သူများကွန်ပြူတာ သုံးတော့မယ်ဆိုရင်

မြန်မာပြည်တွင်းကအချို့သောဆိုင်ဘာကဖီး(သို့)အင်တာနက်ဆိုင်များမှာ keylogger ဟုခေါ်သည့်ဆော့ဖ်ဝဲများထည့်သွင်းထားပြီးလာရောက်သုံးစွဲနေသူတွေအထဲမှာမှနိုင်ငံရေးနှင့်ပတ်သတ်၍ပြည်တွင်းပြည်ပဆက်သွယ်နေကြတဲ့ပြည်တွင်းမှတတ်ကြွလှုပ်ရှားသူများအားခြေရာခံနိုင်အောင်လုပ်ဆောင်နေမှုများရှိနေပြီးထိုကဲ့သို့တတ်ကြွလှုပ်ရှားသူများအားဖမ်းဆီးမိနိုင်အောင်လုပ်ဆောင်ထားတာတွေရှိနေပါသည်။keylogger ဆိုသည်မှာ window စတက် စဉ်ကတည်းက စအလုပ်လုပ်နေပါသည်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေဆဲဖြစ်ပါသည်။ tray icon လည်းပေါ်နေခြင်းမရှိ၍ငှင်းအလုပ်လုပ်နေမှန်း မသိနိုင်တော့ပါ .. ။ငှင်းမှမိမိ keyboard တွင်ရေးလိုက်သမျှ၊ mouse နဲ့နှိပ်လိုက်သမျှများအားလုံးအား အချိန်နဲ့တကွ မှတ်ထားပေးနေပါသည် .. ။ ထိုအခါ မိမိတို့၏ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်သမျှအားလုံးအားငှင်းဆော့ဖ်ဝဲမှမှတ်တမ်းတင်ထားပြီးဖြစ်နေ၍လုံခြုံမှုလုံးဝမရှိနိုင်တော့ပါ။ .. ။ (All in 1 key-logger သာဆိုပါလျှင် ဓါတ်ပုံများ၊ အသံများနှင့် ဗီဒီယိုများအစရှိသဖြင့်အစစအရာရာအားအတိအကျပင်ငှင်းကမှတ်သားထားပေးနိုင်တဲ့ဆော့ဖ်ဝဲဖြစ်ပါသည်။)ထိုကဲ့သို့သောဆော့ဖ်ဝဲမျိုးအားကွန်ပျူတာတွင်သွင်းထားပြီးလာရောက်သုံးစွဲသည့်သူ၏လုပ်ဆောင်ချက်များအားအတိအကျထောက်လှမ်းထားနိုင်၍မိမိတို့အနေဖြင့်ဆိုင်ဘာကဖီးသို့မဟုတ်တစ်ပါးသူ၏ကွန်ပျူတာအားသုံးစွဲတော့မည်ဆိုပါကမိမိသုံးစွဲမည့်ကွန်ပျူတာထဲတွင်ငှင်းဆော့ဖ်ဝဲအားရှိမရှိ အရင်ဆုံးစစ်ဆေးကြည့်ဖို့ အတွက်အလေ့အကျင့်လုပ်ထားပါကအကောင်းဆုံးနှင့်လုံခြုံမှုအနည်းငယ်ပိုမို၍ရှိသွားမှာဖြစ်ပါသည်။မိမိတို့၏ကိုယ်ရေးကိုယ်တာအချက်အလက်များအားသူတစ်ပါးဆီပါမသွားနိုင်အောင်လုပ်ရမည့်နည်းလမ်းမှာအောက်ပါအတိုင်းဖြစ်ပါသည်။ .. ။ ပထမဦးစွာ Ctrl+Shift+Esc(or)Ctrl+Alt+Del နဲ့ Task manager ကို ခေါ်လိုက်ပါ ..။Task manager ၀င်းဒိုးတက်လာပါကProcess ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ပါ ။ ရှိနေခဲ့လျှင်ထိုကွန်ပျူတာတွင် keylogger အသုံးပြုထားပြီဖြစ်ပါသည်။ထိုသို့တွေ့ရှိပြီဆိုလျှင်ငှင်းဖိုင်လ်အား End process ပေးလိုက်ရန်လိုအပ်ပါသည် ။ထိုသို့ end process လုပ်လိုက်ခြင်းအားဖြင့်ငှင်းလုပ်ဆောင်နေသည့်လုပ်ငန်းတွေအားလုံးပြီးဆုံးသွားပြီးမိမိလုပ်ကိုင်နေသည်များကိုလဲမှတ်ထားတော့မည်မဟုတ်တော့ပါ။Task Manager ကို အထက်ပါအတိုင်းကီးသုံးခုနှိပ်တာအပြင် window logo+R နှိတ်ပြီးတတ်လာတဲ့ Run box မှာ taskmgr လို့ရေးပြီးခေါ်ယူလဲရပ်ါသည်။အကောင်းဆုံးနည်းလမ်းမှာtask manager မှာရှိနေသော process tab ထဲမှာရှိနေတဲ့ကောင်တွေထဲကကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီးကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်ခြင်းသာဖြစ်ပါသည်...အဘယ့်ကြောင့်ဆိုသော်ဆိုရိုးရိုးယူဆာတွေအနေနှင့်ဘယ်လိုဖိုင်လ်အမျိုးအစားကအချက်အလက်တွေကိုရီကော့လုပ်တာလဲဆိုခြင်းကိုမသိနိုင်၍အန္တရာယ်ကင်းဘေးရှင်းငှင်း process tab ထဲတွင်ရှိသမျှဖိုင်လ်များအားလုံးအား end process လုပ်ပြီးမိမိအသုံးပြုမည့်ဖိုင်လ်ကိုပဲ manually ခေါ်သုံးတာအကောင်းဆုံးဖြစ်ပါသည်။အကယ်၍ task manager ကိုခေါ်လို့မရခဲ့ပဲ admin အခွှင့်အရေးရှိမှရမည်ဆိုလျှင်တော့ထိုသို့သောအင်တာနက်ကဖီးမျိုးကိုရှောင်ဖို့သင့်ပါသည်။...စိတ်ချရသည့်နည်းပညာပိုင်းအားနည်းသောအင်တာနက်ဆိုင်ကိုသာသွားရောက်အသုံးပြုစေချင်ပါသည်။အဘယ့်ကြောင့်ဆိုသော်နည်းပညာအရအဆင့်အတန်းငှင်းဆိုင်တွင်အသင့်အတင့်မြင့်နေပြီဖြစ်၍တော်ရုံမဟုတ်တော့ဘူးဟူ၍ယူဆလို့ရနိုင်နေပါသည်။... ပြီးနောက် keyloggerတွေထဲမှာပင်လျှင်အွန်လိုင်းဝဘ်ပေ့ဂ်ျမှာတင်လို့ရသည့် keyloggerနှင့်hardware keyloggerဆိုပြီးရှိနေပ်ါသေးသည်။ငှင်းတို့အားသုံးစွဲထားသည့်ကွန်ပျုတာမှဆိုလျှင်taskmanager ခေါ်ပြီး end process ပေးလိုက်လျှင်တောင်မရနိုင်တော့ပါ။ထို့အတွက်အများကြီးသတိထားနိုင်ကာမှတော်ကာကြမည်ဖြစ်ပါသည်။ယခုပို့စ်လေးကိုရေးပြီးမိတ်ဆွေတို့အားလုံးကိုပို့ရတဲ့အကြောင်းရင်းမှ့ာပြီးခဲ့တဲ့တစ်ရက်ကပဲကျွန်တော့်ကိုပြည်တွင်းမှတတ်ကြွလှုပ်ရှားနေသူမိတ်ဆွေတစ်ယောက်မှနေ၍ရန်ကုန်ုမြို့တာမွေမြို့နယ်ကျောက်မြောင်းအရပ်တွင်ရှိသောအင်တာနက်ဆိုင်တစ်ဆိုင်တွင်နိုင်ငံရေးလှုပ်ရှားသူတစ်ယောက်ပြည်ပနှင့်အဆက်အသွယ်လုပ်နေကြောင်းတွေ့ရှိရ၍ဆိုကာအထောက်အထားနှင့်တကွအဖမ်းခံရတယ်ဟုပြောပြခဲ့၍အခြားသောပြည်တွင်းမှတတ်ကြွလှုပ်ရှားသူတွေ အနှေနှင့်နည်းပညာပိုင်းအရရှောင်လွှဲလို့ရနိုင်တဲ့အချက်လေးတစ်ချက်အဖြစ်နဲ့တစ်ဘက်တစ်လမ်းကနေအထောက်အကူ ဖြစ်စေချင်လို့ပဲဖြစ်ပါသည်။..မိတ်ဆွေတို့ရဲ့ပြည်တွင်းအဆက်အသွယ်တွေကိုဒီပို့စ်လေးကိုဖော်ဝ


ဒ်လုပ်ပြီးပေးဖတ်ရင်းသူတို့ရဲ့အန္တရာယ်ကင်းရှင်းရေးအတွက်အထောက်အကူပြုကြပါလို့လဲမေတ္တာရပ်ခံအပ်ပါသည်။တေဇာတေ ( မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးလှုပ်ရှားမှုအဖွဲ့) ဒိန်းမတ်

0 Comments: