အင်းစိန်ထောင်အတွင်း အဏာပိုင်များရဲ့ဖိနှိပ်ချုပ်ချယ်အုပ်ချုပ်မှု

၁၈-အောက်တိုဘာ၊၂၀၀၈

မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူတဦးဖြစ်တဲ့
၈၈ ‘ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့ မွေးနေ့ အမှတ်တရ ပွဲ ကို နိုင်ငံရေးယုံကြည်ချက်အရ အကျဉ်းကျခံနေရသူများက အင်းစိန်ထောင်အတွင်း အဏာပိုင်များရဲဖိနှိပ်ချုပ်ချယ်အုပ်ချုပ်မှုအောက်မှာ ပြုလုပ်ခဲ့နိုင်ကြပါတယ်။

ဒီမွေးနေ့ပွဲအတွက်
မွေးနေ့ကိတ် ပို့တာကို အကြောင်းပြပြီး၊
ထောင်အာဏာပိုင်တွေဘက်က တင်းကျပ်မှုများစွာပြုလုပ်ခဲ့ကြတဲ့ အတွက်
နိုင်ငံရေးအကျဉ်းသားများအနေနဲ့စိတ်ပိုင်းဆိုင်ရာ အနှောက်အယှက်များစွာဖြစ်ကြရုံမက

တိုက်ခန်းများကိုပါ အဓမ္မ ရွှေ့ပြောင်းခိုင်းခဲ့တဲ့ အတွက် ရုပ်ပိုင်းဆိုင်ရာအရပါ ထိခိုက်မှုဖြစ်နေကြတယ်လို့ သိရှိရပါတယ်။

အင်းစိန်ထောင်အပါအ၀င် မြန်မာနိုင်ငံ အတွင်းရှိ အကျဉ်းထောင်တွေက ထောင်အာဏာပိုင်တွေဟာ လူ့အခွင့်အရေးချိုးဖေါက်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖေါက်ခွင့်ရှိတဲ့နေရာတခုဖြစ်အောင်လုပ်နေကြပါတယ်။

(ကုလသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ် နဲ့ နိုင်ငံရေးအကျဉ်းသားတွေ တွေ့ဆုံပြောဆိုတာတောင် အသံခိုးဖမ်းခဲ့တဲ့ အစဉ်အလာမျိုးတောင်ရှိခဲ့ဘူးပါတယ်။)

အထူးသဖြင့် နိုင်ငံရေး ယုံကြည်ချက်အရ အကျဉ်းကျခံနေရသူများပေါ်မှာ အခြားရာဇ၀တ်မှုအကျဉ်းသားများထက် ပိုမို နှိပ်ကွပ်၊ဖိနှိပ်ချုပ်ချယ်ကြတတ်ပါတယ်။


ကျန်းမာရေးစောင့်ရှောက်မှုအားနည်းချက်၊
အစားအစါမပြည့်စုံမှု၊
အဟာရ ချို့တဲ့မှုတွေအပြင်
ထောင်လက်စွဲ ဥပဒေနဲ့ဆန့်ကျင်ပြီး
နိုင်ငံရေးအကျဉ်းသားတွေ ကို မတရားသဖြင့် တိုက်ခန်းကျဉ်းတွေထဲမှာ ချုပ်နှောင်ထားတဲ့ အတွက် တနေ့တခြား ကျန်းမာရေး အခြေအနေ ပိုမိုဆိုးဝါးလာနေကြလို့
မိသားစုတွေအနေနဲ့နေ့စဉ်နဲ့ အမျှ စိုးရိမ်ပူပန်နေကြောင်းသိရှိရပါတယ်။

ပေးပို့သူ _ Phoenix88


0 Comments: