အင်းစိန်ထောင်အတွင်း နိုင်ငံရေးသမားများအား မတရားအနိုင်ကျင့်ခံနေရ

၁၉.၁၀.၂၀၀၈နေ.က အင်းစိန်ထောင်အဆောင်(၂) တွင်အကျဉ်းကျနေသော နိုင်ငံရေး အကျဉ်းသား အဖွဲ့နှင့်အဆောင်(၂)အတွင်း ရှိ မောင်ဝိတ်၏ တပည့်များ အဖွဲ့စကားများရန်ဖြစ်ခဲ့ကြပါသည် ။

ယင်းသိုဖြစ်ပွားခဲ့ပြီး အပြစ်ဒဏ်ပေးသောအခါ မျှတမှူ မရှိပဲ နိုင်ငံရေး အကျဉ်းသား ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊သင်္ဃန်းကျွန်းမြို့နယ် လူငယ်တာဝန်ခံ(၁) ကိုအောင်ထွန်းနှင့်ကျန်(၄)လေးဦးပေါင်း (၅)ငါးဦးကို အင်းစိန်ထောင်တွင်းရှိ စစ်ခွေးတိုက်သို.ပို.၍တိုက်ပိတ်ထားခြင်းခံ ခဲ့ ရပါသည်။

ကျန်တဖက်(မောင်ဝိတ်၏တပည့်များ)အဖွဲ.မှာ အပြစ်ပေးခြင်းမခံခဲ့ရပါ။အဆောင်(၂)အတွင်းရှိ ကိုအောင်ထွန်းအပါအ၀င် နိုင်ငံရေးအကျဉ်းသား များသည်အဆောင်တွင်အခြား ခိုး၊ဆိုး၊လုယက် စရိုက်မတူညီသော အကျဉ်းသားများ နှင့်ရောနှော မထား ပဲ သီးသန့်ထားပေးရန်တောင်းဆိုထားခဲ့ကြပါသည်။

0 Comments: