ပိုးသားအင်္ကျီရင်စေ့ ၀တ်ထားသော ဗိုလ်ချုပ်အောင်ဆန်းကလည်း သူ့နှုတ်ခမ်းကလေးကို ထော်ပြီး ” ကျွန်တော်ကလည်း နိုင်ငံရေးကထွက်မှာပါဘဲဆရာ၊ ထွက်ပြီးတော့ စာရေးမယ်ကြံတယ်၊ ကျွန်တော်ကျောင်းမှာနေတာန်းက ပါဠိရော၊ မြန်မာစာကိုပါယူခဲ့တယ်။ မြန်မာစာမှာကျွန်တော်အမှတ်ကောင်းကောင်းရတယ်၊ ကျွန်တော်ကြီုးစားလျှင် ဒစ်စတင်းရှင်းတောင်ရမှာဘဲ ဟု လွတ်လပ်ရေးရပြီးလျှင် နိုင်ငံရေးမလုပ်ဘဲ စာရေးမည့်အကြောင်းပြောသေးသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းက....


” ကျွန်တော်တို့ဆီမှာ ဘာသာပြန်တွေ အများကြီးလိုတယ်။ ဘိုင်အိုဂရက်ဖီ (အတ္ထုပ္ပတ္တိ) တွေလဲ လိုတယ်။ ဘာကြောင့်မရေးကြသလဲ မသိဘူး။ ဟုဆက်ပြောရာ မြန်မာ့ယဉ်ကျေးမှု အနုပညာများကို ဖော်ထုတ်ရန်အချိန်တန်ပြီဖြစ်ကြောင်း ဆွေးနွေးမိကြသောအခါ ဗမာ့အက၊ ဗမာ့ဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေ ရှိတယ်။ ဒါတွေကိုစုံစမ်းရမယ်၊ အာရှတိုက်သားတွေ တစ်ဦးနဲ့တစ်ဦးဘယ်လို ဆက်စပ်မှုရှိတယ်ဆိုတာ လေ့လာ ရမယ်။ ကျွန်တော်လဲ အနုပညာသမားဗျာ ” ဟုပင် ဗိုလ်ချုပ်အောင်ဆန်းက သူ့ကိုယ်သူ အနုပညာသမားဖြစ် ကြောင်းထည့်၍ ပြောလိုက်သေးသည်။။။။။


0 Comments: