စော်ဘွားကြီးကုန်းတွင် မီးလောင်

10,September,2009

ရန်ကုန်မြို့ စော်ဘွားကြီးကုန်း အဝေးပြေး ကားဂိတ်ဟောင်း ပွဲရုံပစ္စည်း သိုလှောင်ခန်းတွင် မီးလောင်မှု ယနေ့မွန်းလွဲက ဖြစ်ပွားခဲ့သည်ဟု မီးသတ်ဌာနနှင့် မျက်မြင်သက်သေများက ပြောသည်။

နီလာလမ်းထဲရှိ အဝေးပြေး ကားဝင်းဟောင်းပွဲရုံ၏ မွေးမြူရေး အစားအစာ သိုလှောင်ခန်းတခုတွင် (၁) နာရီခန့်မှ စတင်ကာ ၄၅ မိနစ်ကြာ မီးလောင်သွားခဲ့ခြင်း ဖြစ်သည်ဟု အင်းစိန်မီးသတ်ဌာနက ပြောသည်။

ကားဝင်းအတွင်း နေထိုင်သူတစ်ဦးက မဇ္ဈိမသို့ တယ်လီဖုန်းဖြင့် ဖြေကြားရာတွင် ဂိုဒေါင်သီးသန့် လောင်သွားခြင်း ဖြစ်ပြီး မီးသတ်ကား နှင့် ရေသယ်ကား အနည်းဆုံး တဒါဇင်ကျော် ရောက်လာခဲ့သည်ဟု ဆိုသည်။

0 Comments: