ရန်ကုန်မြို့မှာ ပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်သေကြေမှုမရှိ

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် လူနေရပ်ကွက်အတွင်း၌ ယမန်နေ့ ညနေ (၅) နာရီခွဲခန့်က ဗုံး (၁) လုံး ပေါက် ကွဲပြီး လူ (၁) ဦး သေဆုံးသွားကြောင်း မြောက်ပိုင်းခရိုင် တာဝန်ကျရဲအရာရှိတဦးက အတည်ပြုပြောကြား သည်။

ရွှေပြည်သာမြို့နယ် (၁၈) ရပ်ကွက် ရေပြာလမ်းသွယ် အိမ်အမှတ် ၂၉၈ (က) အတွင်း ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အိမ်ရှင် အဘ ဦးမြအုန်း၏ သား အသက် (၃၅) နှစ်အရွယ် ကတုံး (ခ) သက်ဦးဝင်း ဗိုက် ပေါက်သေဆုံးသွားသည်ဟု ရဲကပြောသည်။

အဆိုပါအိမ်၌ သားအဖ (၂) ဦးသာ နေထိုင်ပြီး ဖခင် တရားစခန်းသွားနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ပေါက်ကွဲမှုကြောင့် အိမ်ရှေ့အဖီ အမိုးသွပ်များပါ ပွင့်ထွက်သွားကြောင်းနှင့် ထိုအိမ်၌ပင် နောက်ထပ် ဗုံး (၃) လုံးကို အာဏာပိုင်များက ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်ရဲစခန်းမှ ဒု-ရဲအုပ်တဦးက “ဒီလိုပေါက်ကွဲမှုဟာ အိမ်ထဲမှာဖြစ်တဲ့အတွက်ရော၊ နောက်ထပ် ဗုံးတွေတွေ့တဲ့အတွက်ရော ဒီလူဟာ ဖောက်ခွဲရေးသမား ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒါပေမယ့် အ ကြောင်းစုံကိုတော့ စုံစမ်းနေဆဲပါ” ဟု ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ၁၈ ရက်နေ့ ညနေပိုင်းက ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ ထိုနေရာ၌ပင် နောက်ထပ်ဗုံး (၁) လုံးကို တွေ့ရှိပြီး မပေါက် ကွဲမီ တားမြစ်နိုင်ခဲ့ကြောင်း သိရသည်။ရန်ကုန်မြို့နယ် ဘောက်ထော် အားကစားကွင်း အနီးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့နောက် အာဏာပိုင်တွေက လုံခြုံရေးတွေ တိုးမြှင့်ချထားခဲ့ပေမယ့် ဒီကနေ့တော့ အခြေအနေတွေဟာ တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်နေပြီလို့ မြို့ခံတွေက ပြောကြပါတယ်။

"အသေအပျောက်တော့ မရှိဘူး။ ၇ခွဲလောက်က ဖြစ်သွားတာ။ မှတ်တမ်းရုံးရှေ့နားက ဘောလုံးကွင်းနားမှာ။ ဖြစ်ဖြစ်ချင်းတော့ ဘောက်ထော်က မြောင်းရှေ့မှာ လမ်းပိတ်ထားပြီးတော့ မှတ်တမ်းရုံးဘက်ကိုတော့ သွားလို့မရဘူးပေါ့။ အခုတော့ အေးဆေးပါပဲ။"

မြန်မာနိုင်ငံမှာ လစဉ်လတိုင်း ဆိုသလို ပေါက်ကွဲမှုတွေ ဖြစ်ပွားနေရာမှာ တချို့ကတော့ မတော်တဆ ဖြစ်ရပ်တွေဖြစ်ပြီးတော့၊ တချို့က မသမာသူတွေရဲ့ တိုက်ခိုက်မှု ဖြစ်တယ်ဆိုပြီး မြန်မာစစ်အစိုးရက ပြောဆိုတာတွေ ရှိပါတယ်။ မနှစ်တုန်းက သံဃာတော်တွေရဲ့ ငြိမ်းချမ်းစွာ မေတ္တာပို့ ကြွချီ ဆုတောင်းပွဲတွေကို လုံခြုံရေးအာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းခဲ့တာ တနှစ်ပြည့်တော့မယ့်အချိန် ပြီးခဲ့တဲ့လ စက်တင်ဘာထဲမှာတုန်းကလည်း ရန်ကုန်မြို့လည်က မြို့တော်ခမ်းမ အနီးမှာ ဗုံးတလုံးပေါက်ကွဲခဲ့လို့ လူတချို့ ထိခိုက်ဒဏ်ရာရခဲ့တာတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်ထဲတုန်းကလည်း ရန်ကုန်-တိုက်ကြီး ပြေးဆွဲတဲ့ ခရီးသည်တင် ယာဉ်မှာ ဓာတ်ငွေ့အိုးပေါက်ကွဲခဲ့လို့ လူ (၇) ယောက်သေဆုံးခဲ့တဲ့အထိ ဖြစ်ခဲ့ပြီးတော့ ဒါဟာ မတော်တဆမှုသာ ဖြစ်တဲ့ အကြောင်း စုံစမ်းတွေ့ရှိချက်တွေအရ သိရတယ်လို့ မနေ့တုန်းက အစိုးရပိုင်သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။

ဗုံးကွဲမှုအများအပြားအနက် ပြီးခဲ့သည့် ဇူလိုင်လက ဖြစ်ပွားခဲ့သည့် ရွှေပြည်သာကြံ့ဖွံ့ရုံးပေါက်ကွဲမှုကိုသာ အန် အယ်လ်ဒီပါတီဝင်များ၏ လက်ချက်ဖြစ်သည်ဟု စစ်အစိုးရက စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး အခြားဗုံးပေါက်ကွဲမှု အ များစုမှာ တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက်သမားများ၏ လက်ချက်ဖြစ်သည်ဟုသာ စစ် အစိုးရက စွပ်စွဲလေ့ရှိသည်။

0 Comments: