စင်္ကာပူမှာ လက်စွမ်းပြတဲ့ မြန်မာအမျိုးသား ဓါတ်ပုံဆရာများ၊ ထောင်ဒဏ်

alt

နည်းပညာ တိုးတက်မှုအား အခွင့်ကောင်း ယူနေသော ကိုယ်ရေးကိုယ်တာ ဆိုင်ရာ အကြမ်းဖက်မှုများ © ( The gorillasushi web )

စင်္ကာပူနိုင်ငံ တရာရုံးတော် တခုမှ အမျိုးသမီး များ၏ခွင့်ပြုချက် တောင်းခံခြင်း အလျဉ်းမရှိပဲ တယ်လီဖုန်း ကင်မရာဖြင့်ချောင်းမြောင်း ဓါတ်ပုံ ရိုက်ခဲ့သူ မြန်မာနိုင်ငံသား တဦးအားကင်မရာထဲမှ အမျိုးသမီး ဓါတ်ပုံ ၂၀အား သက်သေခံ အဖြစ်ထား၍ စင်္ကာပူ တရား ရုံးတော်မှ ကြာသာပတေး နေ့က ထောင်ဒဏ် ၃လ ချမှတ် လိုက်သည်။

အဆိုပါ မြန်မာနိုင်ငံသား အသက်(၂၇) နှစ် အရွယ်ရှိ ချစ်စမ်းမောင် ဆိုသူမှာ လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလနှင့် ဇန်နဝါရီလ ကပင် စတင်၍ ထိုသို့ ခွင့်ပြုချက် တောင်းခံခြင်း မရှိပဲ အမျိုးသမီးများအား ချောင်းမြောင်း ဓါတ်ပုံ ရိုက်ကူးရာ ၃ကြိမ် တိုင်တိုင် အမျိုးသမီးများ၏ ကိုယ်ပိုင် အခွင့်အရေး ကျူးကျော် ချိုးဖေါက်သည်ဟု ရုံးတော်မှ အပြစ်ရှိကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

အခင်းဖြစ်ပွားပုံမှာ ယခုနှစ် အစောပိုင်း ဇန်နဝါရီလ (၁၁)ရက် နေ့က စင်္ကာပူနိုင်ငံ ဆမ်ဘာဝမ်း ဒရိုက်(ဗ်)ရှိ ဆန်းပလာဇာ ရှော့ပင်း စင်တာတွင် အသက်(၃၃)နှစ် လင်ရှိ မယားတဦးအား ဖုန်းဖြင့်ဓါတ်ပုံ ခိုးရိုက်ရာ သိရှိသွား သဖြင့် ထွက်ပြေးရန် ကြိုးစားရာ ထို လင်မယား၂ဦးမှ ဖမ်ဆီး၍ အမှုစွဲဆိုခြင်း ဖြစ်သည်ဟု စင်္ကာပူ “သည် စရိတ် ထိုင်း(မ်)” သတင်းစာကြီးတွင် ဖေါ်ပြထားသည်။

အလားတူ ဒီဇင်ဘာလ (၁၃) ရက်နှင့် (၂၅)ရက် ကလည်း စင်္ကာပူ( အမည်နေရာ အတိအကျ မသိ ) တွင် အခြားအမျိုးသမီး ၂ဦး၏ပုံအား စစ်ဆေး တွေ့ရှိ ရသည်ဟု ဆိုသည်။ ယခု အမှု စီရင်နေချိန်တွင် အလားတူ အမှု ၁၈ခုအား စီရင်ချက် ချရန် စဉ်းစားနေဆဲ ဖြစ်ကာ၊ ဤအမှု၌ တရားခံ ချစ်စမ်းမောင်မှာ မိမိ ကျူးလွန်မိကြောင်း ဝန်ခံ၍ အကြိမ်ကြိမ် အဖန်ဖန် နောက်ထပ် မပြုမူ တော့ပါကြောင်း ကတိပြုနေ၍ ယခုကဲ့သို့ ရုံးတော်မှ သက်ညာစွာ ဆုံးဖြတ်သည်ဟု ဆိုသည်၊ ထို အပြစ်ဒဏ်မှာ စင်္ကာပူ ဥပဒေအရ ထောင်ဒဏ် ၁နှစ်နှင့် ငွေဒဏ်ပါ ပူးတွဲ ကျခံစေရမည် ဖြစ်သည်။

ယခင်လ သြဂုတ် (၂၅)ရက် နေ့ကလဲ စင်္ကာပူ ဗဟိုတရား ရုံးချုပ်မှ ငြိမ်းချမ်းထွေး ဆိုသော မြန်မာ ဆော့(ဖ်)ဝဲယား အင်ဂျင်နီယာ တဦးအား စင်္ကာပူ Bird Park တွင် မတော်မတရား ဓါတ်ပုံ ချောင်းရိုက်မှုဖြင့် ထောင်ဒဏ် (၆)လ နှင့် ယခု အပါတ်များတွင် ကွန်မြူနတီ အလုပ်များ လုပ်ဆောင်ရန် ထောင်ဒဏ်နှင့် ပူးတွဲ ချမှတ်လိုက်ပြီး၊ စင်္ကာပူ အမျိုးသား ဓါတ်ပုံဆရာများ အသင်းမှလည်း ဓါတ်ပုံပညာအား ယင်းသို့ တလွဲ လုပ်ဆောင်မှု အတွက် ငွေဒဏ် စင်္ကာပူဒေါ်လာ ၄၀၀၀ ပေးဆောင်ရန် တပေါင်းထဲ ချမှတ်လိုက်သည်။

ကို ငြိမ်းချမ်းထွေး အတွက် ဖြေရှင်းချက်

သြဂုတ်လ ၂၅ ရက်နေ့က www.fodey.com ကိုသုံးပြီး online Prank တခုလုပ်ပြီး အရမ်းခင်တဲ့ အကိုတယောက် (ကိုငြိမ်းချမ်းထွေး) ကိုနောက်လိုက်ပါတယ်။ အဲဒီ fodey.com
ထဲမှာ ကိုယ်ကြိုက်ရာ သတင်းပုံစံတခုရေးပြီး ထည့်လိုက်ရင် အဲဒီဆိုဒ်က သတင်းစာ ဖြတ်ပိုင်း ပုံလေး တခု လုပ်ပေးပါတယ်၊ အပြောင်အပျက်စတဲ့ဟာပေါ့။ အဲဒီပုံပါတဲ့ လင့် http://r9.fodey.com/2068/d0ec7c8f0c2c40ea8d41f8f0a6e26cf0.0.jpg

ကို Gtalk message မှာ တင်ပြီး အပျော်သဘော နောက်လိုက်ပါတယ်။ အဲဒီ message ကို မနက်ပိုင်းလေးတင် တင်ပြီးနောက်ထားတာပါ။ ဒါပေမဲ့ ဘယ်သူက ဖြန့်တယ်မသိဘူး အဲဒီပုံက forward mail chain ထဲဝင်သွားပါတယ်။ ဖတ်တဲ့သူတွေကလည်း
ယုံရုံတင်မကဘူး သူများကိုပါ forward လုပ်လိုက်ပါသေးတယ်။

အဲဒါထက်ပိုဆိုးပြီး တိုက်တိုက် ဆိုင်ဆိုင် စက်တင်ဘာ ၃ ရက်နေ့ Strait Times သတင်းစာထဲမှာ ဓာတ်ပုံရိုက်လို့ တကယ်အဖမ်းခံရတဲ့ စင်္ကာပူက မြန်မာတယောက်သတင်း http://www.straitstimes.com/Breaking%2BNews/Singapore/Story/STIStory_424927.html ပါလာပါတယ်။ အဲမှာတင် သူငယ်ချင်းတွေက မေးလာကြပါတယ်။ အဲဒီ သတင်းက အမှန်ပါ။

ဒါပေမဲ့ လူတွေက အဲဒီဖြစ်ရပ် နှစ်ခုကို ရောပြီး ကျွန်တော် fodey.com နဲ့ စနောက် ထားတဲ့ ကိုငြိမ်းချမ်းထွေး သတင်း ကိုပါ အဲဒီသတင်းနဲ့ရောပြီး forward mail ထဲမှာရောပို့ပါတယ်။ အဆိုးဆုံးက မြန်မာသတင်းဆိုဒ်တခုဖြစ်တဲ့ http://www.peoplemediavoice.com/ က ပါ အဲဒီ ဟုတ်တဲ့သတင်းရော မဟုတ်တဲ့သတင်းရော နှစ်ခုကိုပေါင်းပြီး http://www.peoplemediavoice.com/news-int-mm/man-filmed-upskirt-jailed.html မှာ သတင်းတစ်ပုဒ်အနေနဲ့ တင်ထားပါတယ်။

အဆိုပါ ကိုငြိမ်းချမ်းထွေး သတင်း မှာ ကျွန်တော် စနောက်ထားသော သတင်းသာဖြစ်ပြီး မမှန်ကန်ပါကြောင်းဒီနေရာကဖြေရှင်းပါတယ်။ ကျွန်တော်တို့ www.peoplemediavoice.com အယ်ဒီတာကိုလဲ ဖုန်းဆက်ဖြေရှင်းထားပါတယ်။

ရဲနိုင်စိုး

Credit:http://www.royal-myanmar.net

1 Comment:

Nyein Chan Htway said...

http://www.peoplemediavoice.com/news-int-mm/man-filmed-upskirt-jailed.html

http://www.royal-myanmar.net/index.php?option=com_content&view=article&id=252:2009-09-07-15-44-58&catid=65:myanmar-news&Itemid=50

www.fodey.com ကိုသုံးပြီး online Prank တခုလုပ်ပြီး အရမ်းခင်တဲ့ အကိုတယောက် (ကိုငြိမ်းချမ်းထွေး) ကိုနောက်လိုက်ပါတယ်။ အဲဒီ fodey.com ထဲမှာ ကိုယ်ကြိုက်ရာ သတင်းပုံစံတခုရေးပြီး ထည့်လိုက်ရင် အဲဒီဆိုဒ်က သတင်းစာဖြတ်ပိုင်းပုံလေး တခု လုပ်ပေးပါတယ်၊ အပြောင်အပျက်စတဲ့ဟာပေါ့။ အဲဒီပုံပါတဲ့ လင့် http://r9.fodey.com/2068/d0ec7c8f0c2c40ea8d41f8f0a6e26cf0.0.jpg ကို Gtalk message မှာတင်ပြီး အပျော်သဘောနောက်လိုက်ပါတယ်။ အဲဒီ message ကို မနက်ပိုင်းလေးတင် တင်ပြီးနောက်ထားတာပါ။ ဒါပေမဲ့ ဘယ်သူက ဖြန့်တယ်မသိဘူး အဲဒီပုံက forward mail chain ထဲဝင်သွားပါတယ်။ ဖတ်တဲ့သူတွေကလည်း ယုံရုံတင်မကဘူး သူများကိုပါ forward လုပ်လိုက်ပါသေးတယ်။