ကျွန်တော် တို့ရဲ့ စကားဝိုင်း

NLD လူငယ် ၉ ဦး အဖမ်းခံရ မှု အပေါ် မကျေမနပ် ဖြစ်နေသူတစ်ယောက်နှင့် စကားလက်ဆုံ ကျခြင်း....

ကိုညီ ။ ။
ဘာထူးသေးလဲ အစ်ကို..

ကိုကြီး ။ ။၉ ယောက်တောင် ပါသွားတယ်လေ...

ကိုညီ ။ ။၂ ယောက်က မင်္ဂလာဆောင်တာ ၂ ရက်ပဲရှိသေးတယ်...အဲဒီဘက်ကလူတွေပြောလိုက်ပါ
အစည်းအဝေးပဲလုပ်မနေနဲ့လို....ရှေ့ဆက်ပြီးဘယ်လိုလုပ်မလဲ....ဟိုဘက်ကလူတွေလုပ်တာစိတ်မရှည်တော့လို့ပါ အဲဒီဘက်ကလူတွေပြောလိုက်ပါ.... နိုင်ငံရေးသမားတွေ က ခုတလော ကြေငြာချက်ထုတ်လိုက်....ဘာလုပ်လိုက်ငြာလုပ်နဲ့ဒါနဲ့ပဲ အချိန်ကုန်နေတာ

ကိုကြီး ။ ။မှန်တယ်..

ဒါပေမဲ့  စဉ်းစားမှာက မခံနိုင်လို့ ထလုပ်တာကတော့ လုပ်တာပေါ့ အခြေအနေ အချိန်အခါကိုတော့ စောင့်ရမယ်
ဒီလိုပြောလို့ တမျိုးမထင်စေချင်ဘူးအသက်လွက်လုပ်ရင် ကိုယ်ပဲ ဒုက္ခရောက်မှာပေါ့မစွန့်စားသင့်သေးဘူး ဒီလိုအချိန်မှာ......ဒါက ကျွန်တော့်အထင်ပါ....သူတို့ အတွက် စိတ်ထိခိုက်တာလဲ ထိခိုက်တာပေါ့...မခံချင်တာကို ပြောတာပါ....ဒါပေမဲ့ ဘယ်လို လုပ်မလဲ
အခြေအနေ နဲ့ အချိန်အခါ ပေါ့ လေ
အဲဒါ ကို တော့ စိတ်ထဲ သွင်းထားစေချင်တယ်

ကိုညီ ။ ။ မြို့ထဲမှာရင်းနှီးမူက ရှိရမှာပဲ....

ကိုကြီး ။ ။အင်း ဒါလဲ ဟုတ်ပါတယ်....ကျွန်တော် ဟိုတချိန်က ကျွန်တော့် သူငယ်ချင်းကို ပြောခဲ့သလိုပေါ့
သူကအရမ်းကို စိတ်တက်ကြွပြီး တကိုယ်တော် မီးရှို့ ဆန္ဒ ပြဖို့တောင် လုပ်သေးတာ

ကိုညီ ။ ။လိုအပ်ရင် လုပ်ရမှာပဲပေ သူပြောတာမမှားပါဘူး....

ကိုကြီး ။ ။အဲဒိလို ဆန္ဒပြရင် သူအထင်က နိုင်ငံတကာကရော ပြည်သူလူထုကပါ သိသွားပြီး တခုခု အခြေအနေ ထူးလာလိမ်မယ်လို့

ကိုညီ ။ ။ထင်သလောက်တော့မ လွယ်ဘူးလေ....

ကိုကြီး ။ ။ဒါပေမဲ့ ဗျာ ခု ချိန်မှာ မြန်မာ့နိုင်ငံရေးကို လူထု က စိတ်ဝင်စားတယ်ထားအုံး သူတို့ အားလုံးပါလာဖို့က ထင်သလောက်မလွယ်ဘူးလေ....ဒါပေါ့...ဒါက မြန်မာအရေးကို မြန်မာတွေ ကိုယ်တိုင် ဖြေရှင်းတဲ့ အနေအထားကို ပြောတာနော်.....နောက်ထပ် ကမ္ဘာ က ပါ ပါလာဖို့ ကျတော့ ဒီထက်တောင် မလွယ်သေးတယ်
အဘက်ဘက်ကနေ စဉ်းစား တွေးခေါ်နေရတယ်လေ....

ကိုညီ ။ ။အခုဟာ က ပိုက်ဆံကလည်း မပြည့်ဆုံတော မီဒီယာတောင်းကောင်းကောင်းမသိဘူး...

ကိုကြီး ။ ။ အင်းဟုတ်တယ်....

ကိုညီ ။ ။၂၀ FEC ဖုန်းတောင် မသုံးနိုင်ဘူး...

ကိုကြီး ။ ။လူထုကလဲစီးပွားရေးအရ အရမ်းကို ကျပ်တည်းနေတယ်လေ....အင်း
၁၂၀၀၀ နဲ့ ၂၄၀၀၀ တန်တွေ က ခု ဘယ်လောက်ထိ ဈေးတွေ တက်ကုန်ပြီလဲ....အဲဒါတွေကတကယ်စစ်မှန်တဲ့ ဈေးကွက်စီးပွားရေး စနစ်မဟုတ်တာကြောင့်လေ
မဟုတ်တာ fec 20 တန်က ခုဆို ၅၀၀၀၀ လောက်ဖြစ်နေပြီ
ဆိုင်တိုင်းမှာ ၀ယ်လို့ ကော ရလို့ လား

ကိုညီ ။ ။သိပ်ပြီးဝယ်လိုမရသေးဘူး

ကိုကြီး ။ ။သူတို့သာ တကယ် မြန်မာကို ကောင်းစားစေချင်ရင် ဖွင့်လိုက် စီးပွားရေးကို အခြေခံသော နိုင်ငံရေး ပေါ်လစီ တစ်ခု ကို ပြောင်းလဲလိုက်
အဲဒိဆို မြန်မာ က ၁၀ နှစ်မကြာဘူး တိုးတက်ပြောင်းလဲ သွားလိမ့်မယ်

ကိုညီ ။ ။အဲဒီလောက်စေတနာကောင်းရင် ဒီလောက်ဖြစ်စရာအကြောင်းမရှိဘူးလေ

ကိုကြီး ။ ။အင်းဒါပေါ့
နောက်ဆုံး သုံးသပ်ရရင် သူတို့က ထင်နေမယ်
သူတို့ကို အတိုက်အခံလုပ်တဲ့ အစိုးရသစ် သာ တက်လာနိုင်ရင် သူတို့ တွေ အကြီးအကျယ် ဒုက္ခရောက်ပြီလေ
ဒါကိုတွေးကြောက်ပြီး မထူးဇာတ်ခင်းနေတာလားလို့တောင် ထင်မိတယ်
ဒါပေမဲ့ အလယ်အလတ်လမ်းစဉ်အရ နှစ်ဦးနှစ်ဘက် ညှိနှိုင်းပြီး မြန်မာကို ကောင်းအောင် ပြန်လည် တည်ထောင်မယ် ဆိုတဲ့ စိတ် သူတို့ ဆီမှာ မရှိနေတာ ကတော့ အသေအခြာပဲ

နောက်ဆုံးတော့ မြေဇာပင် ပြည်သူတွေ ကတော့ ဒုက္ခ နွံထဲကကို မရုံးနိုင်သေးတာပဲ အဲဒိလိုတွေ ဖြစ်နေရင်
နောက်ပြီး မြန်မာမှာ ကိုယ်ကောင်းစားရင် ပြီးရော ဘယ်သူတေတေ ငတေ မာရင်း ပြီးပြီ ဆိုတဲ့ လူတွေ ကလဲ တပုံကြီး

ကိုညီ ။ ။ ဟုက်တယ်
မနာလိုသူတွေကလည်းရှိသေးတယ် ...စိတ်ဓါတ်ညံ့ဖျင်းတာပေါ့....

ကိုကြီး ။ ။ ပိုဆိုးတားက ခေတ်ပညာတက် နောက်တက် မျိုးဆက်သစ် လူငယ်တွေ ကပါ အဲဒီလို ခံယူနေတော့ ပို ဆိုးတာပေါ့....ဒါပေမဲ့ လူငယ်တွေကို တော့ အပြစ်လို့လဲ မဆိုနိုင်သေးဘူး သူတို့ တွေ မွေးစကထဲက လက်ဦးဆရာဆိုတာရှိတယ်...အဲဒါက မိဘတွေပဲ

ကိုညီ ။ ။စိတ်ကေင်းမွေဖို လက်ဆင့်ကမ်းပေးဖို့လိုတယ်..
သားသမီးမကောင်းတော့ဘယ်သူကောင်းလဲ

ကိုကြီး ။ ။သူတို့ ရဲ့ မိဘတွေက သားသမီးကို ချစ်တာကတော့ ချစ်တာပေါ့ ဒါပေမဲ့ ချစ်ရာမရောက်ပဲ နှစ်ရာရောက်နေတာတွေ ကို အဲဒိ မိဘတွေ မသိဘူး....အင်း...ပညာရေးကအစ မိဘ တွေ က လိုက်ပြီး သားသမီးတွေကို နှစ်နေတာတွေ
ဥပမာ သူ့သား အတန်းထဲမှာ မျက်နှာပန်းလှအောင်..ဆရာဆရာမတွေကို လပ်ထိုးတာတွေ..အဲဒိလိုပေါ့
အဘက်ဘက်က ပျက်စီး နေတဲ့ မြန်မာပြည် ဖြစ်အောင်လဲ သူတို့က လုပ်ထားတယ်လေ

ကိုညီ ။ ။ ဟုက်တယ်

ကိုကြီး ။ ။ထင်မိတာကတော့ ဒါကလဲ အကြောင်းအရင်း တစ်ချက်အနေနဲ့ ပက်သက်မယ်လို့ ထင်ပါတယ်

ကိုညီ ။ ။ဝန်ထန်းတွေပျက်စည်းအောင်လုပ်တာလဲသူတို့ပဲ

ကိုကြီး ။ ။ဟိုအရင် က စစ်သားဆိုရင် ၃ ယောက်ပေါင်းမှ ၁၀ တန်းတောင် အောင်သူ မရှိဆိုတာတွေ ကို ဒီစစ်အစိုးရ က နေ ပြန်ပြီး ကလဲ့စားချေ နေလားလို့တောင် အောင့်မေ့ရတယ်
ဒါက ထင်းထားတဲ့ အချက်တွေ ထဲ က တစ်ချက်ပေါ့...
အဲဒိလို တွေ လူတွေ ရဲ့ စာရိတ္တ အားတွေ ပျက်သုံးနေမှ သူတို့ ရဲ့ ဖွဲ့စည်းပုံ ယန္တရားကြီး ဆက်လက် လည်ပတ်နိုင်မှာ မဟုတ်လား...ကိုညီ စကားပြောလို့လဲ ကောင်းပါတယ် ...ခုတော့ အစ်ကိုတို့ အိပ်ကြစို့ နောက်မှ ဆက်ဆွေးနွေးကြတာပေါ့ ....

ကိုညီ ။ ။ ဟုတ်ကဲ့ အစ်ကို ...

0 Comments: