အာဘီဆစ်အစိုးရ ၂၀၀၉ မှာ ပြုတ်ကိန်းရှိ ထိုင်းဗေဒင်ဟောကိန်းထွက်

လက်ရှိထိုင်းအစိုးရသည် ၂၀၀၉ ခုနှစ်တွင် အမတ်အချို့ ပြဿနာဖြစ်ရာမှ ပါလီမန်ဖျက်သိမ်းရသည်ထိ ဖြစ်သွားနိုင်သည်ဟု ထိုင်းဗေဒင်ဆရာအချို့က ဟောကိန်းထုတ်ထားသော်လည်း အချို့ဗေဒင်ဆရာကမူ အာဘီဆစ်အစိုးရ တနှစ်ထက်ကျော်ပြီး သက်တမ်းရှည်မည်ဟု ဟောထားသည်။

၂၀၀၉ ခုနှစ် ဧပြီ၊ ဇူလိုင်နှင့် အောက်တိုဘာလ ဆန္ဒပြမှုများအပြီး ရွေးကောက်ပွဲသစ် မလုပ်ခဲ့ပါက တိုင်းပြည်တွင် သွေးထွက်သံယိုကိန်းရှိသည်ဟု ဖာနုဝပ် က ဟောကိန်းထုတ်ထားသည်။ သို့သော် ထိုင်းနက္ခတ္တဗေဒ အကယ်ဒမီ ညွှန်ကြားရေးမှူး ကွန်းဟားရစ်ကမူ ၂၀၀၉ စက်တင်ဘာကျော်နိုင်လျှင် ထိုင်းအစိုးရ (၄) နှစ်သက်တမ်းပြည့် နေရမည်ဟု ဟောပြန်သည်။

ထိုင်းနိုင်ငံ နှစ်ခြမ်းကွဲပြီး တဘက်နှင့်တဘက် တက်လာသမျှ ၀န်ကြီးချုပ်ဖြုတ်ချရေး အပြိုင် အားထုတ်နေသည့် ထိုင်းနိုင်ငံရေးကြောင့် ၂၀၀၉ မှာ ဆန္ဒပြမှုများ၊ အတိုက်အခိုက်များ မကြာခဏ ကြုံရမည်ကို ဗေဒင်ဆရာများက မဟောလည်း လူတိုင်းသိနေသည့်အချက် ဖြစ်သည်။ ထိုင်းနိုင်ငံရေး အကျပ်အတည်းကြုံတိုင်း တိုင်းပြည် သွေးထွက်သံယိုရှိသည်ဆိုသည့် ထိုင်းဗေဒင်ဟောကိန်းများ မကြာခဏ ထွက်လေ့ရှိသည်။


0 Comments: