ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာလမ်းအား ယနေ့ဖွင့်လိုက်ပြီ

နေအိမ်အကျယ်ချုပ် ကျခံနေရသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၏ အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နေအိမ် ရှိရာတက္ကသိုလ်ရိပ်သာလမ်း ၌ ယခင်က ပိတ်ဆို့  တားဆီးထားသော အတား အဆီး များကို ယနေ့ နေလည် က အာဏာပိုင်များမှ ပြန်လည် လမ်းဖွင့် ပေးခဲ့သည် ။

သို့ သော်လည်းပဲ ဒေါ်အောင်ဆန်းစုကြည်နေအိမ် ခြံဝန်းအား ဆက်လက် ပိတ်ထားဆဲဖြစ်သည် ။ ကမ္ဘာအေးဘုရားလမ်းဖက်ရှိ မော်တော်ယဉ်ထိမ်းသိမ်းရေး ကြိုးမဲ့ ကြေးနန်း ရုံးဝန်းအနီးမှာ တော့အရပ်ဝတ် များဖြင့်  မော်တော်ကား များ ဖြတ်သန်းသွားလာမှု့ ကိုတော့ ဖြင့် ဆက်လက်စောင့် ကြည့် နေပြီး မှတ်တမ်းယူမှု့ များဆက် လက် ပြုလုပ် နေ ဆဲ ဖြစ်သည် .။

အမေရိကန်သံရုံးဖက် သို့ ထွက်သည့်  လမ်းဖက် မှာတော့ လက်နက်ကိုင် အချို့စောင့် ကြပ် နေသည် ကိုဆက် လက် မြင်တွေ့ နေရဆဲ ဖြစ်သည် ။ မော်တော်ယဉ်များဖြတ်သန်းသွားလာမှု့ ကိုတော့  တားဆီးစစ်ဆေးခြင်းများ မရှိဘူးလို့  သိရပါတယ်…..။

0 Comments: