ပထမ ဆုံးအကြိမ် လူငယ်ဆွေးနွေးပွဲ

ယနေ့ နေ့ လည် ၁၁း၀၀ နာရီ တွင် ရန်ကုန်မြို့  ဗဟန်းမြို့ နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင် အသစ်ပြန်လည် ဖွဲ့ စည်းလိုက်သော လူငယ်ပြန်လည်ဖော်ဆောင်ရေး အဖွဲ့ ၏ ပထမဆုံးအကြိမ် ဆွေးနွေးပွဲ အား ကျင်းပ ခဲ့သည် ။

ထိုသို့ ကျင်းပရာတွင် မြို့ နယ် ပေါင်း ( ၂၆ ) မြို့ နယ် မှ လူငယ် အဖွဲ့ ဝင်ပေါင်း ၉၀ နီးပါးတက်ရောက်ခဲ့ကြ ပြီးမြို့နယ်လူငယ်များမှ ဒီမိုကရေစီအရေးအတွက် ၊ အဖွဲ့ ချုပ်အတွင်း စည်း လုံး ညီညွှတ်ရေးအတွက် တက်တက်ကြွကြွ ဆွေးနွေးခဲ့ကြသည် ။လူငယ်ဖော်ဆောင်ရေး အဖွဲ့  မှလည်း ၎င်းတို့  ၏သဘောထားအား အောက်ပါ အတိုင်း ထုတ်ပြန်ခဲ့ သည် ။

- လူငယ်အချင်းချင်း လက်ရည်တပြင်တည်း သာတူညီမျှ ဆက်ဆံရေးကိုကျင့် သုံးမည် ။

- အပြန်အလှန်လေးစားရေး နှင့် သာတူညီမျှ ဆက်ဆံရေးကို အခြေခံမည် ။

- ဒီမိုကရေစီအရေးနှင့်  အဖွဲ့ ချုပ်အရေး တို့ အတွက်ဆောင်ရွက်မည့် လူငယ်များ ကို လက်ကမ်း
ကြိုဆိုမည် ။

- ဒီမိုကရေစီအရေး ၊ လူ့ အခွင့် အရေး နှင့် အဖွဲ့ ချုပ်အရေးတို့ အတွက် အကြံဥာဏ်ပေးမှု့  ၊
ဝေဖန်မှု့  ၊ ကူညီ မှု့ များ ကို ကြိုဆိုသည် ။

- တနိုင်ငံ လုံးရှိ လူငယ်ထုကို ဦးတည်လျှက် ကိုယ်ကျင့် သိက္ခာနှင့်  စွန့် လွှတ်အနစ်နာခံ မှု့  အရာ တွင် “ စံ ” ယူရလောက်အောင်ကြိုးပမ်းအားထုတ်မည် ။

- အဖွဲ့ ချုပ် ၏ ဖွဲ့ စည်းပုံအခြေခံ စည်းမျည်းပါ ရည်ရွယ်ချက် သုံးရပ် ၊ လုပ်ငန်းစဉ် ( ၆ ) ရပ်
တို့ ကို အကောင်အထည် ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ။

လူငယ်လုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ် ဗဟိုအလုပ်အမှု့ ဆောင်အဖွဲ့ ၏ ဦးဆောင်မှု့  ၊ အထွေထွေအတွင်းရေးမှုး လူငယ့် ရေးရာ တာဝန်ခံ၊ ဒေါ်အောင်ဆန်းစုကြည် ၏လမ်းညွှန်ချက်များနှင့် မူများအတိုင်းဆောင်ရွက်သွားမည်။

0 Comments: