6P ပရိုဂရမ်အရ မှတ်ပုံတင်ခဲ့သူများကို ပတ်စ်ပို့ စာအုပ် ထုတ်ပေးပြီ....

မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ရှိ မြန်မာသံရုံး ရှေ့ မြင်ကွင်း


တရားမ၀င်အလုပ်သမားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ့် 6P ပရိုဂရမ်အရ လက်ဗွေနှိပ်မှတ်ပုံတင်ခဲ့သူတွေကို မလေးရှားအစိုးရ နှင့် မြန်မာ သံရုံးတို့ ပူးပေါင်းမှု ဖြင့် နိုင်ငံကူးလက်မှတ်
( ပတ်စ်ပို့ ) စာအုပ်တွေ ထုတ်ပေးနေပြီ ဖြစ်ပါသည်။




မြန်မာသံရုံးအတွင်း ပတ်စ်ပို့စာအုပ်ထုတ်ပေးနေမှုကိုစောင့်ဆိုင်းနေသူများ




မြန်မာသံရုံးအတွင်းရှိ အများသုံးအိမ်သာရှေ့မှ အလှူခံပုံး


6P ပရိုဂရမ်ရဲ့ ဒုတိယအဆင့် အစီအစဉ်ဖြစ်ပြီး စာအုပ်တွေကို ကွာလာလမ်ပူ မြို့ရှိ မြန်မာသံရုံးက ထုတ်ပေးနေတာဖြစ်ပါသည်။ပတ်စ်ပို့ စာအုပ်အသစ်ရဲ့ observation စာမျက်နှာမှာ 6P Program အတွက်သီးသန့် ဆိုတဲ့ စာသားရိုက်နှိပ်ထားပြီး စာအုပ်ရရှိသူတွေကို သံရုံးက လက်ခံပြေစာ receipt တစ်စောင် ပြန်ပေးပြီး စာအုပ်ပါအချက်အလက်များ မှန်ကန်မှု ရှိမရှိ စစ်ဆေးကြည့်ရှုရ မှာ ဖြစ်ပါသည်။

ဒါ့အပြင် စာအုပ်ထုတ်ပေးဖို့ မလေးရှားပြည်ထဲရေးဝန်ကြီးဋ္ဌာန ကတဆင့်မြန်မာသံအမတ်ကြီးထံ လိပ်မူပြီးရေးသားထားတဲ့ စာ ကိုလဲ နမူနာ ကြည့်ရှုနိုင်ဖို့ ဖော်ပြပေးလိုက်ပါသည်။




စာအုပ်ထုတ်ယူရာတွင် သံရုံးမှ သတ်မှတ်ကြေး ရင်းဂစ် ၄၈၀ ၊ ဓါတ်ပုံ ရိုက်ခ ရင်းဂစ် ၁၀၊ ပေါင်း ရင်းဂစ်၄၉၀
ကိုယ်တိုင်ထုတ်ယူသူများအတွက်သာ ဖြစ်သည်။

မြန်မာအေးဂျင့်များနှင့်ချိတ်ပြီး စာအုပ်ထုတ်ယူသူများအတွက်ကတော့ ရင်းဂစ် ၈၀၀ ၀န်းကျင်ခန့်ကုန်ကျမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

6P Program ပထမအဆင့် ကုန်ကျငွေ -

လက်ဗွေနှိက်ခ၊အင်မီဂရေးရှင်းစာရင်းသွင်းခြင်းများအတွက် အေးဂျင့်မှ ယူငွေ - ၃၅၀ ရင်းဂစ်၊

ဒုတိယအဆင့် ကုန်ကျငွေ - သံရုံးလက်ဗွေနှိပ် စာအုပ်ထုတ်ခြင်းတွင် ကိုယ်တိုင်ထုတ်သူများအတွက် ၄၉၀ ရင်းဂစ် ကုန်ကျပြီး အေးဂျင့်မှတဆင့်လုပ်သူများအတွက် ၈၀၀ ရင်းဂစ်ဝန်းကျင် ကုန်ကျမည်ဖြစ်ပါသည်။

တတိယအဆင့် ကုန်ကျငွေ - ပါမစ်ကပ်ခ အေးဂျင့်နှင့် ပြုလုပ်သူများအတွက် ခန့်မှန်းခြေ ၂၅၀၀ ရင်းဂစ် ၀န်းကျင်
(မှတ်ချက်။ ။ တတိယအဆင့်အစီအစဉ် မစတင်သေးသည့်အတွက် ခန့်မှန်းခြေစာရင်းမျှသာဖြစ်သည်။)

အိုဗာစတေးသမားများ တရားဝင်နေထိုင်ခွင့်ပါမစ်ရရှိပြီးချိန်အထိ ခန့်မှန်းကုန်ကျငွေ ၄၀၀၀ ရင်းဂစ် ၀န်းကျင် ကုန်ကျနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းရပါသည်။


0 Comments: