ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသို့ အကြံပေးချက်



ဗီအိုအေနဲ့ ၁၁ လပိုင်း ၄ ရက်နေ့က အင်တာဗျူးမှာ ဝန်ကြီးကျော်ဆန်းက

“ကနေ့ ပြည်သူတွေ ရွေးချယ်တင် မြှောက်တဲ့ ဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာတဲ့ ကျနော်တို့အစိုးရလက်ထက်မှာလည်းပဲ ...” လို့ ဆိုထားပြီး နောက်ဆက်ပြီး “အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေကို ကျူး လွန်တဲ့အတွက်ကြောင့် အဲ့ဒီစည်းမျဉ်းစည်းကမ်းဥပဒေအရပဲ ကျနော်တို့ အရေးယူထားတာ ဖြစ်ပါတယ်။ သို့ သော်လည်း အဲဒီထဲမှာ နိုင်ငံရေးလုပ်တဲ့ပုဂ္ဂိုလ်တွေလည်း ပါကောင်းပါမှာပါပဲ။ ဒါတွေအားလုံးကိုလည်း သမ္မတ ကြီးက သူ့ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ဆင်ခြင်တုံတရားနဲ့ ကျင့်သုံးပြီးတော့ ဒါတွေကို ဘာလုပ်ပေးနေလဲ၊ ဖြေလျှော့ပေးနေပါတယ်” တခါဆိုထားပြန်ပါတယ်။


အနီရောင်ဆိုးထားတဲ့ အပိုဒ်နှစ်ခုကို နှိုင်းယှဉ်ပြီး ပြောချင်ပါတယ်။ အပေါ်ပိုဒ်မှာ ပြောတာက “ကနေ့ ပြည်သူ တွေရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီစနစ်အရပေါ်ပေါက်လာတဲ့ ကျနော်တို့အစိုးရလက်ထက်မှာ...” လို့ ဆို တော့ ယခင်စစ်အာဏာရှင်အစိုးရနဲ့ လားလားမျှ မဆိုင်ဘူးလို့ ဆိုလိုတာဖြစ်တယ်။ ဒီမိုကရေစီအစိုးရပေါ့ဗျာ။ ဒါပေမယ့် နောက်အပိုဒ်ကျတော့ “အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဥပ ဒေတွေကို ကျူးလွန်တဲ့အတွက်ကြောင့် အဲ့ဒီစည်းမျဉ်းစည်းကမ်း ဥပဒေအရပဲ ကျနော်တို့ အရေးယူထားတာ ဖြစ်ပါတယ်” ဆိုတော့ အသစ်တက်လာတဲ့ ဒီမိုကရေစီနည်းကျ အစိုးရဟာ သူ့ကိုယ်သူ ယခင်စစ်အစိုးရပဲ ဖြစ် ပါတယ်ဆိုပြီး ဝန်ခံသလိုမျိုး ဖြစ်နေပြန်တယ်။


“နိုင်ငံတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေရှိတယ်ဆိုတာကို သတ္တိရှိရှိ ဝန်ခံရဲသလို၊ သတ္တိရှိရှိ လွှတ်ပေးရဲရမယ်။ ကျော်ဆန်းအနေနဲ့ တချိန်ချိန်မှာ နိုင်ငံရေးနဲ့ ထောင်ထဲရောက်သွားခဲ့ရင် ရောက်သွားနိုင်တဲ့အတွက် အမြော်အမြင်ရှိရှိနဲ့ နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာ လက်ခံထားသင့်တယ်လို့ အကြံပြုလိုက်တယ်။”

ကျော်ဆန်းဟာ သူ့ကိုယ်သူ ယခင်အစိုးရလုပ်ရပ်တွေကို လိုက်နာစောင့်ထိန်းပြီး ဆက်လက်ကျင့်သုံးရမယ်လို့ ယူဆထားသူဖြစ်တယ်ဆိုတာ “ကျနော်တို့ အရေးယူထားတာ ဖြစ်ပါတယ်” ဆိုတဲ့ သူ့ပြောစကားအရ ထင်ရှား တယ်။ နောက်တခုက သန်းရွှေတို့လမ်းစဉ်အတိုင်း တိုင်းပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေမရှိဘူးလို့ ဗြောင် ငြင်းနေတုန်းပဲ ဖြစ်တယ်။

တကယ်ဖြစ်သင့်တာက ကနေ့ ပြည်သူတွေ ရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာတဲ့ ကျနော်တို့အစိုးရလက်ထက်မှာ ယခင်အစိုးရလုပ်ရပ်တွေဟာ တရားမျှတမှုမရှိဘဲ အလွန်အကျွံ အာဏာသုံးစွဲ မှုတွေရှိခဲ့တဲ့အတွက် သဘောထားအမြင်မတူလို့ ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ် ဆိုတာမျိုး ဖြစ်သင့်တယ်။

နိုင်ငံတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေရှိတယ်ဆိုတာကို သတ္တိရှိရှိ ဝန်ခံရဲသလို၊ သတ္တိရှိရှိ လွှတ်ပေးရဲရမယ်။ ကျော်ဆန်းအနေနဲ့ တချိန်ချိန်မှာ နိုင်ငံရေးနဲ့ ထောင်ထဲရောက်သွားခဲ့ရင် ရောက်သွားနိုင်တဲ့အတွက် အမြော် အမြင်ရှိရှိနဲ့ နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာ လက်ခံထားသင့်တယ်လို့ အကြံပြုလိုက်တယ်။

ဒေါက်တာလွဏ်းဆွေ BLOG မှ ကူးယူဖော်ပြပါသည်

0 Comments: